KBA - Kids Clothes

KBA - Kids Clothes ကလေးဝတ် ကျားမ အထည်လေးတွေကို သက်သာစွာဝယ်ယူနိုင်ပါပြီ …

နည်းပညာနဲ့အတူ ကြီးပြင်းလာတဲ့ ပထမဆုံးမျိုးဆက်ဖြစ်ပါတယ် ..."Generation Alpha သားသမီးတွေကို ဒီနေ့ခေတ်မိဘတွေ ဘယ်လိုထိန်းကျော...
09/08/2026

နည်းပညာနဲ့အတူ ကြီးပြင်းလာတဲ့ ပထမဆုံးမျိုးဆက်ဖြစ်ပါတယ် ...
"Generation Alpha သားသမီးတွေကို ဒီနေ့ခေတ်မိဘတွေ ဘယ်လိုထိန်းကျောင်းသင့်သလဲ?"
မိဘတော်တော်များများက ပြောတတ်ကြပါတယ်။"အခုခေတ်ကလေးတွေက ငါတို့တုန်းကလို မဟုတ်တော့ဘူး။” တကယ်လည်း မဟုတ်တော့ပါဘူး။
Generation Alpha (၂၀၁၀-၂၀၂၄)ခုနှစ်အတွင်း မွေးဖွားသူများ) ဟာ နည်းပညာနဲ့အတူ ကြီးပြင်းလာတဲ့ ပထမဆုံးမျိုးဆက်ဖြစ်ပါတယ်။ သူတို့လက်ထဲမှာ ဖုန်း၊ အင်တာနက်နဲ့ AI တွေ ရှိနေတဲ့အချိန်မှာ ကြီးလာကြတာပါ။
ဒါကြောင့် ဒီနေ့ခေတ်မိဘတွေအနေနဲ့ အရင်ခေတ်ကနည်းလမ်းတွေနဲ့ပဲ ထိန်းကျောင်းဖို့ မလုံလောက်တော့ပါဘူး။ ကလေးတွေကို နားလည်ပြီး ခေတ်နဲ့လိုက်လျောညီထွေတဲ့ မိဘဖြစ်ဖို့ လိုလာပါပြီ။
ဒါကြောင့် Generation Alpha တွေရဲ့မိဘတွေအနေနဲ့
(၁)။နည်းပညာကို မကြောက်ပါနဲ့။ လမ်းညွှန်ပေးပါ ဖုန်းကို လုံးဝပိတ်ပင်တာထက် ဘယ်လိုမှန်မှန်ကန်ကန် အသုံးပြုရမလဲဆိုတာ သင်ပေးပါ။ Screen Time သတ်မှတ်ပေးပါ။ အွန်လိုင်းအန္တရာယ်၊ Cyberbullying နဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးအကြောင်းကိုလည်း ပြောပြပေးပါ။

(၂)။လွတ်လပ်ခွင့်ပေးပါ။ ဒါပေမယ့် တာဝန်ယူတတ်အောင် သင်ပေးပါ ဆုံးဖြတ်ချက်အသေးစားတွေကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးပါ။ တစ်ဖက်မှာလည်း အိမ်စာ၊ အိမ်အလုပ်နဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ အလေ့အကျင့်ကို မွေးမြူပေးပါ။

(၃)။အပြစ်တင်တာထက် နားထောင်ပေးပါ။
ဒီနေ့ခေတ်ကလေးတွေဟာ ကျောင်းဖိအား၊ လူမှုကွန်ရက်ဖိအားနဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရပါတယ်။ သူတို့ပြောချင်တဲ့အချိန်မှာ အကြံပေးဖို့ အလျင်မလိုဘဲ နားထောင်ပေးတဲ့ မိဘဖြစ်ပါ။

(၄)။ကျောင်းစာမှာ အမှတ်ကောင်းရဖို့တင် မဟုတ်ဘဲ အရည်အချင်းကောင်းရဖို့ အားပေးပါ။Coding၊ Robotics၊ ဘာသာစကား၊ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းလို အနာဂတ်မှာ အသုံးဝင်မယ့် အရည်အချင်းတွေကို သင်ယူခွင့်ပေးပါ။

(၅)။အပြင် ဘဝကိုလည်း ချစ်တတ်အောင် သင်ပေးပါ။အားကစားလုပ်ပါစေ။ စာဖတ်ပါစေ။ မိသားစုနဲ့ အချိန်ဖြုန်းပါစေ။ သူငယ်ချင်းတွေနဲ့ တကယ့်လူမှုဆက်ဆံရေး တည်ဆောက်နိုင်အောင် အားပေးပါ။

(၆)။စည်းကမ်းကို အမိန့်နဲ့မဟုတ်ဘဲ သဘောတူညီချက်နဲ့ တည်ဆောက်ပါ။ ဖုန်းသုံးချိန်၊ အိပ်ချိန်၊ စာလုပ်ချိန်တွေကို မိဘတစ်ယောက်တည်း သတ်မှတ်တာထက် ကလေးနဲ့အတူ ဆွေးနွေးပြီး သဘောတူညီချက်ရယူပါ။ သူတို့က ပိုပြီး လိုက်နာတတ်ပါတယ်။

(၇)။မိဘကဖြစ်စေချင်တာကို ကိုယ်တိုင်အရင်လုပ်ပြပါ ကလေးတွေက မိဘပြောတာထက် မိဘလုပ်တာကို ပိုမှတ်မိပါတယ်။ ဖုန်းအသုံးပြုပုံ၊ စကားပြောပုံ၊ ဒေါသကို ထိန်းပုံ၊ လူကိုလေးစားပုံတွေက သူတို့အတွက် သင်ခန်းစာတွေ ဖြစ်နေပါတယ်။
နောက်ဆုံးအနေနဲ့Generation Alpha ကလေးတွေဟာ အမိန့်ပေးခံချင်တဲ့ မျိုးဆက်မဟုတ်ပါဘူး။ နားလည်ပေးမယ့် မိဘကို လိုချင်တဲ့မျိုးဆက် ဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။
(၁)။လမ်းပြပေးပါ။
(၂)။ယုံကြည်ပေးပါ။
(၃)။နားထောင်ပေးပါ။
ဒီသုံးခုရှိနေရင် မျိုးဆက်ကွာဟမှု ဘယ်လောက်ရှိရှိ မိဘနဲ့သားသမီးကြား နွေးထွေးတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်ရှင်။
(မိဘများGeneration Alpha ဆယ်ကျော်သက်သားသမီးတွေရဲ့ဘယ်အပိုင်းကို ကိုင်တွယ်ရအခက်ဆုံးလဲနော်)
#ညနေမိုး(ကလေး)
ေးပါတယ်



31/07/2026

စပန့်လက်တိုဘီတိုကိုမှ ဒူးဖုံးလေးနော်
အများကြီးမကျန်တော့ဘူးနော်

31/07/2026

ကျွန်မရဲ့ကြိုးစားမှုလေးတွေ
တခါတလေလိုအပ်ချက်လေးတွေရှိပါတယ်ရှိတာကိုးနားလည်ပေးကြတဲ့မေမေတွေကိုလဲကျေးဇူးတင်ပါတယ်ကျွန်မကြိုးစားမှုကတခုပဲတခါဝယ်မဖြစ်စေချင်တာတခါဝတ်လဲမဖြစ်စေချင်ဘူးလိုအပ်ချက်တွေတော့အများကြီးရှိပါတယ်အများကြီးကြိုးစားပါဦးမယ်နော်မေမေတွေရဲ့အကြံပေးမှုတွေကိုလဲအမြဲတမ်းကြိုဆိုပီးပြင်ဆင်ကြိုးစားလျက်ရှိပါတယ်တဦးတယောက်တည်းရဲ့ကိုယ်တိုင်းမဟုတ်တော့အများနီးတူအများလိုအထူးသဖြင့်ကလေးတွေရဲ့တကယ့်ကိုက်ညီမှုရှိမဲ့ကိုယ်တ်ိုင်းနဲ့ထုတ်ပါတယ်တခါတလေရေကျူံ့ရင်ပိတ်အကုန်ခံပီးပိုချူပ်ပီးလုပ်ပေးထားပါတယ်နော်ကျွန်မရဲ့ကြိုးစားမှုစေတနာတွေကိုးလိုအပ်ချက်တွေရှိပေမဲ့လဲအသိအမှတ်ပြုပေးတဲ့ထပ်ခါထပ်ခါဝယ်ယူအားပေးတဲ့မေမေတွေကောအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် 🥰
ထပ်ကြိုးစားပါဦးမည်လိုအပ်ချက်များကိုလဲနားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်နော် 😍

 #ကုန်ပီရှင် ✨ သားသားမီးမီးတို့အတွက် သန့်သန့်ပြန့်ပြန့်နဲ့ အေးအေးချမ်းချမ်းလေး ဝတ်လို့ကောင်းမယ့် "ချည်အစင်း" လက်တိုဘီရှည...
27/07/2026

#ကုန်ပီရှင်
✨ သားသားမီးမီးတို့အတွက် သန့်သန့်ပြန့်ပြန့်နဲ့ အေးအေးချမ်းချမ်းလေး ဝတ်လို့ကောင်းမယ့် "ချည်အစင်း" လက်တိုဘီရှည် ရောက်ကုန်အထည်လေးတွေ ရောက်ပါပြီရှင် ✨

​ဟာဝေယံဒီဇိုင်းလေးကိုမှ အင်္ကျီမှာအိတ်ကပ်ပါဝင်လို့ ဝတ်လိုက်ရင် အရမ်းသန့်ပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးပါနော် 💕

​အသားအေးပြီး ချွေးစုပ်လည်း ကောင်းမွန်တဲ့ ချည်သားလေးဖြစ်လို့ ကလေးတွေ ဝတ်ရတာ သက်တောင့်သက်သာ ရှိစေမှာ သေချာပါတယ်ရှင် ✨

​👕 တစ်စုံကိုမှ💸 (၆,၀၀၀) ကျပ်တည်းနဲ့ ရောက်ကုန်အထည်တန်တန်လေးရောင်းချပေးနေပါတယ်ရှင်
​📏 Size Chart လေးတွေကတော့ -
​🔹 S (၁ နှစ် မှ ၂ နှစ်)
​ရင် - 13"​ခါးရှည် - 15"​ဘီရှည် - 17"
​🔹 M (၂ နှစ် မှ ၃ နှစ်)
​ရင် - 14"​ခါးရှည် - 15.5"​ဘီရှည် - 19.5"
​🔹 L (၃ နှစ် မှ ၄ နှစ်)
​ရင် - 15"​ခါးရှည် - 16.5"​ဘီရှည် - 21"
​🔹 XL (၄ နှစ် မှ ၅ နှစ်)
​ရင် - 16"​ခါးရှည် - 18"​ဘီရှည် - 23"
​🔹 2XL (၅ နှစ် မှ ၆ နှစ်)
​ရင် - 17"​ခါးရှည် - 20"​ဘီရှည် - 25.5"
​🔹 3XL (၇ နှစ် မှ ၈ နှစ်)
​ရင် - 18"​ခါးရှည် - 20.5"​ဘီရှည် - 28.5"
😉အပြာအပေါ်အဖြူအစင်းနဲ့ အဝါအပေါ်အဖြူအစင်း ကြိုက်နှစ်သက်ရာ အရောင်လေးရဖို့ လက်နှေးမနေဘဲ မြန်မြန်လေး လာရောက်မှာယူလိုက်တော့နော် 💕
​📩 မှာယူလိုပါက Chat Box (CB) သို့ အမည် လိပ်စာ ဖုန်းနံပါတ်လေးပို့ပေးပါဦးရှင် ✨

🐻 Brown & Friends ကာတွန်းရုပ် ရောင်စုံလေးတွေနဲ့ သားသားမီးမီးတို့ အကြိုက်တွေ့စေမယ့် "စပန့်လက်တိုဘီတို" ရောက်ကုန်အထည်လေးတွ...
26/07/2026

🐻 Brown & Friends ကာတွန်းရုပ် ရောင်စုံလေးတွေနဲ့ သားသားမီးမီးတို့ အကြိုက်တွေ့စေမယ့် "စပန့်လက်တိုဘီတို" ရောက်ကုန်အထည်လေးတွေ ရောက်ပါပြီရှင် 🐻✨

​ခဲပြာရောင်နဲ့ နီညိုရောင် ဆန်းဆန်းလေးတွေမှာ ချစ်စရာ ကာတွန်းရုပ်လေးတွေ ပါဝင်လို့ ဝတ်လိုက်ရင် အရမ်းချစ်စရာကောင်းမှာပါနော် 💕

​စပန့်သားအိအိလေးဖြစ်လို့ အသားအေးပြီး ပူအောက်အောက် ရာသီဥတုမှာ အိမ်မှာပဲဝတ်ဝတ်၊ အပြင်ထွက်ရင်ပဲဝတ်ဝတ် ပေါ့ပါးသက်တောင့်သက်သာ ရှိစေပါတယ်ရှင် ဘီတိုကိုမှဒူးဖုံးလေးလဲလုပ်ပေးထားပါတယ်ရှင် ✨
​👕တစ်စုံကိုမှ 💸(၆,၅၀၀) ကျပ်တည်းနဲ့ ရောက်ကုန်အထည်တန်တန်လေးရောင်းချပေးနေပါတယ်ရှင်
​📏 Size Chart လေးတွေကတော့ -
​🔹 S (၄ နှစ် မှ ၅ နှစ်)
​ရင် - 14.5"​ခါးရှည် - 17"​ဘီတို - 15.5"
​🔹 M (၅ နှစ် မှ ၆ နှစ်)
​ရင် - 15.5"​ခါးရှည် - 18"​ဘီတို - 18"
​🔹 L (၇ နှစ် မှ ၈ နှစ်)
​ရင် - 16.5"​ခါးရှည် - 19"​ဘီတို - 19.5"
​ရောက်ကုန်အထည်လေးတွေကို၂ရောင်တတွဲယူပေးနော် 😉
ကြိုက်နှစ်သက်ရာ အရောင်လေး ရချင်ရင်တော့ လက်နှေးမနေဘဲ အမြန်ဆုံး မှာယူလိုက်တော့နော် 💕

​📩 မှာယူလိုပါက Chat Box (CB) သို့ ဆက်သွယ်ပေးပါရှင် ✨

24/07/2026

ဟာဝေယံချည်အစင်းလက်တိုဘီရှည်လဲရမယ်နော်
၂ရောင်တတွဲပါရှင်
၁နှစ်ကနေ၁၀နှစ်ထိရ


#ချည်အစင်းဟာဝေယံဝမ်းဆက်

ဂျာစီစပန့်လက်တိုဘီတိုလာမယ်ရှင်ရောက်ကုန်လေးတွေမို့လက်သွက်ဖို့တော့လိုမယ်နော် ဈေးချိူပစ္စည်းမှန်မှာကတော့ပူမနေနဲ့နော်အမြည်းလ...
24/07/2026

ဂျာစီစပန့်လက်တိုဘီတိုလာမယ်ရှင်
ရောက်ကုန်လေးတွေမို့လက်သွက်ဖို့တော့လိုမယ်နော် ဈေးချိူပစ္စည်းမှန်မှာကတော့ပူမနေနဲ့နော်
အမြည်းလာပြတာပါရှင်
ဆိုဒ်၃ဆိုဒ်ရမယ်နော်


#စပန့်ဂျာစီဝမ်းဆက်

20/07/2026

ကဲလာမယ်ရှင်
အသစ်လေးတွေဘာလေးထွက်မလဲထင်လဲမေမေတို့ရေ ပစ္စည်းမှန်ဈေးတန်ပီးချူပ်ရိုးချူပ်သားကောင်းကောင်းနဲ့ကိုးရမှာနော်

4နှစ်4လတဲ့နံနံပင်ကြိုက်တဲ့သားကျွန်မခုထိနံနံပင်စားလို့မရသေးမုန့်ဟင်းခါးထဲပါရင်ဖြစ်ဖြစ်အသုပ်ထဲတောင်ပါရင်မစားတာသူကမုန့်ဟင်း...
16/07/2026

4နှစ်4လတဲ့နံနံပင်ကြိုက်တဲ့သားကျွန်မခုထိနံနံပင်စားလို့မရသေးမုန့်ဟင်းခါးထဲပါရင်ဖြစ်ဖြစ်အသုပ်ထဲတောင်ပါရင်မစားတာသူကမုန့်ဟင်းခါးလဲထည့်စားတယ်အသုပ်လဲပါရင်စားတယ်
အခုလဲငါးဟင်းချက်ရင်နံနံပင်အုပ်ပေးရတယ်ပါရင်ကောင်းကောင်းစားတယ်နံနံပင်အရိုးကအစအရွက်ကစသေချာကိုစားတာမဖယ်ဘူးတော်
မေမေတို့ကလေးတွေရော်ကြိုက်ကြလားကျွန်မသားကတော့ကြိုက်မှကြိုက်ရှင်


06/07/2026

အထည်သစ်တွေလာမယ်နော်ကြာနေရတဲ့အကြောင်းအရင်းကသားသားကနေမကောင်း၃ခါရင်ကျပ်ဆေးရှူချောင်းဆိုးနဲ့ဘယ်ဘက်မှမလှည့်နိုင်တာနဲ့ချူပ်ရုံကိုမလောမိတာနဲ့အခုတော့လောနေပီနော်
မေ့နေမှာစိုးလို့လာပြောတာမေမေတို့ရေ
ထွက်လာရင်အားပေးကြပါဦးနော်အဆင်သစ်ဒီဇိုင်းသစ်နော် KBA - Kids Clothes ကဒီဇိုင်းတွေကအသစ်အသစ်တွေဆိုတာသိတယ်ဟုတ်


Address

တိုက်4 အခန်း4 မြေညီထပ် မြိုင်ဟေဝန်အိမ်ရာ မရမ်းကုန်း(8မိုင်) ရန်ကုန်မြို့
Yangon

Website

Alerts

Be the first to know and let us send you an email when KBA - Kids Clothes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share