Vintage Clothing

Vintage Clothing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vintage Clothing, Yan Nyine Street, 5-Ward, Yangon.

သန်တူလ - သီတင်းကျွတ်လ သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမလဖြစ်၏။ မိုးဥတုတွင်ပါဝင်သည်။ ရှေးအခါကသီတင်း ကျွတ်လဟူ၍ မခေါ်ကြ...
08/10/2022

သန်တူလ - သီတင်းကျွတ်လ

သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမလဖြစ်၏။ မိုးဥတုတွင်ပါဝင်သည်။ ရှေးအခါကသီတင်း ကျွတ်လဟူ၍ မခေါ်ကြဘဲ သန်တူလဟု ခေါ်ဆိုရေးသားကြသည်ကို တွေ့ရသည်။ သန်တူလအဓိပ္ပာယ်မှာ ဝဿာနမိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ဆိုသည်။ သီတင်း ကျွတ်လသည်မိုးဥတု၏ နောက်ပိုင်းချိန် လတစ်ခုဖြစ်လေသည်။

အချို့ပညာရှင်တို့ကမူ သန်ဟူသောပုဒ်သည် ကောက်·စပါးဟော·တိဗက်· မြန်မာ·တရုတ်· ထိုင်း·မွန်ခမာ ဘာသာအပေါင်းတို့လာ မြန်မာစကားဟုဆိုသည်။ တူပုဒ် သည်လည်း အသံချင်းအနီးစပ်ဆုံးဖြစ်သောထူပုဒ်နှင့် တွဲယူရပေမည်။ ထူသည်တစ်စုံတစ်ရာကိုထောင်သည်၊ စိုက်သည်၊ မတ်စေသည်၊ ဟောဖြစ်သဖြင့်သန်တူလသည် ကောက်စပါးပင်များပေါက်ဖွား၊ ထွက်ထ၊ ထောင်မတ် လာသောလဟု အဓိပ္ပာယ်ရသည်ယူဆကြသည်။ ပုဂံခေတ် ထိုးကျောက် စာတို့တွင် သီတင်းကျွတ် ဟူသောစကားကို အလျှင်းမတွေ့ရသလောက်ပင်ရှိ၍ သက္ကရာဇ် ၅၇၄ ခုနှစ်ထိုး တုရွင်း တောင်စောရဟန်း သိမ်ကျောက်စာအတွင်း စာသား တစ်နေရာ၌သာ သတင်းချွတ်ဟူသောအသုံးကို ရှေးဦးဆုံး တွေ့ရလေသည်။ သတင်းချွတ်ဟူသောစကားသည် သတင်းသီလစောင့်ထိမ်းသူတို့က ချွတ်လွှတ်ကုန်ဆုံးအောင် ပြုသည်ဟု အနက်ထွက်လေသည်။ သတင်းချွတ်နှင့် ဝါကျွတ် ဟူသော စကားကိုဖက်တွဲ၍ သတင်းကျွတ်ဟူသော စကားဖြစ်ပေါ်လာသည် ဟုတွေးထင်ဖွယ်ရှိသည်။

လှေသင်းအတွင်းဝန်ရေး ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှ စ၍ ဝါတွင်းသုံးလ၊ ရက်ပေါင်း၉ဝ၊ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍ သာသနာကျမ်းအလိုခေါ်ဆိုကြောင်းသိသာသည် ဟုပါရှိ လေ သည်။

ဗေဒင်အခေါ်အားဖြင့် သီတင်းကျွတ်လကို တူရာသီဟု ခေါ်သည်။ တူရာသီ၏အရုပ်သည် ချိန်ကိုင်စွဲသော ယောက်ျား သဏ္ဌာန် ဖြစ်သည်။ ထိုရာသီကား အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယုဇဟူ၍ဆိုသည်။ ကြာပန်းကို ရာသီပန်းဟူ၍ အသိအမှတ်ပြုကြ၏။ ကျီးတာရာထွန်းပသည့် သီတင်းကျွတ်လရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ်ခန့်တွင်နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၃၇ မိနစ်ခန့်တွင်နေဝင်သည်။ မြန်မာ နာရီအားဖြင့် နေ့ညဉ့်နာရီ ၃ဝစီ အညီအမျှ ရှိလေသည်။ သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင့်မိုများထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပကြရိုးဖြစ်လေသည်။

ဆယ့်နှစ်ရာသီပွဲတော်များ

မြန်မာမင်းများလက်ထက် ခေတ်အခါကမူ သီတင်းကျွတ်လတွင် မင်းသားမင်းမြေးမှူးတော်မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ်ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင့်မိုထွန်းခြင်း၊ ဘုရား စေတီများတွင်ဆီမီးပူဇော်ခြင်း၊ ဝါကျွတ်အကန်တော့ ခံခြင်းတို့ကိုပြုသည်။ ထိုကြောင့်ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်ရာသီ ဘွဲ့သဖြန်၌ ·· ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်။ ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင့်မိုမီးညီးတဲ့ခါချိန်။ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပြောင်း။ သက္ကစ္စဂါရဝါနှင့်စဉ်အလာပူဇော်ပွဲကို၊ခဲ့ကြပေတောင်း ဟုစပ်ဆိုထား ခြင်းဖြစ်လေသည်။ သီတင်းကျွတ်လတွင် တနင်္ဂနွေနေ့ တနင်္လာနေ့ များသည် ပြဿဒါးရက်များဖြစ်ကြ၍ အင်္ဂါနှင့်ကြာသပတေး နေ့များသည် ရက်ရာဇာနေ့များဖြစ်ကြသည်။ သီတင်းကျွတ်လတွင် ရက်မစုံကွယ်သဖြင့် ရက်ပေါင်း ၂၉ ရက်သာရှိ၏။

ကိုးကား - မြန်မာ့စွယ်စုံကြမ်း အတွဲ-၁၃
Via-Wikipedia

Address

Yan Nyine Street, 5-Ward
Yangon

Telephone

+959442228884

Website

Alerts

Be the first to know and let us send you an email when Vintage Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share