Baby Care Wholesale & Distribution

Baby Care Wholesale & Distribution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Baby Care Wholesale & Distribution, Baby Goods/Kids Goods, Yangon.

25/06/2026

👶 ငယ်ငယ်လေးကတည်းက ဆံပင်ကျန်းမာသန်စွမ်းဖို့ "ACHI HERB"

​ဖေဖေ၊ မေမေတို့ရေ၊ သားသားမီးမီးတို့ရဲ့ ဆံပင်လေးတွေဟာ နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ အဲ့ဒါကြောင့် အော်ဂဲနစ်စစ်စစ် "Butterfly Pea" (အောင်မဲညို) ပါဝင်တဲ့ "ACHI HERB" ဆံပင်အားဖြည့်အစုံကို ရွေးချယ်သင့်ပါတယ်။

​🌟 ဒီအစုံမှာ ဘာတွေပါသလဲ?

​💜 Butterfly Pea Shampoo: ခေါင်းလျှော်ရည်က ဆံသားကို သန့်စင်ပေးပြီး သန်စွမ်းစေပါတယ်။

​💜 Butterfly Pea Conditioner: ပျော့ဆေးက ဆံသားကို နူးညံ့အိစက်စေပါတယ်။

​💜 Hair Spray: စပရေးက ဆံသားကို တစ်နေကုန် ပုံကျလှပနေစေပါတယ်။

​ဓာတုပစ္စည်း လုံးဝမပါဝင်တဲ့အတွက် ကလေးငယ်တွေရဲ့ အရေပြားနဲ့ ဆံသားအတွက် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။ 😊

​👉 ပိုမိုသိရှိလိုပါက Messenger သို့မဟုတ် Ph: [09957324409] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

​

မေမေတို့ရေ... ရင်သွေးငယ်လေးတွေရဲ့ နို့ဗူးတွေကို ရေရိုးရိုးနဲ့ပဲ ဆေးကြောနေတုန်းပဲလား? 🍼​ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားက နုနယ...
23/06/2026

မေမေတို့ရေ... ရင်သွေးငယ်လေးတွေရဲ့ နို့ဗူးတွေကို ရေရိုးရိုးနဲ့ပဲ ဆေးကြောနေတုန်းပဲလား? 🍼
​ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားက နုနယ်လွန်းတာမို့ နို့ဗူးမှာ ကျန်ခဲ့တဲ့ နို့အဆီခဲတွေနဲ့ ဘက်တီးရီးယားတွေကို သေချာသန့်စင်ပေးဖို့ အရေးကြီးဆုံးပါပဲ။
​Bogi Care - Bottle & Ni**le Liquid Cleanser ရှိရင်တော့ မေမေတို့ စိတ်ပူစရာမလိုတော့ဘူးပေါ့!
​✨ ဘာကြောင့် Bogi Care ကို ရွေးချယ်သင့်လဲ?
​Safe & Gentle: ကလေးငယ်လေးတွေအတွက် အထူးထုတ်လုပ်ထားလို့ နို့ဗူးနဲ့ နို့သီးခေါင်းတွေကို စိတ်ချလက်ချ ဆေးကြောနိုင်ပါတယ်။
​Deep Cleansing: နို့အဆီဂျီးနဲ့ အနံ့အသက်တွေကို အလွယ်တကူ သန့်စင်ပေးပါတယ်။
​Organic Touch: သဘာဝအတိုင်း နူးညံ့ပြီး ဓာတုပစ္စည်းအန္တရာယ်မှ ကင်းဝေးစေပါတယ်။
​အလွယ်တကူ သုံးလို့ရတဲ့ Bottle ပုံစံရော၊ ပြန်ဖြည့်သုံးလို့ရတဲ့ Refill ထုပ်လေးတွေပါ အဆုံရှိလို့ အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် ဆောင်ထားရုံပဲနော်။ 🥰

မျက်ခုံးပါးလို့၊ မျက်တောင်တိုလို့ စိတ်ပူနေရတဲ့ မေမေတို့အတွက် အကောင်းဆုံး အဖြေရှာတွေ့ပါပြီ! 💡​​အသုံးပြုဖူးတဲ့ မေမေတိုင်း ...
22/06/2026

မျက်ခုံးပါးလို့၊ မျက်တောင်တိုလို့ စိတ်ပူနေရတဲ့ မေမေတို့အတွက် အကောင်းဆုံး အဖြေရှာတွေ့ပါပြီ! 💡
​
​အသုံးပြုဖူးတဲ့ မေမေတိုင်း လက်မလွှတ်နိုင်လောက်အောင် အာနိသင်ထူးခြားပြီး Review ကောင်းတွေ အပြည့်ရထားတဲ့ ပစ္စည်းကောင်းလေးပါ။ နှုတ်ခမ်းနီအ‌ေတာက်ဒီဇိုင်းမို့ သယ်ရတာလဲလွယ်ကူတယ် ကလေးလေးတွေ ငြိမ်ငြိမ်လေးနဲ့ သဘောကျပြီး လိမ်းရတာ အရမ်းအဆင်ပြေပါတယ်။

​သားသားမီးမီးတို့ရဲ့ မျက်ဝန်းအလှကို အခုပဲ Achi Herb နဲ့ ပိုမိုတောက်ပပေးလိုက်ရအောင်နော်။ ✨
​ #မျက်ခုံးလှလှလေး

ဘေဘီလေးတို့ အကြိုက် Achi Herb 💜သမီးလေးတွေ ဆံပင်အရှည်မြန်ပြီး လှပစေဖို့ အကောင်းဆုံး ကူညီပေးမယ့် Butterfly Pea Shampoo လေး...
20/06/2026

ဘေဘီလေးတို့ အကြိုက် Achi Herb 💜
သမီးလေးတွေ ဆံပင်အရှည်မြန်ပြီး လှပစေဖို့ အကောင်းဆုံး ကူညီပေးမယ့် Butterfly Pea Shampoo လေးပါ။
​ဆံသားအာဟာရဖြည့်ပေးပြီး ကာကွယ်ပေးလို့ result ကတော့ 100% ပါပဲနော်။ 🥰✨ ဆံပင်အရှည်မြန်တော့ ကြိုက်တဲ့ ကေသာစတိုင် ပြင်ဆင်လို့ ရပြီပေါ့။
​👉🏻 လက်လီ/လက်ကား မှာယူလိုပါက အခုပဲ cb သို့ ဆက်သွယ်လိုက်ပါရှင်။
#ကလေးဆံပင်သန်ဆေး

👶🏼 ကလေးအဝတ်အစားတွေကို လူကြီးဆပ်ပြာနဲ့ လျှော်ရင် ဘာဖြစ်မလဲ။ ❌မေမေတို့ရေ... ကလေးအဝတ်အစားနဲ့ အနှီးတွေကို လူကြီးသုံး ဆပ်ပြာမ...
11/06/2026

👶🏼 ကလေးအဝတ်အစားတွေကို လူကြီးဆပ်ပြာနဲ့ လျှော်ရင် ဘာဖြစ်မလဲ။ ❌
မေမေတို့ရေ... ကလေးအဝတ်အစားနဲ့ အနှီးတွေကို လူကြီးသုံး ဆပ်ပြာမှုန့်၊ အဝတ်လျှော်ရည်တွေနဲ့ လျှော်နေမိပါသလား❓ "အတူတူပဲပဲဥစ္စာ" ဆိုပြီး သုံးမိနေတယ်ဆိုရင်တော့ ရင်သွေးငယ်လေးတွေရဲ့ ကျန်းမာရေးအတွက် ဒါဟာ တကယ့်ကို သတိထားရမယ့် အချက် ဖြစ်လာပါပြီ။
လူကြီးသုံးဆပ်ပြာတွေဟာ ကလေးငယ်တွေရဲ့ နုနယ်တဲ့ အသားအရေအတွက် ပြင်းထန်လွန်းလို့ အခုလို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ် 👇🏼
၁။ အသားအရေ ယားယံပြီး အနီစက်များ ထွက်ခြင်း 🍓
လူကြီးဆပ်ပြာတွေမှာ ပါဝင်တဲ့ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ၊ အရောင်ချွတ်ဆေး (Bleach) နဲ့ အမွှေးနံ့သာ (Fragrance) တွေဟာ ကလေးရဲ့ အဝတ်အထည်တွေမှာ စွဲကျန်နေတတ်ပါတယ်။ ကလေးရဲ့ အရေပြားက လူကြီးတွေထက် ၃ ဆလောက် ပိုပြီး ပါးလွှာတာကြောင့် ဒီဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါ Allergic Skin Rash (ဓာတ်မတည့်ဘဲ အနီကွက်ထွက်ခြင်း) နဲ့ ယားယံခြင်းတွေကို အလွယ်တကူ ဖြစ်စေပါတယ်။
၂။ Atopic Dermatitis (နှင်းခူနာ) ပိုဆိုးလာနိုင်ခြင်း 🍂
ကလေးက အသားအရေ ခြောက်သွေ့တတ်သူ သို့မဟုတ် နှင်းခူနာ အခံရှိသူဆိုရင် လူကြီးဆပ်ပြာနဲ့ လျှော်ထားတဲ့ အဝတ်တွေကြောင့် အသားအရေ ပိုမိုခြောက်သွေ့ပြီး အဖတ်များလန်ကာ လက္ခဏာတွေ ပိုမိုဆိုးရွားလာနိုင်ပါတယ်။
၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ 👃🏼✨
လူကြီးဆပ်ပြာတွေမှာ အနံ့ကြာရှည်ခံအောင် သုံးထားတဲ့ ပြင်းထန်တဲ့ ဓာတုအမွှေးနံ့သာတွေဟာ ကလေးငယ်တွေရဲ့ နုနယ်တဲ့ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်သလိုဖြစ်ပြီး နှာချေခြင်း၊ နှာပိတ်ခြင်း ကနေတစ်ဆင့် ရေရှည်မှာ ပန်းနာရင်ကြပ်လိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ မတည့်မှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
၄။ အဝတ်အထည်များ ကြမ်းတမ်းလာခြင်း ဆိုးကျိုး 🧶
လူကြီးဆပ်ပြာတွေက အညစ်အကြေး ပြောင်စင်ဖို့ အယ်လ်ကာလီဓာတ် (Alkaline) မြင့်မားစွာ ပါဝင်ပါတယ်။ ဒါဟာ နူးညံ့တဲ့ ကလေးအဝတ်အစားနဲ့ ဂွမ်းအနှီးသားတွေကို ကြမ်းတမ်းသွားစေပြီး၊ ကလေးလှုပ်ရှားတဲ့အခါ အရေပြားကို ပွတ်တိုက်မိပြီး စပ်ဖျင်းဖျင်း ဖြစ်စေပါတယ်။
💡 မေမေတို့အတွက် အကြံပြုချက်
ကလေးငယ်လေးတွေရဲ့ အဝတ်အစား၊ အနှီးနဲ့ စောင်တွေကို လျှော်ဖွတ်တဲ့အခါ Baby Laundry Detergent (ကလေးသီးသန့် အဝတ်လျှော်ရည်) ကိုသာ ရွေးချယ်ပေးပါ။
ကလေးသုံး ဆပ်ပြာတွေဟာ ဖော်မြူလာ အပျော့စား ဖြစ်ရုံတင်မကဘဲ Organic သို့မဟုတ် Hypoallergenic (ဓာတ်မတည့်မှုကို အနည်းဆုံးဖြစ်စေတဲ့) စမ်းသပ်ချက်တွေ ပါဝင်တာကြောင့် ရင်သွေးငယ်လေးတွေကို စိတ်ချလက်ချ ကာကွယ်ပေးနိုင်ပါတယ် မေမေတို့ရေ...။🥰

"သန့်ရှင်းမှုတင်မက... နို့သီးခေါင်းကိုပါ နူးညံ့စိုပြေစေတဲ့ Bogi Care 2 in 1" Bogi Care 2 in 1 နို့ဗူးဆေးရည်၏ Moisturizer...
10/06/2026

"သန့်ရှင်းမှုတင်မက... နို့သီးခေါင်းကိုပါ နူးညံ့စိုပြေစေတဲ့ Bogi Care 2 in 1"

Bogi Care 2 in 1 နို့ဗူးဆေးရည်၏ Moisturizer Formula သည် နို့ဗူးနှင့် နို့သီးခေါင်းကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပေးရုံသာမက နို့သီးခေါင်း၏ နူးညံ့မှုကိုလည်း ထိန်းသိမ်းပေးပါသည်။ ခြောက်သွေ့တင်းကျပ်မှုကို လျော့နည်းစေပြီး ကလေးငယ်အတွက် ပိုမိုသက်တောင့်သက်သာ အသုံးပြုနိုင်စေပါသည်။
"သန့်ရှင်းမှု + နူးညံ့မှု = Bogi Care 2 in 1"
#ကလေးနို့ဗူးဆေးရည်
#ကလေးနို့ဗူး

🌟 Bogi Care ကို ဘာကြောင့် ဆိုင်တိုင်း မရှိမဖြစ် တင်ရောင်းသင့်လဲ?🍼 နို့အကြွင်းအကျန်ကင်းစင်ပြီး ဘက်စုံသုံးနိုင်ခြင်းကလေးနိ...
09/06/2026

🌟 Bogi Care ကို ဘာကြောင့် ဆိုင်တိုင်း မရှိမဖြစ် တင်ရောင်းသင့်လဲ?
🍼 နို့အကြွင်းအကျန်ကင်းစင်ပြီး ဘက်စုံသုံးနိုင်ခြင်း
ကလေးနို့ဘူးနှင့် နို့သီးခေါင်းများတွင် ကပ်ညှိနေသော နို့ကတ်ခြင်း၊ ဂျီးတက်ခြင်းများကို နူးညံ့စွာ သန့်စင်ပေးရုံတင်မကဘဲ... ကလေးချိုလိမ် (Pacifier) များ၊ ကလေးကစားစရာအရုပ်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများကိုပါ စိတ်ချလက်ချ ဘေးကင်းစွာ ဆေးကြောသန့်စင်နိုင်ခြင်း။ Moisture Effect ပါဝင်လို့ ဆေးကြောသူ မိခင်များ၏ လက်ကိုလည်း ကြမ်းတမ်းခြင်းမှ ကာကွယ်ပေးသည်။
🍼 မေမေတိုင်း ယုံကြည်လို့ ဆိုင်တင်ထားရုံနဲ့ အရောင်းသွက်ခြင်း
ကလေးငယ်များအတွက် အထူးထုတ်လုပ်ထားပြီး Chemical ကင်းစင်ကာ အန္တရာယ်ကင်း ဘေးကင်းလွန်းတာကြောင့် မေမေတိုင်း ယုံကြည်စိတ်ချစွာ အမြဲတမ်း ရွေးချယ်ကြသဖြင့် ဆိုင်တင်ထားရုံဖြင့် လည်ပတ်မှုမြန်ပြီး အမြန်ဆုံး အရောင်းသွက်စေခြင်း။
✅ ဗူးရော အိတ်ပါ အရွယ်အစားစုံလင်စွာ ရရှိနိုင်ခြင်း
ဗူးကြီး (Pump) ရော၊ အားဖြည့်အိတ် (Refill) ပါ အစုံရှိလို့ ဝယ်ယူသူ မိခင်များ မိမိတို့ အဆင်ပြေမည့် အရွယ်အစားကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူရလွယ်ကူခြင်း။
❌ ဈေးကွက်အတွင်း အတုအပ ကင်းစင်ခြင်း
တရားဝင် ကိုယ်စားလှယ်ထံမှ တိုက်ရိုက်ဖြန့်ချိသည့် "အာမခံချက်အပြည့်" ရှိသော ပစ္စည်းစစ်စစ် ဖြစ်ခြင်းကြောင့် ဆိုင်၏ ဂုဏ်သိက္ခာနှင့် ဝယ်ယူသူများ၏ ယုံကြည်မှုကို ပိုမိုတိုးတက်စေခြင်း။
⚠️ အကန့်အသတ်ရှိလို့ လက်ဦးမှုရယူပါ!
ဈေးကွက်အတွင်း ဝယ်လိုအား အလွန်မြင့်မားနေတာမို့ မိမိတို့ဒေသ၊ မိမိတို့ဆိုင်အတွက် လက်ကားဈေးနှုန်းအသေးစိတ်ကို အခုပဲ Chat Box (CB) တွင် ဆက်သွယ်စုံစမ်းပြီး လက်ဦးမှု ရယူလိုက်ပါ။
📥 Chat Box (CB) သို့ အခုပဲ မက်ဆေ့ခ်ျပို့ပြီး ဆက်သွယ်လိုက်ပါ!
🚚 မြန်မာပြည်အနှံ့ ကားဂိတ်များသို့ စနစ်တကျ အမြန်ဆုံး ပို့ဆောင်ပေးပါသည်

ကလေးနို့ဗူးဆေးရည်


#နို့ဗူးဆေးရည်
#ကလေးအသံုးဆောင်ပစည်း

မိုးရွာလို့ အဝတ်မခြောက်ဘဲ စိုထိုင်းထိုင်းဖြစ်ပြီး မှိုနံ့စွဲမှာကို မေမေတို့ စိတ်ပူနေလား? 🥺Bogi Care (2-in-1) Baby Fabric...
08/06/2026

မိုးရွာလို့ အဝတ်မခြောက်ဘဲ စိုထိုင်းထိုင်းဖြစ်ပြီး မှိုနံ့စွဲမှာကို မေမေတို့ စိတ်ပူနေလား? 🥺
Bogi Care (2-in-1) Baby Fabric Wash ရှိရင်တော့ ရာသီဥတု ဘယ်လိုပဲဖြစ်ဖြစ် စိတ်အေးရပြီနော်။
✨ Bogi Care ရဲ့ အားသာချက်များ ✨
No SLS & No Harmful Chemicals: ကလေးငယ်တွေရဲ့ နုနယ်တဲ့ အရေပြားအတွက် သဘာဝအတိုင်း အကြင်နာဆုံး။
Anti-Bacterial: စိုထိုင်းဆကြောင့်ဖြစ်တဲ့ ဘက်တီးရီးယားနဲ့ မှိုနံ့ဆိုးတွေကို ရာနှုန်းပြည့် ကာကွယ်ပေးတယ်။
Long-Lasting Fragrance: လျှော်ပြီးတာနဲ့ တနေကုန် သင်းပျံ့အေးမြတဲ့ ရနံ့ကို ပေးစွမ်းနိုင်တယ်။
ဒီမိုးတွင်းမှာ သားသားမီးမီးတို့ အဝတ်အစားလေးတွေ အမြဲမွှေးကြိုင်ပြီး လန်းဆန်းနေဖို့ Bogi Care ကို အခုပဲ ဆောင်ထားလိုက်တော့နော်! 💜👶
#မိုးတွင်းအဝတ်လျှော်

မိုးရာသီမှာ သတိထားရမယ့် ‘ရာသီတုပ်ကွေး’ အန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးမိုးဦးကျကာလနဲ့ ဆောင်းအကုန်နွေအကူးလို ရာသီအကူးအပြောင...
06/06/2026

မိုးရာသီမှာ သတိထားရမယ့် ‘ရာသီတုပ်ကွေး’ အန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေး
မိုးဦးကျကာလနဲ့ ဆောင်းအကုန်နွေအကူးလို ရာသီအကူးအပြောင်းတွေမှာ အဖြစ်အများဆုံးကတော့ ရာသီတုပ်ကွေး (Seasonal Influenza) ပဲ ဖြစ်ပါတယ်။
တုပ်ကွေးဆိုတာ သာမန်အအေးမိတာ (Common Cold) နဲ့ မတူပါဘူး။ နှာစေး၊ နှာချေ၊ ကိုယ်လက်ကိုက်ခဲတာချင်း ဆင်တူပေမယ့် Influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးက ပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲအနေနဲ့ ဆိုင်းနပ်စ်၊ နားကိုက်တာ၊ အဆုတ်ရောင်တာ (နမိုးနီးယား) နဲ့ သွေးထဲပိုးဆိပ်တက်တာတွေအထိ ဖြစ်ပွားနိုင်လို့ အထူးသတိထားဖို့ လိုပါတယ်။
⚠️ ဘယ်သူတွေ ပိုပြီး သတိထားရမလဲ? (High-Risk အုပ်စုများ)
သာမန်လူတွေအတွက် ရက်ပိုင်းအတွင်း ပြန်လည်သက်သာနိုင်ပေမယ့် အောက်ပါလူအုပ်စုတွေအတွက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။
အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၅ နှစ်အထက် လူကြီးများ
ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအားကျဆင်းနေသူများ
နှလုံးရောဂါအခံရှိသူများ (အထူးသဖြင့် Heart Failure ဝေဒနာရှင်များ): တုပ်ကွေးမိပါက ပိုးကိုတိုက်ထုတ်ဖို့ ခန္ဓာကိုယ်က ပိုအလုပ်လုပ်ရလို့ နှလုံးခုန်မြန်လာပြီး သွေးဖိအား ကမောက်ကမ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အားနည်းနေတဲ့နှလုံးက ဒဏ်မခံနိုင်ဘဲ နှလုံးရုတ်တရက်အလုပ်မလုပ်တော့ခြင်း (Acute Heart Failure) သို့မဟုတ် အဆုတ်ရောင်ဝေဒနာ ခံစားရပြီး အရေးပေါ်အခြေအနေ (ICU ကာကွယ်စောင့်ရှောက်မှု) အထိ ရောက်ရှိသွားနိုင်ပါတယ်။
🦠 ကူးစက်ပုံနှင့် ပြသလေ့ရှိသော လက္ခဏာများ
ကူးစက်ပုံ: လူနာ နှာချေ၊ ချောင်းဆိုးရာမှထွက်သော အမှုန်အမွှားများကို တိုက်ရိုက်ရှူမိခြင်း သို့မဟုတ် ၎င်းတို့ ကိုင်တွယ်ထားသော ပစ္စည်းများကို ကိုင်တွယ်မိခြင်းမှ ကူးစက်သည်။ (အစားအသောက်မှတစ်ဆင့် မကူးစက်ပါ။)
လက္ခဏာများ: ပိုးဝင်ပြီး ၂ ရက်ခန့်အကြာတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် တစ်ကိုယ်လုံး နုံးချိကိုင်ခဲခြင်းတို့ စတင်ခံစားရတတ်သည်။
🛡️ ရာသီတုပ်ကွေး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
1 လူထူထပ်သောနေရာများကို ရှောင်ပါ၊ မဖြစ်မနေသွားရပါက Mask စနစ်တကျ တပ်ဆင်ပါ။
2 လက်ကို မကြာခဏ ဆေးကြောပါ၊ မျက်နှာနှင့် နှာခေါင်းကို လက်ဖြင့် မကိုင်ပါနှင့်။
3 နှာချေ၊ ချောင်းဆိုးလျှင် တစ်သျှူး သို့မဟုတ် တံတောင်ဆစ်ကွေးဖြင့် သေချာစွာ အုပ်ပါ။
4 အထိရောက်ဆုံးနည်းလမ်း: ရာသီပေါ် တုပ်ကွေးကာကွယ်ဆေး (Flu Shot) ကို တစ်နှစ်လျှင် တစ်ကြိမ် မပျက်မကွက် ထိုးနှံထားပါ။ (နှလုံးအခံရှိသူများအတွက် မရှိမဖြစ် လိုအပ်ပါသည်။)
5 ကိုယ်ခံအားမြှင့်တင်ပါ: အိပ်ရေးဝဝအိပ်ပါ၊ အာဟာရပြည့်ဝစွာ စားသုံးပါ။ ဂျင်း၊ ကြက်သွန်ဖြူနှင့် ကိုယ်ခံအားကို အထောက်အကူပြုသည့် Vitamin C ကြွယ်ဝသော အသီးအနှံများ (သို့မဟုတ်) အားဆေးများကို မှီဝဲပေးပါ။
💊 တုပ်ကွေးမိသွားရင် ဘာလုပ်ရမလဲ? (နှင့် ရှောင်ရန်ဆောင်ရန်များ)
သာမန်လူများအတွက်: အိမ်မှာ ကောင်းကောင်းအနားယူပါ၊ ရေနှင့် စွပ်ပြုတ်ပူပူလေးများ များများသောက်ပါ။ အဖျားပျောက်ဆေးနှင့် နှာစေးချောင်းဆိုးပျောက်ဆေးများကို အလွယ်တကူ သောက်သုံးနိုင်ပါတယ်။
🚫 ပိုးသတ်ဆေး (Antibiotics) လုံးဝမသောက်ပါနှင့်: တုပ်ကွေးသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်၍ ပိုးသတ်ဆေးဖြင့် ကုသ၍မရပါ။

ဘေဘီလေးတွေ စကားစပြောရင် ''မေမေ'' လို့ မခေါ်ဘဲ ''မာမာ'' လို့ ဘာလို့ ပြောတတ်ကြတာလည်း...စကားပြောတတ်ခြင်းဟာ မွေးကတည်းက ပါလာတ...
06/06/2026

ဘေဘီလေးတွေ စကားစပြောရင် ''မေမေ'' လို့ မခေါ်ဘဲ ''မာမာ'' လို့ ဘာလို့ ပြောတတ်ကြတာလည်း...

စကားပြောတတ်ခြင်းဟာ မွေးကတည်းက ပါလာတဲ့ စွမ်းရည်တစ်ခု မဟုတ်ပါဘူး...

ကလေးတစ်ယောက် စကားပြောတတ်လာဖို့
(၁) နားကြားရပါမယ်
(၂) စကားသံတွေကို ကြားဖူးရပါမယ်
(၃) အသုံးပြုတတ်ရပါမယ်

(၁) နားကြားရမယ် ဆိုတဲ့အချက်မှာ

ကိုယ့် ကလေးလေးက အသံကြားရင် လှည့်ကြည့်သလား... လန့်တတ်သလား... ဘယ်လို တုန့်ပြန်တတ်သလည်း မွေးစထဲက​စောင့်ကြည့်ရပါမယ်...
အခုခေတ်ကြီးက တိုးတက်နေပြီမို့ တော်ရုံ အကြားအာရုံ မကောင်းရင်တောင် နားကြားကိရိယာတွေ ထည့်လို့ ရနေပါပြီ...
ရိုးရိုး နားကြားကိရိယာက (၁၀) သိန်း ဝန်းကျင်လောက်ရှိပြီး...
နားကြားကိရိယာခွဲစိတ်ထည့်တာ သိန်း (၆၀၀) လောက် စရှိတယ်လို့ သိရပါတယ်...
ပိုက်ဆံ မတတ်နိုင်လို့ ဆိုပြီးလည်း ဝမ်းမနည်းပါနဲ့ ...
နိုင်ငံတော် အစီအစဉ်နဲ့ ကျခံပေးတဲ့ အစီအစဉ် မှာ လျှောက်ထားပြီး မိမိကလေးကို ကောင်းမွန်တဲ့ ဘဝမျိုးမှာ လျှောက်လှမ်းစေလိုက်ပါ...

(၂) စကားသံတွေကို ကြားဖူးရပါမယ်

ဒီစကားကြားတော့ လူတော်တော်များများ ရီကြတယ်... ဒီလောက်ပြောတာ ဒီကလေးကြားမှာပေ့ါ... ထင်ကြတယ်...

ဒါပေမယ့် စကားပြောခြင်းနဲ့ လူတွေ ဆက်သွယ်တယ်ဆိုတာ ကလေးသိအောင် လှုံ့ဆော်ပေးဖို့ အရေးကြီးပါတယ်...
ရေ... ဆို...​ရေ...
မီး... ဆို.. မီး...
ယူခဲ့...
လာခဲ့...
မုန့်မုန့်...
ကြောင်ကြီး...
က စလို့ စကားလုံး တွေ အသံထွက်တွေကို ကလေးကို ကြည့်ပြီး သင်ကြားပေးဖို့ လိုအပ်ပါတယ်... ကလေးက ဝေါဟာရ တွေ သိမှ လူတွေနဲ့ ဆက်သွယ်တတ်မှာ ဖြစ်ပါတယ်...

(၃) အသုံးပြုတတ်ရပါမယ်

အသုံးပြုတတ်ဖို့ အတွက်ဆို အသုံးပြုရမယ့် အင်္ဂါရပ်တွေ လိုပါပြီ...
တချို့ ကလေးတွေ စကားပြော နောက်ကျတာဟာ စကားသံဖြစ်အင်္ဂါတွေ လိုအပ်နေတာ ဖြစ်နိုင်သလို... စကားပြော ဆက်သွယ်ဖို့ အထူးသင်ကြားနည်း စနစ် လိုအပ်နေသူ(special needs) ကလေး ဖြစ်နေတာကြောင့် ဖြစ်တတ်ပါတယ်...

ဒီကိစ္စ က ဖြေရှင်းဖို့ အခုခေတ်ကြီးထဲ လွယ်နေပါပြီ...

စကားပြောလာဖို့ စကားသံဖြစ်အင်္ဂါတွေ ဖွံ့ဖြိုးလာအောင်နဲ့ စကားပြော ဆက်သွယ်လာအောင် သင်ကြားပေးနိုင်တဲ့ အထူးကျွမ်းကျင်သူ ဆရာမတွေ ရှိနေပြီမို့ စကားမပြောတဲ့ သင့်ကလေးလေးကို ဘယ်အကြောင်းနဲ့မှ လက်မလျှော့လိုက်ပါနဲ့...

ဒီလို ဖွံ့ဖြိုးမှု တွေ ကိုစစ်ရင်း ...
ကလေးလေး ဝမ်းပျက်ဝမ်းလျှော မဖြစ်ရလေအောင် Bogi နို့ဗူးဆေးရည် နဲ့ ဆေးပြီး ဂရုစိုက်ပေးပါ...

ကလေးလေးဝတ်တဲ့ အဝတ်အစားလေး အိစက် သင်းပျံ့ပြီး သင်​သောင့်သက်သာ ရှိအာင် Bogi အဝတ်လျှော် ဆပ်ပြာရည်နဲ့ လျှော်ပေးပါ

ခေါင်းစဉ်မှာ မေးထားတဲ့ စကားဆက်ရရင်
မာမာ ဆိုတဲ့ စကားလုံး က ဘေဘီလေး အတွက် အလွယ်ဆုံး အလုံး ဖြစ်ပါတယ်တဲ့...

ဒါဆို မာမာ ဆိုတဲ့ စကားလုံး လေး စတင်သင်ရင်းနဲ့ ဘေဘီလေး ဘဝကို အကောင်းဆုံး စောင့်ရှောက်ကြမယ်...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Baby Care Wholesale & Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share