KH Garment, Pattern and Local Branding Services

KH Garment, Pattern and Local Branding Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KH Garment, Pattern and Local Branding Services, Clothing (Brand), 74 B2, ကျောက်စိမ်းနှင်းဆီလမ်း ရွှေပင်လုံအိမ်ရာ အပိုင်း(၃) မြောက်ဒဂုံမြို့နယ်။ပင်လုံ citymall ocean နီး။, Yangon.

dark green ကြိုက်တတ်သူများအတွက်
20/04/2026

dark green ကြိုက်တတ်သူများအတွက်

04/04/2026

ရာသီဥတုပူလာတာနဲ့အေးတာလေးတွေစရှာတဲ့အဖွဲကပါ

50% တောင် off တုန်းလေး ချည်သားအင်္ကျီတွေ ဝမ်းဆက်လေးတွေကို ဝယ်ပြီး တနွေလုံး ချေချပလိုက်တော့
03/04/2026

50% တောင် off တုန်းလေး ချည်သားအင်္ကျီတွေ ဝမ်းဆက်လေးတွေကို ဝယ်ပြီး တနွေလုံး ချေချပလိုက်တော့

02/04/2026

ခုနောက်ပိုင်း balloon design လေးတွေတော်တော်ခေတ်စားလာတယ်။ ပိတ်စလေးကနွေအတွက်လုံးဝကွက်တိဖြစ်နေမယ့်ပိတ်မျိုးလေး

18/03/2026

ဝတ်ချင်တယ်ဆိုမှရှာရခက်တဲ့အထဲမှာ ဇာအပေါ်ထပ်လေးတွေလည်းပါတယ်။ local brand တွေထဲမှာ ရှားတားပါးတားထွက်တတ်တာမျိုးလေး

လွန်ခဲ့တဲ့ ၃ နှစ်လောက် စထုတ်ခဲ့တုန်းတည်းက အရမ်းပေါက်ခဲ့တဲ့ဒီဇိုင်းလေး။ ခုပြန်ထုတ်တော့လည်း ပထမတစ်သုတ်မှာ ၂ ရက်လောက်နဲ့ကုန...
05/03/2026

လွန်ခဲ့တဲ့ ၃ နှစ်လောက် စထုတ်ခဲ့တုန်းတည်းက အရမ်းပေါက်ခဲ့တဲ့ဒီဇိုင်းလေး။ ခုပြန်ထုတ်တော့လည်း ပထမတစ်သုတ်မှာ ၂ ရက်လောက်နဲ့ကုန်သွားလို့။ ခု stock ရှိတုန်းမြန်မြန်ဝယ်ထားကြပါနော်

26/02/2026

နွေရောက်တော့မယ်ဆိုအေးတာလေးတွေပဲရှာဖြစ်တော့တယ်

coat ကိုပုံမှန်မြင်နေကြမဟုတ်မဟုတ်ပဲ ဒေါက်ကိုကစားပေးထားပြီး အိတ်ကပ်ကိုပါ ဒေါက်နဲ့တွဲပြီး ရှေ့ခြမ်းကို ၂ ထပ်ချုပ်ပေးဖြစ်တာ...
24/02/2026

coat ကိုပုံမှန်မြင်နေကြမဟုတ်မဟုတ်ပဲ ဒေါက်ကိုကစားပေးထားပြီး အိတ်ကပ်ကိုပါ ဒေါက်နဲ့တွဲပြီး ရှေ့ခြမ်းကို ၂ ထပ်ချုပ်ပေးဖြစ်တာလေး။ လက်ကအစကုတ်လက်အကုတ်လေးလုပ်ပေးထားပါတယ်

၂၀၂၆ ထဲမှာ ချုပ်ပေးဖြစ်သမျှ set တွေထဲမှာ အကြိုက်ဆုံး set လေးပဲ ♥️♥️♥️
15/02/2026

၂၀၂၆ ထဲမှာ ချုပ်ပေးဖြစ်သမျှ set တွေထဲမှာ အကြိုက်ဆုံး set လေးပဲ ♥️♥️♥️

ရှပ်အင်္ကျီလေးတွေက ဘယ်တော့မှရိုးမသွားတဲ့ fashion ပါ
14/02/2026

ရှပ်အင်္ကျီလေးတွေက ဘယ်တော့မှရိုးမသွားတဲ့ fashion ပါ

page မှာစာမရေးဖြစ်တာတော်တော်လေးကို ကြာနေပြီးမှ ကေတို့ချုပ်ရုံတွေနဲ့ brand owner တွေကြားမှာ ခဏခဏပြသနာဖြစ်ရတဲ့ ရက်ချိန်းမမ...
11/02/2026

page မှာစာမရေးဖြစ်တာတော်တော်လေးကို ကြာနေပြီးမှ ကေတို့ချုပ်ရုံတွေနဲ့ brand owner တွေကြားမှာ ခဏခဏပြသနာဖြစ်ရတဲ့ ရက်ချိန်းမမှန်တဲ့ကိစ္စအကြောင်းလေးရေးချင်လာလို့ပါ။ ချုပ်ရုံအလုပ်လေးစလုပ်တော့ ကေရဲ့ ပထမဆုံး client ကခုလက်ရှိနာမည်ကြီး brand တွေကိုအမြဲ live လွှင့်ရောင်းပေးတဲ့ blogger တစ်ယောက်နဲ့ live sales လုပ်နေကြ brand တစ်ခုပါ။ ကေ့ဆီအထည်တွေလာအပ်တော့ live လုပ်ဖို့ရှိတယ်။ ဘယ်နေ့ဘယ်ရက်တော့ရမှဖြစ်မယ်။ အမလုပ်ပေးနိုင်မလားဆိုပြီး စအပ်တာပါ။ အဲ့ brand လေးကအပ်နေကြရုံရှိပေမဲ့ ရက်မရလို့ အမဆီရောက်လာတာပါလို့ ပြောပြီးမှအပ်တာပါ။ ကေ့ဘက်ကလည်း ရပါတယ်စိတ်ချပါဆိုပြီး လက်ခံလိုက်ရော။

ကေအလုပ်စလုပ်တော့ ကေ့ဆီမှာ ဝန်ထမ်းက ကေအပါအဝင်မှ ၅ ယောက်ပဲရှိတယ်။ အဲ့ brand ကိုလက်ခံ ပိတ်တွေဘာတွေဖြတ်ပြီး စချုပ်မယ်ဆိုတဲ့ ရက်လည်းကျရော ဝန်ထမ်း ၂ ယောက်ကခွင့်ယူပြီး တစ်ယောက်ကအလုပ်ထွက်သွားတယ် 😅😅😅 အဲ့ရက်တွေမှာလေ ကေဘယ်လောက်ယောက်ယက်ခတ်ပြီး စိတ်ပူပန်မှုတွေဖြစ်ရကလဲဆိုတာပြောပြလို့တောင်မရဘူး။ နောက်ဆုံးမှာတော့ live sales ရက်မှာ အထည်တွေဘယ်လိုမှမပြီးနိုင်ဘူးဆိုတာ ကေလက်ခံလိုက်ရတယ်😓😓😓

ကေဘာလုပ်ရသလဲဆိုတော့ အဲ့ brand ကိုအမှန်တိုင်း ကေ့ရဲ့အခက်ခဲကိုပြောပြရတယ်။ ခုထိအဲ့ brand owner သုံးယောက်ကိုကျေးဇူးတင်ရပါတယ်။ ရတယ်အမ။ live sales လွှင့်တဲ့ရက်မှာ ဝတ်ပြဖို့အထည်ရယ် live ထဲမှာအရုပ်မှာဝတ်ပြဖို့အထည်ရယ် ၁၀ ထည်ဝန်းကျင်လောက်တော့ရမလားအမတဲ့။ ကေ့ဘက်ကလည်း ဟာအဲ့လောက်တော့ရတယ်။ အမအထည်အကုန်မပေးနိုင်တာတစ်ခုပဲဆိုတော့ ၂ ပတ်ဆိုအမဘက်ကအကုန်ပြီးနိုင်လားတဲ့။ အဲ့လောက်အချိန်ဆိုရင်တော့ပြီးတယ်ဆို ကတိပေးလိုက်တော့ သူတို့ live လွှင့်တယ်။ အထည်တွေကလည်းရောင်းရပါတယ်။

အဲ့ကတည်းကနေကေနဲ့ Triple ဆိုတဲ့ brand ကလက်တွဲလာတာ သူတို့ discontinue ဖြစ်တဲ့ထိပါပဲ။ ခုထိကေကလေ အဲ့ brand owner ၃ ယောက်ကိုသတိရနေဆဲဖြစ်သလို သူတို့သာပြန်ထုတ်မယ်ဆို ကေ့ဘက်ကရက်ဘယ်လောက်ကျပ်ကျပ် သူတို့အတွက်ဆိုအချိန်ပေးဖို့ အမြဲစိတ်ထဲထည့်ထားပါတယ်။

နောက်တစ်ခုပြောချင်တာက သူတို့က ကေ့ကိုစရံပါပေးထားတာနော်။ အဲ့တာကိုခုလိုပြသနာတွေထဖြစ်တာပါ။

ဒီနေရာမှာကေအကြံပေးချင်တာက ချုပ်ရုံတွေဘက်က ဝန်ထမ်းပြသနာနဲ့ အခြားသောကြိုမပြောနိုင်တဲ့ အခက်ခဲတွေကြောင့် ရက်ချိန်းမမှန်နိုင်ဘူးဆို ပွင့်ပွင့်လင်းလင်းပြောပေးကြပါ။ အဲ့အချိန်မှာ brand ဘက်က ကိုယ့်ကိုစိတ်ဆိုးလို့ပြောလာတာမျိုးတွေရှိရင်လည်း ခေါင်းငုံ့ခံပြီး ငါသာသူ့နေရာမှာဆိုဆိုတဲ့စိတ်လေးထားပေးကြပါ။ ပြီးရင်ရက်ချိန်းထပ်ပြောင်းပြီးရင်လည်းကတိတည်ကျပါ။ လူဆိုတာတစ်ခါမှားရင်သီးခံနိုင်ပေမယ့် ၂ ခါမှားရင်တော့မကောင်းနိုင်တော့ပါဘူး။

စရံငွေကတော့ ကိုယ်ကခုမှရုံစဖွင့်လို့ ချည်လုံးနဲ့တခြားပစ္စည်းတွေစိုက်ဖို့ ဝန်ထမ်းလခပေးဖို့အဆင်မပြေရင်တော့တောင်းပါ။ ဒါလေးကတော့ ကေ့ဘက်ကချုပ်ရုံတွေကို အကြံလေးပေးချင်တာပါ။

brand owner လေးတွေအနေနဲ့လည်းကေတို့ဘက်မှာ အခက်အခဲလေးတွေ အထူးသဖြင့်ဝန်ထမ်းနဲ့ပတ်သက်လို့ ရှိတတ်တာမို့ ချုပ်ရုံလေးတွေကို အခွင့်ရေးလေးတွေပေးစေချင်ပါတယ်။ စရံတောင်းရင်လည်းတစ်မျိုးမမြင်စေချင်ပါဘူးရှင့်။

ကေနဲ့အခုမှစလက်တွဲမယ့် brand တွေကိုပြောချင်တာကတော့ ကေက ကြာချိန်မေးရင် အဝေးကြီးပြောတတ်ပါတယ်။ sample ဆို ၁၀-၁၄ ရက်၊ mass production ဆို တစ်ပတ်ကနေ တစ်လလို့။ တခါတလေ တချို့ brand တွေဆို ကေ့ကို အမကအရမ်းကြာတယ်ပြောပြီး ရုံထိရောက်လာပြီးမှ ကြာချိန်ပဲမေးပြီး ပြန်သွားတာမျိုး (ဘာမှတောင်မရှင်းပြလိုက်ရဘူး) လည်းကြံုဖူးပါတယ် 😂😂😂

sample အပ်ပြီးမှပျောက်သွားတာမျိုးလည်း ခဏခဏဖြစ်ပါတယ် 😅😅😅 ဒါပေမဲ့ကေကတော့ကြာချိန်မေးတိုင်း ရက်ကိုခုထိအကြာကြီးခွဲပြောပါတယ်။ ကေ့ရုံကနေတစ်လကို အထည် ၂၀၀၀ လောက်ထွက်လည်း ကြာချိန်ခွါပါတယ်။ ပြောတဲ့ရက်မှာမပေးနိုင်ခဲ့ရင် ကေအရမ်းအားနာရလို့ပါ။ ကေပြောတဲ့ရက်မှာမပေးတာမျိုးကို ခုနောက်ပိုင်းကေနဲ့လက်တွဲနေတဲ့ brand အကုန်လုံးကို လိုက်မေးနိုင်ပါတယ်။

pattern ကကေကိုယ်တိုင်လုပ်လို့ တခါတလေအလုပ်ရှုပ်နေလို့ကြာတတ်တာကလွဲရင် mass production ကတော့လုံးဝအလွဲချော်မဖြစ်အောင် စီစဉ်ထားပါတယ်။

စရံကိုလည်းအစပိုင်းမှာယူခဲ့ပေမဲ့ ခုနောက်ပိုင်းတော့ မယူဖြစ်တော့ပါဘူး။ စရံမယူတဲ့အပြင် အပ်နေကြ brand တွေကိုဆို ချုပ်ခဘောင်ချာတွေပါ ပို့ဖို့မေ့နေလို့ သူတို့ဘက်က အမရေဘောင်ချာပို့ပေးပါဦး သမီးတို့ရောင်းဖို့စျေးတွက်ချင်လို့ဆိုပြီး ဖုန်းဆက်တောင်းရတာတွေရှိသလို အထည်တွေပို့ပြီး တစ်ပတ်ကျော်လောက်မှ မမရေဒီဘောင်ချာလေးက ကေ့ကိုမရှင်းပေးရသေးဘူးဆိုပြီး တောင်းရတာတွေလည်းရှိပါတယ်

ရက်ချိန်းနဲ့ပတ်သက်ပြီး စိတ်ညစ်မခံချင်ဘူးဆိုရင်တော့ Kh Garment ရှိပါတယ်နော် ❤️❤️❤️ သိလိုသမျှကို 09449188324 ကို ဖုန်းဆက်၍ဖြစ်စေ viber ကနေစာပို့၍ဖြစ်စေ page cb ကပဲဖြစ်ဖြစ် မေးလို့ရပါတယ်ရှင့်။ ကေအားတာနဲ့ ပြန်ဖြေပေးပါ့မယ်ရှင့်

အရှင်းဆုံးဒီဇိုင်းလေးတွေက ဘယ်အချိန်ဝတ်ဝတ် မရိုးသွားတတ်ဘူးနော်
10/02/2026

အရှင်းဆုံးဒီဇိုင်းလေးတွေက ဘယ်အချိန်ဝတ်ဝတ် မရိုးသွားတတ်ဘူးနော်

Address

74 B2, ကျောက်စိမ်းနှင်းဆီလမ်း ရွှေပင်လုံအိမ်ရာ အပိုင်း(၃) မြောက်ဒဂုံမြို့နယ်။ပင်လုံ Citymall Ocean နီး။
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959449188324

Website

Alerts

Be the first to know and let us send you an email when KH Garment, Pattern and Local Branding Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KH Garment, Pattern and Local Branding Services:

Share