May Thaw

May Thaw အရာရာကကောင်းဖို့ဖြစ်လာတာပါ

04/08/2024

ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစားပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ

ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ

ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ

မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်

ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ

တန်ဖိုးထားစေချင် ။


-ဂျူး

04/08/2024

မင်းကိုယ်မင်း သိပါတယ်
မင်းပတ်ဝန်းကျင် မင်းကမ္ဘာကြီးနဲ့
ပို၍ ပို၍ သဟဇာတဖြစ်မလာနေကြောင်း
သိရှိခံစားလာရတာနဲ့ အမျှ
မင်းကို တတ်နိုင်သလောက် နားလည်မြင်နိုင်တဲ့
မင်း တွယ်တာရတဲ့
တစ်ဦးတစ်ယောက်သောသူကို
ညနေက မင်းရောက်ခဲ့တဲ့ ဆိုင်လေး တစ်ဆိုင်ဆိုင်မှာ
နှစ်ရာတန် အကြွေ အသစ်ကလေး
အအမ်းခံခဲ့ရတဲ့ အကြောင်းကအစ
မင်း ပျော်ပျော်ရွှင်ရွှင် ပြန်ပြောပြချင်နေမိခဲ့မှာပဲ

ချစ်ပါတယ်ဆိုတာထက် ပိုပြီး
ထုထည်ကြီးမားတယ် ဆိုတဲ့အရာဟာ အဲ့ဒါပေါ့ ။

- နိုင်ငံ

04/08/2024

လက်တွဲဖော်နဲ့ပတ်သက်ပြီး
ရုပ်ချောဖို့၊ ချမ်းသာဖို့ တွေးမထားဘူး။
ကိုယ်တိုင်ကလည်း မပြည့်စုံလို့
ကိုယ့်အပေါ် တကယ်နားလည်ပေးပြီး
အတူတူတိုင်ပင်ပြီး ကြိုးစားသွားမယ့်သူမျိုးနဲ့
အပြန်အလှန် Respect ထားပြီး
တည်ဆောက်သွားချင်တာ။
အချိန်ဘယ်လောက်ကြာကြာ
ကိုယ့်အပေါ်ငြီ၊၊းငွေ့မသွားမဲ့ အချစ်မျိုးပဲ လိုချင်မိတယ်။

💭 || 4.8.2024

04/08/2024

ဘဝမှာ တစ်ယောက်တည်း ရှင်သန်နေရလို့
အထီးကျန်မိတာမျိုး ခံစားမိခဲ့ပေမယ့်
ပြန်စဉ်းစားကြည့်လိုက်တော့
နောင်တရတာမျိုး ရှိမနေခဲ့ဘူး ။

မှားယွင်းတဲ့ တစ်စုံတစ်ယောက်နဲ့
ပတ်သက်ခဲ့မိလို့သာ နောင်တရတာမျိုး
နာကျင်မိတာမျိုး ရှိခဲ့ဖူးတာပါ ။

ဒါကြောင့်ပဲ
ကိုယ့်အနားမှာ တစ်စုံတစ်ယောက်ရှိနေဖို့ထက်
တစ်ယောက်တည်း နေရတာ ပိုပြီး နေသားကျနေမိတယ် ။

မှားယွင်းတဲ့သူတွေနဲ့ ထပ်ပြီး မပတ်သက်ချင်သလို
ထပ်ပြီး သည်းခံပေါင်းသင်းရတာမျိုးတွေလည်း
မလုပ်ကြည့်ချင်တော့ဘူး ။

ငါတို့ ရင့်ကျက်တည်ငြိမ်ရမယ့် အသက်အရွယ်ကို
ရောက်လာခဲ့ကြပြီ မဟုတ်လား ။
လူရွေးပြီး ပေါင်းနေကြဖို့ထက်
ကိုယ့်အနီးအနားက ချစ်ရမယ့်သူတွေကို
ပိုပြီး ချစ်ပေးဖို့ ဂရုစိုက်ပေးဖို့ အချိန်ပေးဖို့
ပိုပြီး လိုအပ်လာပါပြီ ။

#ယူနိုရာ

04/08/2024

'ကိုယ်ရှိတယ်နော်'.. အဲ့ဒီစကားလေးဟာ
အတော်လေးနွေးထွေးရတယ်။

လူဆိုတာ အနွေးဓာတ်လိုပါတယ်
ပင်ပန်းတာတွေ ဖြေဖျောက်ဖို့
ပျော်ရွှင်ခြင်းတွေ မျှဝေခံစားဖို့
‌တစ်ယောက်အတွက် တစ်ယောက်က
ရှိနေပေးတာဟာ တကယ်ကို ကြည်နူးစရာပါပဲ 🥹🖤

04/08/2024

ဘာဆက်လုပ်လို့ လုပ်ရမှန်း
မသိတော့တဲ့ နေ့တွေလည်း ရှိခဲ့တယ်

ဘယ်သူ့ကို မျှော်လင့်ပြီး ရှေ့ဆက်ရမှန်း
မသိတဲ့ နေ့တွေလည်း ရှိဖူးတယ်

ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း
ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ ။

-နွေသစ်ငြိမ်း

ဘယ်သူ့ကိုမှ မမုန်းပါဘူးစိတ်ထဲကမပါပဲနဲ့လည်း ဘယ်သူ့ကိုမှ ပြုံးမပြခဲ့ဖူးဘူးအချိန်တန်ရင်ခွဲရမှာပဲဆိုတဲ့အသိစိတ်တွေနဲ့ ဘဝကိုပေ...
04/08/2024

ဘယ်သူ့ကိုမှ
မမုန်းပါဘူး

စိတ်ထဲကမပါပဲနဲ့လည်း
ဘယ်သူ့ကိုမှ ပြုံးမပြခဲ့ဖူးဘူး

အချိန်တန်ရင်ခွဲရမှာပဲဆိုတဲ့
အသိစိတ်တွေနဲ့ ဘဝကိုပေါ့ပေါ့ပါးပါးပဲ
ဖြတ်သန်းဖြစ်တယ်

ထိရှလွယ်,ခံစားလွယ် စိတ်တွေကြောင့်
ဘဝကို အတိမ်းအစောင်း
အဖြစ်မခံချင်တဲ့အခါ

ချစ်တတ်တဲ့နှလုံးသားနဲ့
အားနာတတ်တဲ့ စိတ်ကိုတော့

မာနကို
အပ်ထားရတယ်

ကိုယ့်ကိုယ်ကို
အကာအကွယ်ပြုဖို့အတွက်တော့
ရှိသင့်တဲ့အရာ မဟုတ်လား....

မာန,ဆိုတိုင်း

ခက်ထန်မာကျော
နေတာမျိုးမှမဟုတ်တာလေ ။

ကိုယ်ချင်းမစာတတ်သူများသို့"""""""""""""""""""""""""""ကိုယ်ပါးတစ်ချက်အရိုက်ခံလိုက်ရတုန်းကနာကျင်မှုကို ဘယ်သူမှမသိခဲ့ဘူးသူတ...
04/08/2024

ကိုယ်ချင်းမစာတတ်သူများသို့
"""""""""""""""""""""""""""
ကိုယ်ပါးတစ်ချက်
အရိုက်ခံလိုက်ရတုန်းက
နာကျင်မှုကို ဘယ်သူမှမသိခဲ့ဘူး
သူတို့ပါး တစ်ချက်နာတဲ့အခါကျမှ
နာကျင်လေခြင်းလို့ ညည်းကြတယ်

ကိုယ်စေတနာထားခဲ့တုန်းက
ဘယ်သူမှ မသိခဲ့ဘူး
သူတို့စေတနာနှမ်းစေ့လောက်ကျ
စားမကုန်အောင် ပေးခဲ့လေခြင်းလို့
ညည်းကြတယ်။

ကိုယ်အခါတစ်ရာကူညီခဲ့တုန်းက
ဘယ်သူမှ မသိခဲ့ဘူး
သူတို့တစ်ခါ ကူညီမှုက
မြင်းမိုရ်တောင်လောက်ကြီးမားတယ်ဆိုပြီး
ညည်းကြတယ်။

ကိုယ်လက်ညိုးအခါခါ ထိုးခံရတုန်းက
ဘယ်သူမှ မသိခဲ့ဘူး
သူတို့တစ်ခါ လက်ညိုးထိုးခံရတော့မှ
ပြောမဆုံးအောင် နာကြတယ်။

တခါတလေ ဘ၀မှာ
နာကျင်မှုကို ငိုညည်းသံကျယ်သူတွေကိုသာ
လူတွေသနားတတ်ကြတာ

ငိုသံမထွက်ဘဲ သွေးစိမ်းရှင်ရှင်ထွက်
နာကျင်နေတဲ့သူမျိုးကျတော့
ဘယ်သူမှမသိကြပါဘူး။

ငို သံ ကျယ် လေ
လူသိလေပေါ့

ဟုတ်ကဲ့
ကိုယ်ချင်းမစာတတ်သူတွေကြောင့်
ကျွန်မ မငိုတော့ဘဲ
နာကျင်နေတတ်ခဲ့တာ
ကြာပါပြီ.....

ပန်းနုစံ ♥️

01/08/2024

လောကကြီးမှာ ကောင်းကောင်းရှင်သန်ရပ်တည်နိုင်ဖို့ဆိုရင်
" ထိတိုင်းနာ " ဖြစ်နေလို့မရပါဘူး။ အရည်ထူနေဖို့လိုပါတယ်။

သူများ ထိလိုက်တိုင်း နာ
သူများ ဘာပြောပြော လိုက်ခံစား

တိုက်ခိုက်ခံလိုက်ရတိုင်းမှာ
နာကျင်ကြေကွဲလို့မပြီးနိုင် ခံစားလို့မပြီးနိုင် ထိတိုင်းနာ ဖြစ်နေသမျှ
ကိုယ့်ဘ၀က ဘယ်တော့မှ အရှေ့ကိုရောက်မှာမဟုတ်တော့ပါဘူး ။

နာကျင်ကြေကွဲခံစားရင်းနဲ့ပဲ အချိန်တွေကုန် ၊ ဘ၀တွေကုန် အဲ့ဒီအခါမှသာ
ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ထပ်ဖြစ်လာရတော့တာပဲ။

ဘ၀မှာ ခရီးပေါက်ချင်ရင် ထမင်းမဖြစ် ဟင်းမဖြစ်မယ့် ခံစားချက်တွေ နာကျင်မှုတွေနဲ့ သိပ်အချိန်ကုန်နေလို့မရပါဘူး။

ပြိုလဲခွင့်ရှိတယ် ပြန်မထလို့မရဘူး။
နာကျင်မှုတွေကို မြန်မြန် ကုစားပြီီးရှေ့ကိုဆက်လျှောက်နေရမှာပဲ။

ထိတိုင်းနာဖြစ်နေသမျှ ကိုယ်ဟာ
အခြေအနေနဲ့ လူတွေရဲ့ သားကောင်ဖြစ်နေမှာပဲ။

ဘ၀ကို ဘယ်လောက်နာကျင်ရပါတယ်ဆိုပြီး Drama ပေါင်းစုံနဲ့ ဖြတ်သန်းရတာ အရသာရှိသလိုထင်ပေမယ့် အလုပ်တော့ဖြစ်မှာမဟုတ်ပါဘူး။

ကိုယ့်စိတ်ကိုယ် စောင့်ရှောက်ရင်း ကိုယ်လိုရာပန်းတိုင်ကို တစိုက်မတ်မတ်သွားဖို့အရေးကြီးပါတယ်။ တခါတရံ လမ်းခရီးမှာ ခလုတ်တိုက်တာလောက်နဲ့ နာကျင်လို့မပြီးနိုင် ဖြစ်နေလို့မရပါဘူး။

ဘ၀ရဲ့အချိန်ဆိုတာ အကန့်အသတ်ရှိပါတယ်။
ပစ္စုပ္ပန်တွေအရည်ပျော်တဲ့အခါ အနာဂတ်ကိုရောက်လာပြီး
အတိတ်ဖြစ်သွားပါလိမ့်မယ်။ တချို့ဒဏ်ရာတွေဟာလဲ အချိန်ရဲ့ကုစားမှုနဲ့အတူ ပျောက်ကင်းသက်သာသွားပါလိမ့်မယ်။ ဆက်လျှောက်နေဖို့ပဲလိုပါတယ်။

Ma Wyutyee
9:00PM
22Mar 2k23

01/08/2024

ရှင်းရှင်းလေးပါ...
တကယ်မချစ်တဲ့ကောင်လေးတွေက သင့်အကြောင်း သူတို့wall ပေါ် ၊ mydayပေါ် အရောက်မခံပါဘူး...။ ပြတ်မှာသေချာနေတော့ ဘာမှ ဖျက်စရာမလိုသလို ဇယားလည်းမနောက်ဘူးလေ ။

အေး တကယ်လို့သင့်အကြောင်းတွေ တင်တင်ပေးနေရင်လည်း သူ့ရည်းစားဟောင်းပြန်လာအောင် အရွဲ့တိုက်ပြ​တာလည်းဖြစ်နိုင်ပါတယ် ။ သူ့ရည်းစားဟောင်းပြန်လာတာနဲ့... တယောက်တည်းနေချင်လို့တို့ ၊ မင်းဘဝလေးနဲ့ မတန်ပါဘူးတို့ ၊ အလုပ်ကိုပဲအာရုံစိုက်ချင်လို့တို့ လာလိမ့်မယ် ။
ခင်လို့ပြောပြတာ ၊ သင့်ကိုတကယ်မချစ်ပါဘူး ။

30/07/2024

" အဖေတို့ အမေတို့က ပညာရေး
အမွေကလွဲရင် ကျန်တာ ဘာမှ
ပေးနိုင်တာ မဟုတ်ဘူး " ဆိုတဲ့ စကားကို ..
လူတိုင်းလိုလို ကြားဖူးကြမှာပါ။

အထူးသဖြင့် မပြေလည်တဲ့
မိသားစုတွေမှာပေါ့။

ကျွန်တော်လည်း ခဏခဏ
ကြားခဲ့ဖူးတယ်။

တကယ်တမ်းက ပညာရေးအမွေထက်
မိဘတွေ သားသမီးအပေါ်
ပေးနိုင်တာ နောက်တခုရှိသေးတယ်။

အဲဒါက " ရိုးသားမှုဂုဏ် " ပါ။

ကျွန်တော့ ဘဝမှာတော့ မိဘတွေကြောင့်
အရှက်ရတာမျိုး တခါမှ မရှိခဲ့ဖူးဘူး။

ကိုယ့်ကြောင့်သာ သူတို့ အရှက်ရခဲ့ဖူးတာ။

သူတို့တွေ " အပူစာ " မရှာတော့
သားသမီိးတွေလည်း " အပူစာ "
မစားရတော့ မချမ်းသာပေမယ့်
မိသားစုက အေးချမ်းပါတယ်။

ကိုယ့်မိဘက ဘယ်သူ့ကိုမှ
ကလိမ်ကကျစ်လုပ်ပြီး " အပူစာတွေ"
စားသောက် မထားတာကလည်း
မင်္ဂလာပါပဲ။

မင်းအဖေက တော့ ငါတို့အဖေကို
လိမ်သွားတာ ။

မင်းအမေကတော့
ဘယ်သူ့ကို ဘယ်လိုလိမ်သွားတာ
အပြော မခံရတာကိုက " ဂုဏ် " ပါ။

အဲဒီ " ဂုဏ် " ကို ငွေဘယ်လောက်ရှိရှိ
ဝယ်လို့မရဘူး။
ကိုယ်ကျင့်တရား ကို နေ့ရက်တိုင်း
စောင့်ထိန်းရင်းနဲ့ပဲ ရယူလို့ရတာ။

အခုခေတ်က မိုးခါးရေ သောက်ဖို့
အရမ်းလွယ်ပါတယ်။

လူတွေက ဆင်းရဲတဲ့ဒဏ်ကို
မခံနိုင်တဲ့ အဆုံး ပေါက်ကရနည်းတွေ
သုံးပြီး စီးပွါးရှာဖို့ တွေးလာတတ်ကြပါတယ်။
သူများငွေတွေ ယူထားပြီး
ပြန်မပေးချင်တာမျိုးတွေ
လုပ်လာကြပါတယ်။

အဲဒီလို မိုးခါးရေ သောက်ဖို့
အတွေးဝင်တိုင်းလည်း
ကိုယ့်ရဲ့ မျိုးဆက်အတွက်
ပြန်တွေးစေချင်တယ်။

ကိုယ့်သားသမီးကို အပူစာတွေ
ကျွေးမိတဲ့ မိဘမဖြစ်ချင်ပါနဲ့။

ကိုယ့်ကို ရိုးဂုဏ်နဲ့ သမ္မာအာဇီဝ ရှာကျွေးခဲ့တဲ့
မိဘကိုလည်း အပူစာတွေ မကျွေးမိပါစေနဲ့။

အပူစာက စားစားချင်းမသိသာပါဘူး။
စားရင်းနဲ့မှ လူမှုရေး စီးပွါးရေး
ကျန်းမာရေး တခုမဟုတ်တခုမှာ
သွားထိ တတ်ပြီး ရှာထားတာတွေ
ပြန်ကုန် တတ်ပါတယ်။

အခုပေါက်ကရစီးပွါးရေးလုပ်ပြီး
ခဏတာ အဆင်ပြေနေတဲ့လူတွေကို
မပူလောင်ဘူးလို့ မထင်ပါနဲ့။

မလောင်သေးတာရယ်။
လောင် နေရင်တောင်မလောင်သလို
ဟန်ဆောင် ပြီး နေနေကြတာပါ။
အားမကပွါနဲ့။

အရင်က ပေါက်ကရစီးပွါးရေး
လုပ်ဖူးလို့ ကိုယ်တွေ့ ကုန်ဖူးလို့
ပြောပြတာပါ။

သမ္မာအာဇီဝရှာတဲ့ ငွေက
နည်းပေမယ့် တာရှည်ခံပါတယ်။

လှူတဲ့အခါလည်း အကျိုးဖြစ်သလို
မိသားစုကို ကျွေးတဲ့အခါလည်း
ဘေးမဖြစ်စေပါဘူး။

အခုလို ခက်ခဲတဲ့ ကာလမှာတောင်
အပူစာကို မစားမိဖို့ရယ်
ရိုးသားမှုဂုဏ် က မျိုးရိုးအစဥ်အဆက်
စားလို့မကုန်ဘူး ဆိုတဲ့အကြောင်းကို
သိသလောက်လေး ပြန်ပြီး
Sharing လုပ်လိုက်ပါတယ်။

Sint Nyi
30.7.24

29/07/2024

လူဆိုးလူမိုက် တစ်ယောက်
မဟုတ်ခဲ့ပင်မဲ့
မလိမ္မာတဲ့ သားလေးက
အမေ့ကို ပိုရင်မောရစေတယ်

တိုင်းတစ်ပါးကို ရောက်လာတော့
အရာရာဟာ အမေ့အိမ်လိုနေမရဘူး
ကိုယ်ချက်မှ စားရမဲ့ထမင်း/ ဟင်း တွေ
ကိုယ်ထူ ကိုယ်ထမှ ရမဲ့ဘဝတွေ

အိမ်ကို ခိုးခိုးလွမ်းတတ်လာတာကအစ
အဆင်ပြေနေကြောင်းကို ညာတတ်သည်အဆုံး
အမေ့သား ပြောင်းလဲလာလိုက်တာ
အမေမြင်ရင် ဝမ်းနည်း ဝမ်းသာဖြစ်မှာသေချာတယ်ဗျာ။

#ခွန်ထွန်း

Address

6ရပ်ကွက် ကုန်းဘောင်12လမ်း 809
Yangon

Website

Alerts

Be the first to know and let us send you an email when May Thaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share