18/06/2026
လေးစားအပ်ပါသော VKK Customer များရှင့်
VKK အမှတ်တံဆိပ်ကို ယုံကြည်အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။
Customer များ၏ ဝယ်ယူမှုအခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန် ပစ္စည်းဝယ်ယူပြီးတိုင်း ငွေရှင်းပြေစာ (Invoice / Receipt) ကို ဆိုင်ဝန်ထမ်းထံမှ မဖြစ်မနေ တောင်းယူပြီး သိမ်းဆည်းထားပေးပါရန် အသိပေးအပ်ပါသည်။
ပြေစာသည် ပစ္စည်းဝယ်ယူထားကြောင်း အတည်ပြုရန်နှင့် နောက်ပိုင်းဝန်ဆောင်မှုများ ရယူရန် အရေးကြီးသော အထောက်အထားဖြစ်ပါသည်။
ပြေစာမရှိပါက ဝယ်ယူမှုမှတ်တမ်းအား အတည်ပြုနိုင်မည်မဟုတ်သောကြောင့် ပစ္စည်းလဲလှယ်ခြင်း၊ ပြန်လဲခြင်း၊ အရည်အသွေးဆိုင်ရာ ပြဿနာများနှင့် အခြားဝန်ဆောင်မှုကိစ္စများကို ဆိုင်မှ လက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။
နားလည်ပူးပေါင်းပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
VKK Brand Team
VKK Luxury Fashion 2