Thet Htar Shwe Sin

Thet Htar Shwe Sin Slow Living ďż˝ Our Life is Our Customer

17/07/2026

🌺မဂ်လာတောင်ညွန့် မြို့နယ် #108လမ်း အပေါ်ဘက်
🌺ဂမုန်းပွင့်အနီး၊အမဲဈေးအနီး၊မဂ်လာ‌ဈေးအနီး
#(၆)လှာ ယာဘက်အရောင်းခန်း
🌺တိုက်သန့်/တိုက်သားကောင်း

#ပေ၁၂ပေခွဲ ၊၄၇ပေ

🌺➡️ဝရံတာကြွေပြား/သံပန်း/ဆန်းရှိုတ်ပါ

🌺➡️ပါကေးခင်း
🌺➡️အဲကွန်း တစ်လုံးပါ
🌺➡️ရေချိုးခန်းရေကန်ပါ အပေါ်ရေတိုင်ကီနှစ်လုံး ပါ။
🌺➡️ဘိုထိုင်
🌺➡️ရေချိုးခန်း အိမ်သာ ကြွေးပြားခင်း နံရံကြွေပြားကပ်၊
🌺➡️လှေကားခွင်ကျယ်

🌺➡️ဘေးပြတင်းပေါက်ပါ လေဝင်လေထွက်ရမ်းကောင်း

🌺➡️Hall type

🌺➡️နောက်ဖေးမီးဖိုခန်းကြွေပြားအပြည့်
🌺➡️ကန်ထရိုက်ဆီကတိုက်ရိုက်ဝယ်ယူထားသော ပထမဆုံးပိုင်ရှင်မို့အရှုပ်အရှင်းမရှိပါ။အ
🌺ရောင်းဈေး #သိန်း1500( ညှိနှိုင်း)

☎️☎️09-772818387

☎️☎️☎️09-973868872
🌺🌺🌺➡️တက်လမ်းဆောက်လုပ်ရေးကဆောက်ထားလို့တိုက်သားအရမ်းကောင်းပါတယ်။
ပတ်ဝန်းကျင်သန့်။
🌺🌺🌺🌺
➡️➡️➡️➡️လမ်းက(၁၀၈)လမ်း၊အိမ်အမှတ်(၁၈)
၉နဝင်းကိုက်တဲ့အခန်းလေးပါ။
အိမ်နဲ့ပတ်ဝန်းကျင်နေလို့အရမ်းကောင်းပါတယ်။🌺
➡️➡️
စိတ်ဝင်စားလို့အိမ်ကြည့်ချင်ရင်ဖုန်းတစ်ရက်ကြိုဆက်ပေးပါရှင်။
မှတ်ချက်။
စာချုပ်ပါအချက် အရ လူမျိုးခြားမရောင်းပါရှင်🙏

 #ဝက်သားလုံးကြော်ဝက်သားလေးနည်းနည်းကျန်နေသေးတာနဲ့ လုံးကြော်လေးကြော် 😋
27/04/2026

#ဝက်သားလုံးကြော်
ဝက်သားလေးနည်းနည်းကျန်နေသေးတာနဲ့ လုံးကြော်လေးကြော် 😋

ရဟန္တာအရှင်သူမြတ် ဆားတောင်ဆရာတော် ဘုရားကြီးကတော့ “သောဘဂဝါဣတိပိ အရဟံ” ကို တစ်နေ့ ပုတီး အပတ်ရေ ၄၀ရအောင် စိပ်၊ သုံးနှစ်ကြာတ...
01/03/2026

ရဟန္တာအရှင်သူမြတ် ဆားတောင်ဆရာတော် ဘုရားကြီးကတော့ “သောဘဂဝါဣတိပိ အရဟံ” ကို တစ်နေ့ ပုတီး အပတ်ရေ ၄၀ရအောင် စိပ်၊ သုံးနှစ်ကြာတဲ့အခါ ချမ်းသာလာလိမ့်မယ်လို့ မိန့်ဖူးပါတယ်။

လယ်တီဆရာတော်ဘုရားကြီးက ကိုယ်နှစ်သက်တဲ့ဂုဏ်တော်တစ်ခုကိုပဲ စွဲစွဲမြဲမြဲပွား မုချအကျိုးရတယ်။ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုး ပြောင်းနေရင် ဘာမှ အရာမထင်ဘူးတဲ့။

မစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့တပည့် ငဆင်ဟာ ဆရာတော်ကြီးက ဂုဏ်တော်ပွားခိုင်းလို့ ဆရာတော်ကြီးက ဒါငါ့ မှဆ တာပဲဆိုပြီး အလုပ်မအားတဲ့ကြားက အရဟံဂုဏ်တော် ပုတီးစိပ်တာ သုံးနှစ်ကျော်ကျော်လေးမှာ အဝတ်ဝတ်စရာမရှိတဲ့ ဆင်းရဲသားဘဝကနေ သူဋ္ဌေကြီးဘဝကို ရောက်သွားတယ်။အရဟံ ဦးဆင်လို့ ကျော်ကြားပါတယ်။

ဂုဏ်တော်ကို ၅ကုဋေရအောင်ပွားရင် သောတပန်နဲ့ ညီမျှတယ်လို့ ဆရာတော်ကြီးတစ်ပါး(ဘွဲ့တော် မေ့နေလို့) မိန့်ဖူးပါတယ်။

ဖတ်ဖူးသမျှတွေထဲမှာတော့ လေးလေးနက်နက် ဂုဏ်တော်တစ်ခုကို စွဲစွဲမြဲမြဲပွားကြသူတိုင်း သုံးနှစ်ဝန်းကျင်ဆိုရင် အကျိုးပေးကြတာကို တွေ့ရပါတယ်။ အခေါက်ရေက အဓိကမကျပါဘူး။ ဘယ်လောက် လေးလေးနက်နက် အလုပ်လုပ်သလဲ အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ခန္ဓာထဲ ဘုရားဂုဏ်တော် ကိန်းတဲ့အထိ အလုပ်လုပ်ရပါတယ်။ သတ်မှတ်ချက်မရှိပါဘူး။ တစ်နေ့ ဘယ်လောက်အချိန်ပေးနိုင်လဲ။ ဘယ်လောက်ပြင်းပျသလဲပေါ့။

အားတိုင်းပွား၊ မအားတဲ့ကြားက ပွား။
ရသလောက်ပွား။

သုံးနှစ်ပါ။

Crd

14/02/2026

ကျန်းမာဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ကတော့ ခန္ဓာကိုယ်တွင်းက လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုး ညီညွတ်မျှတပြီး စင်ကြယ်နေဖို့ပါပဲ။

ဆေးဝါးမလိုဘဲ ဝမ်းမှန်၊ ဆီးရွှင်၊ သွေးသန့်နေမယ်ဆိုရင် ရောဂါဘယတွေ ဝေးကွာသွားမှာပါ။

ဒီတော့ "သန့်လေးသန့်" ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ လေသန့်အောင် စွမ်းဆောင်မယ်
အနံ့အသက်ဆိုးနဲ့ ညှော်နံ့တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

အသက်ရှူလေ့ကျင့်ခန်းကို နေ့စဉ် နှစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ။

ညအိပ်ရာဝင်ချိန်တိုင်း ကရမက်ရည် ကျဲကျဲလေးကို တစ်ကိုယ်လုံး လိမ်းအိပ်ပါ။

၂။ သွေးသန့်အောင် ပြုပြင်မယ် (အဆိပ်နိုင်သော ကန်စွန်းရိုးနီ)

သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ "ကန်စွန်းရိုးနီ" ကို အသုံးပြုရပါမယ်။

ပြုလုပ်နည်း: ကန်စွန်းရိုးနီ (၁၅-၂၀) ပင်ခန့်ကို သန့်စင်အောင်ဆေး၊ တောက်တောက်စင်းပြီး ရေမြုပ်ရုံထည့်ပြုတ်ပါ။

သတိပြုရန်: ရေဆူလာလို့ အရွက်တွေနွမ်းပြီး အရောင်ဖြူသွားရင် အရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။

အရွက်ဖတ်တွေကို စစ်ထုတ်ပါ (သုပ်စားနိုင်ပါတယ်)။
ကျန်တဲ့အရည်ထဲကို ထန်းလျက်တစ်ခဲ နဲ့ ဆားလှော်အနည်းငယ် ထည့်ပြီး မီးအေးအေးနဲ့ ထပ်မံဆူပွက်အောင် တည်ပါ။

ရလာတဲ့ ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် ပုံမှန်သောက်သုံးပေးပါ။

၃။ ဆီးသန့်အောင် ဆောင်ရွက်မယ်

ဆီးကို လုံးဝ (လုံးဝ) အောင့်မထားပါနဲ့ (အထူးသဖြင့် မနက် ၄ နာရီဝန်းကျင်)။ ဆီးအောင့်ခြင်းက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်စေတတ်ပါတယ်။

ကျောက်ဖရုံသီးကို ဟင်းချိုချက်စားတာပဲဖြစ်ဖြစ်၊ အသားနဲ့ချက်စားတာပဲဖြစ်ဖြစ် စားသုံးပေးပါ။
ရှားစောင်းလက်ပပ် (ဆေးကုလားမ) ဖျော်ရည် သောက်ပေးပါ။

အုန်းနုရည်ကို အသားပါခြစ်ထည့်ပြီး ရက်ခြား သောက်သုံးပေးပါ။

၄။ ဝမ်းသန့်အောင် စားသောက်မယ်
အောက်ပါ သဘာဝအစားအစာ တစ်ခုခုကို မှီဝဲပါ-
မန်ကျည်းမှည့်ဖျော်ရည်: ချဉ်ချဉ်ချိုချိုလေးဖြစ်အောင် ထန်းလျက်နဲ့ ဖျော်သောက်ပါ။
ဒိန်ချဉ်စစ်စစ်: ရေခဲမပါဘဲ ထန်းလျက်အနည်းငယ်သာ ထည့်စားပါ။
ငှက်ပျောသီး: ဖီးကြမ်းငှက်ပျောသီး (သို့မဟုတ်) ငှက်ပျောချဉ် အမှည့်ကို စားပေးပါ။

⏳ (၂၁) ရက် စိန်ခေါ်မှု

ဒီအချက်တွေကို (၂၁) ရက်တိတိ ဆက်တိုက်လုပ်ဆောင်ကြည့်ပါ။ ကိုယ်လက်ဖောရောင်တာတွေ ကျဆင်းသွားပြီး လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်စင်သွားမှာဖြစ်သလို ကျောက်တည်ခြင်းဝေဒနာကိုပါ ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

🌟 ဆရာကြီး၏ ထပ်ဆောင်းမှာကြားချက်
ရေချိုးတဲ့အခါတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။

ရေချိုးပြီးတဲ့အခါ ကရမက်ကို တစ်ကိုယ်လုံး နှံ့စပ်အောင် လိမ်းပေးပါ။

Credit: ဆရာကြီးဦးရန်အောင်

10/02/2026

ကျေးဇူးရှင်ဆားတောင်ဆရာတော်ကြီး
မိန့်ကြားထားခဲ့သောဩဝါဒ (၂၅)ချက်

(၁) ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်း အားထုတ် ကြ။ သာသနာပပြီဆိုရင် ဝိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ ပိုနစ်နာတယ်။

(၂) တရားအားထုတ်ဖို့တော့ မအားဘူး။ မအားဘူးလို့ ပြောကြတယ်။ သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူး လို့ ပြောလို့ရတာ မဟုတ်ဘူး။

(၃) တရား အားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ အားထုတ်ရတယ်။ မသေချာ မရေရာတဲ့ အ လုပ်တွေတောင်မှ ဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျား လုပ်နေရတာပဲ။ သေချာရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာ ရှိလဲ။ ဆင်းရဲ တစ်ဘဝပေါ့။ တစ်ဘဝတောင်မှ ခဏလေးပါ။

(၄) ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာ ကြားမခိုစေနဲ့။

(၅) တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်းလိမ့် မယ် ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့ အားမထုတ်ချင်လည်းထုတ်။ထုတ်ချင် လည်း ထုတ်ပေါ့။

(၆) ဝိပဿနာတရား အားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ် လည်း ပြောင်းစရာ မလိုဘူး။ ဂူလည်း အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက်မူ ပြောင်းဖို့ လိုတယ်။

(၇) ကိုယ့်ခန္ဓာကိုယ်ရှု သူများအပြစ် သွားရှုမနေနဲ့။ သူများအပြစ် သွားရှုနေ တော့ အမှုပွေတာပေါ့။

(၈) မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရှုမှတ်နိုင်မှ ပတ်၀န်းကျင် ရဲ့လောကဓံတွေကိုလည်း ခံနိုင်ရည် ရှိမယ်။

(၉) တရားအားထုတ်တဲ့အခါ ကိလေသာ ကြားမခိုအောင် နှာသီးဝလေးကို ထိတိုင်း သိနေပါစေ။ ထိတဲ့အပေါ် သတိထား။ သတိထားရင် တရားမြင်မယ်။သတိမထားရင် အမှား၀င်မယ်။

(၁၀) အရိယာ သူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။

(၁၁) လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။

(၁၂) ပထမတော့ တရားကို လူက ဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။အဲဒီအချိန် လူက တရားနောက်ကို လိုက်ဖို့လိုတယ်။

(၁၃) ခန္ဓာကတော့ သူ့တရားသူ ပြနေတာပဲ။ လောဘ ဒေါသ မောဟ ဖုံးနေ တော့ ဘာမှ မသိလိုက်ရ ဘူး။

(၁၄) အားကိုး မမှားစေနဲ့။ မိမိကိုယ်ကို မိမိ အားကိုးရမယ်။

(၁၅) ဘာမဆို အတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ် လောက်ပူပူ အတွင်းက အေး နေတော့ အေးတာပဲ။ အပြင်က ဘယ်လောက် အေးအေး အတွင်းက ပူတော့ ပူတာပဲ။

(၁၆) တရားနှင့် အိပ်စက်ခြင်း တရားနှင့်နိုးထခြင်း၊ တရားနှင့် မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒ တရားပဲ။

(၁၇) လောကီချမ်းသာက တစ်ဘ၀စာ တစ်နပ်စာ။ လောကုတ္တရာ ချမ်းသာကမှ တစ်သံသရာလုံး အေး တာ။ တစ်ဘ၀ တစ်နပ်စာ မလုပ်နဲ့။ တစ်သံသလုံး ရာစာ လုပ်ကြ။

(၁၈) မကောင်းတာ လုပ်တာသာ ကြောက်ရမှာ။ ကေင်းတာလုပ် တာ ကြောက်စရာမလိုဘူး။ မကောင်း တာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာ လုပ်တာ ဘာမလုပ်ရဲစရာရှိသလဲ ?

(၁၉) မဟုတ်လည်း သည်းခံ၊ ဟုတ်လည်း သည်းခံရမှာပဲ။ ခံရမည့် အတူတူ တော့ အခုကတည်းက ခံလိုက်တော့ သံသရာ ပြတ်တာပေါ့။

(၂၀) လောဘ ဒေါသ မောဟ ကင်းအောင် ပြတ်အောင် လုပ်ကြ။ ဖြစ် အောင်လဲ မလုပ်နဲ့။ ပျက်အောင် လဲ မလုပ်နဲ့။ဖြစ်တာပျက်တာ အမြဲ သိနေ ပါစေ။ ဖြစ်အောင်လုပ်တာ လောဘ။
ပျက်အောင်လုပ်တာ ဒေါသ။ဖြစ်တာ ပျက်တာ မသိတာ မောဟ။

(၂၁) စိတ်ကဖြတ်လို့ ပြတ်တာ မဟုတ်ဘူး။ တရားကဖြတ်မှ ပြတ်တာ။ တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေး တယ်။ ပြတ်ပေးတယ်။ ပါယ်ပေးတယ်။

(၂၂) အမြတ်က မရှုံးစေနဲ့။ အရှုံးကသာ မြတ်ပါစေ။ အကုသိုလ်က ကုသိုလ် ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ် မဖြစ်ပါစေနဲ့။

(၂၃) ပုထုဇဉ်တွေ မကောင်းတာ လုပ်တာများ အဆန်းလုပ်မနေနဲ့။ အခု လည်း မကောင်းတာ လုပ်နေ သလို နောင်လည်း မကောင်းတာ လုပ်နေဦး မှာပဲ။ သူတို့ မကောင်းတာနဲ့ ကိုယ်နဲ့ ဘာဆိုင်သလဲ ?ကိုယ့်တရား ကိုယ်ရှုဖို့ပဲ လိုတယ်။

(၂၄) ဘုရားစကား နားလည်အောင်လုပ်။ ဘုရားစကား နားလည်ရင် လော ကစကားတွေအားလုံး နားလည်တယ်။

(၂၅) နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာလည်း များလှပြီ။ ဝိဇ္ဇာဉာဏ်မပါ ဓမ္မတာတောင်း မို့ အာညောင်းရုံပဲ မောဖတ်တင်မည်။ဒါနပြု ကာ အခါခါတောင်းလည်း ငါကောင်းချင်မှု ခုခံနေသည်။
ငါတစ်လုံး ပါယ်ကာ ကွယ်ကာပေးမှလွန်စွာမနှေး နိဗ္ဗာန်မြင်မည်။

ထပ်ဆင့်ကူးယူမျှဝေပူဇော်ပါသည်။

သတ္တဝါခပ်သိမ်းတရားကိန်းအေးငြိမ်းချမ်းသာရှိပါစေ...

မနက်ည မျက်နှာမသစ်ခင် သစ်မယ့်ရေကိုကိုင်ပီးအနည်းဆုံးတခေါက် ရွတ်ကြည့်ပါ။
10/02/2026

မနက်ည မျက်နှာမသစ်ခင် သစ်မယ့်ရေကိုကိုင်ပီးအနည်းဆုံးတခေါက် ရွတ်ကြည့်ပါ။

ကိုယ်စိတ်နှလုံးငြိမ်းအေးစေသောမေတ္တာသုတ်ပရိတ်တရားတော် #မေတ္တာသုတ် #ပရိတ်တော်များ #တရားတော်များ #ဗုဒ္ဓ #ဓမ္မ ...

ကိုယ့်တွေ့အကျိုးထူး 🙏🙏🙏
10/02/2026

ကိုယ့်တွေ့အကျိုးထူး 🙏🙏🙏

ဘုန်းကံကြီးမားအကျိုးများစေရန် နေ့စဉ်ရွတ်ဖတ်ပူဇော်ပါ။ #တရားတော်များ #ပရိတ်တော်များ #ပဌာန်းတရားဒေ...

07/02/2026

Address

Yangon

Telephone

+959966704074

Website

Alerts

Be the first to know and let us send you an email when Thet Htar Shwe Sin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share