Somaiyar Online Shopping

Somaiyar Online Shopping 🩷ကလေးဒိုင်ဘာအလွတ်များ လက်လီ လက်ကား အိမ်ရောက်ငွေချေ မှာယူနိုင်ပါပြီရှင့်
09986645663🩷

Hello Hello..🫶09986645663ဒီဇင်ဘာအထူးပရိုမိုးရှင်း😋😋Pannချစ်ရတဲ့မေမေတို့တွက်Gel type daiper လေးရောင်းပေးမယ်နော်...💕မေမေတိ...
18/12/2024

Hello Hello..🫶
09986645663
ဒီဇင်ဘာအထူးပရိုမိုးရှင်း😋😋
Pannချစ်ရတဲ့မေမေတို့တွက်
Gel type daiper လေးရောင်းပေးမယ်နော်...💕

မေမေတို့ရဲ့ Baby လေးတွေပဲသုံးသုံး
ပြန်ပဲရောင်းရောင်း
လက်ဆောင်ပဲပေးပေး
စျေးလေးလည်းအရမ်းတန်ပြီး

Gel Type ဒိုင်ပါကို
( S size ကနေ 4xl sizeထိ ) မေမေတို့ စိတ်ကြိုက်
ရွေးချယ်၀ယ်ယူနိုင်ပါသည်။

လက်ကားစျေးအထုပ် 20 စပြီးစျေးနုန်းအပြောင်းလဲရှိသည်
----
လူကြီးဒိုင်ဘာလေးဆို ကပ်ခွါ ဆယ်ခုပါကို 23000ထဲပါနော် ♥️
ကလေး ဆိုရင်တော့

S size 50 ခုပါ (3 to 8kg )1 ထုပ် 23000

M size 50 ခု (7 to 10 kg ) 1ထုပ်23500

L size 50 ခု (9 to 18 kg ) 1ထုပ် 24000

xl size 50 ခု (12 to 19kg ) 1ထုပ် 24500

2xl size 50ခု ( 15kg+ ) 1ထုပ် 25000

3 xl size 50 ခု (15to20+)1ထုပ်25500

4 xl size5xl 50 ခု 26000

09986645663
Viber ကနေလဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🫶

ရန်ကုန်ကပါရှင့်
မန်းလေး
နေပြည်တော်
မူဆည်
ပြင်ဦးလွင်
တောင်ကြီး
မော်လမြိုင်
မြစ်ကြီးနား
ထားဝယ်
အိမ်ရောက်ငွေချေပါရှင့်🤍🤍🫶

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါကလေးက သွားရည် ကျတယ်၊ ဘူးမှုတ်တယ်ဆိုတာက ခံတွင်းကြွက်သားတွေဖ...
22/05/2024

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ
ကလေးက သွားရည် ကျတယ်၊ ဘူးမှုတ်တယ်ဆိုတာက ခံတွင်းကြွက်သားတွေဖွံ့ဖြိုးတာဖြစ်သလို ကလေးတစ်ယောက်မှာရှိသင့်တဲ့ ကြီးထွားဖွ့ဖြိုးမှု အဆင့်တစ်ခုပါ။ ဒီလိုသွားရည်ကျတာက ကလေးအသက် ၃ လကနေ ၆လအတွင်းမှာဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဘေဘီလေးတွေ သွားရည် ထွက်ရတာက သွားပေါက်ချင်နေတဲ့ လက္ခဏာတစ်ခုဆိုလည်း ဟုတ်ပါတယ်။
ဒါကြောင့် ကလေးက သွားရည် ထွက်တိုင်း သူငယ်နာမစင်တာမျိုးလို့ မတွေးစေချင်ပါဘူး။ စားဖို့ဝါးဖို့ ပြင်ဆင်မှုတစ်ရပ်ဖြစ်တာကြောင့် သားသားမီးမီးတို့ကို အစားအစာတွေ မိတ်ဆက်ခွင့်ရတော့မယ်ဆိုပြီး ဝမ်းတောင်ဝမ်းသာသင့်ပါတယ်။

၁ လ ကနေ ၃ လအတွင်း

သွားရည်အမြဲကျနေတာမျိုး မရှိပါဘူး။ အကြောင်းကတော့ ကလေးက ပက်လက်အနေအထားပဲ အမြဲနေနေရတာကြောင့်ပါ။ ၃ လနောက်ပိုင်းမှ ကလေးက ထိုင်တဲ့အခါ မတ်မတ်လေးနေတဲ့ အခါမျိုးမှာ သွားရည် ကျတာမျိုးဖြစ်လာနိုင်ပါတယ်။
၆ လအရွယ်

သွားရည် ကျတာကို နည်းနည်းထိန်းထားနိုင်တဲ့အရွယ်ရောက်လာပြီဆိုပေမယ့် တစ်ခုခုကိုလိုချင်တဲ့အခါ၊ စိတ်ဝင်စားနေတဲ့အခါ၊ အရုပ်တွေကို အာရုံဝင်စားစွာဆော့တဲ့အခါမျိုးမှာ သွားရည်ကျနိုင်ပါတယ်။ သွားထွက်ချင်တာကြောင့်လည်း ဒီအရွယ်မှာ ကလေးက ပုံမှန်ထက်သွားရည်ပိုကျနိုင်ပါတယ်။

၉ လအရွယ်
ကလေးကလေးဖက်စသွားပြီ။ သွားရည် ကျတာက လျော့သွားနိုင်ပေမယ့် ဆက်ကျနေနိုင်ပါသေးတယ်။ အကြောင်းကတော့ သွားထွက်နေချိန်မို့ သွားရည်ထွက်နေတာပါ။
၁၅ လအရွယ်
ကလေးက လမ်းလျှောက်တတ်ပြီ။ ပြေးလွှားဆော့တတ်ပြီ ဒါပေမယ့် သွားရည်ကျတာကတော့ မပျောက်သွားသေးပါဘူး။ ကြွက်သားတွေက စတင်ဖွံ့ဖြိုးလှုပ်ရှားပြီ။ တစ်ခုခုကို အာရုံစိုက်ချိန်မှာ သွားရည်က ကျနိုင်ပါသေးတယ်။ သွားထွက်နေချိန်တွေမှာလည်း သွားဖုံးယားတာကြောင့် သွားရည် ကျနိုင်ပါတယ်။
၁၈ လအရွယ်

အရင်ကလိုမျိုး သွားရည် ကျတာမျိုးမရှိတာ့ပါဘူး။ လုပ်နေကျအလုပ်တွေကို လုပ်နေချိန်မှာ ပုံမှန်အတိုင်းလုပ်နိုင်ပါပြီ။ သွားရည် မကျတော့ပါဘူး။ အစားစားချိန်မှပဲ တစ်ခါတလေ သွားရည် ကျတာမျိုးဖြစ်နိုင်ပါတယ်။

၂၄ လအရွယ်

ဒီအချိန်မှာတော့ သွားရည် ကျတာက မရှိသလောက် ဖြစ်သွားပါပြီ။ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စ တစ်ခု ဖြစ်သွားပါပြီ။
သွားရည်ရဲ့ အခန်းကဏ္ဍ
အစား စားတဲ့အခါ အစာအစာတွေ ပျော့ပျောင်းစေဖို့ စိုစွတ်စေဖို့ လုပ်ပေးပါတယ်။
ခံတွင်းမခြောက်အောင် လုပ်ဆောင်ပေးပါတယ်။
အစားအစာတွေ မျိုချရလွယ်စေဖို့ လုပ်ဆောင်ပေးပါတယ်။
ကလေးရဲ့ သွားတွေကို ကာကွယ်ပေးပါတယ်။
အစာအိမ် အက်ဆစ်ပမာဏကို ညီမျှစေတယ်

ဒီအချက်တွေကြောင့် ဘေဘီလေးက သွားရည်ထွက်ရတာပါ
ဘေဘီလေးတွေ သွားရည် ကျရတဲ့ အချက်တွေက တစ်ချက်မကရှိနိုင်ပါတယ်။
နို့နံ့၊ အစားအသောက်နံ့တွေ ရတာကြောင့်
သွားပေါက်ချင်တာကြောင့်
ခံတွင်းကြွက်သားတွေ ဖွံ့ဖြိုးလာတာကြောင့်
တစ်ခုခုကို အာရုံစိုက်ထားတာကြောင့် သွားရည်ထွက်ရတာပါ။
#ကလေးဒိုင်ဘာလက်လီလက်ကား
#09986645663
#ကျန်းမာရေး



ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေ...
27/03/2024

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။
အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

စတော်ဘယ်ရီ ဆိုတာ
စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။

ဗီတာမင် C၊
ပိုတက်ဆီယမ်၊
ဖောလစ်အက်ဆစ်၊
မဂ္ဂနိ့စ်၊
ကော့ပါး၊
ဇင့်၊
ဗီတာမင် E၊
ကယ်လ်ဆီယမ်၊
ဗီတာမင် ဘီ နဲ့
သဘာဝအချိုဓာတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်

ဘေဘီလေးကို ဘယ်အချိန်မှာ စတော်ဘယ်ရီကျွေးရလို့ ရမလဲ!
ဘေဘီလေးက အသက် ၆ လပြည့်ပြီ အစားလည်း ကောင်းကောင်း စားနိုင်ပြီဆိုရင်တော့ ကလေးကို စတော်ဘယ်ရီ စကျွေးလို့ ရပါပြီ။ ကလေးကို စတော်ဘယ်ရီသီး ကျွေးတဲ့အခါ ရေသေချာစင်အောင် ဆေးပြီး အစေ့လေးတွေနဲ့ အညှာလေးတွေကို ဖယ်ဖို့ မမေ့ပါနဲ့။

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် အခုလို ကောင်းကျိုးလေးတွေ ရရှိမှာပါ။

1. အစာခြေစနစ် ကျန်းမာစေတယ်
2. ကိုယ်ခံအားကောင်းစေတယ်
3. ဦးနှောက်ဉာဏ်တိုးစေတယ်
4. နှလုံးအားကောင်းစေတယ်
5. အရိုးသန်မာစေတယ်
6. အသားအရေကျန်းမာစေတယ်

ဘာတွေ သတိထားရမလဲ!
ဘေဘီလေးကို စတော်ဘယ်ရီ ပြင်ဆင်ပြီးတဲ့အခါ သဘာဝအတိုင်း စိုက်ပျိုးထားပြီး သေချာ မှည့်နေတာမျိုးကို ရွေးချယ်ဖို့ လိုသလို အစာနင်တာ သီးတာမျိုး မဖြစ်စေဖို့ အရွယ်တော်လေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။ အမှည့်လွန်တာ မှိုလိုက်တာမျိုး မဖြစ်ဖို့ သေချာလေး ဂရုစိုက်ဖို့ လိုသလို ရေသေချာ ဆေးကြောဖို့လည်း မမေ့ပါနဲ့။

Crd ပါဆရာ

#ကျန်းမာရေး
#ဘေဘီ
#အာဟာရ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Somaiyar Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share