G&F - Myanmar Garment Co., LTD

G&F - Myanmar Garment Co., LTD Labor rights and knowledge

30/12/2025
16/11/2025
16/10/2025

Xing Yuan( Myanmar) အထည်ချုပ် စက်ရုံတွင် အချိန်ပို စေခိုင်းပြီး ဖယ်ရီကား စီစဥ်ပေးခြင်းမရှိဘဲ ပြန်လွှတ်

စက်ရုံတွင် စံချိန် အရမ်းတောင်းကာ စံချိန် အပြည့်မပေးနိုင်ဘူးဆိုရင် အိုတီ မခေါ်ဘဲ ပြန်လွှတ်တယ် လို့ပြောပါတယ်။ အိုတီ မခေါ်ဘဲ ပြန်လွှတ်တာက လူဦးရေ ၁၀၀ ဝန်းကျင် ရှိပြီး ဖယ်ရီ စီစဥ် ပေးခြင်း လမ်းစရိတ် ပေးခြင်း မရှိဘဲ ပြန်လွှတ်တာ ဖြစ်တယ်။ ကိုယ့်စရိတ် နဲ့ ကိုယ်ပြန်ရပြီး အရမ်းဝေးတဲ့ ထောက်ကြန့် ၊မှော်ဘီ ဘက်က ဝန်ထမ်း တွေလဲ ပါတယ် လို့ စက်ရုံ ဝန်ထမ်း တစ်ချို့မှ ပြောလာပါတယ်။

" အရင်က တရုတ်အထည်တွေ ချုပ်ရတာ အဲ့တုန်းကစံချိန် သိပ်မတောင်းဘူး အခု ဂျပန် အထည်တွေ ချုပ်ရတယ် စံချိန် အရမ်းတောင်းတယ် ပြီးတော့ quality လဲ တအားလိုက်တယ် သူတို့ တောင်းတဲ့ စံချိန်ကို ပြည့်အောင် မပေးနိုင်တဲ့လိုင်းတွေကို ပြန်လွှတ် တယ် ပြန်လွှတ်ရင်လဲ ဖယ်ရီ စီစဥ် မပေးဘူး စက်ရုံ က ဝါးတရာ စက်မှုဇုံ ထဲမှာ လူအရမ်းပြတ်တယ် အရမ်းလဲ အန္တရာယ် များတယ် ကားဂိတ်ကို သွားဖို့ ကယ်ရီ ငှားရင် ၁၀၀၀ ၁၅၀၀ ပေးရတယ် ကားက ၂ဆင့်စီးရတယ် ပြန်ရတာ အဆင်မပြေဘူး ဝေးလို့ မပြန်ချင် လို့ လုပ်ငန်းခွင် ထဲမှာ အလုပ်လုပ်နေရင်း ဖယ်ရီစောင့်မယ် ဆိုရင် လဲ အိုတီ မပေးဘူး အလကားလုပ်​​ပေးရတယ် တချို့ ဆိုရင် စက်ရုံ အပြင်မှာ စောင့်ကြတယ် ညနေ ၄နာရီ ခွဲကနေ ၆နာရီ ခွဲထိ အခုလို စံချိန်မပြည့်လို့ ပြန်လွှတ်တာ ဟာ လုံးဝအဆင်မပြေဘူး EC စာချုပ် မှာလဲ ပါတယ် ဖယ်ရီ စီစဥ် ပေးတယ်ဆိုတာ တကယ်ဆိုရင် ညနေ ၄နာရီခွဲထိက ဝန်ထမ်း တွေရဲ့ အလုပ်ပြီး တဲ့ချိန် ၆နာရီ ခွဲဆိုတာက အိုတီ ဖြစ်သွားပြီ စက်ရုံ က အလုပ်ချိန်ကို ပြည့်အောင် ခေါ်ပြီး ခိုင်းထားတာ ပြန်လွှတ်ရင် ဖယ်ရီ ပေးရမှာ ပဲ ပြီးတော့ သူတို့ ပြန်လွှတ်လို့ ပြန်ရတာ ကိုယ့်သဘောနဲ့ ပြန်တာ လဲမဟုတ်ဘူး လူဦးရေ က ၁၀၀ ကျော်ရှိတယ် တစ်လိုင်းကို လူဦးရေ ၄၀ ကျော် ရှိတယ် ၁၃လိုင်းရှိတဲ့အထဲက ပြန်လွှတ်တဲ့ လိုင်းမှာ ၃လိုင်း ၄လိုင်း ရှိတယ် ဒါကို ခရီးစရိတ်လဲ မပေးဘူး ဖယ်ရီ လဲ မပေးဘူး ဒါက လုံးဝအဆင်မပြေဘူး စံချိန်ပြည့်မှီအောင် ချုပ်တယ် ရက်ပျက်ရင် ရုံးပေါ်က အထည်ကြေး ကျွမ်းကျင်ကြေး ကို လုံးဝ ထည့်မပေးဘူး ဥပဒေပါ ခွင့်နဲ့ ပျက်ရင်လဲ အထည်ကြေး ကျွမ်းကျင်ကြေး ကိုမပေးဘူး " ဆိုပြီး အခုလို စက်ရုံ ဝန်ထမ်းတချို့က ပြောလာပါတယ်။

စက်ရုံရှိ ဆေးခန်းတွင် ဆေးပစ္စည်းများ စုံလင်စွာ မရှိတဲ့အပြင် နပ်စ်က ဆေးခန်းတွင် မရှိနေဘဲ ရုံးခန်းတွင်သာ ရှိနေတယ် လို့လဲ ပြောပါတယ်။ EC စာချုပ် ကို ဝန်ထမ်း တွေအားလုံး လက်ဝယ် မရရှိသေးဘူးလို့လဲ ပြောပါတယ်။ဥပဒေပါ ခွင့်ယူရင်လဲ great ကြေးတွေ မထည့်ပေးဘူးလို့ ပြောပါတယ်။ အထည်စံချိန်တွေ ကို အဆမတန်တောင်းပြီး ​quality အရမ်းလိုက်တဲ့အတွက် စံချိန်မပြည့်မှီတဲ့လိုင်းတွေက ပြန်လွှတ်ခံရတာ ဖြစ်တယ်။ (ပြီးတော့ လိုင်းစူပါတွေ က သူတို့နဲ့ ဖယ်ရီ လမ်းကြောင်း တူတဲ့ ဝန်ထမ်းတွေကို ည၆နာရီ ခွဲနောက်ပိုင်းမှ စပြီး ည၈ နာရီခွဲ ထိ ကို အိုတီ ကြေး ၂နာရီစာ မပေးဘဲ ဆင်းခိုင်းတယ် အခုလို ဆင်းခိုင်းတာ ကိုလဲ စက်ရုံ မန်နေဂျာ က လက်ခံ တယ်လို့ ပြောပါတယ်။)

xing yuan(Myanmar) Garment စက်ရုံ သည် ဝါးတရာစက်မှုဇုံ၊ ရွှေပြည်သာ မြို့နယ် တွင် ဝန်ထမ်းဦးရေ ၁၀၀၀ ဝန်းကျင် ဖြင့် Japan Brand များကို ချုပ်လုပ်နေသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်တယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Yuan (Myanmar) Garment
Migration & Labor Rights

G&F Myanmar မှ ဝန်ထမ်းများ ပြန်ဆုံတွေရလို့  ဝမ်းသာ၊ ဝမ်းနည်း ဖြစ်မိပါတယ်။        ဝမ်းသာရတဲ့ အကြောင်းကတော့ G&F မှ ဝန်ထမ်း...
11/03/2025

G&F Myanmar မှ ဝန်ထမ်းများ ပြန်ဆုံတွေရလို့ ဝမ်းသာ၊ ဝမ်းနည်း ဖြစ်မိပါတယ်။
ဝမ်းသာရတဲ့ အကြောင်းကတော့ G&F မှ ဝန်ထမ်းများကို အလုပ်သမားများ အတွက် အခွင့်ရေးများကို ပြောပြပေးနိုင်တော့မှာ မလို့ပါ။
ဝမ်းနည်း စိတ်မကောင်းဖြစ်ရခြင်းအကြောင်းကတော့ အခုလာမည့် မတ်လတွင် အစိုးရက သတ်မှတ်ပေးသော ရုံးပိတ်ရက် ၅ ရက် ရှိပါတယ် ။ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ရက်ရှည်အနားယူအပန်းဖြေစေနိုင်ရန် ရုံးပိတ်ရက်များတစ်ဆက်တည်း အစိုးရ က သတ်မှတ်ပေးထားလိုက်တာဟာ လွန်ခဲ့သော ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်နေ့ ကတည်းဖြစ်ပါတယ်။

ယခုမတ်လတွင် ၁၂ရက်မှ ၁၆ ရက်နေ့အထိ တိုင်အောင် အစိုးရ မှ ရုံးပိတ်ရက်ရှည် သတ်မှတ်ထားပါတယ်။ ပုဂ္ဂလိကပိုင် စက်ရုံများမှာတော့ ၁၂ရက်နေ့မှ ၁၄ ရက်နေ့အထိ ၃ရက် ပိတ်ကာ ၁၅ ရက်နေ့စနေကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ကြောင်းသိထားပါတယ်။

G&F စက်ရုံဟာ ဝန်ထမ်းများကို မလိမ့်တစ်ပတ်နည်းဖြင့် ၁၂ ရက် နှင့် ၁၄ ရက် ကို အလုပ်ဆင်းရမည်ဟု သတ်မှတ်ပြီး ထိုဆင်းရခဲ့သော နှစ် ရက်ဟာ သင်္ကြန် ၉ရက်ပိတ်မည့် နောက်တွင် ၂ရက် ထပ်ပေါင်းပိတ်ပေးမည် ဖြစ်ကြောင်းကြေငြာထားပါတယ်။ ဒါလိုပိတ်ခြင်းဟာ အစိုးရသတ်မှတ်ထားသော ပိတ်ရက်နဲ့ ဆန့်ကျင်နေတာကိုတွေ့ရပါတယ် ။ ၁၂ရက်နေ့နှင့် ၁၄ ရက်ဟာ တရားဝင် ရုံးပိတ်ရက် ဖြစ်သွားတဲ့ အတွက်ကြောင့် အကယ်၍ အလုပ်ဆင်းခဲ့ရရင် လုပ်ခလစာ ၂ ဆဖြင့် ဝန်ထမ်းများအားပေးရမှာပါ။ ၁၂ရက်နှင့်၁၄ ရက်အတွက် အနီးဆုံး စနေ နှစ်ပတ်ကို အစားထိုးပေးရမည်ဖြစ်ကြောင်းကို အစိုးရဝန်ကြီးများအဖွဲ့မှ သတ်မှတ်ပေးထားခဲ့ပါတယ်။
ဒီလိုပိတ်ရက်များတွင် G&F စက်ရုံမန်နေဂျာဟာ ဝန်ထမ်းများအပေါ် ot ကြေးနှစ်ဆ မပေးချင်၍ ဝန်ထမ်းများကို အစားထိုးသဘောဖြင့် ၁၂ ရက်၁၄ရက်နေ့ အလုပ်ဆင်းခြင်းဟာ နှောင်လာမည့် သင်္ကြန်ပိတ်ရက် ၉ရက်နောက်တွင် ၂ရက် ထပ်ပေါင်း၍ ၁၁ရက်ပိတ်ပေးမည်ဟု လိမ်လည် ထားတာကိုတွေ့ရပါတယ် ။
ဒီလို G&F myanmar မန်နေဂျာမှ ဝန်ထမ်းများမသိခြင်းအပေါ် လိမ်လည်ထားခြင်းဟာ အစိုးရ အမိန့်ထုတ်ပြန်ထားသော ပိတ်ရက်ကို မသိလို့လား၊ သိရင်တောင် မလိုက်နာရာ သဘောကို ရောက်နေပါတယ်။ အစိုးရ ရဲ့ အလုပ်သမားများအပေါ် ဉပဒေစိုးမိုးမူ မရှိဘူးလို့လဲ မြင်မိပါတယ်။ အစိုးရပိတ်ရက် ကို လိမ်လည်ပြီး အလုပ်ခေါ်ခြင်းသည် လုပ်အား ခေါင်းပုံဖြတ်ကာ၊G&F Myanmar စက်ရုံကိုလဲ နာမည် ပျက်စေပါတယ်။
G&F မန်နေဂျာ မှာတော့ ဒါဟာ ဝန်ထမ်းများသဘောတူလို့ လုပ်တာပါဆိုပြီး ရှောင်လွဲချက်ဟာ အရှောင်ကောင်းဖြစ်မနေပါဘူး။ ဒါပြင် G&F စက်ရုံ မန်နေဂျာ မကေ ဟာ ဝန်ထမ်းများအပေါ် အခွင့်ရေးဆိုင်ရာ ချိုးဖောက်မူများ ကို လစဉ်နှင့် ဆက်တိုက် ချိုးဖောက်နေတာကိုလဲ တွေ့ရပါတယ်။
၁၂ရက်နေ့ နှင့် ၁၄ ရက် နေ့တွင် အလုပ်ဆင်းရရင် ot ကြေးပေးကို ပေးရမှာပါ ဒါကလဲ အစိုးရသတ်မှတ်ထားတဲ့ ပိတ်ရက်ပါ။ ၁၂ ရက် ၁၄ ရက်နေ့အတွက် အနီးဆုံး စနေဖြစ်တဲ့ မတ်လ ၂၂ရက်နေ့နဲ့ ၂၉ရက်တွင်အစားထိုးပေးရမည်ကိုလဲ အစိုးရက သတ်မှတ်ပေးတာပါ။ ဒါကို G&F Myanmar မန်နေဂျာမှ အစိုးရသတ်မှတ်ပေးတဲ့ ပိတ်ရက် သဘောမကျ၍ သူမကိုတိုင်ပြောင်းလဲ သတ်မှတ်ထားတာလဲ တွေ့ရပါတယ် ။ ဒီလိုလုပ်ရက်ဟာ နိုင်ငံ တော် အစိုးရနှင့် အလုပ်သမားဝန်ကြီးဌာန များရဲ့ သတ်မှတ်ချက် စည်းကမ်းများကို ချိုးဖောက်ရာကျနေသလို ၊ နိုင်ငံတော်ရဲ့ ဉပဒေစိုးမိုးမူကိုလဲ ပုန်ကန်ရာကျပါတယ်။
အောက်ပါပုံတွင် အစိုးရသတ်မှတ်ပေးသော ပိတ်ရက်ကို ကြည့်ရှု့နိုင်ပါတယ်။ အဓိကကျသောစာများအား ထင်ရှားစွာဖော်ပြပေးထားပါတယ်။ G&F မှဝန်ထမ်းများတန်းတူအခွင့်ရေး ရနိုင်ပါစေ လို့ ဒီကနေဆုတောင်းပေးပါတယ်။

09/01/2025

G&F(Myanmar) စက်ရုံတွင် တရုတ်ပညာရှင် နှင့် စကားပြန်တစ်ဦးမှ လုပ်ပိုင်ခွင့်အား အလွဲသုံးစားလုပ်၍ ရိုင်းဆိုင်းစွာ ဆက်ဆံပြောဆို ခိုင်းစေကာ ခွဲခြားဆက်ဆံမှုများ ရှိနေ

စက်ရုံတွင် စာချုပ်အား ချိုးဖောက်ကာ သန့်ရှင်းရေး ဝန်ထမ်းနှင့် လုံခြုံရေး ဝန်ထမ်း များကို ၎င်းတို့နှင့် မသက်ဆိုင်သည့် ဌာနတွင် အလုပ်များကို နေ့ခင်း ထမင်းစားနားချိန် ပြီးသည်နှင့် လုပ်ကိုင်ခိုင်းပါတယ်။ ထိုသို့ လုပ်ကိုင်ခိုင်းသည်မှာ သီတင်းကျွတ် ပိတ်ရက် မတိုင်ခင် ထဲက စပြီး လုပ်ကိုင်ခိုင်းတာ ဖြစ်ပါတယ်။ Packing ဌာနမှ အောစူပါ မဇင်မာဦး နှင့် စကားပြန် ကိုဝေယံ တို့သည် တရုတ်ပညာရှင် အားကိုးဖြင့် လုပ်ပိုင်ခွင့် အာဏာအား အသုံးချကာ မသက်ဆိုင်သည့် နေရာများတွင် ဝင်ရောက် စွက်ဖက်ကာ အုပ်ချုပ်နေကြောင်း ကိုလည်း ပြောပါတယ်။
“ သန့်ရှင်းရေး အန်တီတွေက အသက်ကြီး နေပြီ ဒါကို လိုင်းထဲမှာ moh ထည့်တဲ့ နေရာမှာ လုပ်ခိုင်းတယ် ၊ မလုပ်ချင်လည်း မရဘူး လုပ်နေရတယ် သီတင်းတုန်းက ပိတ်ရက် ရှိလို့ အထည်မနိုင်လို့ ခဏ ဝိုင်းကူခိုင်းတာဆိုပြီး အဲ့ချိန်ထဲက အခုထိပဲ လုပ်ခိုင်းနေတာ ၊ လုံခြုံရေးတွေလည်း မချန်ဘူး လုပ်ခိုင်းတယ်၊ လုံခြုံရေး ကုမ္ပဏီက ငှားထားတာ ၇ ဦး ရှိတယ်၊ ၇ဦးလုံး ကို အလုပ်ခိုင်းတာ ဂိတ်မှာ စောင့်မဲ့သူ မရှိရင် ဘလိုလုပ်မလဲ မေးတော့ တရုတ်မက ဂိတ်ကိုယူပြီး ကြိုးထိုးခိုင်းတယ် ။ ခိုင်းတာက Asia Link က ပြောင်းလာတဲ့ တရုတ်မက ခိုင်းတာ သူခိုင်းတာ အကုန်လုပ်ရမယ်၊ မလုပ်လို့မရဘူး ဆိုပြီး ခိုင်းနေတာ စက်ရုံမှူးကရော မသိတာလား မသိချင်ယောင်ဆောင် နေတာလား စာချုပ်မှာ သန့်ရှင်းရေး နဲ့ ခန့်ထားတာ အခုက သန့်ရှင်းရေး အလုပ်အပြင် လိုင်းက အထည်ထွက်ဖို့အတွက် ခိုင်းတာပါ လုပ်နေရတယ် ဒါက စာချုပ်ချိုးဖောက်ရာ မကျဘူးလား။ ပြီးတော့ packing ဌာနက အောစူပါ မဇင်မာဦး က လိုင်းထဲထိလာပြီး ဟောက်စားလုပ်နေတာ သူ့ နေရာလည်း မဟုတ်ဘူး သူ့အလုပ်လည်း မဟုတ်ဘူး လာပြီး ဆဲဆို ပြီး ခိုင်းနေတာ လိုင်းစူပါတွေကိုပါ ပြောဆိုနေတာ မသိရင် သူက မန်နေဂျာကျနေတာပဲ ။ အခုဆိုရင် အရှေ့ဘက်လိုင်းတွေက ပိတ်ထားရတယ်။ လူမရှိလို့ အောဒါ မချပေးလို့ အဲ့ဒီ Asia Link က တရုတ်မက အရှေ့လိုင်းက လူတွေ အကုန် အနောက်လိုင်းမှာ သွားလုပ်ခိုင်းတယ်။ အနောက်လိုင်းက သူ့လူတွေ အုပ်ချုပ်တဲ့လိုင်းလေ လူလိုလို့ အရှေ့လိုင်း စူပါတွေကို လူခေါ်ခိုင်းတယ် ပြီးရင် အနောက်လိုင်းထဲ ထည့်ပစ်တာ လိုတာက အရှေ့လိုင်း မှာ အဲ့လိုလုပ်တော့ အရှေ့လိုင်းမှာ လူမရှိဘူးလေ လူမရှိလို့ဆိုပြီး အော်ဒါ မချပေးဘူး အော်ဒါမချပေးဘဲ အလုပ်မရှိဘူးဆိုပြီး သူ့လူတွေရှိတဲ့ အနောက်လိုင်းမှာ သွားပြီး လုပ်ခိုင်းတယ်။ အရှေ့လိုင်းက စူပါတွေကိုပါ အမွှေးညှပ်တာ တွေအထိ လုပ်ခိုင်းတယ် ဒါ ခွဲခြားဆက်ဆံနေတာပဲ မျှတတဲ့ လုပ်ငန်းခွင် ဟုတ်မနေတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူးလေ” ဆိုပြီး စက်ရုံဝန်ထမ်း တစ်ဦးမှ ပြောပါတယ်။
စက်ရုံတွင် စကားပြန် ကိုဝေယံနှင့် ကိုဦး ဆိုသူတို့သည် အာဏာကို အလွဲသုံးစား လုပ်ကာ မိမိအလုပ်မဟုတ်ဘဲ မိမိနှင့် မသက်ဆိုင်သည့် ဌာနတွေ အထိပါ ဝင်ရောက် အုပ်ချုပ်ကာ ပြောဆိုနေကြောင်း စက်ရုံဝန်ထမ်း မှ အခုလို အသိပေး ပြောလာပါတယ်။ “ သူတို့တွေက packing က အောစူပါ မဇင်မာဦး နှင့် တရုတ်မရဲ့ စကားပြန်ပါ စကားပြန်က တရုတ်မအားကိုးနဲ့ လက်ညိုးထိုးခိုင်းတယ် သူ့အလုပ်က စကားပြန်အလုပ်လေ စကားပြန်ပေးစရာရှိ ပြန်ပေးရုံဘဲ မဟုတ်ဘူးလား အခုက နေရာတကာ လိုက်ပါဝင်နေတယ် ။ packing အောစူပါ မဇင်မာဦး ဆိုတဲ့သူက စကားပြန်ကိုဝေယံ အားကိုးနဲ့ လိုင်းထဲ လာပြီး ဆဲဆို ခိုင်းနေတာ သူနဲ့ လိုင်းက ဘာမှ မဆိုင်ဘူး packing အလုပ်ပဲ သူလုပ်ရမှာ အဲ့ဒါကို လိုင်းထဲထိ လာပြီး မန်နေဂျာ လိုလိုနဲ့ ပြောဆိုခိုင်းနေတာ မကျေနပ်ဘူး ။ ပြီးတော့ စက်ရုံထဲမှာ အောစူပါ မခိုင်ဇင်ဦး က လုက်ငန်းခွင်ထဲမှာ ချဲဒိုင်လုပ်နေတယ်။ စာချုပ်မှာ အလောင်းကစား မလုပ်ရဘူး ဆိုပြီး ထည့်ချုပ်ထားတယ်လေ သူတို့ကျ လုပ်လို့ရတာလား သူတို့တွေ အခုလို လုပ်နေတာ တရုတ်မ အားကိုးနဲ့ လုပ်နေတာ တရုတ်မက မြန်မာနိုင်ငံက အလုပ်သမားဥပဒေ ကို ဂရုမစိုက်ဘူးလို့လဲ ပြောတယ်။ အခုဆို ဝန်ထမ်းတွေက ဘသူ့ကို အားကိုးရမလဲ မသိဘူး သူတို့လက်ထဲမှာ လုပ်ချင်တိုင်း လုပ်နေတာ ကိုယ့်ရဲ့ ခေါင်းဆောင် မဟုတ်ဘဲ လာပြီး ပြောဆိုနေတာကိုလည်း ငြိမ်ခံနေရတယ်၊ အခုလည်း လိုင်းဖျက်ပြီး သူများလိုင်းထဲ သွားလုပ်နေရတယ် သူတို့ အနောက်လိုင်းပဲ အထည်ထွက်တယ် တော်တယ် ဆိုပြီး သူဌေးရှေ့ မျက်နှာလုပ်တာ ခံနေရတယ် ။ အရှေ့လိုင်းကို အော်ဒါလည်း ချမပေး လူလည်း ဖြည့်မပေးဘူး အရှေ့လိုင်းက စက်ရုံစဖွင့် ကတည်းက ရှိနေတဲ့ လိုင်း ၊ Asia Link က တရုတ်မ ရောက်လာမှ အခုလိုတွေ ဖြစ်ကုန်တာ” ဆိုပြီး ပြောလာပါတယ်။
စကားပြန် ကိုဝေယံ သည် container တစ်ခါတင်လျှင် ရာခိုင်နှုန်း အလိုက် ပိုက်ဆံရသည့် အတွက် အထည့်ပြည့်လျှင် container တင်နိုင်သဖြင့် QC ဌာန မှ pass မပးထားသော quality မမှီသည့် အထည် များအား လိုင်းထဲမှ ယူ၍ packing ပိတ်ကာ container တင်နိုင်ဖို့ အတွက် လုပ်ဆောင်တတ်ကြောင်း ပြောပါတယ်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် quality မပြည့်မှီသည့် အတွက် ပြန်ရောက်လာသော အထည် များအပေါ် QC တွေ အပေါ်ပုံချကာ ပြောဆိုတတ်ကြောင်း ၊ ၎င်း အကြောင်းအရာ အား တရုတ်မ လည်း သိရှိကြောင်း၊ ထိုသို့ ခဏဏ ပြုလုပ်နေကြောင်း လုပ်ပိုင်ခွင့်အား အလွဲသုံးစား ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
စက်ရုံသည် အတွင်းခံအဝတ်အစား ချုပ်လုပ်သော ဝန်ထမ်းဦးရေ ၃၀၀၀ ဝန်းကျင်ခန့်ရှိဖြင့် ၂၀၂၂ ခုနှစ် ၉လပိုင်း မှစ၍ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အရှေ့ကလီ‌ထော် ရပ်ကွက်၊ အမှတ် (၈၄/က၄) တွင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပြီး အချို့ ခေါင်းဆောင် များနှင့် ဝန်ထမ်းများမှာ ဖိနှိပ် ခွဲခြားဆက်ဆံခံနေရပြီး အာဏာအလွဲသုံးစား ပြုလုပ်ကာ မျှတသော ရပိုင်ခွင့် နှင့် မျှတသော လုပ်ငန်းခွင်အား ဆုံးရှုံး နေကြရခြင်း ဖြစ်ပါတယ်။

14/12/2024

ဒီ page လေးကတော့ အသက်မဝင်တော့တာ ကြာပေမဲ့ G&F Myanmar စက်ရုံအကြောင်းကိုတော့အမြဲမပျက်စောင့်ကြည့်နေလျက်ပါ။ ပြဿနာအကြီးမားကြီးမရှိ ပေမဲ့လဲ စက်ရုံတွင်း ပြဿနာလေးတွေတော့ လတိုင်းလိုလို ဖြေရှင်းနေရဆဲ ပါပဲ။
G&F Myanmar စက်ရုံရဲ့ details တွေအကုန်လုံးကိုတော့ မင်မင်တို့သိထားပါတယ်။ ဘယ်ချိန်မှာဘာဖြစ်သွားတာ ဘယ်နေ့မှာ ဘယ်ပြဿနာကို လူနှစ်ယောက်သုံးပြီးဖြေရှင်းခဲ့တာက အစ အသေးစိတ်ကျကျ မင်မင်တိုသိထားပါတယ်။
" ခဲ လေသမျှ သဲရေကျ "တော့ အဖြစ်မခံစေချင်ပါဘူး ။ G&F Myanmar စက်ရုံ က ယခုနှစ် ၂၀၂၄နှစ် နှောင်းပိုင်းမှာ တွင်အော်ဒါအမြောက်များရရှိနေပြီး ကောင်းမွန်သောပြောင်းလဲ ခြင်းတွေနဲ့အတူ ရှေ့သို့ တက်ချီနေတာကိုလဲ တွေ့နေရပါတယ် ။
"ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ "ဆိုတဲ့အတိုင်း စက်ရုံ က အခြေနေတိုးတက်လာရင် ဝန်ထမ်းများလဲ စားဝတ်နေရေးကောင်းလာမှာဖြစ်ပြီး။ ဝန်ထမ်းများအတွက်ထိခိုက်နှစ်နာသွားရင်၊ စက်ရုံ လဲ ဖရိုဖရဲနဲ့ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင်မို့ဝန်ထမ်းများလဲအလုပ်ကြိုးစားပြီး ၊ စက်ရုံရဲ့ စည်းကမ်းများကိုလဲ လေးလေးစားစားလိုက်နာပေးဖို့ မေတ္တာရှေ့ထားမှာကြားလိုက်ပါတယ်။ ယခုလက်ရှိတွင်လဲ ဝန်ထမ်းများအပေါ် ပြောဆိုမှုများက ကြားရတာ နားဝမှာခါးကာ၊ အချို့မလိုအပ်သောစကားများ တဖြည်းဖြည်းတောက်ပ လာတာကိုလဲ တွေ့နေရပါတယ်။

Address

Ka Li Htaw
Yangon
563G+CQ8HLEGU,MYANMAR(BURMA)

Website

Alerts

Be the first to know and let us send you an email when G&F - Myanmar Garment Co., LTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share