17/10/2024
ဒီနေ့ ဆုံဆုံလေး 24 weeks 💓💓💓
အရမ်းအားရှိနေပီ မေမေ့ကို အထဲက ဆော့ပြနေတာ
စကားပြောရင် သီချင်းဖွင့်ပြရင် အရမ်းလှုပ်ပြတာ
ဒီ မေမေ အသဲတွေယားနေရပီ ☺️☺️☺️
ဆုံဆုံ လေးနဲ့ တူနဲ့ ၂၄ ပတ်ထဲ ရှိတဲ့ မေမေတို့ရေ...
၂၄ ပတ်ဆို ကလေးလေးက ၁၁လက်မကျော် ၁ပေါင် ကျော်နေတဲ့ ပြောင်းဖူးဆိုဒ်လေးပါတဲ့🌽🌽🌽
ကလေးလေးက weight သိသိ်သာသာ တက်လာပီ
ဗိုက်လဲ အရင်ကထက် ပိုပူလာပီနော်
အကြားအာရုံလဲ ပိုကောင်းလာလို့ ဒီချိန် brain development music လေးတွေ ဖွင့်ထားပေးပါနော်
သူတို့အရမ်းကြိုက်ပါတယ် music ဖွင့်ထားပေးရင် အထဲကနေ ပိုလှူပ်ပါတယ် မွေးလာတဲ့ အချိန်ထိ ခုဖွင့်ပြတဲ့ သီချင်းလေးကို မှတ်မိနေမှာပါ 🎵🎵
မေမေတွေကတော့ ....
ဝမ်းချုပ်လာမယ် ( fiber ပါတဲ့ အသီးနှံလေးတွေစားပေးနော် ရေများများသောက်ပေးပါ)
ဝမ်းဗိုက်အောက်ပိုင်း နာကျင်တာ
ခေါင်းတခြမ်းကိုက်တာ
အမြင်ဝေဝါးတာ
ခြေထောက်ကိုက်တာ
ခြေဖဝါးနဲ့ ခြေကျင်းဝတ်တွေ ရောင်တာ ဖြစ်လာနိုင်ပါတယ် ( ဆုံဆုံ မေမေကတော့ အပြင်သွားတာ များတဲ့နေ့ ခြေထောက်တွေ ချက်ချင်းရောင်တာပါ)
ခြေထောက်ယောင်ရင် အငံလျော့စားပီး ထိုင်တဲ့အချိန် အိပ်တဲ့ အချိန် ခြေထောက်ကို အမြင့်လေးမှာ တင်ထားပေးပါနော် ☺️ အရောင်မကျရင်တော့ ဆရာဝန်ဆီ သွားပေးပါနော်