15/08/2026
!!!!ထီပေါက်တဲ့နေ့ပါပဲ!!!! 15.8.2026
ကျနော်တို့ဆိုင်လေး ရွှေပြည်သာဘုန်းကြီးကျောင်းဂိတ် စက်မှု၂ လမ်းမှာ မနက် ၁၀ နာရီ ၁၈ မိနစ်လောက်က ဆိုင်ထဲကို ဘေးတွဲတစ်စီး (ယောက်ျားတစ်ယောက်မောင်းလာ) နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီး နှစ်ယောက် ( တစ်ယောက်က အသားမည်း ဝဝ ဒေါင်မြင့်မြင့် နဲ့ တစ် ယောက်က ပုပု) ရောက်လာတယ်။ ဆိုင်ထဲဝင်လာပြီး အထည်တွေ ဈေးလိုက်မေး၊ ဈေးဆစ်နဲ့ အလုပ်ရှုပ်နေတာပေါ့။ ဖြစ်ချင်တော့ဆိုင်မှာကလဲ တစ်ယောက် ထဲစောင့်တဲ့အချိန်ကိုမှဝင်လာတာပါ။ အဲ့တာနဲ့ တစ်ယောက်ကတော့ ပိုက်ဆံပုံးရှိတဲ့ ကောင်တာခုံနားမှာ လုံးဝမထဘဲ ဝင်ထိုင်နေတာ။ အထည်တွေ လိုက်ပြပေးရင်း နည်းနည်း သတိလွတ်သွားတဲ့အချိန်မှာ ကောင်တာမှာထိုင်နေတဲ့တစ်ယောက်က ပိုက်ဆံပုံးထဲက ငွေ ၁၃ သိန်း ရော၊ LG ဖုန်းတစ်လုံး ရော နှိုက်သွားပါတယ်။
ဖုန်းလေးက မှန်နည်းနည်းအလင်းပေါက်နေတယ်၊ အသံတိုးချဲ့ခလုတ်မပါဘူး၊ Power ခလုတ်က သိပ်မကောင်းချင်ဘူး၊ Back cover မှာ အစိမ်းရောင် Doodle sticker လေး ကပ်ထားတာပါ။ ပြီးမှ "ပိုက်ဆံမလောက်လို့ အပြင်မှာ ပိုက်ဆံသွားထုတ်ဦးမယ်" ဆိုပြီး ငွေရော ဖုန်းရော မပြီး လစ်သွားကြတာ။ CCTV ပြန်ကြည့်တော့လဲ ဘေးတွဲ မောင်းတဲ့သူရဲ့ ပုဆိုးနဲ့ ဘေးတွဲဆိုင်ကယ်ပုံ စံ ပဲအနည်းငယ် ပြန်တွေ့ရပါတယ်။
လိုက်ပြီးစုံစမ်းကြည့်တော့ သူတို့ဒီလိုလုပ်နေတာ ကျနော်တို့နားမှာပဲ နှစ်ဆိုင်ရှိပြီလို့သိရပါတယ်။
ရွှေပြည်သာမှာရှိတဲ့တခြား အထည်ဆိုင်လေးတွေရော ကျနော်တို့လိုအခုမှစတင်ဖွင့်မယ့်အထည်ဆိုင်တွေရော တခြားတနိုင်တပိုင်လေး လုပ်နေတဲ့ ဆိုင်လေးတွေရောသတိထားကြဖို့ သတိပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဗျ။