03/02/2026
သွားပိုးစားခြင်းက အသက်သေစေနိုင်တဲ့အထိ ဆိုးရွားပါတယ်
သွားတွေဟာ လူ့ခန္ဓာကိုယ်မှာ အမာကျောဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပေမဲ့ သွားပိုးပေါက်လေး တွေကတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးဝင်ပေါက် တွေပဲ ဖြစ်ပါတယ်
အစပိုင်းမှာ နာကျင်မှု မရှိသေးတဲ့ သွားမျက်နှာပြင်ပေါ် က ပိုးပေါက်လေးဟာ သွားရဲ့ အပေါ်ယံကြွေလွှာ ကိုဖောက်ပြီး သွားအာရုံကြောဆီ ရောက်သွားတဲ့ အခါမှာတော့ ပြင်းထန်တဲ့ ရောင်ရမ်းမှုနဲ့ ပြည်တည်ခြင်းတွေကို စတင်ခံစားရစေမှာပါ
ဒါ့အပြင် သွားဖုံးနဲ့ သွားအာရုံကြောတွေဟာ သွေးကြောတွေနဲ့ တိုက်ရိုက်ဆက်သွယ်နေတာ ဖြစ်ပြီး ဘက်တီးရီးယားတွေဟာ သွေးကြောထဲက တဆင့် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့သွားနိုင် တဲ့ အတွက်…
‣ သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါရှိသူတွေဟာ နှလုံး ရောင်ရမ်းရောဂါ ဖြစ်နိုင်ခြေ ပိုများလာမယ်
‣ သွားအမြစ်ထိပ်ပြည်တည်လာပြီး သွား တွေယိုယွင်းယိုင်နဲ့လာမယ်
‣ ခံတွင်းထဲက ဘက်တီးရီးယားတွေကို ရှူသွင်းမိပြီး အဆုတ်ရောင်ရောဂါ ဖြစလာနိုင်မယ် စတဲ့အချက် တွေကြောင့် မပေါ့ဆသင့်ပါဘူး
ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ခြင်းဖြစ်တဲ့အတွက် Dental Check-up ပုံမှန် ပြုလုပ်မယ်ဆိုရင်တော့ အချိန်မီကာကွယ်နိုင်မှာ ဖြစ်ပါတယ်
သွားပိုးပေါက်တွေကိုစစ်ဆေး ဖာထေးဖို့အတွက် The Grand မှာသင့်သွားကျန်းမာရေး ကိုဂရုစိုက်နိုင်ပါ တယ်နော်
For more details & appointments
The Grand Pun Hlaing
Ph no. - 09 984 94 94 94
Pun Hlaing Hospital - Pun Hlaing Estate Avenue, Hlaing Tharyar Township,Yangon, Myanmar
𝐌𝐚𝐩𝐬 – https://maps.app.goo.gl/RqeFLxvK7tFj63fm7
Website : www.thegranddental.com