Kitty Baby Clothing

Kitty Baby Clothing Kids clothes creation and design most comfortable for kids.

Let’s do this!
14/03/2025

Let’s do this!

Just be nice ပါဗျာ။Photo Crd ပါ။
27/04/2024

Just be nice ပါဗျာ။
Photo Crd ပါ။

03/09/2021

"ရွေးချယ်နိုင်ခွင့် = အဆင့်အတန်း"

စာရေးဆရာ ရော့ဒိုဘယ်လီက ပြောဖူးပါတယ်၊ "လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူတို့မှာ ဘယ်လောက်ရွေးချယ်ခွင့် ရှိသလဲ ဆိုတာနဲ့ တိုင်းတာရတယ်" တဲ့။

ဥပမာ ကိုယ့်မှာ ငွေ ၁၀ သိန်းရှိတယ်ဆိုရင် ဘယ်ဖုန်းကိုမဆို ၀ယ်လို့ရတယ်၊ ရွေးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်မှာ ၃ သိန်းပဲရှိတယ် ဆိုရင်တော့ ရွေးချယ်စရာ ဖုန်းက နည်းသွားပြီ။ ရွေးစရာ များတဲ့သူက အဆင့်အတန်း ပိုမြင့်တယ်လို့ သတ်မှတ်နိုင်တဲ့ သ​ဘော။

တစ်ဦးချင်းစီအ​နေနဲ့လည်း စဥ်းစားလို့ ရသလို၊ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံအ​နေနဲ့လည်း ဒီအချက်နဲ့ ချိန်ထိုးတိုင်းတာလို့ ရတယ်။ ဒီနိုင်ငံ တိုးတက်၊ မတိုးတက်ကို သူတို့ပြည်သူ​တွေမှာ ဘယ်​လောက် ​​ရွေးချယ်စရာ များသလဲ ကြည့်လိုက်ရုံနဲ့ အကြမ်းဖျင်း သိနိုင်ပါတယ်။

ကိုယ့်ရဲ့ အသက်​မွေးဝမ်း​ကျောင်းအလုပ် (Profession) ကို ရွေးရတော့မယ် ဆိုပါ​တော့။ နိုင်ငံတကာမှာ ဆိုရင်တော့ လူငယ်တွေဟာ သူတို့ဖြစ်ချင်တာ ဖြစ်ပိုင်ခွင့် ရှိတယ်။ အားကစားသမား လုပ်မလား၊ အနုပညာရှင် လုပ်မလား၊ အာကာသထဲ သွားလေ့လာမလား၊ YouTuber လုပ်မလား၊ စာရေးဆရာအဖြစ် ရပ်တည်မယ်ဆိုရင်လည်း ကောင်းကောင်းမွန်မွန် ​နေနိုင်ရုံမက သန်းကြွယ်သူဌေးတောင် ဖြစ်နိုင်သေးတယ်။ ဒီမှာကျ ဒီလိုမဟုတ်ဘူး။ ရွေးချယ်စရာ အင်မတန် နည်းတယ်။ ဒါ​ကြောင့် မြန်မာနိုင်ငံဟာ လူငယ်​တွေအတွက် ​ရေခံ​မြေခံ​ကောင်းတဲ့ ​နေရာတစ်ခု ဖြစ်မ​နေပါဘူး။

ကြား ၁၀ နှစ်မှာ​တော့ အတိုင်းအတာတစ်ခုထိ ​ရွေးစရာ​တွေ ​ပေါလာခဲ့​သေးတယ်။ အလုပ်အကိုင် အခွင့်အလမ်း​တွေလည်း များလာတယ်။ နယ်ပယ်အသီးသီးမှာ ​ရွေးစရာ​တွေ များလာတယ်။

အရင်က ဖုန်းဆို MPT ပဲ ရှိတယ်။ ​​ဈေးကြီးလည်း ဒါပဲ သုံး၊ လိုင်းမ​ကောင်းလည်း ဒါပဲ သုံး။ နောက်ကျ ​အူရီဒူး၊ တယ်လီ​နော် စသဖြင့် ရှိလာတယ်။

​ဆေးရုံ​တွေ၊ ဖတ်စရာ စာအုပ်​တွေ၊ ရုပ်သံလိုင်း၊ ​ရေဒီယိုလိုင်း​တွေ၊ ဘဏ်​တွေ၊ ​ဈေးဝယ်စင်တာ​တွေ အများကြီး ဖြစ်လာတယ်။ ​ပြောရရင်​ အဲဒီ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံဟာ ရုပ်ဝတ္ထုအားဖြင့်​တော့ နည်းနည်း​လေး တိုးတက်လာတယ် ဆိုရမယ်။

ခု​တော့ ​စစ်တပ်က မတရား အာဏာသိမ်းပြီး ၇ လ​ကျော်ကာလအတွင်းမှာ တိုင်းပြည်ဟာ အဘက်ဘက်မှာ နောက်ပြန်​ရောက်သွားတယ်။ ပွင့်လင်းစ Digital business ​တွေ ရပ်တန့်ကုန်တယ်။ Cashless ​ခေတ်ကို သွားရမဲ့အစား ​ငွေစက္ကူ​တွေကို အသည်းအသန် လိုက်ရှာရတဲ့ ကာလပြန်ဖြစ်သွားတယ်။ နိုင်ငံတကာ လုပ်ငန်း​တွေ တစ်ခုပြီးတစ်ခု ရပ်တန့်သွားတယ်။ ဒါ​တွေသည် ငြင်းမရတဲ့ အမှန်တရား​တွေ ဖြစ်တယ်။ (ပြင်ပ​လောကမှာ ဘာ​တွေ ဘယ်လို တိုးတက်ဖြစ်ထွန်း​​နေကြတယ် ဆိုတာ သိ​လောက်တဲ့ ဗဟုသုတနဲ့ ဥာဏ်ပညာ ရှိမ​နေရင်​တော့ မသိနိုင်ဘူး​​ပေါ့။)

​ရွေးချယ်စရာ​တွေ နည်း နည်းလာတယ် ဆိုတာဟာ တစ်နည်းအားဖြင့် ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ​နောက်ဆုတ်သွားတယ်​ ဆိုတဲ့ အဓိပ္ပါယ်ပဲ။ GDP ​တွေ ဘာ​တွေ​တောင် တွက်​နေစရာ မလိုဘဲ အလွယ်​လေး သိနိုင်တာမျိုး။ ဒါ​ကြောင့် ​ဒီတော်လှန်​ရေး ​အောင်မြင်ဖို့ လိုတယ်။ မဟုတ်ရင် ဒီထက် ဆိုးတဲ့ အ​ခြေ​အ​နေ ​ရောက်သွားလိမ့်မယ်။

၂၀၂၁ ​နွေဦး​တော်လှန်​ရေးကို ၈၈ နဲ့ ချိန်ထိုးကြည့်။ အများကြီး ကွာခြားသွားတာကို ​တွေ့ရပါလိမ့်မယ်။ ၈၈ ရဲ့ သင်ခန်းစာ​တွေ ကျ​နော်​တို့ ရခဲ့တယ်။ နည်းပညာရဲ့ အားကို ယူနိုင်တယ်။ လူငယ်​တွေ အမြင်ပွင့်လင်းလာတယ်။ အမှန် အမှားကို ​ကောင်း​ကောင်းခွဲခြားလာနိုင်တယ်။ မှိုင်းတိုက်ရ၊ ဝါဒဖြန့်ရ သိပ်မလွယ်​တော့ဘူး။ ပြည်တွင်းက လူ​တွေရဲ့ စုစည်းမှု၊ ​တောင့်ခံနိုင်မှုအပြင် နိုင်ငံခြား​ရောက် မြန်မာ​တွေရဲ့ ​ငွေ​​ကြေးနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကူညီမှု​တွေကလည်း အများကြီး အ​ထောက်အကူ ဖြစ်တယ်။ ဒါဟာ ​ရှေ့မျိုးဆက်ထက် ​နောက်မျိုးဆက်က အဆင့်မြင့်လာခြင်းကို ပြ​နေတာပဲ။ ၂၁ က လူငယ်​တွေ ပို​တော်လို့ ဆိုတာထက် ​ခေတ်ရဲ့ ပံ့ပိုးမှုကို ရ​လေ​လေ၊ လူ​တွေဟာ ပိုပြီး အမြင်ကျယ်လာ၊ လုပ်နိုင်ကိုင်နိုင်လာ​လေပဲ ဆိုတာကို သိ​​စေချင်တာ ဖြစ်ပါတယ်။

ဒါ​ကြောင့် လူငယ်​တွေကို ဘယ်လိုကြိုးစားကြပါ ဆိုတာမျိုး ​ပြော​နေတာအပြင် သူတို့အတွက် ​ရေခံ​မြေခံ ​ကောင်းတဲ့၊ အခွင့်အလမ်း​တွေ၊ ရွေးချယ်စရာ​တွေ ​​ပေါများတဲ့ အ​ခြေအ​နေတစ်ခုကိုလည်း ဖန်တီး​ပေးခဲ့ဖို့၊ ချန်ထား​ပေးခဲ့ဖို့ လိုပါမယ်။

နယူတန်ရဲ့ စကားကို ကိုးကားရရင်​တော့ လက်ရှိမျိုးဆက်ဟာ နောက်မျိုးဆက်ကို ကိုယ့်ပခုံးပေါ် တက်ကြည့်ခွင့် မပေးခဲ့နိုင်ဘူးဆိုရင် အဲဒီမျိုးဆက်ကို ညံ့တယ်လို့ပဲ ပြောရပါလိမ့်မယ်။

ကျွန်တော်တို့ မညံ့ချင်ဘူး၊ ညံ့တယ်လို့လည်း အ​ပြောမခံရချင်ဘူး ဆိုရင် ရှင်းပါတယ်။ ​ရွေးချယ်စရာ များများစားစားရှိတဲ့ ဝန်းကျင်တစ်ခု ပြန်ရလာ​အောင် ကြိုးစားကြဖို့ပါပဲ။

ဒေါက်တာဖြိုးသီဟ
၃.၉.၂၀၂၁

Address

Yangon
0081

Website

Alerts

Be the first to know and let us send you an email when Kitty Baby Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share