12/08/2026
ကျွန်မ ချုပ်ရုံက Waste management ဘယ်လိုလုပ် လဲလို့ မေးကြတဲ့အခါ ကျွန်မ က ခုလိုလေးတွေ ပြန်ထုတ်ပြီး "0" waste အထိ သွားပါတယ်လို့။
အဲလို သွားခြင်းအားဖြင့် အမျိုးသမီး စက်ချုပ်သူ တစ်ဦးစီအတွက် ဝင်ငွေအပို ထပ်မံရရှိသလို ချုပ်ရုံက မို့ အမှိုက်လက်မခံဘူးဆိုတဲ့ ပြသနာလည်း ရှင်းသွားပါတယ်။
ကျွန်မ ကိုယ်တိုင်က အမျိုးသမီး ငွေရှာသူဖြစ်နေတော့ ကျွန်မရဲ့ ထုတ်ကုန်တိုင်းက အမျိုးသမီးတွေအတွက် ဝင်ငွေတိုး ဖို့ ဆိုတာ အဓိက ရည်ရွယ်ချက်ပါ။
ခုလို ချည်ထည် အိတ်လေးတွေကို မှာယူ အသုံးပြုခြင်းဖြင့် အမျိုးသမီးများ၏ ဝင်ငွေကို မြှင့်တင်ပေးကြပါစို့နော်။
#ရတနာမြန်မာ့ချည်ထည်