YuanLink Myanmar

YuanLink Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YuanLink Myanmar, Yangon.

🇨🇳 China Shopping → 🇲🇲 Myanmar

🛒 Taobao • 1688 • Pinduoduo
ပစ္စည်းဝယ်ပေးခြင်း & ငွေချေပေးခြင်း

⚡ မြန်ဆန် • လွယ်ကူ • ယုံကြည်စိတ်ချရ
📩 Service & Rate → Messenger

Yuan လဲချင်ပေမယ့်…“ဘယ်လောက်ကနေ လဲလို့ရလဲ?” “ဘယ်လိုဆက်သွယ်ရမလဲ?” 🤔💰China Shopping App တွေမှာ Payment လုပ်ဖို့ Yuan လိုအပ်...
20/08/2026

Yuan လဲချင်ပေမယ့်…
“ဘယ်လောက်ကနေ လဲလို့ရလဲ?” “ဘယ်လိုဆက်သွယ်ရမလဲ?” 🤔💰

China Shopping App တွေမှာ Payment လုပ်ဖို့ Yuan လိုအပ်ပေမယ့် ဘယ်လိုစလုပ်ရမလဲ မသိသေးဘူးဆိုရင် ဒီ Post လေးမှာ မေးလေ့ရှိတဲ့ မေးခွန်းတွေကို တစ်ခါတည်း ဖြေပေးထားပါတယ်ရှင့် 🤍

💰 ဘယ်လောက်ကနေ Yuan လဲလို့ရလဲ?

မင့်ဘက်ကတော့ လဲရမယ့် Amount ကို သတ်မှတ်ထားတာ မရှိပါဘူးရှင့်။
လိုအပ်သလောက် လဲလှယ်နိုင်ပါတယ်။

ဘာကြောင့် Amount မသတ်မှတ်ထားတာလဲဆိုတော့…

မင်ကိုယ်တိုင် China Shopping App တွေမှာ ပစ္စည်းမှာဖူးတဲ့အချိန် Payment လုပ်ရမယ့်အဆင့်ရောက်မှ အခက်အခဲတွေ ကြုံခဲ့ဖူးလို့ပါ။

Payment Service တချို့မှာ Amount ကို သတ်မှတ်ထားတာရှိတဲ့အတွက် ကိုယ်တကယ်ပေးရမယ့်ပမာဏနဲ့ မကိုက်တာတွေ ဖြစ်တတ်ပါတယ်။

ဥပမာ —
ကိုယ်ပေးရမယ့် Amount က သတ်မှတ်ထားတဲ့ Amount ထက် ပိုသွားရင်တော့ အဆင်ပြေပေမယ့်
မပြည့်သေးတဲ့အခါ ထပ်ပြီး ငွေလဲပေးမယ့် Service ကို ရှာရတာ၊ စုံစမ်းရတာတွေက အချိန်ကုန်ပြီး စိတ်ရှုပ်စရာဖြစ်လာပါတယ်။

ဒါကမင်ကိုယ်တိုင် လက်တွေ့ကြုံခဲ့ရတဲ့အခက်အခဲပါ🥹

အဲ့ဒါကြောင့် “ကိုယ်လိုသလောက် လဲလို့ရရင် ပိုအဆင်ပြေမယ်” ဆိုတဲ့အတွေးနဲ့
မင့် Service မှာ Amount ကို တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိပါဘူးရှင့်။ 🤍

📲 ဘယ်လိုဆက်သွယ်ရမလဲ?
→ Page Messenger ကနေ တိုက်ရိုက် လာမေးမြန်းနိုင်ပါတယ်ရှင့်။

💬 Rate ကို ဘယ်လိုသိနိုင်လဲ?
→ လဲချင်တဲ့ Yuan ပမာဏကို ပြောပေးရုံနဲ့ လက်ရှိ Rate အတိုင်း တွက်ပေးပါမယ်ရှင့်။

🛒 ဘယ် App တွေအတွက် အသုံးပြုလို့ရလဲ?
→ 1688 / Taobao / Pinduoduo စတဲ့ China Shopping App တွေအတွက် Yuan Payment စီစဉ်နိုင်ပါတယ်ရှင့်။

⏰ ဘယ်အချိန်မှာ ဆက်သွယ်လို့ရလဲ?
→ [24 hours] အတွင်း Page Messenger ကနေ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

Yuan လိုအပ်တဲ့အခါ
“ဘယ်ကစရမလဲ?” “ဘယ်လောက်လဲရမလဲ?” ဆိုပြီး စိတ်ရှုပ်မနေပါနဲ့ရှင့် 🤍

✨ Yuan ပမာဏပြော → Rate စုံစမ်း → ငွေလွှဲ → Yuan Payment စီစဉ်
အဆင့်ဆင့် ရိုးရှင်းစွာ လုပ်ဆောင်နိုင်ပါတယ်ရှင့်။ 🇨🇳💰

📩 Yuan လဲချင်ရင် Page Messenger မှာ လာမေးလို့ရပါတယ်ရှင့်။

#1688

China Supplier Service — ပစ္စည်းမှာယူတာကို အစအဆုံး စီစဉ်ပေးပါတယ် 📦China ကနေ ပစ္စည်းမှာချင်ပေမယ့် Supplier ရှာတာ၊ Supplie...
18/08/2026

China Supplier Service — ပစ္စည်းမှာယူတာကို အစအဆုံး စီစဉ်ပေးပါတယ် 📦

China ကနေ ပစ္စည်းမှာချင်ပေမယ့် Supplier ရှာတာ၊ Supplier နဲ့ ဆက်သွယ်တာ၊ Order Details စစ်တာတွေကို ကိုယ်တိုင်လုပ်ရတာ မလွယ်ဘူးလား? 🤍

ဒါဆို Supplier ကိုယ်တိုင်ရှာပြီး Order တင်စရာမလိုဘဲ မင်တို့ကို Supplier အဖြစ် အပ်ပြီး ပစ္စည်းမှာယူနိုင်ပါတယ်ရှင့်။

Customer ဘက်က လိုချင်တဲ့ ပစ္စည်းပုံ / Link / Design / Size / Color / အရေအတွက် လေးပို့ပေးရုံနဲ့ မင်တို့ဘက်က Order ကို စီစဉ်ပေးမှာပါ။

🛍️ Supplier Service မှာ ဘာတွေပါလဲ?
① Product Details စစ်ဆေးပေးခြင်း
လိုချင်တဲ့ Product, Design, Color, Size နဲ့ Quantity ကို သေချာ Confirm လုပ်ပေးပါတယ်။

② Supplier ဆီ Order တင်ပေးခြင်း
Customer ကိုယ်တိုင် China Supplier နဲ့ ဆက်သွယ်ပြီး Order တင်စရာမလိုဘဲ မင်တို့ဘက်က Supplier အဖြစ် Order တင်ပေးပါတယ်။

③ Price / Stock / MOQ စစ်ဆေးပေးခြင်း
ပစ္စည်းဈေးနှုန်း၊ Stock ရှိ/မရှိ၊ အနည်းဆုံးမှာယူရမယ့်အရေအတွက် (MOQ) စတာတွေကို စစ်ဆေးပြီး Quotation ပေးပါတယ်။

④ Order Details ကို Double Check လုပ်ပေးခြင်း
Order မတင်ခင်
✔️ Design
✔️ Color
✔️ Size
✔️ Quantity
✔️ Price
တို့ကို ပြန်လည်စစ်ဆေးပြီးမှ Order တင်ပေးပါတယ်။

⑤ Order မှားယွင်းမှုများကို တာဝန်ယူပေးခြင်း
မင်တို့ဘက်က Order တင်ရာမှာ Size မှားခြင်း၊ Design/Color မှားခြင်း၊ အရေအတွက်မှားခြင်း စတဲ့ Order Details မှားယွင်းမှုတွေ ဖြစ်ခဲ့ရင် သတ်မှတ်ထားတဲ့ Terms & Conditions အတိုင်း တာဝန်ယူဖြေရှင်းပေးမှာဖြစ်ပါတယ်။ ဆိုင်ဘက်နဲ့ Refund ကိစ္စတွေပြောရမဲ့ ကိစ္စအကြောင်းအရာတွေရှိရင်လည်း မင်တို့ဘက်က တာဝန်ယူဖြေရှင်းပေးမဲ့ စနစ်လည်း ထည့်သွင်းပေးထားပါတယ်။ 💛

⑥ 💰 Yuan Payment
Supplier ကို Yuan Payment လုပ်ပေးပြီး Order Process ကို ဆက်လက်စီစဉ်ပေးပါတယ်။

Supplier fees လေးကို မင်တို့ သက်တောင့်သက်သာလေးဖြစ်အောင် စီစဉ်ပေးထားတဲ့ program လေးလည်းရှိပါတယ်ရှင့်။

Order တစ်ခုချင်းစီအလိုက် အသေးစိတ် Quotation ကိုလည်း မင်တို့ Excel Sheet နဲ့ ပို့ပေးပြီး Google Drive မှာလည်း သိမ်းပေးထားတာကြောင့် Customer တွေအနေနဲ့ ပစ္စည်းစာရင်း၊ စျေးနှုန်းနဲ့ Total Amount တွေကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ Checkout လုပ်တဲ့အခါလည်း ပိုမိုလွယ်ကူမြန်ဆန်စေပါတယ်။

China ကနေ ပစ္စည်းမှာယူဖို့ စတင်ချင်ပြီဆိုရင်—
Page Messenger မှာ “CHINA” လို့ စာပို့ပြီး အသေးစိတ်မေးမြန်းလိုက်ပါ။ 📩

17/08/2026

Order တင်ပြီးပြီ… Yuan မရှိလို့ Order ပျက်သွားရတော့မလား? 😭

1688 / Taobao / Pinduoduo မှာ
ပစ္စည်းရွေးပြီး Order တင်ပြီးပြီ… 🛒

Seller ကို Yuan ငွေချေပေးရုံပဲ ကျန်တော့တယ်။
ဒါပေမယ့် ကိုယ့်ဘက်မှာ Yuan မရှိသေးရင်… 🥲
❌ Order Confirm မဖြစ်နိုင်
❌ Order နောက်ကျနိုင်
❌ Promotion / Discount လွတ်သွားနိုင်
❌ Seller ဘက်က Order Cancel ဖြစ်သွားနိုင်ပါတယ်။

အထူးသဖြင့် ပစ္စည်းဈေးကောင်းကောင်းရထားတဲ့အချိန်၊ Promotion ရထားတဲ့အချိန် မှာ Yuan Payment အဆင်မပြေလို့ Order ပျက်သွားရတာက တကယ်နှမြောစရာပါ။

ဒါကြောင့် Yuan လိုအပ်တဲ့အချိန်တိုင်း အလွယ်တကူ စီစဉ်နိုင်ဖို့ Payment Service လေးရှိထားတာ ပိုအဆင်ပြေပါတယ်။ 🤍

Yuan လိုအပ်တဲ့အခါ
Order မပျက်၊ အချိန်မနှောင့်နှေးဘဲ Payment လုပ်နိုင်အောင် မင်တို့ဆီမှာ Yuan စီစဉ်လို့ရပါတယ်ရှင့်။ 🇨🇳💰

📩 Yuan လိုအပ်တဲ့အခါ Page Messenger မှာ လာမေးမြန်းနိုင်ပါတယ်ရှင့်။

17/08/2026

🇨🇳 China Shopping Rate Update

1688 / Taobao / Pinduoduo မှာ ပစ္စည်းဝယ်ယူချင်သူများအတွက်

ယနေ့အသုံးပြုနိုင်မယ့် Yuan Rate လေး update ပေးထားပါတယ်ရှင့် 🤍

For Taobao and 1688

💰 1 CNY = 662 MMK

For Pinduoduo

💰 1 CNY = 660 MMK

🛒 China Shopping Payment Service ရရှိပါတယ်
📦 ပစ္စည်းဝယ်ပေးတဲ့ Service လည်း ရရှိပါတယ်

Rate က အချိန်အလိုက် ပြောင်းလဲနိုင်တာကြောင့်
Order မတင်ခင် လက်ရှိ Rate ကို Page Chat Box မှာ လာမေးပေးပါရှင့် 💬

Myanmar #1688

Send a message to learn more

🇨🇳 China App Payment ဘယ်လိုလုပ်ပေးလဲ?Payment ပြုလုပ်လိုပါက အောက်ပါအဆင့်လေးတွေအတိုင်း လုပ်ပေးရုံပါပဲရှင့် 🤍① Order Paymen...
17/08/2026

🇨🇳 China App Payment ဘယ်လိုလုပ်ပေးလဲ?
Payment ပြုလုပ်လိုပါက အောက်ပါအဆင့်လေးတွေအတိုင်း လုပ်ပေးရုံပါပဲရှင့် 🤍

① Order Payment Amount ပို့ပေးပါ
1688 / Taobao / Pinduoduo မှာ ပေးချေရမယ့် Yuan Amount ကို ပို့ပေးပါ။

② Payment QR Code ပို့ပေးပါ
မင်မင့်ဘက်က Scan လုပ်ပြီး Payment ပြုလုပ်ပေးနိုင်ရန် သင့် App မှာ ပြထားတဲ့ Payment QR Code ကို Screenshot ပို့ပေးပါရှင့်။

③ မင်မင့်ဘက်က QR Code Scan လုပ်ပြီး Payment ပေးချေပေးပါမယ်
QR Code ရရှိပြီးတာနဲ့ စစ်ဆေးပြီး China Payment ကို ဆောင်ရွက်ပေးပါမယ်။

④ Payment Successfull အောင်မြင်ပြီးတာနဲ့ Payment Successful Screenshot ကို ပြန်ပို့ပေးပါမယ်ရှင့်။

✨ QR Code ပို့ပေး → Scan လုပ်ပေး → Payment ပြီး ✨ အဲ့ ဒိ step 4 ဆင့်လေးဘဲ လိုပါတယ်ရှင့်။

Myanmar

China Payment Service က ဘယ်သူတွေအတွက် အသုံးဝင်လဲ? 🇨🇳💰China Shopping App တွေမှာ ပစ္စည်းမှာချင်ပေမယ့် Yuan ငွေချေဖို့ အခက်...
16/08/2026

China Payment Service က ဘယ်သူတွေအတွက် အသုံးဝင်လဲ? 🇨🇳💰

China Shopping App တွေမှာ ပစ္စည်းမှာချင်ပေမယ့် Yuan ငွေချေဖို့ အခက်အခဲရှိနေတယ်ဆိုရင် ဒီ Service က သင့်အတွက် အသုံးဝင်ပါတယ်ရှင့် 🤍

🛒 1688 / Taobao / Pinduoduo မှာ ပစ္စည်းမှာယူသူများ

Yuan မရှိလို့ Order တင်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက်

🏪 China ကနေ ပစ္စည်းမှာပြီး ပြန်ရောင်းတဲ့ Online Seller များ

ပစ္စည်းမှာတိုင်း Yuan Payment လုပ်ရတာကြောင့် ငွေလဲဖို့ လွယ်ကူမြန်ဆန်တဲ့ Service လိုအပ်သူတွေအတွက်

📦 Preorder / Personal Shopper လုပ်သူများ
Customer Order ရတိုင်း China Seller ဆီ Yuan နဲ့ Payment လုပ်ပေးရသူတွေအတွက်

China App တွေမှာ ငွေချေဖို့ Yuan လိုအပ်နေသူတွေအတွက်

✨ အတိုချုပ်ပြောရရင်
“China ကနေ ပစ္စည်းဝယ်ချင်တယ်၊ ဒါပေမယ့် Yuan နဲ့ ဘယ်လိုငွေချေရမလဲ?” ဆိုတဲ့သူတွေအတွက် China Payment Service က အသုံးဝင်ပါတယ်ရှင့်။

Yuan လိုအပ်တိုင်း အခက်အခဲမဖြစ်အောင်
လွယ်ကူရိုးရှင်းတဲ့ China Payment Service နဲ့ ချိတ်ဆက်ထားလိုက်ပါ 🤍

📩 China Payment လုပ်ချင်သူများ Page Messenger မှာ လာမေးမြန်းနိုင်ပါတယ်ရှင့်။

China payment Service တွေမှာ “ယုံကြည်မှု” က ဘာကြောင့်အရေးကြီးတာလဲ? 💛ခုလိုကာလမှာ ငွေကြေးနဲ့ပတ်သက်တဲ့ Service တစ်ခုကို စတင...
16/08/2026

China payment Service တွေမှာ “ယုံကြည်မှု” က ဘာကြောင့်အရေးကြီးတာလဲ? 💛

ခုလိုကာလမှာ ငွေကြေးနဲ့ပတ်သက်တဲ့ Service တစ်ခုကို စတင်အသုံးပြုရတော့မယ်ဆိုရင်
ကိုယ့်ဘက်က အရင်ငွေလွှဲလိုက်ရမှာကို စိတ်ပူတာ၊ ရင်တမမဖြစ်တာမျိုး ရှိတတ်ပါတယ်။

မင်လည်း ဒီခံစားချက်ကို နားလည်ပါတယ်။

ဘာလို့လဲဆိုတော့ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေက
ပစ္စည်းတစ်ခုဝယ်သလို “စမ်းသုံးကြည့်လိုက်မယ်” ဆိုပြီး လွယ်လွယ်ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်လို့ပါ။

“ငွေလွှဲပြီးရင် အဆင်ပြေပါ့မလား?”
“ဒီဘက်က ယုံကြည်စိတ်ချရရဲ့လား?”
“ငွေပမာဏနဲ့ Rate တွေကို ဘယ်လိုတွက်ပေးတာလဲ?”
“တစ်ခုခုအဆင်မပြေရင် ဘယ်လိုဆက်သွယ်ရမလဲ?”

ဒီလိုမေးခွန်းတွေက အသုံးပြုမယ့်သူတိုင်းရဲ့ စိတ်ထဲမှာ ရှိနိုင်ပါတယ်။

ဒါကြောင့် ငွေကြေးနဲ့ပတ်သက်တဲ့ Service တစ်ခုမှာ

မြန်ဆန်တာ၊ အဆင်ပြေတာတင်မကဘဲ “စိတ်ချရတယ်” ဆိုတဲ့ခံစားချက်ကို ပေးနိုင်ဖို့က အရေးကြီးပါတယ်။ 🤎
ယုံကြည်မှုဆိုတာလည်း စကားလုံးတွေနဲ့ပဲ တည်ဆောက်လို့မရပါဘူး။

✨ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြပေးတာ
✨ လုပ်ဆောင်ပုံတွေကို နားလည်လွယ်အောင် ရှင်းပြပေးတာ
✨ မေးမြန်းလာတဲ့အခါ စိတ်ရှည်ရှည်နဲ့ ပြန်လည်ဖြေကြားပေးတာ
✨ အဆင်မပြေမှုရှိလာရင် တာဝန်ယူပြီး ဖြေရှင်းပေးတာ
ဒီလိုအသေးစိတ်လုပ်ဆောင်မှုလေးတွေကနေ ယုံကြည်မှုဆိုတာ တဖြည်းဖြည်း တည်ဆောက်လာတာပါ။

ဘာလို့လဲဆိုတော့…
ငွေကြေးနဲ့ပတ်သက်တဲ့ Service တစ်ခုမှာ
Customer က ပထမဆုံးရွေးချယ်တာက Service တစ်ခုတည်းမဟုတ်ဘဲ
“ယုံကြည်လို့ရမရ” ဆိုတာကိုပါ ရွေးချယ်နေတာဖြစ်လို့ပါ။ 🤍

ယုံကြည်မှုဆိုတာ တစ်ရက်တည်းနဲ့ ရလာတာမဟုတ်ပါဘူး။

လုပ်ဆောင်မှုတိုင်း၊ ဆက်ဆံမှုတိုင်းနဲ့
တဖြည်းဖြည်း တည်ဆောက်သွားရတာပါ။ 🫶🏻

💭 ဘာကြောင့် Yuan Exchange Service စလုပ်ဖြစ်တာလဲ?မင်မင့်ကို ဒီမေးခွန်းလေးမေးလာရင် ပထမဆုံးပြောချင်တာကတော့…မင်ကိုယ်တိုင် ဒီ...
16/08/2026

💭 ဘာကြောင့် Yuan Exchange Service စလုပ်ဖြစ်တာလဲ?

မင်မင့်ကို ဒီမေးခွန်းလေးမေးလာရင် ပထမဆုံးပြောချင်တာကတော့…
မင်ကိုယ်တိုင် ဒီအခက်အခဲကို ကြုံဖူးလို့ပါရှင့်။ 🤍

မင်က Online Shop လေးစလုပ်ပြီး Preorder ရောင်းတဲ့သူဆိုတော့ Order တွေဝယ်တိုင်း ငွေချေပေးဖို့က မဖြစ်မနေလိုအပ်လာပါတယ်။

အဲ့ဒီအချိန်မှာ—
“ဘယ်လိုငွေချေရမလဲ?”
“ဘယ်သူ့ဆီသွားပြီး ချေရမလဲ?”
“ဘယ် Service က ယုံကြည်စိတ်ချရလဲ?”
“အလိမ်ခံရရင်ရော ဘယ်လိုလုပ်မလဲ?”
ဆိုတဲ့ မေးခွန်းတွေ အများကြီးနဲ့ ကိုယ်တိုင်လည်း စိတ်ပင်ပန်းခဲ့ရပါတယ်။

တကယ်တော့ ကိုယ်က ငွေချေတဲ့အဆင့်အထိ အောင်မြင်မှသာ Order တစ်ခုလုံးရဲ့ Process က ပြီးမြောက်တာ ဆိုတော့ ဒီ Step က မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုပါ။

ဒီအတွေ့အကြုံတွေကြောင့်ပဲ
“OS လုပ်နေတဲ့သူတွေ၊ China Shopping App တွေကနေ ပစ္စည်းမှာယူနေတဲ့သူတွေအနေနဲ့ ဒီလိုမဖြစ်မနေလိုအပ်တဲ့ Payment Step ကို အရမ်းကြီးမခက်ခဲဘဲ၊ စိတ်ချယုံကြည်စွာ လုပ်နိုင်ရင်ကောင်းမယ်” ဆိုတဲ့အတွေးနဲ့ Yuan Payment Service လေးကို စတင်ဖြစ်ခဲ့တာပါ။🤍

အခုဆိုရင်လည်း 1688, Taobao, Pinduoduo လို China Shopping App တွေမှာ ပစ္စည်းမှာချင်ပေမယ့် Yuan နဲ့ Payment ချေရတဲ့အခါ အခက်အခဲဖြစ်နေတဲ့သူတွေ အများကြီးရှိပါတယ်။

Yuan ဘယ်လိုလဲရမလဲ မသိတာ၊
Payment လုပ်ဖို့ အဆင်မပြေတာ၊
ယုံကြည်စိတ်ချရတဲ့ Service ရှာရခက်တာ…
ဒီလိုအခက်အခဲတွေကို မင်တို့ဘက်က လွယ်လွယ်ကူကူနဲ့ စိတ်ချယုံကြည်ရအောင် ဖြေရှင်းပေးချင်ပါတယ်။ 🫶🏻

ဒါကြောင့် Yuanlink Myanmar က
🇨🇳 China Shopping လုပ်တဲ့အခါ
💱 Yuan လိုတဲ့အချိန်
💳 Payment ချေရတဲ့အခါ
“ဘယ်လိုလုပ်ရမလဲ?” ဆိုပြီး စိတ်ပူစရာမလိုတော့တဲ့ ယုံကြည်စိတ်ချရတဲ့ Payment Partner တစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ 🤎

မင်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အခက်အခဲကနေ စတင်ခဲ့တဲ့ Service — Yuanlink Myanmar 🤍

🇨🇳 China မှာ Shopping လုပ်တဲ့အခါ Payment အပိုင်းကို မရှုပ်ချင်ဘူးလား?Taobao မှာ Order တင်တာဖြစ်ဖြစ်၊ 1688 ကနေ ပစ္စည်းမှာ...
15/08/2026

🇨🇳 China မှာ Shopping လုပ်တဲ့အခါ Payment အပိုင်းကို မရှုပ်ချင်ဘူးလား?

Taobao မှာ Order တင်တာဖြစ်ဖြစ်၊ 1688 ကနေ ပစ္စည်းမှာတာဖြစ်ဖြစ်၊ China Supplier ဆီကို ငွေပေးချေတာဖြစ်ဖြစ် — Payment အဆင်ပြေဖို့က အရေးကြီးပါတယ်။ 🛒📱

ဒါကြောင့် YuanLink Myanmar မှာ Customer တွေရဲ့ လိုအပ်ချက်အလိုက် China ဘက် Payment တွေအတွက် Service ပေးနိုင်အောင် စီစဉ်ထားပါတယ်။ ✨

🛍️ China Shopping Payment
🏪 China Supplier Payment
📱 Supported Payment Channels

ဘယ် Payment Channel နဲ့ ဘယ်လိုလုပ်ပေးနိုင်လဲ ဆိုတာကိုတော့ နောက်ထပ် Post တွေမှာ တစ်ခုချင်းစီ ရှင်းပြပေးသွားပါမယ်။

📌 China Payment လိုအပ်တဲ့အခါ YuanLink Myanmar ကို သတိရထားပါနော်။ 🤍

🇨🇳 China Shopping လုပ်တဲ့အခါ Yuan မရှိလို့ အခက်အခဲဖြစ်နေပါသလား?1688, Taobao, Pinduoduo စတဲ့ China Shopping App တွေမှာ ပစ...
15/08/2026

🇨🇳 China Shopping လုပ်တဲ့အခါ Yuan မရှိလို့ အခက်အခဲဖြစ်နေပါသလား?

1688, Taobao, Pinduoduo စတဲ့ China Shopping App တွေမှာ ပစ္စည်းမှာယူတဲ့အခါ Yuan နဲ့ ငွေချေရတာ လိုအပ်ပါတယ်။

China Payment ပြုလုပ်ဖို့ အခက်အခဲရှိနေသူတွေအတွက် အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှုတစ်ခု လိုအပ်နေပါတယ်။

ဒါကြောင့် မြန်မာငွေကို Yuan အဖြစ် လဲလှယ်ပေးပြီး China Payment ပြုလုပ်နိုင်အောင် ကူညီပေးမယ့် Yuan Online Service ကို စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ 🇲🇲➡️🇨🇳

တရုတ်ကနေ ပစ္စည်းမှာယူသူတွေ၊ China Shopping လုပ်သူတွေအတွက် Payment ပိုင်းမှာ ပိုမိုလွယ်ကူအဆင်ပြေစေဖို့ မင်မင်တို့က ရည်ရွယ်ထားပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when YuanLink Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share