ARIA LUXE Beauty & Wear

ARIA LUXE Beauty & Wear ✨ Beauty • Skincare • Fashion
🛍️ Authentic Products
🚚 Fast & Reliable Delivery
📩 Order via Messenger

12/06/2026

Try these tips for silky smooth hair 💆‍♀️"
ARIA LUXE Beauty & Wear
゚viralシ

Moisturizer ကိုမှား​ရွေး​နေတုန်းပဲလား???Hi Beauties 💖ဒါဆို ဒီ Post လေးကို အဆုံးထိဖတ်ပြီး ကိုယ့် Skin Type နဲ့ သင့်တော်မယ...
11/06/2026

Moisturizer ကိုမှား​ရွေး​နေတုန်းပဲလား???

Hi Beauties 💖
ဒါဆို ဒီ Post လေးကို အဆုံးထိဖတ်ပြီး ကိုယ့် Skin Type နဲ့ သင့်တော်မယ့် Moisturizer Type ကို အတူတူ ရွေးကြရအောင်နော် 🤗

💧 Gel Type Moisturizer

_ရေကို အခြေခံထားပြီး ရေဓာတ်အဓိက ပါဝင်တာကြောင့် အသားအရေထဲကို စိမ့်ဝင်မှု မြန်ဆန်ပါတယ်
_ Lightweight & Cooling ဖြစ်လို့ လိမ်းလိုက်ရင် စေးကပ်မှုမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ အေးမြတဲ့ Feeling ကို ရရှိစေပါတယ်
_Oily Skin နဲ့ Combination Skin အတွက် အထူးသင့်တော်ပါတယ်
_Acne-Prone Skin (ဝက်ခြံထွက်လွယ်တဲ့ အသားအရေ) အတွက်လည်း ချွေးပေါက်ပိတ်နိုင်ခြေ နည်းတာကြောင့် အသုံးပြုလို့ အဆင်ပြေပါတယ်
⚠️ Very Dry Skin အတွက်တော့ ရေဓာတ်ကို အဓိက ဖြည့်ပေးတာဖြစ်လို့ အစိုဓာတ်ထိန်းနိုင်မှု တစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး

🥛 Cream Type Moisturizer

_ အဆီဓာတ်ကို အခြေခံထားတာကြောင့် ပိုမို Rich & Nourishing ဖြစ်ပါတယ်
_အသားအရေအတွက် လိုအပ်တဲ့ အဆီဓာတ်နဲ့ အာဟာရကို ဖြည့်တင်းပေးပြီး အစိုဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်
_ Normal Skin နဲ့ Dry Skin အတွက် အထူးသင့်တော်ပါတယ်
_Sensitive Skin အတွက် Skin Barrier ကို အားကောင်းစေပြီး အသားအရေ နီမြန်းခြင်း၊ ယားယံခြင်းတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်
⚠️ Very Oily Skin အတွက်တော့ လေးလံပြီး ချွေးပေါက်ပိတ်နိုင်တာကြောင့် ဝက်ခြံပိုထွက်လာနိုင်ပါတယ်
💖 Beauties တို့အလွယ်မှတ်မယ်ဆိုရင်

🛢️ Oily Skin / Acne-Prone Skin → Gel Type
🌵 Dry Skin / Normal Skin → Cream Type
Beauties တို့ရော ဘယ် Type ကို အသုံးပြုနေကြလဲ?ကိုယ့်သုံး​နေတဲ့ဟာကရော ကိုယ့် skin type နဲ့ကိုက်ညီရဲ့လား 🤔
👇 Comment မှာ ပြောခဲ့ပေးပါဦးနော်
ARIA LUXE Beauty & Wear Page လေးကနေ Beauty Tips & Skincare Knowledge တွေကို အမြဲကြည့်ချင်ရင် Follow & Share လေး လုပ်ပေးခဲ့ပါဦး
Love you 😍

゚viralシ

10/06/2026

ဟိတ် မိန်းက​လေးဆိုရင် ၀ယ်လိုက်​တော့🤭💄🫦

💋 ABOUT TONE Mini Lipstick💄

✔️💄Mini Size – သယ်ရလွယ်၊ အိတ်ထဲထည့်ရလွယ်
✔️ 💄Soft Matte Finish – နှုတ်ခမ်းပေါ်မှာ နူးညံ့ပြီး လှပတဲ့ Matte Look ရစေတယ်
✔️ 💄Lightweight Formula – ပေါ့ပါးပြီး မခြောက်ကပ်ဘူး
✔️💄 Natural & Daily Shades – နေ့စဉ်လိမ်းဖို့ အရောင်လေးတွေ အရမ်းလှတယ်
✔️ 💄Long-lasting Color – အရောင်ထွက်ကောင်းပြီး ကြာရှည်ခံတယ်

အရွယ်သေးသေးလေးနဲ့ အရောင်ထွက်လှလှ၊ နေ့တိုင်းသုံးဖို့ အဆင်ပြေတဲ့ Lip Tint/ Lipstick လေး 💖

✨️Ready to glow? 🛍️ Can Order Now! 📩 Message us to place your order.

💋 ဆွဲဆောင်မှုရှိတဲ့ နူးညံ့တဲ့ နှုတ်ခမ်းသားလေးတစ်စုံ လိုချင်လား 🤭မျက်နှာတစ်လုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းထဲက တစ်ခုဖြစ...
10/06/2026

💋 ဆွဲဆောင်မှုရှိတဲ့ နူးညံ့တဲ့ နှုတ်ခမ်းသားလေးတစ်စုံ လိုချင်လား 🤭
မျက်နှာတစ်လုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းထဲက တစ်ခုဖြစ်တဲ့ နှုတ်ခမ်းသားလေးကို ဘယ်လိုထိန်းသိမ်းကြမလဲ ❓စကားလုံးချိုချို​လေး​တွေ ​ပြော​နေချိန်မှာ လူတိုင်း ​ငေး​မောရတဲ့ နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ချင်လား❓️

Hi Beauties 💖

နှုတ်ခမ်းလေးတွေ ချောမွေ့ပြီး နူးညံ့နေဖို့ ဒီအချက်တွေကို သတိထားနော် 👇
💧 ရေ လုံလောက်အောင် မသောက်တာ
🫦 နှုတ်ခမ်းကို ကြမ်းကြမ်းတမ်းတမ်းပွတ်တာ (သို့) အဖတ်တွေကို ခွာတာ
🌸 Lip balm မဆိုးပဲထားတာ
💋 နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ သပ်တာ

👉 ဒီအလေ့အထတွေက နှုတ်ခမ်းခြောက်သွေ့ပြီး အက်ကွဲစေနိုင်တာကြောင့် လုံးဝ မလုပ်သင့်ပါဘူးနော် ❌
✨️ပိုကျန်းမာပြီး လှပတဲ့နှုတ်ခမ်း​လေး ဖြစ်​အောင်👇
🌸Lip balm ပုံမှန်လိမ်းကြမယ်
💧​ရေများများ​သောက်ကြမယ်​နော်

✨ နူးညံ့ပြီး ဆွဲဆောင်မှုရှိတဲ့ lips လေးတွေကို ဂရုစိုက်စွာ ထိန်းသိမ်းကြမယ်​နော် 💖
💧Hydration is Key 🔑 ပါ​နော် နူးညံ့​ချော​မွေ့တဲ့ နှုတ်ခမ်း တစ်စုံရဖို့ ​ရေများများ ​သောက်​ပေးဖို့က အဓိကနဲ့ ပိုက်ဆံမကုန် ပဲ စိတ်ချရတဲ့ သဘာစနည်းလမ်းပါပဲရှင့် ✨️
​မေ့ရဲ့ Beauties ​လေး​တွေ တ​နေ့ထက်တ​နေ့ အလှ​တွေပိုတိုးလာကြပါ​​​စေ​နော်💖

ARIA LUXE Beauty & Wear page ကိုလည်း Follow & Share ​လေးလုပ်သွား​ပေးကြပါဦးရှင့် ❤️Love you all
゚viralシ

❌ Face Mask ကို အခုထိ မှားရွေးနေသေးတာလား?🤔Hi Beauties💖Face Mask တွေ အများကြီးရှိပေမယ့် ကိုယ့် Skin Type နဲ့ မကိုက်ရင် Re...
09/06/2026

❌ Face Mask ကို အခုထိ မှားရွေးနေသေးတာလား?🤔

Hi Beauties💖
Face Mask တွေ အများကြီးရှိပေမယ့် ကိုယ့် Skin Type နဲ့ မကိုက်ရင် Result ကောင်းကောင်း မရနိုင်ဘူးနော် 😭

✨ Dry Skin → Cream Mask / Sheet Mask
✨ Oily Skin → Clay Mask / Charcoal Mask
✨ Sensitive Skin → Gel Mask
✨ Dull Skin → Exfoliating Mask
🔴 Acne-Prone Skin → Clay Mask / Charcoal Mask

💖 ကိုယ့် Skin Type နဲ့ ကိုက်တဲ့ Mask ကို ရွေးသုံးမှ Skin Care Routine က ပိုထိရောက်မှာနော်❤️

Beauties တို့ရော ဘယ် Face Mask Type ကို အကြိုက်ဆုံးလဲ? 😍

👇 Comment မှာ ပြောခဲ့ပေးပါဦး​နော်

☔🌧️ မိုးရာသီမှာ ဘယ် Perfume သုံးကြမလဲ?Hi Beauties 💖⛈️🌧️ မေတို့နိုင်ငံမှာ အခု မိုးရာသီ ရောက်လာပြီဆိုတော့ မိုးရာသီနဲ့ လိုက...
08/06/2026

☔🌧️ မိုးရာသီမှာ ဘယ် Perfume သုံးကြမလဲ?

Hi Beauties 💖

⛈️🌧️ မေတို့နိုင်ငံမှာ အခု မိုးရာသီ ရောက်လာပြီဆိုတော့ မိုးရာသီနဲ့ လိုက်ဖက်မယ့် Perfume Scent လေးတွေကို မေနဲ့အတူ ရွေးကြည့်ရအောင်နော် 😘
☔🌧️ မိုးရာသီမှာတော့ အရမ်းချိုတဲ့ Perfume တွေထက် Fresh, Clean, Soft နဲ့ Cozy Scent တွေက ပိုပြီး လိုက်ဖက်ပါတယ် ✨
🍊 Citrus ✨ လန်းဆန်းပြီး Fresh Feeling ကို ရရှိ​စေတယ်
• Orange 🍊
• Bergamot 🍋
• Lemon 🍋

🌸 Floral ✨ မိန်းကလေးဆန်ပြီး နူးညံ့သိမ်မွေ့တဲ့ Vibe ကို ပေးတယ်
• Jasmine 🌸
• Rose 🌹
• Peony 🌷

🌿 Green Notes ✨ မိုးရွာပြီးခါစ သဘာဝအနံ့လေးလို Fresh ဖြစ်စေတယ်
• Green Tea 🍃
• Fresh Leaves 🌿

🍦 Soft Vanilla ✨ အေးမြတဲ့ ရာသီဥတုမှာ Cozy Feeling ကို ပေးတယ်
• Vanilla 🍦
• Tonka Bean 🤎

🧼 Clean / Powdery ✨ ရေချိုးပြီးခါစ သန့်ရှင်းလန်းဆန်းတဲ့ Feeling ကို ရရှိစေတယ်
• Baby Powder 🤍
• Musk 🤍
• Cotton ☁️
☔💖 မိုးရာသီနဲ့ လိုက်ဖက်မယ့် Scent လေးတွေကို ရွေးပေးထားပြီးပြီဆိုတော့ Beauties တို့ရော ဘယ် Scent လေးကို အကြိုက်ဆုံးလဲ? 😍

👇 Comment မှာ ပြောခဲ့ပေးပါဦးနော်
🍊 Citrus 🌸 Floral 🌿 Green 🍦 Vanilla 🧼 Clean

ARIA LUXE Beauty & Wear Page လေးကနေ Beauty Tips, Skincare Tips နဲ့ Perfume Knowledge လေးတွေကို အမြဲကြည့်ချင်ရင် Follow & Share လေး လုပ်ပေးခဲ့ပါဦးနော် 💖🥰

07/06/2026

🫚🍊🥕🍎Skincare ​သောက်ကြမယ်✨️
​ကောင်မ​လေး လှလှ​လေး​သောက်ပြသလို ​မေ့ ရဲ့ Beauties ​လေး​တွေလည်း တ​​စ်​နေ့တစ်ခြား လှပ​လာအောင် အလွယ်တကူ လိုက်လုပ်ပြီး ​သောက်လို့ရ​အောင် save ထားလိုက်​တော့​နော်✨️💖
​နေ့တိုင်း skincare tips လေးတွေ သိရ​အောင် ARIA LUXE Beauty & Wear ရဲ့ Page ကို Like & Follow လုပ်ထား​ပေးကြပါဦး​နော် ✨ 💕

🍊🥕🥜🍎 Skincare တွေ ဝါးစားကြမယ် 😆Hi Beauties 💖အသားအရေ ကြည်လင်ဝင်းပဖို့ Skincare Products တွေချည်းပဲ သုံးနေလို့ မရပါဘူးနော်...
07/06/2026

🍊🥕🥜🍎 Skincare တွေ ဝါးစားကြမယ် 😆

Hi Beauties 💖

အသားအရေ ကြည်လင်ဝင်းပဖို့ Skincare Products တွေချည်းပဲ သုံးနေလို့ မရပါဘူးနော် 🙅‍♀️

✨ Skincare ကို ဝါးစားပေးဖို့လည်း လိုအပ်ပါတယ် 😆

Vitamin C 🍊, Vitamin A (Retinol Group) 🥕, Niacinamide (Vitamin B3) 🥜 နဲ့ Hyaluronic Acid 🍎 တို့ကို အထောက်အကူပြုတဲ့ အစားအစာတွေကို ပုံမှန်စားပေးဖို့ လိုပါတယ် 💖

🍊 Vitamin C
Oranges, Strawberries နဲ့ Broccoli တို့က
✨ အသားအရေ ကြည်လင်စေတယ်
✨ Collagen ထုတ်လုပ်မှုကို အားပေးတယ်
✨ နေရောင်ကြောင့် ပျက်စီးမှုကို ကာကွယ်ပေးနိုင်တယ်

🥕 Vitamin A (Retinol Group)
Carrot, Sweet Potato နဲ့ Spinach တို့က
✨ အသားအရေ ကျန်းမာကြည်လင်စေတယ်
✨ Skin Renewal ကို အထောက်အကူပြုတယ်
✨ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့နည်းစေတယ်

🥜 Niacinamide (Vitamin B3)
Peanuts, Mushrooms နဲ့ Sunflower Seeds တို့က
✨ Skin Barrier ကို အားကောင်းစေတယ်
✨ အဆီပြန်မှုကို ထိန်းညှိပေးတယ်
✨ Skin Tone မညီညာမှုကို သက်သာစေတယ်

🍎 Hyaluronic Acid Support Foods
Bone Broth, Soy Products နဲ့ Citrus Fruits တို့က
✨ အသားအရေ ရေဓာတ်ပြည့်ဝစေတယ်
✨ အသားအရေ နူးညံ့ချောမွေ့စေတယ်
✨ Healthy & Plump Skin ကို အထောက်အကူပြုတယ်

ဒါကြောင့် Beauties တို့လည်း Skincare လိမ်းရုံသာမက အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုပါ စားသုံးဖို့ မမေ့နဲ့နော် 💖✨

ARIA LUXE Beauty & Wear Page လေးကနေ Beauties 💖တို့ အတွက် အသုံးဝင်တဲ့ Beauty Tips တွေ ရချင်ရင် Follow & Share လေး လုပ်ပေးခဲ့ပါဦးနော် 🥰

☀️ Sunscreen လိမ်းတဲ့ အဖွဲ့လား? ❓☑️☀️Sunscreen မလိမ်းတဲ့ အဖွဲ့လား?❓️❌️Hi Beauties 💖အခု TikTok မှာ Sunscreen လိမ်းရင် ဆို...
07/06/2026

☀️ Sunscreen လိမ်းတဲ့ အဖွဲ့လား? ❓☑️
☀️Sunscreen မလိမ်းတဲ့ အဖွဲ့လား?❓️❌️
Hi Beauties 💖

အခု TikTok မှာ Sunscreen လိမ်းရင် ဆိုးကျိုးရှိတယ်ဆိုပြီး ပြောနေကြတာတွေ၊ "အမေတို့ခေတ်က Sunscreen မလိမ်းလည်း ဘာမှမဖြစ်ဘူး" ဆိုတဲ့ Comment တွေ အများကြီးတွေ့နေရတယ်နော် 😁

Beauties တို့ရော ဘယ်အဖွဲ့ထဲကလဲ? 👇ဒီဘက်​ခေတ်ထဲ ​နေမလား ?ဟိုဘက်​ခေတ်ထဲ​နေမလား? 😁

​မေ ကတော့ Sunscreen လိမ်းတဲ့ဘက်ကပါ 😆💕

တကယ်တော့ Sunscreen က လိမ်းကိုလိမ်းသင့်ပါတယ်​နော် ☑️
ဒါပေမယ့် အရေးကြီးတာက...

✨ ကိုယ့် Skin Type နဲ့ သင့်တော်တဲ့ Sunscreen ရွေးဖို့
✨ လိမ်းနည်းမှန်မှန် လိမ်းဖို့
✨ လိုအပ်တဲ့ပမာဏပဲ အသုံးပြုဖို့

ဆိုတာတွေပါပဲ 💖

အခုခေတ်မှာ UV Rays တွေ ပိုပြင်းလာတာကြောင့် Sunscreen မလိမ်းဘဲ နေရင်...

☀️ အသားအရေ ညိုမည်းလာနိုင်တယ်
☀️ အမဲစက်တွေ ပိုဖြစ်နိုင်တယ်
☀️ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တယ်

ဒါကြောင့် Sunscreen ကို မှန်မှန်ကန်ကန် သုံးပေးဖို့ မမေ့နဲ့နော် 💕

Beauties တို့ရော Sunscreen ပုံမှန်လိမ်းဖြစ်ကြလား?
ARIA LUXE Beauty & Wear မှ Beauty Tips ​လေး​တွေက Beauties တို့အတွက် တစ်စုံတစ်ခု အကျိုးရှိမယ်ဆို Follw& Share ​လေး လုပ်သွား​ပေးကြပါဦးရှင့် 💖

✨ ကိုယ်သင်းရနံ့လေးကို Expensive ဖြစ်ပြီး ဆွဲဆောင်မှုရှိအောင် ဒီအချက်လေးတွေ လုပ်ဖို့ မေ့နေခဲ့သေးလား? 💖How to smell good &...
06/06/2026

✨ ကိုယ်သင်းရနံ့လေးကို Expensive ဖြစ်ပြီး ဆွဲဆောင်မှုရှိအောင် ဒီအချက်လေးတွေ လုပ်ဖို့ မေ့နေခဲ့သေးလား? 💖

How to smell good & expensive ✨️

Hi Beauties 😍

မျက်နှာလေး ဘယ်လောက်လှနေပါစေ၊ ကိုယ်သင်းရနံ့ကောင်းကောင်းလေး ရှိမှ Confidence ပိုရှိစေတာနော် ✨

မွှေးပြီး သန့်ရှင်းတဲ့ Vibe လေးရဖို့ ဈေးကြီးတဲ့ Perfume တွေချည်း မလိုပါဘူး​နော် 💕

🌸 Perfume မစွတ်ခင် Body Lotion လိမ်းပါ
🌸 Hair Mist လေး သုံးပေးပါ
🌸 Perfume စွတ်ပြီးနောက် လက်ကောက်ဝတ်ကို မပွတ်ပါနဲ့
🌸 အဝတ်အစား သန့်သန့်ရှင်းရှင်း ဝတ်ဆင်ပါ
🌸 ရေများများသောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
🌸 Mini Perfume လေးကို အိတ်ထဲ အမြဲဆောင်ထားပါ

ဒီ Tips လေးတွေထဲက ဘယ်အချက်ကို Beauties လေးတို့ လုပ်ဖြစ်နေပြီလဲ? 💭

Comment မှာ ပြောခဲ့ပေးနော် 👇💖

ARIA LUXE Beauty & Wear မှ share ​ပေးတဲ့ Beauty &Tips ​လေး​တွေက Beauties ​လေးတို့အတွက် တစ်​နေ​ရာရာမှာ အကျိုးရှိသွားတယ်ဆို Follow & share ​လေး လုပ်သွား​ပေးကြပါဦး​နော် ဆားရားငဲ🫶

✨ Follow AriaLuxe Beauty & Wear for more Beauty Tips & Fashion Inspiration ✨

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ARIA LUXE Beauty & Wear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share