Zwe lay’s Family

Zwe lay’s Family 👨‍👩‍👦 Real family stories
👶 Parenting & baby milestones
🇹🇭 Life in Thailand & beyond
❤️ One memory, one story at a time.

“ငါ့ကလေးတစ်ယောက်ပဲ ဒီလိုဆိုးနေတာလား…” လို့ တစ်ခါတလေ ကျွန်မ တကယ်တွေးမိတယ် 🥹Zwe Lay အခု ၂ နှစ် ၁၀ လ။“မလုပ်နဲ့” ဆိုရင် ပိုလ...
22/08/2026

“ငါ့ကလေးတစ်ယောက်ပဲ ဒီလိုဆိုးနေတာလား…” လို့ တစ်ခါတလေ ကျွန်မ တကယ်တွေးမိတယ် 🥹

Zwe Lay အခု ၂ နှစ် ၁၀ လ။

“မလုပ်နဲ့” ဆိုရင် ပိုလုပ်တယ်။
လိုချင်တာမရရင် အသားကုန်အော်တယ်။
အရာရာကို ကိုယ်တိုင်လုပ်ချင်တယ်။
စိတ်မကျေနပ်ရင် ပစ္စည်းတွေကို ကိုင်ပေါက်ချင်တယ်။ 😂

အစတုန်းကတော့
“ငါ့ကလေးတစ်ယောက်ပဲ ဒီလောက်ဆိုးနေတာထင်တယ်” လို့ ထင်ခဲ့တာ။

နောက်တော့ မေမေတွေရှိတဲ့ Group တွေထဲက
ဘဝတူမေမေတွေ ရေးထားတာတွေ ဖတ်ဖြစ်လာတယ်။

AI မှာလည်း မေးတယ်။
Facebook၊ YouTube တွေမှာလည်း လေ့လာဖြစ်တယ်။

အဲ့ဒီတော့မှ…

“အော်… Zwe Lay တစ်ယောက်တည်း မဟုတ်ပါလား” ဆိုတာ နားလည်လာတယ်။ 🥹

ဒါဆို ၂ နှစ်၊ ၃ နှစ်အရွယ်မှာ ဘာတွေဖြစ်နေတာလဲ?

ဒီအရွယ်ကလေးတွေမှာ “ကိုယ်တိုင်လုပ်ချင်တယ်” ဆိုတဲ့စိတ်က ပိုပြီးထင်ရှားလာတတ်ပါတယ်။

သူတို့အတွက် သေးသေးလေးလိုထင်ရတဲ့အရာတောင်
“ဒါကို ငါကိုယ်တိုင်လုပ်မယ်” ဆိုတဲ့အရာ ဖြစ်နေနိုင်တယ်။

Zwe Lay ဆိုရင်—

ရေဗူးဆိုလည်း ကိုယ်တိုင်သွားယူပြီး သောက်ရမှ။

အခန်းတံခါးဆိုလည်း ကိုယ်တိုင်ပိတ်ရမယ်။

ပြတင်းပေါက်တံခါးဆိုလည်း ကိုယ်တိုင်ပိတ်ရမယ်။

တစ်ခါတလေ ကျွန်မက နားမလည်မိဘဲ သူ့အစား လုပ်ပေးလိုက်မိရင်…

အဲ့ဒါနဲ့ပဲ ပြဿနာစတော့တာ 😂

အော်တယ်။
ငိုတယ်။
ချော့လို့မရဘူး။
အာရုံလွှဲလို့လည်း မရဘူး။

ဒီလို tantrum တွေကလည်း ဒီအရွယ်မှာ တွေ့ရတတ်ပါတယ်။

ဘာလို့လဲဆိုတော့ ကလေးက ကိုယ်လိုချင်တာကို သိလာပြီ၊ ကိုယ်တိုင်ဆုံးဖြတ်ချင်လာပြီ။

ဒါပေမဲ့ ဒေါသ၊ စိတ်ပျက်မှုလို ခံစားချက်တွေကို ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့စွမ်းရည်က မပြည့်သေးဘူး။

အဲ့ဒါကြောင့် သူ့အတွင်းမှာ ဖြစ်နေတဲ့ခံစားချက်ကို
အော်ငိုတာ၊ ဒေါသထွက်တာနဲ့ ပြသတတ်ကြတာပါ။

ဒါကို နားလည်လာပြီးနောက်
ကျွန်မလည်း အတတ်နိုင်ဆုံး သူဖြစ်ချင်တာကို ဦးစားပေးပေးဖြစ်တယ်။

ကိုယ်တိုင်လုပ်ချင်ရင် လုပ်ခွင့်ပေးတယ်။
ကိုယ်တိုင်ယူချင်ရင် စောင့်ပေးတယ်။

လုံခြုံတဲ့အရာတွေဆို
“ကိုယ်တိုင်လုပ်ကြည့်” လို့ အခွင့်အရေးပေးတယ်။

တစ်ခါတလေတော့ ကျွန်မလည်း မေ့ပြီး လုပ်ပေးမိတာရှိတာပေါ့။ 😂

အဲ့ဒီအခါ သူဒေါသထွက်ပြီး အော်နေပြီဆို
ကျွန်မက ရိုက်တာမျိုး မလုပ်ဘူး။

ချော့လို့မရတဲ့အချိန်လည်း အတင်းချော့မနေဘူး။

သူ့ဒေါသပြေတဲ့အထိ စောင့်ပေးတယ်။

စိတ်ပြေသွားတဲ့အခါမှ
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ
သူနားလည်နိုင်တဲ့စကားလေးတွေနဲ့ ပြန်ရှင်းပြပေးတယ်။

မေမေဖြစ်လာပြီးမှ ကျွန်မနားလည်လာတာတစ်ခုက—

ကလေးက မနာခံလို့ဆိုပြီးပဲ မြင်လိုက်ရင်
ကလေးရဲ့နောက်ကွယ်မှာ ဘာဖြစ်နေတယ်ဆိုတာ မမြင်မိတော့ဘူး။

တစ်ခါတလေ
“မလုပ်နဲ့” ဆိုတဲ့စကားနောက်မှာ
“ကျွန်တော်ကိုယ်တိုင် လုပ်ချင်တယ်” ဆိုတာရှိနေတတ်တယ်။

“အော်ငိုနေတာ” ရဲ့နောက်မှာလည်း
“ဒီခံစားချက်ကို ဘယ်လိုထိန်းရမလဲ မသိသေးဘူး” ဆိုတာ ရှိနေနိုင်တယ်။

ဒါကြောင့် ဒီအရွယ်ကလေးတွေအတွက်
အတတ်နိုင်ဆုံး ကိုယ်တိုင်လုပ်ခွင့်ပေးတာ၊
ရွေးချယ်ခွင့်သေးသေးလေးပေးတာ၊
ပြီးတော့ စိတ်ခံစားချက်ပြင်းထန်နေတဲ့အချိန်မှာ အရင်ဆုံး စိတ်ပြေဖို့အချိန်ပေးတာက အထောက်အကူဖြစ်နိုင်ပါတယ်။

ကျွန်မလည်း အခုထိ အကုန်သိတဲ့မေမေ မဟုတ်ပါဘူး။

သားလေးနဲ့အတူ ကြုံရင်း၊
ဖတ်ရင်း၊ လေ့လာရင်း
တဖြည်းဖြည်း နားလည်လာတဲ့ မေမေတစ်ယောက်ပါပဲ။ ❤️

မေမေတို့ရဲ့ ၂ နှစ်၊ ၃ နှစ်အရွယ်ကလေးတွေကရော
“ကိုယ်တိုင်လုပ်မယ်” ဆိုပြီး ဘယ်လောက်တောင် အနိုင်ကျင့်ကြလဲ 😂

ဘဝတူမေမေတွေရှိရင် ကိုယ့်ကလေးလေးတွေရဲ့အကြောင်း
Comment မှာ ပြောပြခဲ့ကြပါဦး ❤️

#မေမေတို့ဘဝ #မိခင်ဘဝ

22/08/2026

အမေက ခဏအခန်းထဲ မိုးရွာလို့ ပြတင်းပေါက် သွားပိတ်တာ လစ်တာနဲ့ တက်တာ🥹🥹

အရင်က ကျွန်မရဲ့ မှန်တင်ခုံက ပုရွက်ဆိတ်တောင် လမ်းလျှောက်စရာမရှိဘူး 😂အိမ်နေရင်း ဝတ်တဲ့ ချည် စပန့် ဝမ်းဆက်‌တွေဆို ကျွန်မက c...
21/08/2026

အရင်က ကျွန်မရဲ့ မှန်တင်ခုံက ပုရွက်ဆိတ်တောင် လမ်းလျှောက်စရာမရှိဘူး 😂

အိမ်နေရင်း ဝတ်တဲ့ ချည် စပန့် ဝမ်းဆက်‌
တွေဆို ကျွန်မက crazy ဖြစ်တာ။

ကျွန်မ အမ နှစ်‌ ယောက်လုံးအကျီဆိုင်ဖွင့်ထားတော့ လတိုင်း အသစ်ထွက်တာနဲ့ ကျွန်မက ဝယ်ပြီပဲ။

အခုချိန်ထိ မဖောက်ရသေးတဲ့ ညဝတ်ဝမ်းဆက်တွေတောင် ဗီဒိုထဲမှာ ရှိနေသေးတယ်။ 😂

နှုတ်ခမ်းနီ၊ Cosmetic ဆိုလည်း မပြောနဲ့တော့…
မှန်တင်ခုံနဲ့ မဆန့်လို့ ပေါ်သမျှအကုန် ဝယ်တဲ့လူ။ 😅

အဲ့ဒီအချိန်တုန်းက
ကိုယ့်အတွက်ဝယ်ရတာ၊ ကိုယ့်ကိုယ်ကို လှအောင်ပြင်ရတာ၊
ကိုယ့်အတွက် အချိန်ပေးရတာတွေက
ကျွန်မဘဝရဲ့ ပုံမှန်အရာတွေပါပဲ။

ဒါပေမဲ့ သားလေးရလာပြီးနောက်…

အဲ့ဒီမှန်တင်ခုံက အလှပြင်တဲ့နေရာ မဟုတ်တော့ဘူး။
သားလေး တက်ဆော့တဲ့နေရာ ဖြစ်သွားတယ်။ 😂

ကိုယ့်အတွက် အချိန်ပေးဖို့ဆိုတာလည်း မရှိတော့ဘူး။
တစ်ခါတလေ မျက်နှာသစ်ဆေးတောင် သေချာမသုံးဖြစ်ဘူး။

မှန်တင်ခုံပေါ်က ပစ္စည်းတွေကိုလည်း
လွှင့်သင့်တာလွှင့်၊ ပေးသင့်တာပေးနဲ့
တဖြည်းဖြည်း ရှင်းပစ်လိုက်တယ်။

နောက်ဆုံးတော့
တကယ်အသုံးပြုဖြစ်တဲ့ skincare နှစ်ဗူးလောက်ပဲ
ရေချိုးခန်းထဲ ထည့်ထားဖြစ်တော့တယ်။

အရင်က ကိုယ့်အတွက် ပစ္စည်းတွေ အများကြီးဝယ်ခဲ့တဲ့ ကျွန်မက
အခုတော့ ကိုယ့်အတွက် ဘာမှမဝယ်ဖြစ်တော့ဘူး။

ဒါပေမဲ့ ဒီအပြောင်းအလဲတွေကို ပြန်ကြည့်မိတိုင်း
ကျွန်မရဲ့ဘဝထဲမှာ အရင်ကမရှိခဲ့ဖူးတဲ့အရေးကြီးဆုံးအရာတစ်ခု ရောက်လာခဲ့တာကိုပဲ တွေးမိတယ်

သားလေးရလာပြီးနောက်
ကျွန်မဘဝမှာ အရာရာနီးပါး ပြောင်းလဲသွားတယ်။

ကျွန်မဝယ်တာတွေ ပြောင်းသွားတယ်။
ကျွန်မရဲ့အချိန်တွေ ပြောင်းသွားတယ်။
ကျွန်မရဲ့ ဦးစားပေးတွေ ပြောင်းသွားတယ်။
ကျွန်မရဲ့ ဘဝပုံစံတောင် ပြောင်းသွားတယ်။

ဒါပေမဲ့ အဲ့ဒီအရာအားလုံးထက်
ကျွန်မပိုပျော်လာခဲ့တယ်။

အရင်က ကိုယ့်အတွက် ဝယ်ပေးခဲ့သမျှထက်
သားလေးအတွက် ဝယ်ပေးရတာကို ပိုပျော်လာတယ်။

အရင်က ကိုယ့်အတွက် အချိန်ပေးခဲ့သလောက်
အခု သားလေးနဲ့ အချိန်ကုန်ဆုံးရတာကို ပိုတန်ဖိုးထားလာတယ်။

တစ်နေ့ကျရင် မှန်တင်ခုံပေါ်မှာ
lipstick တွေ၊ cosmetic တွေ ပြန်ပြည့်လာမလား မသိဘူး။

ဒါပေမဲ့ အခုတော့
အဲ့ဒီမှန်တင်ခုံပေါ်မှာ တက်ဆော့နေတဲ့
သားလေးကိုကြည့်ရတာနဲ့တင်
ကျွန်မ ပျော်ပါတယ်။ 🥹❤️

ကျွန်မလိုပဲ ကလေးရပြီးနောက်
ကိုယ့်အတွက် ဝယ်တာတွေ၊ ကိုယ့်အတွက် အချိန်ပေးတာတွေ
တဖြည်းဖြည်း လျော့သွားတဲ့ ဘဝတူမေမေတွေ ရှိလား? 🥹❤️

#မေမေတို့ဘဝ #မေမေဘဝ #မိခင်ဘဝ

📱 “အစကတော့ ငြိမ်ငြိမ်လေးနေအောင် iPad ပြခဲ့တာပါ… နောက်ပိုင်းမှာတော့ လူကြီးတွေဆီက ဖုန်းကို ကိုယ်တိုင်တောင်းတဲ့အဆင့်ထိ ရောက...
20/08/2026

📱 “အစကတော့ ငြိမ်ငြိမ်လေးနေအောင် iPad ပြခဲ့တာပါ… နောက်ပိုင်းမှာတော့ လူကြီးတွေဆီက ဖုန်းကို ကိုယ်တိုင်တောင်းတဲ့အဆင့်ထိ ရောက်လာခဲ့ပါတယ်”

အဲဒီအချိန်တုန်းက ကျွန်မတို့က ထိုင်းမှာ ကွန်ဒိုခန်းလေးတစ်ခန်းမှာ နေခဲ့ကြတာပါ။

အခန်းကလည်း ကျယ်ကျယ်ဝန်းဝန်း မဟုတ်တော့ သားလေးငိုတာ၊ ဆော့ရင်း ဆူတာတွေဆို ဘေးခန်းတွေက အသံကြားနိုင်ပါတယ်။

တစ်ခါတလေ ဆူညံသံနဲ့ပတ်သက်ပြီး တိုင်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

အဲဒါကြောင့် သားလေး အခန်းထဲမှာ မငိုအောင်၊ မဆူအောင်၊ ငြိမ်ငြိမ်လေးနေအောင်ဆိုပြီး ကျွန်မက iPad စပြပေးခဲ့တာပါ။

အစတုန်းကတော့…

“ခဏလေးပဲ ပြမယ်၊ သူငြိမ်သွားရင် ပြန်ပိတ်မယ်”

လို့ပဲ ကျွန်မတွေးခဲ့တာပါ။

ဒါပေမယ့် တစ်ခါပြရင်းနဲ့ နောက်တစ်ခါ…

နောက်တော့ တဖြည်းဖြည်းနဲ့ Screen Time က ပိုများလာခဲ့ပါတယ်။

ထမင်းစားတဲ့အချိန်ဆိုလည်း သားလေးက ထမင်းမစားချင်တာ၊ စားတာနှေးတာမျိုးရှိရင်

“စားအောင်လို့” ဆိုပြီး iPad ကြည့်ရင်းနဲ့ ထမင်းစားခိုင်းခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ ကျွန်မအတွက် အဆင်ပြေနေတာပဲလို့ ထင်ခဲ့တာပါ။

သားလေးက ထမင်းလည်းစားတယ်။
ငြိမ်ငြိမ်လေးလည်း နေတယ်။

ဒါပေမယ့် ကျွန်မ မသိလိုက်တာက…

Screen Time က တဖြည်းဖြည်းနဲ့ သားလေးရဲ့ နေ့စဉ်ဘဝထဲမှာ ပိုပြီး နေရာယူလာခဲ့တာပါ။

အစက ကျွန်မက iPad ဖွင့်ပေးပြီး ပြပေးရတာ။

နောက်ပိုင်းကျတော့ သားလေးက သူ့ဘာသာသူ iPad ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာတယ်။

ဘယ်ဟာနှိပ်ရမလဲ၊ ဘယ်လိုဖွင့်ရမလဲဆိုတာတွေကို သူ့ဘာသာသူ သိလာတယ်။

နောက်ဆုံး လူကြီးတွေလက်ထဲမှာ ဖုန်းတွေ့ရင်တောင် ကိုယ်တိုင်တောင်းပြီး ကြည့်တဲ့အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ ကျွန်မလည်း

“ဟာ… အစက ငြိမ်အောင်ဆိုပြီး ပြခဲ့တာ ခုတော့ သူကိုယ်တိုင်တောင် တောင်းနေပါလား…”

ဆိုပြီး သတိထားမိလာပါတယ်။

Screen ကြည့်ချင်တာလည်း ပိုပိုများလာတယ်။

မကြည့်ရရင် စိတ်မကျေနပ်တာတွေ ဖြစ်လာတယ်။

ပြီးတော့ နောက်ထပ် ကျွန်မ သတိထားမိလာတာက…

သားလေးက အရင်ကထက် ဒေါသပိုကြီးလာတယ်။

ကိစ္စသေးသေးလေးတွေကိုတောင် ဆတ်ဆတ်ထိမခံ ဖြစ်လာပြီး ဒေါသထွက်ပြီဆိုရင်လည်း တော်တော်နဲ့ ပြန်မပြေဘူး။

အဲဒီအချိန်မှာတော့ ကျွန်မက

“အသက်အရွယ်ကြောင့်လား?”
“ကလေးတွေ ဒီအရွယ်ဆို ဒီလိုပဲလား?”

ဆိုပြီး စဉ်းစားနေမိခဲ့ပါတယ်။

ဒါပေမယ့် ကြာလာတော့ ကျွန်မကိုယ်တိုင် သတိထားမိလာတာက…

Screen Time က အရမ်းများလာပြီဆိုတာပါ။

အဲဒါနဲ့ ကျွန်မလည်း Screen Time ကို တဖြည်းဖြည်း လျှော့ဖို့ စလုပ်ခဲ့ပါတယ်။

နောက်ဆုံးတော့ တော်တော်လေး ဖြတ်လိုက်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သားလေးရဲ့ အပြုအမူတွေမှာ ပြောင်းလဲလာတာလေးတွေကို ကျွန်မ သတိထားမိလာပါတယ်။

ဒေါသထွက်တာ အရင်ကထက် လျော့လာတယ်။

အသေးအဖွဲကိစ္စတွေကို အရင်လောက် ဆတ်ဆတ်ထိမခံတော့ဘူး။

သားလေးနဲ့ အတူတူကစားတာ၊ စကားပြောတာ၊ အပြင်ထွက်တာတွေကိုလည်း ပိုလုပ်ဖြစ်လာပါတယ်။

အခု ပြန်စဉ်းစားကြည့်တိုင်းတော့…

“ကလေးငြိမ်အောင်၊ ထမင်းစားအောင်ဆိုပြီး ခဏခဏပေးခဲ့တဲ့ iPad လေးက နောက်ပိုင်းမှာ သူ့အတွက် အရမ်းရင်းနှီးတဲ့အရာတစ်ခု ဖြစ်လာခဲ့တာပဲ…”

လို့ ကျွန်မ တွေးမိပါတယ်။

ဒါပေမယ့် ဒီအတွေ့အကြုံကြောင့်

“Screen Time ကြောင့်ပဲ ဒီလိုဖြစ်တာ”

လို့တော့ ကျွန်မ မပြောချင်ပါဘူး။

ဒါက ကျွန်မသားလေးကို ပြုစုပျိုးထောင်ရင်း ကျွန်မကိုယ်တိုင် သတိထားမိခဲ့တဲ့ အတွေ့အကြုံတစ်ခုပါ။

ကလေးတစ်ယောက်နဲ့တစ်ယောက် အခြေအနေမတူနိုင်တာကြောင့် ကိုယ့်ကလေးရဲ့ Screen Time၊ အပြုအမူနဲ့ နေ့စဉ်ဘဝမှာ ဘာတွေပြောင်းလဲလာလဲဆိုတာကို မိဘတွေအနေနဲ့ စောင့်ကြည့်ပေးဖို့ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ ❤️

မေမေတို့ရဲ့ ကလေးတွေရော…

Screen Time နဲ့ပတ်သက်ပြီး ကိုယ့်ကလေးမှာ သတိထားမိခဲ့တဲ့ ပြောင်းလဲမှုလေးတွေ ရှိခဲ့ကြလား?

ကိုယ့်အတွေ့အကြုံလေးတွေ မျှဝေပေးခဲ့ပါဦးနော်။ ❤️







20/08/2026

ကိုဇွဲအကြိုက်ဆုံး ပုစွန်နဲ့ ဘူးသီးဟင်း

“သားလေးကို Toilet Training လုပ်ပေးခဲ့ရတယ်လို့တောင် ပြောလို့မရပါဘူး…” 😅တကယ်တော့ ကျွန်မက သားလေးကို အီး၊ ရူး အိမ်သာတက်ဖို့ ...
19/08/2026

“သားလေးကို Toilet Training လုပ်ပေးခဲ့ရတယ်လို့တောင် ပြောလို့မရပါဘူး…” 😅

တကယ်တော့ ကျွန်မက သားလေးကို အီး၊ ရူး အိမ်သာတက်ဖို့ အထူး Training တစ်ခုလုပ်ပေးခဲ့တာမျိုး မရှိပါဘူး။

သားလေးက ငယ်ငယ်လေးတည်းက အီးပါတာနဲ့ မျက်နှာရဲရဲလေးဖြစ်ပြီး ညှစ်နေတတ်ပါတယ်။

အဲဒီလိုဖြစ်ရင် ကျွန်မကလည်း အီးပါတာဆိုတာ သိပါတယ်။

နောက်ပြီး ကျွန်မ သတိထားမိတာတစ်ခုက…

သားလေးက 9လလောက်ကတည်းက Diaper ထဲမှာ အီးမပါတော့တာပါ။

သူက Diaper ထဲမှာ အီးပါရတာကို ရွံတာလား၊ မကြိုက်တာလားတော့ မသိပါဘူး။ 😅

ဒါပေမယ့် အဲဒီအချိန်ကတည်းက Diaper ထဲမှာ အီးမပါတော့တာတော့ သတိထားမိပါတယ်။

ပြီးတော့ စထိုင်တတ်တဲ့အချိန်ကတည်းက အီးအိုးနဲ့လည်း တစ်ခါမှ မပါဖူးပါဘူး။

ကျွန်မက အစမှာ အီးအိုးနဲ့ ထိုင်ခိုင်းကြည့်တာမျိုးတော့ ရှိပါတယ်။

ဒါပေမယ့် သူက အီးအိုးထဲမှာ မပါဘဲ အိမ်သာမှာပဲ သွားတတ်တဲ့ပုံစံ ဖြစ်လာပါတယ်။

အဲဒီတုန်းက အိမ်သာမှာ လှေခါးလေး မရှိသေးတော့ ကျွန်မက သားလေးကို ကိုယ်တိုင်ချီပြီး အိမ်သာတည်ပေးရပါတယ်။

နောက်ပိုင်း အိမ်သာတက်ဖို့ လှေခါးလေး ဆင်ပေးလိုက်တော့ သူ့ဘာသာသူ တက်ပြီး အိမ်သာသုံးနိုင်လာပါတယ်။

အခု ပြန်စဉ်းစားကြည့်တော့…

ကျွန်မသားလေးက Toilet Training ကို ကျွန်မထင်ထားသလောက် အများကြီး သင်ပေးစရာမလိုခဲ့ပါဘူး။ ❤️

ဒါပေမယ့် ရူးပေါက်တာကျတော့… 😂

အဲဒါကတော့ နည်းနည်းကွာပါတယ်။

အီးပါချင်ရင် အချက်ပြတတ်ပေမယ့် ရူးပေါက်ချင်တာကို ကြိုပြီး မပြောတတ်သေးပါဘူး။

အခုတော့ ကျွန်မက သူဘယ်အချိန်လောက်မှာ ရူးပေါက်တတ်လဲဆိုတာ စောင့်ကြည့်ပြီး အချိန်နဲ့ တည်ပေးနေရပါတယ်။

တစ်ခါတလေ ကျွန်မ မေ့သွားရင်တော့…

သူက ရူးပေါက်ပြီးမှ
“မေမေ… ရူးပေါက်ပြီးပြီ” ဆိုပြီး လာပြောတတ်ပါတယ်။ 😂

ဒါကြောင့် အခုထိလည်း တဖြည်းဖြည်း သင်ပေးနေတုန်းပါပဲ။

ကလေးတစ်ယောက်နဲ့တစ်ယောက် အလေ့အကျင့်နဲ့ ဖွံ့ဖြိုးလာပုံတွေ မတူကြဘူးဆိုတာ သားလေးကို ပြုစုပျိုးထောင်ရင်း ကျွန်မကိုယ်တိုင် နားလည်လာခဲ့ပါတယ်။

မေမေတို့ရဲ့ ကလေးတွေရော Toilet Training လုပ်တဲ့အခါ အီးအိုးနဲ့ စခဲ့ကြလား၊ အိမ်သာနဲ့ပဲ စခဲ့ကြလား? ❤️

ကိုယ့်အတွေ့အကြုံလေးတွေ မျှဝေပေးခဲ့ပါဦးနော်။








အပိုင်း (၄)အခုတော့ ကျွန်မသားလေး ၂ နှစ် 10 လကျော်ပါပြီ ❤️အသက် ၂ နှစ် ၄ လအထိ “ပါးပါး” ဆိုတဲ့ စကားတစ်ခွန်းကလွဲရင် စကားသိပ်မ...
18/08/2026

အပိုင်း (၄)အခုတော့ ကျွန်မသားလေး ၂ နှစ် 10 လကျော်ပါပြီ ❤️

အသက် ၂ နှစ် ၄ လအထိ “ပါးပါး” ဆိုတဲ့ စကားတစ်ခွန်းကလွဲရင် စကားသိပ်မပြောနိုင်ခဲ့တဲ့ သားလေးက…

အခုတော့ တဖြည်းဖြည်းနဲ့ စကားတွေ ပိုပြောလာပါပြီ။ ❤️

မြန်မာပြည်ပြန်ရောက်ပြီး တစ်လလောက်အကြာမှာ “မားမား” လို့ စခေါ်ခဲ့ပြီးနောက် စကားလုံးတွေ တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။

အဲဒီအချိန်က ကျွန်မတို့ဘက်ကလည်း Screen Time ကို တဖြည်းဖြည်း လျှော့လာခဲ့တယ်။

အမျိုးအိမ်တွေ သွားလည်တယ်။
အဖိုးအဖွားတွေနဲ့ အချိန်ပိုကုန်လာတယ်။
လူတွေနဲ့လည်း ပိုပြီး ထိတွေ့လာခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ သားလေးရဲ့ စကားတွေ တဖြည်းဖြည်းတိုးလာတာကို ကျွန်မတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် “မြန်မာပြည်ပြန်လာလို့ စကားပြောလာတာ”၊ “Screen Time လျှော့လိုက်လို့ပဲ စကားပြောလာတာ” လို့တော့ ကျွန်မ မပြောချင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ကလေးတစ်ယောက်ရဲ့ စကားပြောဖွံ့ဖြိုးမှုမှာ အကြောင်းရင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရတာကြောင့်ပါ။

ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးနောက်မှာ ကျွန်မ နားလည်လာခဲ့တဲ့အရာတွေကိုလည်း တခြားမိဘတွေကို မျှဝေချင်ပါတယ်။

Speech Delay ဆိုတာ စကားမပြောတာတစ်ခုတည်းကိုပဲ ကြည့်ရတာမဟုတ်ပါဘူး။

ကလေးရဲ့ အသက်အရွယ်နဲ့အညီ—

• စကားလုံးတွေ ဘယ်လောက်သုံးနိုင်လဲ
• ကိုယ်လိုချင်တာကို ဘယ်လိုဖော်ပြလဲ
• တခြားသူတွေပြောတာကို နားလည်နိုင်လား
• လက်ညှိုးထိုးပြီး မျှဝေပြတတ်လား
• မျက်နှာချင်းဆိုင် ဆက်သွယ်မှုရှိလား
• လူတွေနဲ့ ဆက်ဆံကစားတတ်လား
• အသံတွေ၊ စကားလုံးတွေကို ပြန်တုပြောတတ်လား

စတဲ့အချက်တွေကိုလည်း အတူတူကြည့်ဖို့ လိုပါတယ်။

ကျွန်မသားလေးက စကားမပြောနိုင်သေးပေမယ့် ခိုင်းတာနားလည်တယ်၊ အရာတွေကို သိတယ် ဆိုတာကြောင့် ကျွန်မက အစပိုင်းမှာ သိပ်မစိုးရိမ်ခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မနားလည်လာတာက—

“နားလည်တာရှိတယ်” ဆိုတာက “စကားပြောဖွံ့ဖြိုးမှုလည်း ပုံမှန်ပဲ” လို့ အမြဲတမ်း အဓိပ္ပာယ်မရပါဘူး။

အဲဒီလိုပဲ “ယောက်ျားလေးမို့ စကားနောက်ကျတတ်တယ်” ဆိုတာတစ်ခုတည်းနဲ့လည်း အချိန်အကြာကြီး စောင့်မနေသင့်ဘူးလို့ ကျွန်မ နားလည်လာခဲ့ပါတယ်။

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးမှာ တစ်ခုခုနောက်ကျနေတယ်လို့ စိုးရိမ်လာရင် ကိုယ့်ဘာသာ အဖြေရှာပြီး ကြောက်နေမယ့်အစား ကလေးဆရာဝန်၊ Speech-Language Therapist ဒါမှမဟုတ် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်တာက ပိုကောင်းပါတယ်။

ပြီးတော့ ကျွန်မရဲ့အတွေ့အကြုံထဲက အရေးကြီးဆုံးတစ်ခုကတော့—

ကလေးက စကားနဲ့ မပြောနိုင်သေးလို့ သူ့လိုအပ်ချက်တွေကို မိဘက အမြဲတမ်း အလိုက်တသိနဲ့ ဖြည့်ဆည်းပေးနေတာထက် ကလေးကို ကိုယ်တိုင်ဖော်ပြဖို့ အခွင့်အရေးပေးတာလည်း အရေးကြီးတယ်ဆိုတာပါ။

ကျွန်မလည်း အရင်က သားလေး လက်ညှိုးမညွှန်ရအောင်၊ စကားမပြောရအောင် အကုန်အလိုက်တသိလုပ်ပေးနေမိခဲ့ပါတယ်။

အခု ပြန်စဉ်းစားကြည့်တော့ အဲဒါက ကျွန်မမိခင်တစ်ယောက်အနေနဲ့ ပြန်သင်ယူခဲ့ရတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။ ❤️

ကလေးတိုင်းရဲ့ ဖွံ့ဖြိုးမှုနှုန်းက မတူကြပါဘူး။

ဒါကြောင့် ဒီ Post တွေက ကျွန်မသားလေးရဲ့အတွေ့အကြုံကို မျှဝေပေးတာပါ “ဒါလုပ်ရင် ကလေးတိုင်း စကားပြောလာမယ်” ဆိုပြီး အကြံပေးတာ မဟုတ်ပါဘူး

ကျွန်မသားလေးမှာ ဘာတွေဖြစ်ခဲ့လဲ၊ ကျွန်မ ဘာတွေသတိထားမိခဲ့လဲ၊ နောက်ပိုင်းမှာ ဘာတွေသိလာခဲ့လဲဆိုတာကိုပဲ မျှဝေတာပါ။

ကျွန်မလိုပဲ
“ငါ့ကလေး စကားနောက်ကျနေတာများလား?”
“ယောက်ျားလေးမို့ပဲ နောက်ကျတာလား?”
ဆိုပြီး စိတ်ပူနေတဲ့ မိဘတစ်ယောက်ယောက်ရှိရင် ဒီအတွေ့အကြုံက တစ်စုံတစ်ရာ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ❤️

ဒီနေရာမှာတော့ ကျွန်မသားလေးရဲ့ Speech Delay အတွေ့အကြုံကို Part 1 ကနေ Part 4 အထိ ရပ်ထားပါမယ်။

အခုအချိန်မှာ ကျွန်မသားလေးက ၂ နှစ် 10 လကျော်ပဲရှိသေးတာမို့ သူ့ရဲ့ဖွံ့ဖြိုးမှုကို ကျွန်မ
လည်း ဆက်လေ့လာ၊ ဆက်စောင့်ကြည့်နေဦးမှာပါ။ ❤️







#ကလေးဖွံ့ဖြိုးမှု
#မိခင်အတွေ့အကြုံ

#ဗဟုသုတမျှဝေခြင်း

“ကျွန်မသား Autism ဖြစ်နေတာများလား…” ဆိုပြီး အင်တာနက်ပေါ်မှာ အဖြေရှာခဲ့မိတဲ့အချိန်…အပိုင်း ၂ မှာ ပြောခဲ့သလို…သားလေးက အသက်...
17/08/2026

“ကျွန်မသား Autism ဖြစ်နေတာများလား…” ဆိုပြီး အင်တာနက်ပေါ်မှာ အဖြေရှာခဲ့မိတဲ့အချိန်…

အပိုင်း ၂ မှာ ပြောခဲ့သလို…

သားလေးက အသက် ၂ နှစ် ၄ လ ရောက်တဲ့အထိ “ပါးပါး” ဆိုတဲ့ စကားတစ်ခွန်းကလွဲရင် တခြားစကားတွေ သိပ်မပြောနိုင်သေးပါဘူး။

စကားလည်း မပြောတတ်သေးဘူး။
စိတ်တိုလွယ်တယ်။
အလိုမကျတာတွေလည်း များလာတယ်။

အဲဒီအချိန်မှာ ကျွန်မရဲ့ စိတ်ပူမှုက တဖြည်းဖြည်းနဲ့ ပိုကြီးလာပါတယ်။

အဲဒီအချိန်မှာ သားလေးရဲ့ အဘိုးအဘွားတွေ ဘန်ကောက်ကို အလည်လာခဲ့ပါတယ်။

သူတို့ကလည်း စကားမပြောတတ်သေးဘဲ အမြဲလိုလို စိတ်တို၊ အလိုမကျဖြစ်နေတဲ့ သားလေးကို မြင်ပြီး…

“မြန်မာပြည်ကို ခဏပြန်လိုက်ရင် ကောင်းမယ်ထင်တယ်”

လို့ ပြောလာခဲ့ပါတယ်။

အဲဒီအချိန်က ကျွန်မတို့အတွက်လည်း ထူးခြားတဲ့ကာလတစ်ခုပါ။

သားလေးကို နို့ဖြတ်ပြီး ပြန်နို့တိုက်နေတဲ့အချိန်လည်း ဖြစ်နေခဲ့ပါတယ်။

ကျွန်မကတော့ သားလေးဘာဖြစ်နေတာလဲဆိုတာ သိချင်လွန်းလို့…

Facebook , TikTok ,YouTube, AI တွေတောင် မကျန် လိုက်ရှာပြီး လေ့လာခဲ့ပါတယ်။

တစ်ခါတလေ ကိုယ့်သားလေးရဲ့ လက္ခဏာတွေကို တစ်ခုချင်းဖတ်ကြည့်ပြီး…

“ဒါလည်းရှိတယ်…”

“ဒါတော့ မရှိဘူး…”

ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားရင်း ပိုစိတ်ပူခဲ့ရပါတယ်။

တစ်ချိန်မှာတော့—

“ငါ့သားလေး Autism ဖြစ်နေတာများလား…”

ဆိုတဲ့အတွေးတောင် ကျွန်မခေါင်းထဲ ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ကျွန်မကိုယ်တိုင် လေ့လာကြည့်သလောက်၊ သားလေးရဲ့ အပြုအမူတွေကို နှိုင်းယှဉ်ကြည့်သလောက်မှာတော့…

ကျွန်မရဲ့ အတွေးထဲမှာ Speech Delay ဆိုတဲ့ဘက်ကိုပဲ ပိုပြီးထင်လာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာတော့ ကျွန်မက ဆရာဝန်မဟုတ်တဲ့အတွက် ကိုယ့်ဘာသာ diagnosis လုပ်လို့မရဘူး ဆိုတာလည်း နားလည်လာခဲ့ပါတယ်။

နောက်ဆုံးတော့ ကျွန်မတို့ သားအမိ မရည်ရွယ်ပဲ လက်မှတ် မရရအောင်ဖြတ်ပီး အဘိုးအဘွားတွေနဲ့ မြန်မာပြည် ပြန်လိုက်လာခဲ့ကြပါတယ်။

ပြီးတော့…

မြန်မာပြည်ပြန်ရောက်ပြီး တစ်လလောက်အကြာမှာ ထူးခြားတာတစ်ခု ဖြစ်လာခဲ့ပါတယ်။

သားလေးက…

“မားမား” လို့ စခေါ်လာခဲ့ပါတယ်။ 🥹❤️

အဲဒီတစ်ခွန်းက ကျွန်မအတွက်တော့ သာမန်စကားတစ်ခွန်း မဟုတ်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်းမှာလည်း စကားလုံးတွေ တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။

အဲဒီကာလမှာ ကျွန်မတို့ဘက်ကလည်း Screen Time ကို တဖြည်းဖြည်း လျှော့လာခဲ့ပါတယ်။

အမျိုးအိမ်တွေ သွားလည်တယ်။
လူတွေနဲ့ ပိုထိတွေ့လာတယ်။
အဖိုးအဖွားတွေနဲ့ အချိန်ပိုကုန်လာတယ်။

အဲဒီလို ပတ်ဝန်းကျင်တွေ ပြောင်းလာတဲ့အချိန်မှာ သားလေးရဲ့ စကားတွေကလည်း တဖြည်းဖြည်း ပိုများလာခဲ့ပါတယ်။

ဒါပေမယ့်…

“ဒါဆို မြန်မာပြည်ပြန်လာလို့ စကားပြောလာတာလား?”
“Screen Time လျှော့လို့လား?”
“လူတွေနဲ့ ပိုထိတွေ့လာလို့လား?”

ဆိုတာကိုတော့ ကျွန်မ ခုထိ သေချာမသိပါဘူး။

ဒီအတွေ့အကြုံကနေ ကျွန်မ နောက်ပိုင်းမှာ သိလာခဲ့တဲ့အရာတွေကတော့ တော်တော်များပါတယ်။

Part 4 မှာတော့ သားလေး စကားစပြောလာပြီးနောက် ဘယ်လိုတဖြည်းဖြည်း ပြောင်းလဲလာခဲ့လဲ၊ ကျွန်မအနေနဲ့ ဒီအတွေ့အကြုံကနေ ဘာတွေသိလာခဲ့လဲဆိုတာ ဆက်မျှဝေပေးပါမယ်။ ❤️


17/08/2026

မအိပ်ဘူး ဆိုပီး တစ်နေ့လုံး ငြင်းဆန်ပီး ဆော့နေတဲ့ သူ ညနေစောင်းဆို ဇာတ်လမ်းစပီ 😬😬



Happy birthday 2yearsand10months ပါ အမေ့သားချောလေးရေ လူတော်မဖြစ်ရင်နေပါ လူကောင်းလေးအဖြစ် ကြီးပြင်းလာပါစေ😍😍ဘေးတွဲစီးရအောင...
17/08/2026

Happy birthday 2yearsand10months ပါ အမေ့သားချောလေးရေ

လူတော်မဖြစ်ရင်နေပါ လူကောင်းလေးအဖြစ် ကြီးပြင်းလာပါစေ😍😍

ဘေးတွဲစီးရအောင် သူ့မြေး နှိုးအောင်စောင့်ပီးမှ ဒုက္ခခံ ဈေးပတ်ချီပီး သွားရတာ😬

ပေါင်ပေါ်မထိုင်ချင်ဘူး တစ်နေရာ ထိုင်ချင်တာ အဖိုးက တအားအလိုလိုက်တော့ ဘေးခုံကနေ သူ့ကိုကိုင်ပေးထားရတယ်

Address

Yangon

Telephone

+959972710249

Website

Alerts

Be the first to know and let us send you an email when Zwe lay’s Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zwe lay’s Family:

Shortcuts

Share