16/08/2026
Pretty Vibes Garment ဆိုပြီးဖြစ်ပေါ်လာစေတဲ့ခွန်အားတွေက Fashion Brand Founder FBF ကနေရခဲ့တာပါ
ကိုယ့်အကြောင်းလေးအရင်နည်းနည်းမိတ်ဆက်ပါမယ်နော် အမကတော့ Phyu Hnin Aye ပါ။
Fashion ဆိုတဲ့အရာကိုအရမ်းဝါသနာပါခဲ့ပြီး Customized Taloring ကို 9နှစ်တိုင်တိုင်ထိချုပ်လုပ်ခဲ့ပါတယ်။ အထည်ချုပ်ရုံလေး စတင်တည်ထောင်ဖြစ်ခဲ့တာက Local Brand Founder တွေအတွက်ကို ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်နဲ့ လှပသပ်ရပ်ပြီးတိကျတဲ့ ပတ်တန် cutting တွေနဲ့ Local Clothing တွေကိုချုပ်လုပ်ပေးချင်တဲ့စိတ်နဲ့ လုပ်ဖြစ်ခဲ့ပါတယ် ။ ဒီလိုတွေလုပ်ဖြစ်သွားအောင် စိတ်ဓါတ်ခွန်အားတွေ Supporting တွေပေးခဲ့တဲ့ တီချယ် မြတ်နိုးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🥰🥰🥰
Pretty Vibes Garment ဆိုတဲ့ နံမည်လေးကနေစလို့ Garment လုပ်ငန်းကိုအခုလို တနှစ်ကျော်သည်ထိ အထည်မပြတ်ချုပ်နေရပြီး Customer trustကိုရရှိထားတာ တီချယ်ရဲ့ လမ်းပြပေးမှုတွေကြောင့်ပါပဲ🥰🩷❤❤❤နောက်ထပ်လဲ ဒီထက်မကကြိုးစားသွားပါအုန်းမယ်
#ရင်တွင်းခံစားချက်စစ်စစ်