Designer Aung Myint Tun

Designer Aung Myint Tun Fashion Designer

☀️ နေရောင်အောက်မှာ ဘယ်လိုအရောင်ဝတ်သင့်လဲ?မိမိရဲ့ဝတ်စားဆင်ယင်မှု့ဟာ နေရောင်အောက်မှာဆိုရင် “အရောင်လှတာ” တစ်ခုတည်းမဟုတ်ဘဲ “...
10/08/2026

☀️ နေရောင်အောက်မှာ ဘယ်လိုအရောင်ဝတ်သင့်လဲ?

မိမိရဲ့ဝတ်စားဆင်ယင်မှု့ဟာ နေရောင်အောက်မှာဆိုရင် “အရောင်လှတာ” တစ်ခုတည်းမဟုတ်ဘဲ “အပူကို ဘယ်လောက်စုပ်ယူလဲ” ဆိုတာကိုပါ စဉ်းစားသင့်ပါတယ်။

အပေါ်ကပုံမှာ အရောင်မတူတဲ့ Polo Shirt တွေကို နေရောင်အောက်မှာထားပြီး Thermal Camera နဲ့ မျက်နှာပြင်အပူချိန်ကို စမ်းသပ်ထားတာပါ။

🌡️ အပူချိန်နိမ့်တဲ့အရောင်ကနေ မြင့်တဲ့အရောင်အထိ
White → Yellow → Grey → Red → Purple → Blue → Green → … → Black ဆိုပြီး ကွာခြားတာကို တွေ့ရပါတယ်။

🤍 ဘာကြောင့် အဖြူရောင်က ပိုအေးတာလဲ?

အဖြူရောင်ဟာ နေရောင်ထဲက မြင်ရတဲ့အလင်းရောင်အများစုကို စုပ်ယူမှု့အားနည်းတဲ့အတွက် အရောင်မှောင်တွေထက် အေမြစေပြီး

🖤 အနက်ရောင် ကတော့ အလင်းရောင်ကို ပိုမိုစုပ်ယူနိုင်တဲ့အတွက် နေရောင်အောက်မှာ အထည်မျက်နှာပြင်ပိုမိုပူလာနိုင်တာကြောင့် နေရောင်အောက်မှာ ဆို

🤍 White
💛 Light Yellow
🩶 Light Grey
🩵 Pastel / Light Blue
💚 Light Green

လိုမျိုး အရောင်ဖျော့ဖျော့တွေကို ရွေးချယ်ဝတ်ဆင်တာ က အရောင်မှောင်တွေထက် နေရောင်အပူကို လျှော့ချရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

👕 ဒါပေမယ့် အရောင်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့!

တကယ်တမ်း နေရောင်အောက်မှာ အေးမြဖို့ဆိုရင် အရောင် + အထည်သား + အထည်အထူ + အဝတ်အစားအရွယ်အစား အားလုံးက အရေးကြီးပါတယ်။

ဥပမာ—
အဖြူရောင်အထူကြီး Polyester အင်္ကျီ ထက်
အရောင်ဖျော့တဲ့ Cotton/Linen အင်္ကျီ ပေါ့ပေါ့ပါးပါး က ပိုသက်တောင့်သက်သာဖြစ်နိုင်ပါတယ်။

✨ Fashion ဆိုတာ လှပဖို့တင်မဟုတ်ဘူး နေရာဒေသနဲ့ ကိုက်ညီအောင် ရွေးချယ်ဝတ်ဆင်တတ်ဖို့ကလည်း Fashion ရဲ့ အစိတ်အပိုင်းတစ်ခုပါ။

Designer Aung Myint Tun

Photo credit

🕯️ ၁၉ ဇူလိုင် – အာဇာနည်နေ့ယနေ့သည် မြန်မာ့သမိုင်းတွင် မမေ့အပ်သော နေ့တစ်နေ့ဖြစ်သည်။တိုင်းပြည်နှင့် ပြည်သူတို့၏ အနာဂတ်အတွက်...
19/07/2026

🕯️ ၁၉ ဇူလိုင် – အာဇာနည်နေ့

ယနေ့သည် မြန်မာ့သမိုင်းတွင် မမေ့အပ်သော နေ့တစ်နေ့ဖြစ်သည်။

တိုင်းပြည်နှင့် ပြည်သူတို့၏ အနာဂတ်အတွက် အသက်ပေး၍ တာဝန်ထမ်းဆောင်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးလေးနက်နက် ဂုဏ်ပြုအောက်မေ့အပ်ပါသည်။

အာဇာနည်တို့၏ သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနှင့် နိုင်ငံအပေါ်ထားရှိခဲ့သော စိတ်ဓာတ်သည် မျိုးဆက်တိုင်းအတွက် အလင်းရောင်တစ်ခုအဖြစ် အစဉ်တည်ရှိနေမည် ဖြစ်ပါသည်။

ယနေ့တွင် ခဏတာ ငြိမ်သက်စွာ ရပ်တန့်ပြီး ၎င်းတို့၏ ကျေးဇူးတရားနှင့် အနစ်နာခံမှုကို အောက်မေ့သတိရကြပါစို့။

“အတိတ်ကို အောက်မေ့ခြင်းသည် အနာဂတ်ကို တန်ဖိုးထားခြင်း၏ အစဖြစ်သည်။”

🕯️ ၁၉ ဇူလိုင် အာဇာနည်နေ့အား လေးစားဂုဏ်ပြု အောက်မေ့အပ်ပါသည်။

#အာဇာနည်နေ့ #၁၉ဇူလိုင်

မိတ်ဆွေရဲ့ ကလေးအတွက် Suit ချုပ်ဖို့လိုအပ်နေပြီလား ?  ကျွန်တော့်ဆီမှာ စျေးနှုန်းအမျိုးမျိုး ပိတ်စအမျိုးမျိုးကို စိတ်ကြိုက...
16/07/2026

မိတ်ဆွေရဲ့ ကလေးအတွက် Suit ချုပ်ဖို့လိုအပ်နေပြီလား ? ကျွန်တော့်ဆီမှာ စျေးနှုန်းအမျိုးမျိုး ပိတ်စအမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ပြီးချုပ်နိုင်ပါပြီဗျ။
Suit တစ်စုံချုပ်ရင် Shirt တစ်ထည် လက်ဆောင်ပေးမှာနော် ☺️☺️

July 15 မှ August 15 ထိ 10% Discount ရှိလို့ အမြန်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ။

🚨 Now Available at Designer Aung Myint Tun."

🤵Designer Aung Myint Tun

☎️09964461991, 09443161991

အမှတ် ( ၁ ) သုနန္ဒာ ၁ လမ်း၊ သုမင်္ဂလာအိမ်ယာ၊သင်္ဃန်းကျွန်း။
No. (1), Corner of Thu Nandar 1 st, Thumingalar Housing, Thingangyun Tsp, Yangon.


အခမ်းအနားမှူး ကိုပြည့်ဖြိုးအောင် အတွက်တိုက်ပုံလေးချုပ်ပေးထားပါတယ်ဗျ။ ❤️❤️
18/06/2026

အခမ်းအနားမှူး ကိုပြည့်ဖြိုးအောင် အတွက်
တိုက်ပုံလေးချုပ်ပေးထားပါတယ်ဗျ။ ❤️❤️

ညီမ Mc Kaythi Khine Win အတွက် Suit လေးချုပ်ပေးထားပါတယ်ဗျ။ 😍😍😍
15/06/2026

ညီမ Mc Kaythi Khine Win အတွက် Suit လေးချုပ်ပေးထားပါတယ်ဗျ။ 😍😍😍

" မြန်မာ့ရိုးရာ တိုက်ပုံ ညှပ်နည်း ချုပ်နည်း အဆင့်မြင့်သင်တန်း "မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမြှင့်တင်လိုသူမျာ...
02/06/2026

" မြန်မာ့ရိုးရာ တိုက်ပုံ ညှပ်နည်း ချုပ်နည်း အဆင့်မြင့်သင်တန်း "

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမြှင့်တင်လိုသူများ၊ အပ်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု တည်ဆောက်လိုသူများအတွက်

“မြန်မာ့ရိုးရာတိုက်ပုံ ညှပ်နည်း၊ချုပ်နည်းသင်တန်း” ကို
ကျွန်တော် ဒီဇိုင်နာ အောင်မြင့်ထွန်း ကိုယ်တိုင် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ကျွန်တော် အလုပ်တွေမအားလို့ သင်တန်းမပေးဖြစ်တာကြာပါပြီ။ အပ်ထည်တိုင်းကို ကိုယ်တိုင် Pattern ဆွဲ၊ ကိုယ်တိုင်ညှပ် မှ စိတ်တိုင်းကျတာမို့ တစ်ရက်တစ်ရက် အပ်ထည်တွေ Blazer, vest, pants , Jacket , Shirt, တိုက်ပုံ တွေကို ကိုယ်တိုင် Pattern ဆွဲရင်း ညှပ်ရင်းနဲ့အချိန်ကုန်နေရတယ်။ ဒါတောင် အထည်လက်ခံတာ Fitting လုပ်တာတွေကနေ့တိုင်းရှိပါသေးတယ်။
အခုတော့ Chat Box မှာ သင်တန်းတတ်ချင်တဲ့ကလေးတွေ လာမေးတာ များတဲ့အထဲက တိုက်ပုံပညာသင်ချင်တဲ့ကလေးတွေကပိုများလို့ ကျွန်တော်တတ်ထားတဲ့ တိုက်ပုံပညာကိုလက်ဆင့်ကမ်းသင်ကြားပေးဖို့စိတ်ကူးရပါတယ်။
ဒီအတိုင်းအပျော်သင်ချင်ရင်တော့ မလာပါနဲ့ဗျ။ ဘဝလို့ သတ်မှတ်ပြီး ပညာရှင်တစ်ယောက်ဖြစ်ချင်မှလာတတ်ဖို့ဖိတ်ခေါ်ပါတယ်ဗျ။

သင်တန်းတွင် -
• တိုက်ပုံအမျိုးအစားများအကြောင်း လေ့လာခြင်း၊ ရိုးရာတိုက်ပုံ ၊ခေတ်ပေါ်တိုက်ပုံ၊ ရင်ဖုံးတိုက်ပုံအမျိုးမျိုး
• ကိုယ်တိုင်းတာနည်းနှင့် Pattern ရေးဆွဲနည်း၊
• အထည်ဖြတ်တောက်နည်း၊
• ချုပ်လုပ်နည်းအဆင့်ဆင့်၊
• အပြီးသတ် အရည်အသွေးမြင့် လက်ရာဖန်တီးနည်းများကို စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

အတွေ့အကြုံမရှိသူများလည်း အခြေခံမှစတင်၍ လေ့လာနိုင်ပြီး၊ သင်တန်းပြီးဆုံးပါက ကိုယ်တိုင်ချုပ်လုပ်နိုင်သည့် အရည်အချင်းများ ရရှိစေမည်ဖြစ်ပါသည်။

မြန်မာ့ရိုးရာဝတ်စုံအနုပညာကို လက်ဆင့်ကမ်းသင်ယူလိုသူများအားလုံး တက်ရောက်ရန် ဖိတ်ခေါ်အပ်ပါသည်။

📞 သင်တန်းအသေးစိတ်နှင့် စာရင်းပေးသွင်းရန် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

🤵Designer Aung Myint Tun
☎️ 09964461991 , 09443161991

အမှတ် ( ၁ ) သုနန္ဒာ ၁ လမ်း၊ သုမင်္ဂလာအိမ်ယာ၊သင်္ဃန်းကျွန်း။
No. (1), Corner of Thu Nandar 1 st, Thumingalar Housing, Thingangyun Tsp, Yangon.

Model ဟိန်းသီဟသူ 🖤

#တိုက်ပုံသင်တန်း

Address

No. (1), Corner Of Thu Nandar 1 Street, Thumingalar Housing, Thingangyun
Yangon

Opening Hours

Monday 11:00 - 18:00
Tuesday 11:00 - 18:00
Wednesday 11:00 - 18:00
Thursday 11:00 - 18:00
Friday 11:00 - 18:00
Saturday 11:00 - 18:00
Sunday 11:00 - 18:00

Telephone

+959964461991

Website

Alerts

Be the first to know and let us send you an email when Designer Aung Myint Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Designer Aung Myint Tun:

Shortcuts

Share