Poe’s Clothing Collections

Poe’s Clothing Collections "𝐒𝐦𝐢𝐥𝐞 𝐰𝐢𝐭𝐡 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞"

လူကြားထဲ လမ်းလျှောက်ရင် ကိုယ့်ကိုယ်ကို Confidence အပြည့်နဲ့ "ငါကတော့ အမိုက်ဆုံးပဲ" လို့ ခံစားရဖို့ဆိုတာ ကိုယ့်အရပ်နဲ့ လိ...
17/02/2026

လူကြားထဲ လမ်းလျှောက်ရင် ကိုယ့်ကိုယ်ကို Confidence အပြည့်နဲ့ "ငါကတော့ အမိုက်ဆုံးပဲ" လို့ ခံစားရဖို့ဆိုတာ ကိုယ့်အရပ်နဲ့ လိုက်ဖက်တာလေးတွေ ရွေးဝတ်တတ်ဖို့ပဲ လိုတာပါ။

​အရပ်ပုတာ၊ ရှည်တာက အရေးမကြီးဘူးနော်၊ Styling နည်းလမ်းလေးတွေ သိထားရင် ဘယ်သွားသွား "Queen" ဖြစ်နေမှာပဲ။

ကဲ... သဲလေးတို့ ပိုစမတ်ကျသွားစေမဲ့ နည်းလမ်းလေးတွေကို မင်မင်နဲ့အတူတူ လေ့လာကြည့်ရအောင်...

​၁။ Petite လေးတွေ (အရပ်ပုတဲ့ သဲလေးတို့အတွက်) 🧸

အဓိက ကတော့ ခြေထောက်လေးတွေကို ပိုရှည်သွားသလို ထင်ရအောင် "Magic" ဖန်တီးဖို့ပါပဲ။

​Vertical Lines & V-Necks: အစင်းကြောင်း ဒေါင်လိုက်လေးတွေ ဝတ်ရင် လူက ပိုရှည်သွားသလို မြင်ရစေတယ်။ လည်ပင်းဟိုက် (V-neck) လေးတွေကလည်း လည်ပင်းကို ပိုရှည်စေလို့ သဲလေးကို ပိုမြင့်သွားသလို ဖြစ်စေမှာပါ။

​High-Waist: ခါးမြင့်ဘောင်းဘီ ဒါမှမဟုတ် ခါးမြင့်စကတ်လေးတွေက ခြေထောက်ကို အရှည်ကြီး ဖြစ်သွားစေတာမို့ ဒါက "Must Have" ပဲနော်။

​Tucking In: အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ပါ။ ဒါက ခန္ဓာကိုယ် အချိုးအစားကို ပိုပေါ်စေပြီး ကြည့်ရတာ ပိုသပ်ရပ်ပြီး မြင့်သွားသလို ထင်ရစေပါတယ်နော်...

​💡 Trick လေးတစ်ခု: တစ်ကိုယ်လုံးကို အရောင်တစ်မျိုးတည်း (Monochrome) ဝတ်တာက လူကို ပိုမြင့်ပြီး ရှည်ရှည်လေးနဲ့ ကြည့်ကောင်းစေတယ်နော်။

​၂။ Tall Girls (အရပ်ရှည်တဲ့ သဲလေးတို့အတွက်) 🦒
အရပ်ရှည်တာက Model တွေလို ကျော့ကျော့မော့မော့လေးနဲ့ အရမ်းမိုက်တာ။ အဲ့ဒါကို ပိုပေါ်လွင်အောင်...

​Maxi Dresses & Long Cardigans: အရပ်ရှည်တဲ့သူတွေရဲ့ အားသာချက်က ဂါဝန်ရှည်တွေ၊ ကုတ်အင်္ကျီရှည်တွေကို အထာကျကျ ဝတ်လို့ရတာပဲ။ ဝတ်လိုက်ရင် တကယ့်ကို Model Look ထွက်သွားစေမှာပါနော်...

​Belts: ခါးပတ်အပြားကြီးကြီးလေးတွေ သုံးပြီး ခန္ဓာကိုယ် အချိုးအစားကို ခွဲပြလိုက်ပါ။ ဒါဆိုရင် အရပ်အရမ်းရှည်လို့ ကို့ယို့ကားယား ဖြစ်နေသလို မခံစားရတော့ဘူးပေါ့။

​💡 Style အသစ်လေးတွေ: အောက်ကားဘောင်းဘီ (Flared Pants) တွေနဲ့ လိုက်ဖက်သလို၊ ခန္ဓာကိုယ်ထက် နည်းနည်းကြီးတဲ့ Oversized အင်္ကျီတွေကိုလည်း ယုံကြည်မှုရှိရှိ ဝတ်လိုက်တော့နော်...

​✨အရပ်အနိမ့်အမြင့်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။ အရေးကြီးဆုံးက သဲလေးက ကိုယ့်ကိုယ်ကို ဘယ်လောက်ချစ်ပြီး ယုံကြည်မှု ရှိသလဲဆိုတာပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူက ဘာဝတ်ဝတ် အလှဆုံးနဲ့ အထက်တန်းအကျဆုံးပဲ ဆိုတာ မမေ့နဲ့နော်! ✨

​



✨တစ်နေကုန် အလုပ်ကိစ္စတွေနဲ့ စိတ်ပင်ပန်းနေပြီလား?တစ်ခါတလေမှာ မိန်းကလေးတစ်ယောက်အတွက် အကောင်းဆုံး ကုထုံးက ကိုယ့်ကိုယ်ကို အခ...
13/02/2026

✨တစ်နေကုန် အလုပ်ကိစ္စတွေနဲ့ စိတ်ပင်ပန်းနေပြီလား?

တစ်ခါတလေမှာ မိန်းကလေးတစ်ယောက်အတွက် အကောင်းဆုံး ကုထုံးက ကိုယ့်ကိုယ်ကို အချိန်ပေးပြီး လှပတဲ့ အရာလေးတွေနဲ့ စိတ်အပန်းဖြေလိုက်ဖို့ပါပဲ။

ဒါကြောင့်မိုလို့ သဲလေးတို့ကို ပိုပြီးချစ်ဖို့ကောင်းသွားစေမဲ့ "Sweetie Set" လေးကို "Poe's Clothing Collections"ကနေထုတ်ပေးလိုက်ပါပြီနော်...💖

ဒီ Set လေးရဲ့ အဓိက အားသာချက်က "ပေါ့ပါးမှု " ပါပဲ။ ဝတ်လိူက်တာနဲ့ ချစ်ဖို့ကောင်းသွားစေမဲ့အပြင် ဝတ်ထားမှန်းမသိရအောင် နူးညံ့အေးမြတဲ့ ချည်သားကို သုံးထားလို့ တစ်နေ့တာလုံးကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်မှာပါ။

Size Chart
(S - ရင်34,ခါး25ထိရ)
(M- ရင်37, ခါး27ထိရ)

Skirt Length - 14"

Color - Light Pink, Sky Blue, Khaki Yellow

Price - 39500ks

"𝐒𝐦𝐢𝐥𝐞 𝐰𝐢𝐭𝐡 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞"




မိန်းကလေးတစ်ယောက်အတွက် အဝတ်အစားဆိုတာ ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့သက်သက် မဟုတ်ပါဘူး။ အဝတ်အစား ရွေးချယ်မှု မှန်ကန်ခြင်းနဲ့ မ...
21/01/2026

မိန်းကလေးတစ်ယောက်အတွက် အဝတ်အစားဆိုတာ ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့သက်သက် မဟုတ်ပါဘူး။ အဝတ်အစား ရွေးချယ်မှု မှန်ကန်ခြင်းနဲ့ မှားယွင်းခြင်းဟာ သဲလေးတို့ရဲ့ တစ်နေ့တာ စိတ်နေစိတ်ထားအပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိလဲဆိုတာကို မျှဝေပေးချင်ပါတယ်...✨

​❌ အဝတ်အစား (သို့) Style ရွေးချယ်မှု မှားယွင်းခြင်းရဲ့ ဆိုးကျိုးများ

​၁။ ယုံကြည်မှု ပျောက်ဆုံးခြင်း

ကိုယ်နဲ့ မလိုက်ဖက်တဲ့ အဝတ်အစား၊ ဒါမှမဟုတ် အရည်အသွေးညံ့တဲ့ အထည်တွေကို ဝတ်ဆင်ထားတဲ့အခါ တစ်နေကုန် "ငါ့ကြည့်ရတာ တစ်မျိုးဖြစ်နေမလား" ၊ "အကျီက ပုံပျက်နေမလား" ဆိုတဲ့ သံသယတွေက သဲလေးတို့ကို စိုးရိမ်စိတ် မြင့်တက်စေပါတယ်။ အဲဒီအခါမှာ ကိုယ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားတတ်ပါတယ်။

​၂။ First Impression အားနည်းခြင်း

လူတစ်ယောက်ဟာ တခြားသူတစ်ယောက်ကို မြင်မြင်ချင်း ၃ စက္ကန့်မှာတင် အကဲဖြတ်ပါတယ်။ သပ်ရပ်မှုမရှိတဲ့ ဝတ်စားဆင်ယင်မှုဟာ သဲလေးတို့ရဲ့ အရည်အချင်းကို မပြခင်မှာတင် လူတွေရဲ့ လေးစားမှုကို လျော့နည်းသွားစေနိုင်ပါတယ်။

​၃။ စိတ်နေစိတ်ထား ညှိုးနွမ်းခြင်း

အသားမကောင်းတဲ့ အထည်တွေကြောင့် ယားယံတာ၊ ဝတ်ရတာ သက်သောင့်သက်သာမရှိတာတွေဟာ သဲလေးတို့ကို စိတ်တိုလွယ်စေပြီး မျက်နှာပေါ်က "အပြုံး" တွေကို ပျောက်ကွယ်သွားစေပါတယ်။

အဝတ်အစား ရွေးချယ်မှု မှားယွင်းလို့ သဲလေးတို့ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးမသွားစေဖို့နဲ့ မျက်နှာပေါ်မှာ အမြဲတမ်း ပျော်ရွှင်တဲ့ အပြုံးလေးတွေ ရှိနေဖို့အတွက် မင်မင်တို့ "Poe's Clothing Collections"ရှိနေပါပြီနော်...💞




✨မင်မင်တို့ရဲ့ New Collectionမကြာခင် ပေါ်ထွက်လာပါတော့မယ်နော်❗
20/01/2026

✨မင်မင်တို့ရဲ့ New Collectionမကြာခင် ပေါ်ထွက်လာပါတော့မယ်နော်❗




"မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တဲ့အခါ... ပုံမှန်ထက် ပိုပြီးချစ်ဖို့ကောင်းသွားတာကို မြင်လိုက်ရတဲ့ အခိုက်အတန့်" အ...
19/01/2026

"မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တဲ့အခါ... ပုံမှန်ထက် ပိုပြီးချစ်ဖို့ကောင်းသွားတာကို မြင်လိုက်ရတဲ့ အခိုက်အတန့်"

အဲဒီအချိန်မှာ အလိုလို ဝင်းပလာတဲ့ သဲလေးတို့ရဲ့ "ပျော်ရွှင်နေတဲ့ မျက်နှာလေး" ကို မြင်ရဖို့က Poe's Clothing Collectionsရဲ့ ရည်ရွယ်ချက်ပါပဲ...💖
​
မင်မင်တို့အတွက်တော့ ရောင်းအားတွေထက်... မင်မင်တို့ရဲ့ အထည်လေးတွေကို ဝတ်ဆင်လိုက်တဲ့အခါ "ပိုပြီးချစ်ဖို့ကောင်းသွားတဲ့ သဲလေးတို့ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာလေးတွေ"က ပိုပြီး အဖိုးတန်ပါတယ်။

သဲလေးတို့ ယုံကြည်မှုရှိရှိနဲ့ ပြုံးနေတာကို မြင်ရခြင်းဟာ မင်မင်တို့အတွက် ငွေနဲ့ဝယ်လို့မရတဲ့ "အောင်မြင်မှု" ပါပဲ။

ငါနဲ့"လိုက်ပါ့မလား" ဆိုတဲ့ သံသယတွေကို ခဏမေ့ထားလိုက်ပါ။
ဝတ်လိုက်တာနဲ့ ပိုပြီးချစ်ဖို့ကောင်းသွားစေဖို့ မင်မင်တို့ဘက်က အရာရာကို လေးစားစွာနဲ့ အကောင်းဆုံး ပြင်ဆင်ပေးထားပါတယ်။

သဲလေးတို့လုပ်ရမှာက... "Poe's Clothing Collections"နဲ့အတူ ပျော်ရွှင်နေတဲ့ သဲလေးတို့ရဲ့ မျက်နှာလေးကိုပဲ ကမ္ဘာကြီးကို ပြသလိုက်ဖို့ပါပဲ...✨

ပိုပြီးချစ်ဖို့ကောင်းသွားတဲ့အခါ ယုံကြည်မှုရှိပြီး ပေါ်လာမယ့် သဲလေးတို့ရဲ့ အပြုံးလေးတွေအတွက် "Poe's Clothing Collections"က အမြဲတမ်း ရှိနေပါ့မယ်...💞





🎨 "ဒီအရောင်က ငါနဲ့ လိုက်ပါ့မလား" ဆိုတဲ့ သံသယက သဲလေးရဲ့ ယုံကြည်မှုကို လျှော့ချနေပြီလား? တကယ်တော့ အရောင်တိုင်းမှာ သူ့ရဲ့ အ...
03/01/2026

🎨 "ဒီအရောင်က ငါနဲ့ လိုက်ပါ့မလား" ဆိုတဲ့ သံသယက သဲလေးရဲ့ ယုံကြည်မှုကို လျှော့ချနေပြီလား? တကယ်တော့ အရောင်တိုင်းမှာ သူ့ရဲ့ အားသာချက်ရှိပါတယ်။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ Shade ကို သိထားဖို့ပဲ လိုတာပါ။
​သဲလေးကို ပိုပြီး ထင်းခနဲဖြစ်သွားစေမယ့် အရောင်ရွေးချယ်နည်းလမ်းတွေကို အတူတူ လေ့လာကြည့်ရအောင်။ ✨

​၁။ အသားဖြူသူများ (Fair/Light Skin Tone)

​အသားဖြူတဲ့ သဲလေးတွေက အရောင်ဖျော့လွန်းတာတွေ ဝတ်ရင် ဖြူဖတ်ဖြူလျော် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အသားကို ပိုလင်းစေမယ့် Contrasting Colors တွေကို ရွေးချယ်သင့်ပါတယ်။

​✅ လိုက်ဖက်သောအရောင်: Navy Blue (အပြာရင့်)၊ Emerald Green (အစိမ်းရင့်)၊ Royal Purple နဲ့ အနီရင့်ရောင်တွေက သဲလေးကို ကျော့ရှင်းစေပါတယ်။ ပန်းရောင်ဆိုရင်လည်း Deep Pink သို့မဟုတ် Bright Rose တွေက သဲလေးရဲ့ ပါးပြင်ကို ပိုပြီး ပန်းရောင်သန်းစေမှာပါ။

​❌ ရှောင်ရန်: နို့နှစ်ရောင်ဖျော့ဖျော့ (Beige)၊ အဝါနုရောင် နဲ့ အဖြူရောင် သက်သက်တွေကို ဝတ်ရင် အသားအရေက အသက်မဝင်သလို ခံစားရနိုင်ပါတယ်။

​၂။ အသားညိုစိမ့်/အသားလတ်သူများ (Medium/Olive Skin Tone)

​ဒီအသားအရောင်ပိုင်ရှင် သဲလေးတွေက ကံအကောင်းဆုံးပါပဲ။ အရောင်တော်တော်များများနဲ့ လိုက်ဖက်တတ်ပါတယ်။
အထူးသဖြင့် Warm Colors တွေက သဲလေးကို ပိုပြီး Glow စေပါတယ်။

​✅ လိုက်ဖက်သောအရောင်: Mustard Yellow၊ Olive Green၊ Dusty Rose (ပန်းခြောက်ရောင်) နဲ့ သန္တာရောင် (Coral) တွေက သဲလေးကို အလွန်ကြည့်ကောင်းစေပါတယ်။ Poe's ရဲ့ Dusty Pink Collection တွေက သဲလေးအတွက် အသင့်တော်ဆုံးပါပဲ။

​❌ ရှောင်ရန်: အရမ်းတောက်လွန်းတဲ့ Neon အရောင်တွေ ဒါမှမဟုတ် ခရမ်းပြာရင့် (Violet) တွေကို သတိထားပြီး ဝတ်ဆင်သင့်ပါတယ်။

​၃။ အသားညို/အသားရင့်သူများ (Dark/Deep Skin Tone)
​အသားရင့်တဲ့ သဲလေးတွေက တောက်ပတဲ့အရောင်တွေ (Bold Colors) ကို ဝတ်ဆင်တဲ့အခါမှာ မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိပြီး ထင်းနေတတ်ပါတယ်။

​✅ လိုက်ဖက်သောအရောင်: Bright Orange၊ Gold/Yellow၊ Royal Blue နဲ့ အဖြူရောင်စစ်စစ် (Pure White) တွေက သဲလေးကို အထာကျစေပါတယ်။ ပန်းရောင်ဆိုရင်လည်း Fuchsia ဒါမှမဟုတ် Hot Pink တွေက သဲလေးရဲ့ Confidence ကို အမြင့်ဆုံးအထိ မြှင့်တင်ပေးမှာပါ။

​❌ ရှောင်ရန်: နက်မှောင်လွန်းတဲ့ အရောင်တွေ (ဥပမာ- Brown သို့မဟုတ် Black သက်သက်) က သဲလေးကို လူကြားထဲမှာ ပျောက်ကွယ်သွားစေနိုင်ပါတယ်။

ရွေးချယ်​နည်းစနစ်တွေထက် ပိုအရေးကြီးတာက "သဲလေး စိတ်ထဲမှာ ဘယ်အရောင်ကို ဝတ်ရင် အပျော်ဆုံးလဲ" ဆိုတာပါပဲ။ သဲလေး နှစ်သက်တဲ့အရောင်ကို ယုံကြည်မှုရှိရှိ ဝတ်ဆင်ထားတဲ့အခါ ဘယ်ရွေးချယ်နည်းကမှ မပေးနိုင်တဲ့ "Inner Glow" ကို သဲလေး ရရှိပါလိမ့်မယ်...✨

"𝐃𝐨𝐧'𝐭 𝐣𝐮𝐬𝐭 𝐰𝐞𝐚𝐫 𝐚 𝐜𝐨𝐥𝐨𝐫, 𝐰𝐞𝐚𝐫 𝐲𝐨𝐮𝐫 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞." 🕊️✨




✨ရုံးသွား/ပွဲတက်/night out ဘယ်နေရာသွားသွား𝗦𝗺𝗮𝗿𝘁 ကျတဲ့ 𝑽𝒊𝒃𝒆ကိုပေးမဲ့  "𝐆𝐥𝐚𝐧𝐜𝐞 𝐃𝐫𝐞𝐬𝐬"Glance Dressလေးဟာဆိုရင် Fabricကို Ity...
02/01/2026

✨ရုံးသွား/ပွဲတက်/night out ဘယ်နေရာသွားသွား𝗦𝗺𝗮𝗿𝘁 ကျတဲ့ 𝑽𝒊𝒃𝒆ကိုပေးမဲ့ "𝐆𝐥𝐚𝐧𝐜𝐞 𝐃𝐫𝐞𝐬𝐬"

Glance Dressလေးဟာဆိုရင် Fabricကို Ityဆွဲသားအထူ(quality A+)သုံးပေးထားတဲ့အပြင်
အပေါ်coatလေးကိုလဲ BKk ဆွဲသားအကောင်းစားကိုသုံးပေးထားတဲ့အတွက် ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့အပြင် "မြင်သူတိုင်းရဲ့ အမြင်ကိုဖမ်းစားနိုင်မှာ အသေအချာပါပဲနော်"…

Size Chart ( S, M)

ရင် - 32” to 37”
ခါး - 24” to 28”
တင် - 34” to 38”

Price - 39000ks (in Stock)

ဝတ်လိုက်တာနဲ့ 𝗖𝗼𝗻𝗳𝗶𝗱𝗲𝗻𝗰𝗲 𝗟𝗲𝘃𝗲𝗹 ကိုနှစ်ဆတက်စေမဲ့ Dressလေးဖြစ်တဲ့အတွက် Instock ရှိတုန်းလေး အမြန်လက်ဦးထားသင့်တယ်နော် သဲလေးတို့ရေ...💖

Payment - Ygn -COD or Full Prepaid
Others -Full Prepaid

"𝐅𝐫𝐞𝐬𝐡 𝐃𝐞𝐬𝐢𝐠𝐧𝐬,𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞"





✨နှစ်သစ်မှာGoal တွေ Plan တွေ ချရုံနဲ့ မလုံလောက်သေးပါဘူး။ အားလုံးထက် ပိုအရေးကြီးတာက "ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်" ကို U...
01/01/2026

✨နှစ်သစ်မှာGoal တွေ Plan တွေ ချရုံနဲ့ မလုံလောက်သေးပါဘူး။ အားလုံးထက် ပိုအရေးကြီးတာက "ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်" ကို Update လုပ်ဖို့ပါပဲ။

ယုံကြည်မှု (Confidence) ဆိုတာ မွေးရာပါ မဟုတ်ဘဲ နေ့စဉ် လေ့ကျင့်ယူရတဲ့ အရာတစ်ခုပါ။

​နှစ်သစ်မှာ ကိုယ့်ကိုယ်ကို ပိုချစ်ပြီး ယုံကြည်မှုရှိလာစေမယ့်နည်းလမ်း (၃) ခုကို မင်မင်တို့ "𝐏𝐨𝐞'𝐬 𝐂𝐥𝐨𝐭𝐡𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬"ကမျှဝေပေးလိုက်ပါတယ်နော်...

​၁။အဝတ်အစားနဲ့စတင်ပါ...✨
"The Enclothed Cognition" အရ ကိုယ်ဝတ်တဲ့ အဝတ်အစားက ကိုယ့်စိတ်ကို လွှမ်းမိုးပါတယ်။ "ယုံကြည်မှုရှိတဲ့ မိန်းကလေး" တစ်ယောက်လို အခုကတည်းက သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ။

၂။စကားလုံးပြောင်းသုံးပါ...✨
"ငါက အားငယ်တတ်သူပါ" မလုပ်နိုင်ဘူးဆိုတဲ့ Label ဟောင်းကို ခွာချလိုက်ပါ။ "ငါလုပ်ကို လုပ်နိုင်ရမယ် ၊အကောင်းဆုံးကြိုးစားမယ်"ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စိတ်နဲ့အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေပါ သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်...

၃။ကိုယ့်ကိုယ်ကို ချီးမွမ်းပါ...✨
ယုံကြည်မှုဆိုတာ အောင်မြင်မှု အသေးလေးတွေကနေ စတာပါ။ ဒီနေ့ လုပ်စရာရှိတာ ပြီးသွားတာ၊ လူကြားထဲ ခေါင်းမော့ လမ်းလျှောက်နိုင်တာ စတဲ့ အသေးအမွှားလေးတွေကအစ အသိအမှတ်ပြုပါ။ ဒါတွေ စုစည်းမိတဲ့အခါ တစ်နှစ်ကုန်မှာ မယုံနိုင်လောက်တဲ့ ယုံကြည်မှုအင်အားကို ရလာပါလိမ့်မယ်။

​💡 သတိရဖို့က - ယုံကြည်မှုဆိုတာ အမှားမလုပ်မိဖို့ မဟုတ်ပါဘူး၊ လဲကျရင်တောင် ပြန်ထနိုင်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။

၂၀၂၆နှစ်သစ်မှာ မနှစ်ကထက် ပိုမိုတောက်ပပြီး ယုံကြည်ချက်ခိုင်မာတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါစေလို့ မင်မင်တို့ "𝐏𝐨𝐞'𝐬 𝐂𝐥𝐨𝐭𝐡𝐢𝐧𝐠 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬" က နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်...✨




အဝတ်အစားဝတ်တဲ့အခါ "လှဖို့" ထက် "ယုံကြည်မှုရှိဖို့" ဘယ်လိုရွေးချယ်မလဲ? ✨​ အပြင်သွားတိုင်း "ဒါလေးဝတ်ရင် ငါနဲ့လှပါ့မလား" ဆိ...
30/12/2025

အဝတ်အစားဝတ်တဲ့အခါ "လှဖို့" ထက် "ယုံကြည်မှုရှိဖို့" ဘယ်လိုရွေးချယ်မလဲ? ✨

​ အပြင်သွားတိုင်း "ဒါလေးဝတ်ရင် ငါနဲ့လှပါ့မလား" ဆိုတာပဲ စဉ်းစားနေရတာ ပင်ပန်းတယ်ဟုတ်?

တကယ်တော့ 'အထာကျ' တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ဖို့ဆိုရင် အမြင်လှဖို့ထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့က ပိုအရေးကြီးပါတယ်နော်။

ဒီနေ့ မင်မင်က သဲလေးတို့ ယုံကြည်မှုအပြည့်နဲ့ ထင်းခနဲဖြစ်နေစေမယ့် နည်းလမ်း (၃) သွယ်ကို မျှဝေပေးမယ်နော်...

​၁။ ချည်သားကောင်းပြီး ကိုယ်နဲ့လိုက်ဖက်တာ ရွေးချယ်ပါ...✨

ဘယ်လောက်လှတဲ့ အဝတ်အစားဖြစ်ပါစေ၊ ဝတ်ထားတဲ့အချိန်မှာ ယားနေတာမျိုး၊ ကျပ်လွန်းလို့ လှုပ်ရှားရခက်နေတာမျိုး ဖြစ်နေရင် သဲလေးတို့ရဲ့ မျက်နှာမှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေပါလိမ့်မယ်။

ဒါကြောင့်မိုလို့ အသားအေးပြီး နူးညံ့တဲ့ Quality (ချည်သား) ကို အရင်ရွေးပါ။ ကိုယ်တိုင် သက်သောင့်သက်သာ ဖြစ်နေမှ သဲလေးတို့ရဲ့ အပြုံးတွေက အလိုလို ယုံကြည်မှုရှိနေမှာပါ။

​၂။ ကိုယ့်နဲ့လိုက်ဖက်တဲ့ အရောင်ကိုရွေးချယ်ပါ...✨

အရောင်တိုင်းက လူတိုင်းနဲ့ မလိုက်ဖက်ဘူးနော်။ ကိုယ့်အသားအရည် (Skin Undertone) နဲ့ လိုက်တဲ့အရောင်ကို ဝတ်လိုက်တဲ့အခါ သဲလေးတို့ မျက်နှာက ပိုပြီး Fresh ဖြစ်သွားတာ သတိထားမိမှာပါ။

ဥပမာ - ပန်းရောင်ဆိုရင်တောင် အသားဖြူရင် Soft Pink၊ အသားညိုရင် Dusty Rose စသဖြင့် Shade လေးတွေ ခွဲရွေးတတ်ဖို့ လိုပါတယ်။ မှန်ကန်တဲ့အရောင်က သဲလေးတို့ရဲ့ ပင်ကိုယ်အလှကို ပိုပေါ်လွင်စေပါတယ်။

​၃။Trendထက် ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ပါ...✨

Trend ဖြစ်တိုင်း လိုက်ဝတ်ဖို့ မလိုဘူးနော်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အားသာချက် (ခါးသိမ်တာ၊ အရပ်ရှည်တာ စသဖြင့်) ကို ပေါ်လွင်စေမယ့် Cutting မျိုးကိုပဲ ရွေးချယ်ပါ။ ဒါမှသာ လူကြားထဲရောက်တဲ့အခါ "ငါ ဒီနေ့ ကြည့်ကောင်းနေတယ်" ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အပြည့်အဝ ရမှာပါ။

✨အဝတ်အစားဆိုတာ ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့တင် မဟုတ်ဘူးနော်။ သဲလေးတို့ ဘယ်လိုလူလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် တန်ဖိုးထားလဲဆိုတာကို ပြသတဲ့ အသံတိတ် စကားလုံးလေးတွေပါ။ ဒါကြောင့် နောက်တစ်ခါ အဝတ်အစား ရွေးရင် "ဒါက ငါ့ကို ယုံကြည်မှု ပေးနိုင်ပါ့မလား" ဆိုတာ အရင်မေးဖို့ မမေ့နဲ့ဦးနော်... ✨🕊️




Ruffle Me Set ကံထူးသူလေးရေ cbမှာ-ဖုန်းနံပါတ်-နေရပ်လိပ်စာလေးပို့ပေးပါအုံးရှင့်🙆🏻‍♀️🩵
16/12/2025

Ruffle Me Set ကံထူးသူလေးရေ cbမှာ
-ဖုန်းနံပါတ်
-နေရပ်လိပ်စာလေးပို့ပေးပါအုံးရှင့်🙆🏻‍♀️🩵




Stockရောက်တိုင်းကုန်တဲ့ မင်မင်တို့ရဲ့🖤"Elegant Dress"လေး Instockပြန်ရပါပြီရှင်.. အသားကောင်းပြီး ချုပ်ရိုးချုပ်သားသေသပ်တဲ...
10/12/2025

Stockရောက်တိုင်းကုန်တဲ့ မင်မင်တို့ရဲ့
🖤"Elegant Dress"လေး Instockပြန်ရပါပြီရှင်..

အသားကောင်းပြီး ချုပ်ရိုးချုပ်သား
သေသပ်တဲ့အပြင် ဒီဇိုင်းလေးကလဲ
"နန်းဆန်ပြီး ခေတ်မီစေမဲ့ ဒီဇိုင်းလေးမိုလို့"
ဝတ်လိုက်တာနဲ့ လူတကာထက် ဆွဲဆောင်မှုရှိပြီး မြင်သူတိုင်း ကြွေဆင်းသွားမှာကတော့ အသေအချာပါပဲရှင်…..

Size- (free size)
ရင် -32" to 38"
ခါး-24" to 29"
တင်-34" to 39”

Color-Black
Price - 39000ks (in Stock)

Payment - Ygn -COD or Full Prepaid
Others -Full Prepaid






✨Casual dress ဆိုတာက နေ့စဉ်ဘဝမှာ သက်တောင့်သက်သာနဲ့ လှပနေဖို့အတွက် ရွေးချယ်လို့ရတဲ့ ဝတ်စားဆင်ယင်မှုပုံစံတစ်မျိုးဖြစ်ပါတယ်...
07/12/2025

✨Casual dress ဆိုတာက နေ့စဉ်ဘဝမှာ သက်တောင့်သက်သာနဲ့ လှပနေဖို့အတွက် ရွေးချယ်လို့ရတဲ့ ဝတ်စားဆင်ယင်မှုပုံစံတစ်မျိုးဖြစ်ပါတယ်။

Casual Dressလေးတွေဝတ်ဆင်ခြင်းက မိန်းကလေးတွေအတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ပါတယ်။

Casual Dress လေးတွေကိုဝတ်ဆင်ခြင်းက ဘာကောင်းကျိုးတွေရနိုင်မလဲ ?

၁။ သက်တောင့်သက်သာရှိစေခြင်း

- Casual outfit တွေက ချည်သား၊ ချောင်ချိပြီး stretchable fabric တွေဖြစ်တာကြောင့် နေ့တိုင်းလှုပ်ရှားရတာ အဆင်ပြေစေပါတယ်။

- Tight-fitting မဟုတ်တဲ့အတွက် ကိုယ်ခန္ဓာလှုပ်ရှားမှုကို မထိခိုက်စေဘဲ သက်တောင့်သက်သာရှိစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုလျော့ကျစေခြင်း

- Formal dress တွေလို ခါးပတ်၊ တင်းကျပ်တဲ့အင်္ကျီတွေ၊ high heels တွေမပါဝင်တဲ့အတွက် စိတ်ဖိစီးမှုနည်းစေပါတယ်။

- ကိုယ်နေဟန်ထား သက်တောင့်သက်သာရှိမှုက စိတ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှုရှိစေပါတယ်။

၃။ ငွေကြေးစုမိစေခြင်း

- Casual wear တွေက formal outfit တွေထက် ဈေးနှုန်းသက်သာပြီး အချိန်ကြာကြာဝတ်ဆင်နိုင်တာကြောင့် ငွေကြေးသက်သာစေပါတယ်။

- ဒီဇိုင်းရိုးရှင်းပြီး mix & match လုပ်ရလွယ်ကူတဲ့အတွက် အဝတ်အစားအများကြီးမလိုအပ်ဘဲ စုဆောင်းနိုင်ပါတယ်။

၄။ လှပတဲ့ Personal Style ဖော်ပြနိုင်ခြင်း

- Casual wear ကိုကိုယ်ပိုင်ဟန်နဲ့ တွဲဖက်ဝတ်ဆင်နိုင်တာကြောင့် ကိုယ်ရဲ့ personality ကိုဖော်ပြနိုင်ပါတယ်။

- ရောင်စုံ၊ pattern စုံနဲ့ ဖက်ရှင်အမျိုးမျိုးကို စမ်းသပ်နိုင်ပါတယ်။

၅။ အချိန်ကုန်သက်သာစေခြင်း

- Formal outfit တွေလို ironing လုပ်စရာမလိုဘဲ အလွယ်တကူဝတ်ဆင်နိုင်တာကြောင့် morning routine မှာ အချိန်ကုန်သက်သာစေပါတယ်။

- အလုပ်သွားရင်တောင် ဖိနပ်နဲ့အင်္ကျီကို အလွယ်တကူ match လုပ်နိုင်ပါတယ်။

၆။ လှုပ်ရှားမှုလွတ်လပ်စေခြင်း

- Casual dress ဝတ်ထားရင် လမ်းလျှောက်ရ၊ ထိုင်ရ၊ လှုပ်ရှားရတာ ပိုပြီးလွယ်ကူပါတယ်။

- ခရီးသွားရင်၊ shopping သွားရင်၊ အိမ်မှာနေရင်ပဲဖြစ်ဖြစ် သက်တောင့်သက်သာရှိစေပါတယ်။

၇။ လူမှုဆက်ဆံရေးပိုမိုကောင်းမွန်စေခြင်း

- Casual outfit ဝတ်ဆင်ထားရင် ပတ်ဝန်းကျင်ကလူတွေနဲ့ ပိုပြီးရင်းနှီးစေပါတယ်။

- Formal wear လိုမဟုတ်ဘဲ friendly ဖြစ်စေတာကြောင့် လူအများနဲ့ဆက်သွယ်ရတာ အဆင်ပြေစေပါတယ်။

၈။ အခြေအနေအလိုက် ပြောင်းလဲဝတ်ဆင်နိုင်ခြင်း

- Casual dress ကို ရုံးသွားရင်၊ မိတ်ဆွေတွေနဲ့တွေ့ရင်၊ အိမ်မှာနေရင် အဆင်ပြေပြေဝတ်ဆင်နိုင်ပါတယ်။

- Layering လုပ်ပြီး ရာသီဥတုနဲ့လိုက်ဖက်အောင်လည်း ဝတ်နိုင်ပါတယ်။

၉။ Confidence တက်စေခြင်း

- ကိုယ်နဲ့ကိုက်ညီတဲ့ casual outfit ဝတ်ဆင်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေပါတယ်။

- သက်တောင့်သက်သာရှိတဲ့အတွက် ကိုယ်နေဟန်ထားပိုကောင်းစေပြီး confidence ကိုမြင့်တက်စေနိုင်ပါတယ်။

၁၀။ Eco-Friendly ဖြစ်စေခြင်း

- Casual wear အများစုက sustainable fabric တွေဖြစ်တဲ့ organic cotton, linen တို့နဲ့ပြုလုပ်ထားတာများပါတယ်။

- Fast fashion ထက် ကြာရှည်ခံတဲ့ casual outfit တွေကို ရွေးချယ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုပါ ကာကွယ်နိုင်ပါတယ်။

Casual dress ဝတ်ဆင်ခြင်းက မိန်းကလေးတွေအတွက် လှပမှု၊ သက်တောင့်သက်သာရှိမှုနဲ့ လွတ်လပ်မှုတို့ကို တစ်ပြိုင်နက်ရရှိစေနိုင်ပါတယ်။

ဒါကြောင့် နေ့စဉ်ဘဝမှာ casual outfit လေးတွေကို ရွေးချယ် ဝယ်ယူဝတ်ဆင်သင့်ပါတယ်နော်….





Address

Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Poe’s Clothing Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share