13/08/2026
⚠️ အရေးကြီး ကျန်းမာရေး သတိပေးချက် - ရန်ကုန်မြို့တွင်း ဝမ်းလျှော/ဝမ်းပျက် ရောဂါ ဖြစ်ပွားမှုများအပေါ် ဂရုပြုကြပါရန် ⚠️
စာဖတ်သူတို့ရေ... လက်ရှိ ရန်ကုန်မြို့တွင်းမှာ ဝမ်းလျှော/ဝမ်းပျက် ရောဂါ ဖြစ်ပွားသူဦးရေ တိုးမြင့်လာနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာနက တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာလို့ အသိပေးမျှဝေလိုက်ပါတယ်ရှင်။
ထုတ်ပြန်ချက်အရ -
📌 လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား မြို့နယ်များမှာ ဝမ်းလျှော/ဝမ်းပျက် ရောဂါ ဖြစ်ပွားသူတွေ ရှိနေတာမို့ အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။
📌 ကျန်းမာရေးဌာနအနေနဲ့လည်း သက်ဆိုင်ရာ မြို့နယ်တွေမှာ စားသောက်ကုန်နဲ့ ရေအရည်အသွေးတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ မိသားစုကို ကာကွယ်ဖို့အတွက် အောက်ပါအချက်လေးတွေကို အထူးဂရုပြုကြပါရှင် -
✅ ရေကို ကျိုချက်သောက်ပါ - သောက်သုံးရေကို သေချာကျိုချက်ပြီးမှ သောက်သုံးပါ။
✅ အပူပေးစားပါ - အစားအစာများကို ပူပူနွေးနွေးဖြစ်အောင် ပြန်လည်အပူပေးစားသုံးပါ။
✅ လက်ဆေးပါ - အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် စက္ကန့် (၂၀) ကြာ ဆေးကြောပါ။
✅ သန့်ရှင်းမှုရှိပါ - အပြင်စာများ ဝယ်ယူစားသုံးရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိမရှိ ဂရုစိုက်ပါ။
ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများ (ဥပမာ - ဝမ်းခဏခဏသွားခြင်း၊ အန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း) ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာန/ဆေးရုံများမှာ ချက်ချင်း ကုသမှုခံယူကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါနော်... အရေးကြီးတဲ့ သတင်းဖြစ်လို့ မိမိတို့ချစ်ခင်ရသူတွေကိုလည်း Share လုပ်ပြီး အသိပေးလိုက်ပါဦးရှင်။ 🙏🖤