Twist Scrunchies

Twist Scrunchies Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Twist Scrunchies, Accessories, Yangon.

ပိုးသားဗြောင်နဲ့ အပွင့်ဒီဇိုင်း ခေါင်းစည်းကြိုးတွေပဲ၀တ်ရတာ ရိုး‌နေပြီလား ❓❓ယူတို့အတွက် အကွက်ဒီဇိုင်းလေးတွေ ဒီမှာလာယူပါ 💖...
07/03/2025

ပိုးသားဗြောင်နဲ့ အပွင့်ဒီဇိုင်း ခေါင်းစည်းကြိုးတွေပဲ၀တ်ရတာ ရိုး‌နေပြီလား ❓❓
ယူတို့အတွက် အကွက်ဒီဇိုင်းလေးတွေ ဒီမှာလာယူပါ 💖

💡 ဈေးတန်ပြီး လူကြိုက်များလွန်းတဲ့
ချည်သားအကွက်ဒီဇိုင်း‌လေးတွေဖြစ်တာမို့
Out of Stock မဖြစ်ခင် အမြန်မှာယူထားလိုက်ပါ။

မင်မင်ကိုယ်တိုင်လုပ်တဲ့ Handmade လေးတွေကိုမှ
အပြင်ပုံလေးတွေလည်း ရိုက်ပြပေးထားတာမို့
စိတ်ချလက်ချ ဝယ်ယူအားပေးနိုင်ပါတယ်။

💰 ဈေးနှုန်း - 1200 ကျပ်
လက်ကား - 800 ကျပ် (လက်ကား ၁၀ ကွင်းကစယူပါရှင့်)

✨ ပထမဆုံး၀ယ်ယူသူ 5 ယောက်ကို Handmade ကလစ်လှလှလေးတစ်စုံ လက်ဆောင်ထည့်ပေးဦးမှာပါ။ ✨

📩 မှာယူချင်ပါက Chat box မှတဆင့် မှာယူနိုင်ပါတယ်။
🚚 မှာယူပြီး နောက်ရက် Deli အပ်ပေးပါတယ်။
ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေရပါတယ်ရှင့်

Twist Hair Accessories - Upgrade your look


29/09/2024

Scrunchie လေးတွေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုမင်မင်video လေးထဲမှာပြောပြထားပါတယ်နော်မင်မင်video လေးကိုအဆုံးထိကြည့်ပေးသွားကြပါအုံးနော်🫶🏻❤️

👉 အခုလိုအကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင် မင်မင်တို့ Page လေးကို 👍 Like & Follow 🫶🏻 လေးလုပ်ပေးသွားကြဦးနော် 🙋🏻‍♀️


သင့်ဆံကေသာ ကျန်းမာပြီး လှပဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ အချက် (၄)ချက်၁) နေ့စဉ် ခေါင်းလျှော်တာကို ရှောင်ပါ။ နေ့စဉ် ခေါင်းလ...
27/09/2024

သင့်ဆံကေသာ ကျန်းမာပြီး လှပဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ အချက် (၄)ချက်

၁) နေ့စဉ် ခေါင်းလျှော်တာကို ရှောင်ပါ။ နေ့စဉ် ခေါင်းလျှော်ခြင်းက ဦးရေပြားပေါ်က သဘာ၀အဆီတွေကို ခြောက်ခမ်းစေတာကြောင့် ‌ဆံသားခြောက်ခြင်း၊ ဗောက်ထခြင်း၊ ဦးရေပြားယားယံခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

၂) ဆံသားခြောက်သွေ့ခြင်းမှ ကာကွယ်ရန် သင့်ဆံပင်အဖျားများကို Conditioner ပုံမှန်အသုံးပြုပေးပါ။

၃) ဆံသားကွဲအက်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းများကို လျှော့ချရန် ဖဲ သို့မဟုတ် ပိုးသားနဲ့ ပြုလုပ်ထားတဲ့ Scrunchie များကို အသုံးပြုပါ။

၄) ဆံသားထိခိုက်ပျက်စီးမှု မဖြစ်စေရန် ဆံပင်ကို ဘီးကျဲဖြင့် ညင်သာစွာ ဖြီးပေးပါ။

ဒီလိုရိုးရှင်းလွယ်ကူတဲ့ အချက်လေးတွေကို ပြုလုပ်ပေးပြီးတော့ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်လိုက်ပါ။

ဒီ(၄)ချက်ထဲမှာ ကိုယ်လုပ်နေကျ အချက်လေးတွေပါရင် ဘယ်နှချက်ပါလဲ ဘယ်နံပါတ်လေးလဲ ဆိုတာလေးကို Comment မှာရေးပေးသွားပါဦး 🤗

👉 အခုလိုအကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင် မင်မင်တို့ Page လေးကို 👍 Like & Follow 🫶🏻 လေးလုပ်ပေးသွားကြဦးနော် 🙋🏻‍♀️


Scrunchie နဲ့ သာမန် Elastic ခေါင်းစည်းကြိုး ဘယ်တစ်ခုက ပိုကောင်းလဲ ဘယ်တစ်ခုကို ရွေးချယ်သင့်လဲ❓👇👇👇Scrunchie နဲ့ သာမန် Elas...
26/09/2024

Scrunchie နဲ့ သာမန် Elastic ခေါင်းစည်းကြိုး ဘယ်တစ်ခုက ပိုကောင်းလဲ ဘယ်တစ်ခုကို ရွေးချယ်သင့်လဲ❓
👇👇👇
Scrunchie နဲ့ သာမန် Elastic ခေါင်းစည်းကြိုး ဘယ်တစ်ခုကို ရွေးချယ်သင့်လဲဆိုတာ စဉ်းစားလို့ရအောင် သူတို့ရဲ့ ကွာခြားချက်(၄)မျိုးကို ဖော်ပြပေးလိုက်ပါတယ် ...

(၁) Scrunchie ကနူးညံ့တဲ့ပိတ်စသားတွေကို အသုံးပြုထားပြီး Elastic ခေါင်းစည်းကြိုးတွေကတော့ ရာဘာသားကိုပဲအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် Scrunchie တွေက quality ပိုင်းရောအမြင်ပိုင်းမှာပါပိုပြီးတော့တင့်တယ်လှပပါတယ်။

(၂) Scrunchie တွေက ဆံပင်စည်းထားတဲ့အချိန် ဆံပင်ကို ဆွဲတင်းထားသလို မဖြစ်စေဘဲ သက်သောင့်သက်သာရှိစေပြီးတော့ Elastic ခေါင်းစည်းကြိုးကို အချိန်ကြာမြင့်စွာ စည်းထားမယ်ဆိုရင်‌တော့ ဆံပင်ကျွတ်ခြင်း၊ ခေါင်းကိုက်ခြင်းတွေကို ဖြစ်စေပါတယ်။

(၃) Scrunchie တွေကအမြင်တင့်တယ်လှပတဲ့အတွက်ကြောင့်ဘယ်လို style / fashion ဘယ်လို outfit မျိုးနဲ့မဆို လိုက်ဖက်ပြီးတော့ Elastic တွေက အရမ်းရိုးရှင်းလွန်းတဲ့အတွက် fashion တိုင်းနဲ့ လိုက်ဖက်မှုသိပ်မရှိဘူးလို့ ခံစားရစေတယ်။

(၄) နောက်ဆုံးအချက်အနေနဲ့ကတော့ Elastic တွေက တစ်ခါသုံးဖြစ်ပြီး ကြာရှည်အသုံးမပြုနိုင်သည့်အပြင် များသောအားဖြင့်ဓာတုပစ္စည်းများဖြင့်ပြုလုပ်ထားသောကြောင့် သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်စေပါဘူး။ Scrunchie တွေက တစ်ခါသုံးပြီးလဲပြန်လည်လျှော်ဖွတ်ပြီးထပ်မံအသုံးပြုနိုင်သည့်အပြင် အချိန်ကြာမြင့်စွာအသုံးပြုလဲ အရောင်ဖျော့ခြင်းနွမ်းခြင်းတွေကို မဖြစ်စေပါဘူး။

ဒီအချက်လေးတွေ ဖတ်ကြည့်ပြီး Scrunchie နဲ့ Elastic ခေါင်းစည်းကြိုး နှစ်မျိုးထဲက ကိုယ့်အနေနဲ့ ဘယ်တစ်ခုကို ပိုကြိုက်လဲ ဘယ်တစ်ခုကို ရွေးချယ်မလဲ ဆိုတာလေးကို Comment မှာရေးပေးသွားပါဦး 🤗

👉 အခုလိုအကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင် မင်မင်တို့ Page လေးကို 👍 Like & Follow 🫶🏻 လေးလုပ်ပေးသွားကြဦးနော် 🙋🏻‍♀️


Scrunchie ခေါင်းစည်းကြိုးကို 1980 နှောင်းပိုင်းမှာ တီထွင်ခဲ့တယ်ဆိုတာကို သင်သိပါသလား။❓❓❓Scrunchie ကို 1960 ခုနှစ်များအတွင...
15/09/2024

Scrunchie ခေါင်းစည်းကြိုးကို 1980 နှောင်းပိုင်းမှာ တီထွင်ခဲ့တယ်ဆိုတာကို သင်သိပါသလား။❓❓❓

Scrunchie ကို 1960 ခုနှစ်များအတွင်းမှာ တီထွင်ခဲ့သော်လည်း Rommy Hunt Revson မှ 1987 ခုနှစ်တွင် မူပိုင်ခွင့်တင်ခဲ့ပါတယ်။ သူမဟာ အဲ့ဒီအချိန်တုန်းကအသုံးပြုခဲ့ကြတဲ့ Metal Hair Tie တွေကိုအစားထိုးနိုင်ဖို့ ပျော့ပြောင်းတဲ့ အထည်ကို အသုံးပြုပြီး Scrunchie ရဲ့ပထမဆုံးပုံစံကို ဖန်တီးခဲ့ပါတယ်။

Scrunchie လို့ အမည်ပေးရခြင်းမှာ အထည်ပုံစံ "တွန့်"နေတဲ့ အသွင်အပြင်ကြောင့် ဖြစ်ပါတယ်။ 1980 နဲ့ 1990 ခုနှစ်တွေမှာ စတိုင်လ်ကျတဲ့ ဖက်ရှင်အဖြစ် ကျော်ကြားခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာ နာမည်ကျသွားခဲ့ပေမယ့်လည်း 2010 ခုနှစ်တွေကစပြီး တစ်ကျော့ပြန် ပြန်လည်လူကြိုက်များလာခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ မတူညီတဲ့ အရောင်၊ ဒီဇိုင်း၊ အထည်အမျိုးမျိုးနဲ့ ထုတ်လုပ်လာကြတာကိုတွေ့ရပါတယ်။ သက်သောင့်သက်သာနဲ့ ခေတ်မီ ဆွဲဆောင်မှုရှိပြီး ဆံပင်နှင့်လိုက်ဖက်တဲ့ ဒီဇိုင်းတွေကြောင့် ယနေ့ခေတ်လူငယ်တွေက လက်ခံလာကြပါတယ်။

✌️အခုလို Hair Accessories နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို စိတ်၀င်စားတယ်ဆိုရင် မင်မင်တို့ရဲ့ Page လေးကို 👉 Like & Follow 👈လေးလုပ်ထားပြီး နောက်ထပ်တင်ပေးသွားမယ့် Hair Care Tips နဲ့ Hairstyling Tutorial တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် …..

14/09/2024

ရုံးသွား ကျောင်းသွား အဆင်ပြေစေမယ့် လွယ်ကူရိုးရှင်းတဲ့ ဆံပင်ပုံစံ (၃) မျိုး
👇👇👇
လွယ်ကူရိုးရှင်းတဲ့ ဆံပင်ပုံစံ (၃) မျိုးကို Scrunchies ခေါင်းစည်းကြိုးလေး အသုံးပြုပြီး ပြုလုပ်ပြပေးသွားမှာမို့ မင်မင်နဲ့အတူတူလိုက်လုပ်ကြည့်ကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်နော် .....

Video လေးအဆုံးအထိကြည့်ပြီးရင် ဘယ်ဆံပင်ပုံစံလေးကိုအကြိုက်ဆုံးလဲဆိုတာ Comment မှာရေးပေးသွားပါဦး ချစ်တို့ရေ .....

✌️အခုလို Hairstyling Tutorial လေးတွေကို စိတ်၀င်စားတယ်ဆိုရင် မင်မင်တို့ရဲ့ Page လေးကို
👉 Like & Follow 👈လေးလုပ်ထားပြီး နောက်ထပ်တင်ပေးသွားမယ့် Hair Care Tips နဲ့ Hairstyling Tutorial တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် 🤗

ပိုးသားခေါင်းစီးကြိုး(Silk Scrunchies) အသုံးပြုခြင်းဖြင့် သင်ရရှိမယ့် အကျိုးကျေးဇူး (၄)ခု👇👇👇ပိုးသားခေါင်းစည်းကြိုး(Silk ...
13/09/2024

ပိုးသားခေါင်းစီးကြိုး(Silk Scrunchies) အသုံးပြုခြင်းဖြင့် သင်ရရှိမယ့် အကျိုးကျေးဇူး (၄)ခု
👇👇👇
ပိုးသားခေါင်းစည်းကြိုး(Silk Scrunchies)လေးတွေဟာ
(၁) ဆံပင်ပြတ်ခြင်း၊ ဆံပင်ကျိုးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေကို မဖြစ်စေပါဘူး။
(၂) စည်းထားတဲ့အခါမှာ ဦးခေါင်းကိုဆွဲတင်းထားသလိုမျိုး မဖြစ်စေတဲ့အတွက် ဦးရေပြားနာကျင်ခြင်းနဲ့ ဇာတ်ကြောတက်ခြင်းတို့ မဖြစ်စေပါဘူး။
(၃) ဆံပင်ငြိခြင်း၊ ရှုပ်ခြင်းတွေ မဖြစ်စေပါဘူး။
(၄) ပေါ့ပါးပြီးလှပတင့်တယ်တဲ့အတွက်ကြောင့် အချိန်နေရာမရွေး အလွယ်တကူ၀တ်ဆင်လို့ရပြီး၊ Outfit Style မျိုးစုံနဲ့လဲ လိုက်ဖက်မှုရှိပါတယ်။

အခုပြောပြပေးသွားတာ‌တွေကတော့ ပိုးသားခေါင်းစည်းကြိုး (Silk Scrunchies)လေးတွေ အသုံးပြုခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးလေးတွေပဲဖြစ်ပါတယ်ရှင့်.....

✌️အခုလို အကြောင်းအရာလေးတွေကို စိတ်၀င်စားတယ်ဆိုရင် မင်တို့ရဲ့ Page လေးကို 👉 Like & Follow 👈 လေးလုပ်ထားပြီး နောက်ထပ်တင်ပေးသွားမယ့် Hair Care Tips နဲ့ Hairstyling Tutorial တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

ခေါင်းစည်းကြိုးအသုံးပြုရာတွင် ဆံပင်မပျက်စီးစေဖို့ သင်သိထားသင့်တဲ့နည်းလမ်း(၆)ခု👇👇👇ခေါင်းစည်းကြိုးတွေဟာ ဆံပင်ကို သပ်ရပ်စေဖ...
08/09/2024

ခေါင်းစည်းကြိုးအသုံးပြုရာတွင် ဆံပင်မပျက်စီးစေဖို့ သင်သိထားသင့်တဲ့နည်းလမ်း(၆)ခု
👇👇👇
ခေါင်းစည်းကြိုးတွေဟာ ဆံပင်ကို သပ်ရပ်စေဖို့ အသုံးပြုရလွယ်ကူသလို၊ အလှဆင်ဖို့အတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ သို့သော် ခေါင်းစည်းကြိုးအသုံးပြုပုံမမှန်ရင် ဆံပင်ပျက်စီးသွားနိုင်ပါတယ်။ ဒီနေ့မှာတော့ ခေါင်းစည်းကြိုးအသုံးပြုရာမှာ သင့်ဆံပင်ပျက်စီးမှုမရှိစေမယ့် နည်းလမ်း(၆)ခုကိုပြောပြပေးလိုက်ပါတယ်။

၁။ သင့်တော်တဲ့ ခေါင်းစည်းကြိုးကို ရွေးချယ်ပါ။ 💯✔️
- Scrunchies: သမားရိုးကျ elastic ခေါင်းစည်းကြိုးတွေထက် Scrunchies တွေက ဆံပင်ကို ပိုမိုနူးညံ့စေပါတယ်။ အထူးသဖြင့် fabric နဲ့အုပ်ထားလို့ ပွတ်တိုက်မှုလျော့နည်းစေပြီး ဆံပင်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
- Silk Hair Ties: ဆံပင်ပျက်စီးမှုမရှိစေဖို့ ပိုးသား ဒါမှမဟုတ် အခြားနူးညံ့တဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ခေါင်းစည်းကြိုးကိုသာအသုံးပြုပါ။
- Spiral Hair Ties: စပရိန်ကြိုးလို့ခေါ်ကြတဲ့ ဒီ Spiral Hair Ties လေးတွေက ဆံပင်နဲ့ထိတွေ့တဲ့နေရာတိုင်းမှာ ဖိအားကိုအညီအမျှဖြစ်စေတာမို့ ဆံပင်ပျက်စီးမှုကို လျော့ပါးစေနိုင်ပါတယ်။

၂။ ဆံပင်ကို အလွန်တင်းကျပ်နေအောင်စည်းတာမျိုး မလုပ်ပါနဲ့။ 🙅
- ဆံပင်ကို အလွန်တင်းကျပ်နေအောင်စည်းခြင်းက ဆံပင်မွှေးညင်းများပေါ်တွင် ဖိအားများစေပြီး ဆံသားပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် ponytail လို ဆံပင်ကိုအထပ်ထပ်အပြင်းအထန်စည်း‌နှောင်ခြင်းတွေက ဆံပင်အရင်းကို ထိခိုက်စေနိုင်တဲ့အတွက် ဖြစ်နိုင်ရင် လျော့ရဲတဲ့ ဆံပင်ပုံစံတွေကိုသာ ရွေးချယ်ပါ။

၃။ Ponytail စည်းတဲ့နေရာကို အလှည့်ကျပြောင်းပါ။ 💁
- အမြဲတမ်းအမြင့်ပိုင်းမှာပဲ ဆံပင်ကို စည်းထားခြင်းက အချို့‌နေရာတွေကိုပိုမိုပျက်စီးစေနိုင်ပါတယ်။ မတူညီတဲ့နေရာတွေကို အလှည့်ကျပြောင်းပြီး စည်းပေးမယ်ဆိုရင် ဆံပင်ပျက်စီးမှုကနေ ပိုမိုကာကွယ်ပေးနိုင်ပါတယ်။

၄။ ဆံပင်ရေစိုနေချိန် ခေါင်း(လုံး၀)မစည်းပါနဲ့။ 🙅
- စိုစွတ်နေတဲ့ဆံပင်က ပိုနုနယ်ပြီး ကျိုးလွယ်တာမို့ ခေါင်းစည်းကြိုးကို ဆံပင်ခြောက်မှသာ အသုံးပြုပါ။ ဆံပင်စိုစွတ်နေချိန် မဖြစ်မနေ ချည်ထားရန် လိုအပ်ပါက Scrunchies လိုနူးညံ့တဲ့ ခေါင်းစည်းကြိုးကိုသာ အသုံးပြုပေးပါ။

၅။ သတ္တုပါတဲ့ ခေါင်းစည်းကြိုးတွေမသုံးပါနဲ့။ 🙅
- သတ္တုပါတဲ့ ခေါင်းစည်းကြိုးတွေက ဆံပင်ပျက်စီးစေနိုင်တာမို့ နူးညံ့တဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းစီးကြိုးကိုသာ အသုံးပြုပါ။

၆။ သင့်ဆံပင်ကို အနားယူဖို့အချိန်ပေးပါ။ 😌
- အချိန်ကြာမြင့်စွာ ခေါင်းစည်းထားခြင်းက သင့်ဆံပင်ကို ပိုထိခိုက်စေနိုင်ပါတယ်။ အိမ်မှာနေတဲ့အချိန်နဲ့ အနားယူတဲ့အချိန်တွေမှာ သက်သောင့်သက်သာရှိနေစေဖို့ သင့်ဆံပင်ကို အနားယူဖို့အချိန်ပေးလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းက သင့်ဆံပင်ကိုကျန်းမာစွာ ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။

✌️အခုလို Hair Care Tips လေးတွေကို စိတ်၀င်စားတယ်ဆိုရင် "Twist Collection" page လေးကို 👉 Like & Follow 👈လေးလုပ်ထားပြီး နောက်ထပ်တင်ပေးသွားမယ့် Hair Care Tips နဲ့ Hairstyling Tutorial တွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Twist Scrunchies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category