04/05/2026
ကလေးတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်းတွေ မြင့်မားဖို့ သူတို့ရဲ့ အာရုံစူးစိုက်နိုင်မှုစွမ်းအား တွေကလည်း မြင့်မားနေဖို့လိုအပ်ပါတယ်။
🚨 ကလေးတွေရဲ့ အာရုံစူးစိုက်မှု (Attention Span) တက်လာအောင် မိဘတွေအနေနဲ့ သူတို့နဲ့အတူ နေ့စဉ်ဘဝမှာ ဘာတွေ လုပ်ဆောင်ပေးလို့ ရမလဲ ❗
✅ ကလေးတွေက သဘာဝအရ စူးစမ်းချင်စိတ်များပြီး တစ်နေရာတည်းမှာ အချိန်အကြာကြီး အာရုံစိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။
ကလေးတွေရဲ့ အာရုံစိုက်နိုင်စွမ်းဟာ များသောအားဖြင့် "အသက် x ၂ မိနစ်" လောက်ပဲ ရှိတတ်ပါတယ်။
အဲ့ဒါကို "The 2-Minute Rule" လို့လည်း ခေါ်ကြပါတယ်။ ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင်တွေရဲ့ အဆိုအရ ကလေးတစ်ယောက်ရဲ့ ပျမ်းမျှ အာရုံစူးစိုက်နိုင်စွမ်း (Attention Span) ဟာ သူတို့ရဲ့ အသက် ၁ နှစ်ကို ၂ မိနစ်ကနေ ၅ မိနစ်ကြား ရှိတတ်ပါတယ်။
ကလေးအသက် ပျမ်းမျှအာရုံစူးစိုက်နိုင်စွမ်း (မိနစ်)
၅ နှစ် (၁၀ မိနစ် မှ ၁၅ မိနစ်ခန့်)
၇ နှစ် (၁၄ မိနစ် မှ ၂၀ မိနစ် ခန့်)
၁၀ နှစ် (၂၀ မိနစ် မှ ၃၀ မိနစ် ခန့်)
✅ မိဘတွေအနေနဲ့ နေ့စဉ်ဘဝမှာ ကလေးတွေရဲ့ အာရုံစိုက်မှုကို လေ့ကျင့်ပေးဖို့က စာအုပ်ကြီးအတိုင်း သင်နေဖို့မလိုပါဘူး။ ပျော်စရာကောင်းတဲ့ လူနေမှုပုံစံလေးတွေထဲမှာတင် အာရုံစူးစိုက်မှု (Attention Span) တက်လာအောင် လုပ်ပေးလို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်-
🧠 ၁။ "Finish One Task" (အလုပ်တစ်ခုကို အဆုံးထိလုပ်ခြင်း)
ကလေးတွေဟာ တစ်ခုခုလုပ်နေရင်း နောက်တစ်ခုကို စိတ်ရောက်သွားတတ်ပါတယ်။ ဥပမာ- ကစားစရာတွေ ဆော့နေရင်းနဲ့ မပြီးသေးဘဲ ထမင်းစားဖို့ ထသွားတာမျိုးပါ။
Eg. "ဒီအရုပ်လေးတွေကို သေတ္တာထဲ အကုန်ထည့်ပြီးမှ ထမင်းစားကြမယ်" ဆိုတာမျိုး၊ အလုပ်တစ်ခုကို အစကနေ အဆုံးထိ ပြီးအောင်လုပ်တဲ့ အလေ့အကျင့်က အာရုံစိုက်မှုကို အခြေခံကစပြီး တည်ဆောက်ပေးပါတယ်။
🧠 ၂။ IQ Puzzles နှင့် Spatial Games များ
ကလေးရဲ့ ဦးနှောက်ကို အလုပ်ပေးတဲ့ ကစားနည်းတွေက အာရုံစိုက်မှုကို အားကောင်းစေပါတယ်။
Eg. Ball Puzzles သို့မဟုတ် Kanoodle လိုမျိုးဂိမ်းများ:
ဒီလို ဉာဏ်စမ်းကစားနည်းတွေက ကလေးကို ဇွဲရှိရှိနဲ့ အဖြေရှာဖို့ လှုံ့ဆော်ပေးပါတယ်။
Eg. Lego ဆောက်ခြင်း
ပုံစံတစ်ခုရအောင် အာရုံစိုက်ပြီး ဆောက်ရတာက တရားထိုင်သလိုမျိုး အာရုံကို စုစည်းပေးပါတယ်။
🧠 ၃။ Interactive Storytelling (အပြန်အလှန် ပုံပြင်ပြောခြင်း)
ပုံပြင်ကို မိဘကပဲ ဖတ်ပြနေတာမျိုး မဟုတ်ဘဲ ကလေးကိုပါ ထည့်သွင်းစဉ်းစားခိုင်းပါ။
"မေးခွန်းထုတ်ပါ"
ဒီယုန်လေးက နောက် ဘယ်ကို သွားမယ်ထင်လဲ?" ဒါမှမဟုတ် "ဇာတ်ကောင်ရဲ့ အကျီအရောင်က ဘာအရောင်လဲ?" စသဖြင့် မေးပေးခြင်းက ကလေးကို ဇာတ်လမ်းထဲမှာ အမြဲ အာရုံစိုက်နေအောင် ကူညီပေးပါတယ်။
🧠 ၄။ "Slow-paced" Activities (စိတ်အေးလက်အေး လုပ်ရသော အလုပ်များ)
Digital devices (ဖုန်း၊ Tablet) တွေက ပုံရိပ်တွေ မြန်မြန်ပြောင်းလဲနေတာကြောင့် ကလေးတွေရဲ့ အာရုံစိုက်မှုကို တိုတောင်းစေပါတယ်။ ဒါကြောင့် ဖုန်းအစား-
"ဆေးရောင်ခြယ်ခြင်း"
အနားသတ်လေးတွေ မကျော်အောင် သတိထားပြီး ခြယ်ရတာက အာရုံစူးစိုက်မှုအတွက် အကောင်းဆုံး လေ့ကျင့်ခန်းပါ။
"အိမ်အလုပ် ကူခိုင်းခြင်း"
ပန်းကန်သုတ်တာ၊ အဝတ်ခေါက်တာ စတဲ့ အသေးအမွှားလေးတွေကို အတူတူလုပ်တာက သူတို့ကို စိတ်အေးအေးနဲ့ အလုပ်တစ်ခုအပေါ် အာရုံစိုက်တတ်အောင် သင်ပေးရာရောက်ပါတယ်။
🧠 ၅။ Mindfulness & Deep Breathing
ကလေးတွေ စိတ်လှုပ်ရှားနေရင် ဒါမှမဟုတ် အာရုံများနေရင် ခဏလောက် ငြိမ်ငြိမ်လေးနေတတ်ဖို့ သင်ပေးပါ။
"အသက်ရှူတာလေးကို အာရုံစိုက်ကြည့်ရအောင်"
လို့ ပြောပြီး ၅ ကြိမ်လောက် အတူတူ အသက်ရှူကြည့်ပါ။ ဒါဟာ သူတို့ရဲ့ ဦးနှောက်ကို အာရုံစူးစိုက်မှု ပြန်ရအောင် (Focus reset) လုပ်ပေးတဲ့ နည်းလမ်းကောင်းပါ။
🧠 ၆။ အားပေးချီးမွမ်းခြင်း (Positive Reinforcement)
ကလေးက အလုပ်တစ်ခုကို (ဥပမာ- ပုံဆွဲတာ) ၁၅ မိနစ်လောက် ငြိမ်ငြိမ်လေး လုပ်နိုင်သွားတဲ့အခါ "သား/သမီး ဒီနေ့ အရမ်းအာရုံစိုက်ပြီး လုပ်နိုင်တာပဲ၊ တော်လိုက်တာ" ဆိုပြီး တိတိကျကျ ချီးမွမ်းပေးပါ။ ဒါဆိုရင် သူတို့က အာရုံစိုက်ရတာကို ကောင်းမွန်တဲ့ အရာတစ်ခုလို့ မှတ်ယူသွားပါလိမ့်မယ်။
✔️ မိဘတွေနဲ့အတူတူ ကစားရင်း၊ အလုပ်လုပ်ရင်း ရရှိလာတဲ့ အာရုံစူးစိုက်မှုဟာ စာသင်ခန်းထဲရောက်တဲ့အခါမှာလည်း သူတို့အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
✔️ ကလေးတွေက မိဘတွေ လုပ်ပြတာကို အတုမြင် အတတ်သင်တာမို့ မိဘကိုယ်တိုင်ကလည်း ကလေးနဲ့ စကားပြောတဲ့အခါ ဖုန်းကြည့်မနေဘဲ သူတို့ကို အပြည့်အဝ အာရုံစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။