JL Online Shop

JL Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JL Online Shop, Clothing (Brand), No.172, Myanmar Gone Yi Street, Yangon.

အသီးလေးတွေခွဲရောင်းခိုင်းတဲ့မမများရှင့်။အသီးကအလုံးလိုက်ကပိုတန်ပါတယ်ရှင့်။တကယ်တော့စားသုံးသူကိုပိုပြီးတန်စေချင်တာစေတနာပါနေ...
30/06/2026

အသီးလေးတွေခွဲရောင်းခိုင်းတဲ့မမများရှင့်။
အသီးကအလုံးလိုက်ကပိုတန်ပါတယ်ရှင့်။
တကယ်တော့စားသုံးသူကိုပိုပြီးတန်စေချင်တာ
စေတနာပါနော် 1 kg 20000/ ပါ

အသီးလေးတွေထပ်မှာလို့ရပါသေးတယ်ရှင်။အာမခံပါတယ်ရှင်။ c.b မှာ order လက်ခံပါတယ်။
28/06/2026

အသီးလေးတွေထပ်မှာလို့ရပါသေးတယ်ရှင်။
အာမခံပါတယ်ရှင်။ c.b မှာ order လက်ခံပါတယ်။

ပထမဆုံးမွန်ထောင်းသီးရှယ်အချိုလေးလေးအလုံးလိုက် ချိန် 1 kg 20000/25000 တန်လေးများရမယ်ရှင်။ ဈေးတန်စေရမယ်။စားကောင်းစေရမယ်ရှင...
27/06/2026

ပထမဆုံးမွန်ထောင်းသီးရှယ်အချိုလေးလေးအလုံးလိုက် ချိန် 1 kg 20000/25000 တန်လေးများရမယ်ရှင်။ ဈေးတန်စေရမယ်။စားကောင်းစေရမယ်ရှင်။ c.b မှာ order တင်ပေးပါနော်

ကျွန်မဖေဖေ အမြဲပြောတတ်တဲ့ စကားလေးတစ်ခွန်း ရှိပါ တယ်။ “ သူဟာ ကိုယ်မှမဟုတ်တာ...၊ ဘယ်လိုလုပ်ပြီး ကိုယ်ဖြစ် စေချင်သလို သူကလိ...
24/06/2026

ကျွန်မဖေဖေ အမြဲပြောတတ်တဲ့ စကားလေးတစ်ခွန်း ရှိပါ တယ်။

“ သူဟာ ကိုယ်မှမဟုတ်တာ...၊ ဘယ်လိုလုပ်ပြီး ကိုယ်ဖြစ် စေချင်သလို သူကလိုက်ဖြစ်ပေးနိုင်မှာလဲ...”တဲ့...။

ကျွန်မတို့ ချစ်ခင်ရင်းနှီးသူတွေဆီကရော...၊ မခင်မင်တဲ့ သူစိမ်းတွေဆီကရော...ကျွန်မတို့မျှော်လင့်မိတဲ့အရာတွေ ရှိတတ်ပါတယ်။ ကိုယ့်ဘက်ကကောင်းနေရင်၊ ဖြူစင်နေရင်၊ စေတနာထားနေရင်...သူ့ဘက်ကလည်း ကောင်းလာမှာပဲ၊ ဖြူစင်လာမှာပဲ၊ စေတနာ ထားလာမှာပဲလို့ မျှော်လင့်မိကြပါတယ်။

ဒီမျှော်လင့်ချက်အတိုင်း ဖြစ်မလာတဲ့အခါ...ကျွန်မတို့ ဒဏ်ရာတွေနဲ့ နာကျင်ထိခိုက်တော့တာပါပဲ။ တကယ်ဆို သူကသူပဲ...ကိုယ် မှမဟုတ်တာ၊ ကိုယ်တွေးသလို သူဘယ်တွေးပါ့မလဲ။ ကိုယ်ရိုးသား သလို သူ့ဘက်က ရိုးသားချင်မှရိုးသားမှာပေါ့...။ သူကောင်းတာ မကောင်းတာဟာ သူနဲ့ပဲဆိုင်ပါတယ်...၊ သူ့တာဝန်ပါ။ ကျွန်မတို့ရဲ့ တာဝန်က မျှော်လင့်ချက်မပါဘဲ ဆက်ဆံနိုင်ဖို့ပါပဲ။ အဲ့ဒီမျှော်လင့် ချက်တွေက ကျွန်မတို့ကို နာကျင်ထိခိုက်စေတာ ဖြစ်ပါတယ်။

ဥပမာပြောရရင်... ကျွန်မက မိန်းမသားပီပီ ကိုယ့်ခင်ပွန်းဆီကနေ အလိုက်သိမှုကလေးတွေ၊ ဂရုတစိုက်ရှိတတ်တာလေးတွေ မျှော်လင့်တတ်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း အံ့ဩစရာကောင်းလောက်အောင်ကို အလိုက်မသိတတ်သူပါ။ Ro ဖို့ဆိုတာ...ဝေလာဝေးပါ။

“ နေမကောင်းဘူး...ခေါင်းကိုက်နေတယ်..” လို့ပြောမိရင် စိုးရိမ်တတ်တဲ့မျက်နှာလေးပေါ်မလာဘဲ...

“ ဆေးသောက်လေ..” လို့ တစ်ခွန်းသာပြောတတ်သူပါ။ ကျွန်မရဲ့ဖုန်းတို့၊ မျက်မှန်တို့ ပျောက်လို့လိုက်ရှာရင်...သူအပေါ်ကနေ ဖုံးအုပ်ပစ်လိုက်တဲ့ သူ့ရဲ့အဝတ်ပုံအောက်မှာပါ။ သူ့ပစ္စည်းတစ်ခုလိုချင်ရင် ကျန်တဲ့ပစ္စည်းတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်တတ်ဘဲ...သူလိုချင်တာကိုပဲ ဆွဲယူသွားတတ်ပြီး၊ သူထားခဲ့တဲ့ ဖရိုဖရဲ ပြိုယိုင်လဲကျန်ရစ်တဲ့ အရှုပ်တော်ပုံကို ရှင်းရတဲ့ကျွန်မက..တော်တော်စိတ်တိုတတ်ပါတယ်။ ဘာလေးပဲလုပ်လုပ် အလွဲအချော်ကလေးတွေနဲ့ အရာရာနဲ့အကြောင်းကြောင်း ဖြစ်တတ်တဲ့သူ့ကို...ကျွန်မ မချင့်မရဲနဲ့ အားမလိုအားမရ ပွစိပွစိတွေ ရေရွတ်မြည်တမ်းရတတ်ပါတယ်။

နောက်ကျတော့ သူ့ကိုစိတ်တိုင်းမကျနိုင်တာ တစ်ခုခုတွေ့ မိတိုင်း...

“ ဪ...သူက ကိုယ်မှမဟုတ်တာပဲလေ၊ သူ့စရိုက်နဲ့သူ သူ့အကျင့်နဲ့သူ၊ ကိုယ်ဖြစ်စေချင်သလို သူဘယ်လုပ်ပေးနိုင်မှာလဲ..” လို့ ဖြေတွေးလိုက်မိတဲ့အခါ စိတ်ဆိုးစိတ်ကောက်ရတာတွေ တော် တော်ပဲလျော့ပါးသက်သာလာခဲ့ပါတယ်။

သူဟာ ကိုယ်မဟုတ်ဘူး လို့ နားလည်ပေးလိုက်တဲ့အခါ...သူ့ကို ကိုယ်ဖြစ်စေချင်သလို ပြုပြင် ပြောင်းလဲယူဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာကို နားလည်သဘောပေါက်လာပါတယ်။ ကိုယ်မကြိုက်တဲ့ သူ့ရဲ့ အပြစ်အနာအဆာလေးတွေ ကို ခွင့်လွှတ်သည်းခံလို့ ရလာပါတယ်။

ကိုယ့်ကို ဘယ်လိုအလိုက်သိပေးရမယ်၊ ဘာလုပ်ပေးရမယ် ညာလုပ်ပေးရမယ်...စသဖြင့် မျှော်လင့်ချက်တွေ မထားတော့လေလေ ဆက်ဆံရေးဟာ အဖုအထစ်လျော့နည်းလာပြီး ချောမွေ့ပြေပြစ်လာ လေပါပဲ။

သမီးလေးနဲ့ဆိုလည်း အလားတူပါပဲ။ ကိုယ်မကြိုက်တဲ့ အပြုအမူလေးတွေ သူလုပ်ပြီဆိုရင် ချိုချို သာသာ အေးအေးဆေးဆေး ပြောကြည့်ပါတယ်။ ဆူပူအော်ဟစ်တာမျိုး လုံးဝမလုပ်ပါဘူး။ သူက ကိုယ်မှမဟုတ်တာ ဆိုတဲ့အတွေးလေးနဲ့ ကိုယ်ရဲ့ဖြစ်စေချင်စိတ်၊ မျှော်လင့်ချက်တွေကိုထိန်းချုပ်ပါတယ်။ ရလဒ်ကတော့ သမီးလေးနဲ့ ကျွန်မရဲ့ဆက်ဆံရေးဟာ...တခြားဆယ်ကျော်သက်သားသမီးတွေနဲ့ မိဘတွေအကြား ရင်ဆိုင်ရတဲ့ ပဋိပက္ဓတွေ၊ နားလည်မှုလွဲရတာတွေ၊ နာကျင်စိတ်ပျက်ရတာတွေ မရှိသလောက် ရှားပါးပြီး အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်တာပါပဲ။

ဒါကြောင့် လူတစ်ယောက်ဆီမှာ ကိုယ်စိတ်တိုင်းမကျနိုင်တဲ့၊ မနှစ်သက်နိုင်တဲ့ အမူအကျင့် စရိုက်ဓလေ့တွေနဲ့ကြုံရတိုင်း သူ့ကို ပြုပြင်ပြောင်းလဲဖို့ အပင်ပန်းခံမနေပါနဲ့။ “သူဟာ ကိုယ်မဟုတ်ဘူး...”ဆိုတာလေးပဲ နှလုံးသွင်း ဆင်ခြင်လိုက်ရုံပါပဲ။ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။

#လွန်းထားထား
#နောင်တရဲ့အဝေးမှာ

စီးပွါးဖြစ်တဲ့အိမ်တွေ အများစုကိုကြည့်လိုက်ရင်‼️မိသားစုတွေ ချစ်ခင်ကြင်နာမှုရှိပြီး နွေးထွေးကြတယ်ရှိတူ မရှိတူဆိုသလို ကောင်...
19/06/2026

စီးပွါးဖြစ်တဲ့အိမ်တွေ အများစုကိုကြည့်လိုက်ရင်‼️

မိသားစုတွေ ချစ်ခင်ကြင်နာမှုရှိပြီး နွေးထွေးကြတယ်

ရှိတူ မရှိတူဆိုသလို ကောင်းတူ ဆိုးတူ

အတူတူမျှဝေခံစားကြတယ်

ပျော်စရာရှိလည်း အတူပျော်ကြတယ်

ပြဿနာအဆင်မပြေမှုတွေရှိလည်း

အတူတူညှိနှိုင်းဆွေးပြီး ဖြေရှင်းကြတယ်

တစ်ဦးကောင်းကျိုး တစ်ဦး အပြန်လှန်လိုလားကြတယ်

ဖေးမထောက်ပံ့ကြတယ် အပြန်လှန်လေးစားကြတယ်

အမှားတွေရှ်ိရင် အပြစ်မတင်ပဲ ထောက်ပြပေးတယ်

လမ်းမှန်ကိုတည့်ပေးပြီး ဘယ်လိုပြဿနာပဲရှိပါစေ

ငါတ်ို့နောက်မှာရှိနေတယ် အကောင်းဆုံးရှေ့ဆက်ဆိုပြီး

အားပေးကြတယ်

တစ်ဦးပေါ်တစ်ဦးမကပ်တွက်ဘူး

ကိုယ့်တာဝန်ကိုယ်သိပြီး

ကိုယ်လုပ်ရမယ့်အရာကို စိတ်စေတနာအပြည့်လုပ်ကြတယ်

ကိုယ့်အတွက်နဲ့ ကိုယ့်မိသားစုဝင်တွေ

ပင်ပန်းခက်ခဲမှာမလိုလားဘူး

ဒါကြောင့် ကိစ္စသေးလေးတွေကအစ

ဆင်ခြင်သုံးသပ်ပြီးလုပ်ကြတယ်

မိသားစုတစ်စု အိမ်တစ်အိမ်စီးပွါးဖြစ်ဖို့ဆိုတာ

အရင်ဆုံး

အဒီအိမ်မှာ ချစ်ချင်းမေတ္တာတွေအရင်ပြည့်ရမယ်

အေးချမ်းမှုတွေအရင်ရှိရမယ်

စည်းလုံးမှုတွေအရင်ရှိရမယ်

တစ်ဦးပေါ်တစ်ဦး ညှာတာကြင်နာစိတ်တွေအရင်ရှိရမယ်

မျှဝေပေးကမ်းချင်စိတ်တွေအရင်ရှိရမယ်

ကိုယ့်တာဝန်ကိုယ်တိုင်သိစိတ်တွေအရင်ရှိရမယ်

နားလည်မှုတွေရှိရမယ်

ဆွေးနွေးညှိနှိုင်းမှုတွေရှိရမယ်

အလိုရှိတဲ့အိမ်မိသားစု ဘယ်အခြေနေထိရောက်ပြီး

အဆင်မပြေဖြစ်ပါစေ စီးပွါးတက်တဲ့အိမ်ပြန်ဖြစ်လာပါမယ်

ဘာကြောင့်လည်းဆိုတော့

ပျော်ရွှင်နွေးထွေးလုံခြုံမှုအပြည့်ရှိပြီး

မိသားစုရဲ့အားပေးမှုအပြည့်ဝရ

စိတ်ချမ်းသာရတဲ့လူတစ်တွေဟာ

ပုံမှန်လူတွေထက်

အတွေး အမြင် ခံစားချက်တွေကောင်းတယ်

တက်ကြွမှုအပြည့်နဲ့ အလုပ်တွေကိုအာရုံစိုက်ပြီးလုပ်နိုင်ကြလို့

သူတ်ို့လုပ်သမျှအဆင်ပြေကြတယ်

ဒါကြောင့် စီးပွါးဖြစ်ချင်ရင်

ကိုယ့်ရဲ့အိမ်လေး သာယာဖို့အရင်လုပ်ပါ

#အေးချမ်းစွာရှင်သန်ပါ # credit #

Address

No.172, Myanmar Gone Yi Street
Yangon
11221

Website

Alerts

Be the first to know and let us send you an email when JL Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share