02/09/2025
Bali Must visit! ဘာလီခရီးစဉ်လေးမှာ Skip မလုပ်သင့်တဲ့နေရာလေးတခုဖြစ်တဲ့
Tirta Empul Temple 🙏💦
Spiritual + relaxing + very Balinese✨
Bali မှာရှိတဲ့ Tirta Empul Temple (တီရ်တာ အမ်ပူအယ်လ် ဘုရား) က သမိုင်းဝင်ပြီး အလွန်နာမည်ကြီးတဲ့ Temple လေးတခုဖြစ်ပါတယ်။
Tirta Empul Temple က သဘာဝရေထွက်ပေါက်နဲ့ တည်ထားတဲ့ ဘုရားကျောင်းဖြစ်ပြီး အဓိကက purification pool လိုမျိုး ရေကန်ထဲဆင်းပြီး cleansing လုပ်တာမျိုးလေးပါ။
ကန်ထဲဆင်းပြီး တဆင့်ချင်းတဆင့်ဆုတောင်းရင်း Culture တွေကိုလေ့လာကြည့်ပါ စိတ်အေးချမ်းတဲ့ ခံစားချက်ရနိုင်သလို Balinese cultural experience အပြည့် ခံစားရစေပါတယ်တော်✨
💡 Visitor Tips
* ရေထဲဆင်းမယ်ဆိုရင် sarong (ဘုရားဝတ်စုံအမျိုးအစား) ကို ဝတ်ရပါမယ်။ ဘုရားမှာလည်း ငှါးပေးပါတယ်။ Sarong မပါရင် ရေထဲဆင်းမရပါနော် 🚫 Sarong ဝတ်ရတာလဲအရမ်းလွယ်တယ် ကိုယ်မလုပ်တတ်ရင်လဲလုပ်ခိုင်းလို့ရပါတယ်😊
* ရေထဲဆင်းပီး cleansing လုပ်မယ်ဆိုရင် အနည်းဆုံး တစ်နာရီခန့် လောက်တော့ အချိန်လေးယူပီး ဖြေးဖြေးနှေးနှေးတစ်ဆင့်ပီးတစ်ဆင့်သွားဖို့အကြံပေးပါတယ်👍
* လူအများဆုံး peak hours က မနက် ၉ နာရီ– နေ့ လည် 1နာရီအတွင်းဖြစ်လို့, မနက်အစောပိုင်းလေးရောက်အောင်သွားတာ ပိုကောင်းပါတယ်✨
* ဓါတ်ပုံရိုက်ချင်တဲ့သူတွေအတွက်လဲ အနားမှာ ရိုက်ပေးမယ့်သူတွေအဆင်သင့်ရှိပါတယ် ပ်ုက်ဆံတော့နဲနဲပေးရပါတယ် ကိုယ်ရိုက်ချင်တဲ့နေရာအစုံအပြင် ရေကန်ထဲဆင်းတဲ့အထိ သေချာလေးလိုက်ရိုက်ပေးပါတယ်📸
* နောက်ဆုံးအနေနဲ့ကတော့ အနားမှာ souvenir shop တွေ၊ coffee plantation tour တွေလည်းရှိတော့ Temple Visit +Coffee Tasting Comboလိုမျိုး Trip Plan ဆွဲလို့ရတယ်နော်✌️
✨ Purified by Bali vibes 🛕💦
Tirta Empul Temple 🌿 sarong on, worries off ✨