HYZ Fashion & Advertising Service

HYZ Fashion & Advertising Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HYZ Fashion & Advertising Service, Apparel & Clothing, No. 1တပင်ရွှေထီးလမ်း, Yangon.

14/10/2022
14/10/2022

မန္တလေးနန်းတွင်းရှိလေသာဆောင် 🍃
လေသာဆောင်ဟူသည်မှာ ဘုရင်မင်းတရားကြီး လေအေး၊ လေညှင်းခံရာ လေတဖြူးဖြူး ဝင်လာနိုင်သည့် အဆောင်ဖြစ်သည်။ နွေရာသီကာလတွင် မင်းတရားကြီးသည် အလွန်ပူအိုက်လွန်းလှသဖြင့် အပူဒဏ်ကို ကာကွယ်ရန် ယင်းအဆောင်တွင် ဝါးစိမ်းကွပ်ပျစ်တော်များ ခင်းကျင်း၍ စပယ်ပန်းများကို ကြဲဖြန့်လျက် မန်ကျည်းကိုင်းများကိုလည်း ရေတွင်ဆွတ်ဖြန်းကာ ဤအဆောင်၌ စံမြန်းနေတော် မူတတ်သည်။ တခါတရံ ဘုရင်မင်းမြတ်ကို ဖူးမြှော်ရန် လာကြကုန်သော နိုင်ငံခြား ဧည့်သည်များသည် မဖူးမတွေ့နိုင်သေးမီ ဤလေသာဆောင်၌ ခေတ္တစောင့်ဆိုင်းနေရသည်။

မန္တလေးနန်းတွင်းရှိ လေသာဆောင်
ဘုရင်မင်းတရားကြီး နွေရာသီကာလ၌ လေသာဆောင်တွင် စံမြန်းတော်မူပုံကို အချုပ်တန်းဆရာဖေသည် အောက်ပါလေးဆစ်ဖြင့် ရေးစပ်ခြယ်မှုန်းခဲ့သည်။

ကွပ်ပျစ်တော် မြရည်ခဲမှာလှ၊
ငွေစပယ် ဖြူဖြူကြဲပါလို့၊
ထူတွဲမှ ထတော့မယ်။
စံဖလား သကြားပါ စသာထွေးပါလို့၊
ကြံ့သွေးပါ ဖျော်၍သုံးသော်လဲ၊ နုံးခွင့်မပြယ်။
ဆင်စွယ်ပျံ ငွေသစ်နန်းမှာလှ၊ အီစတန် နှင်းရေဖြန်းပါလို့၊
ညှင်းလေဆန်း ခံရတယ်၊ သက်ကယ်မှ ရှုနိုင်ဘူး။
နွေရာသီ ရွှေကေသာ တဖြည်းဖြည်းနှင့်၊
နေသာကီ မြွေဆိပ်မွှန်းသည့်နှယ်၊
ဂျွန်းပြန်လို့လူး။ ။
သာသနာရေးရာကိစ္စများအတွက်ရံဖန်ရံခါတွင် ဆရာတော်များပင့်၍ဆွေးနွေးတတ်သည်။ တောင်ပိန္နဲသားဖြင့် ခရုသင်းခံကာပြုလုပ်သော သင်္ခါသနရာဇပလ္လင်ရှိသည်။

ကိုးကား
ဦးချမ်းမြ(အငြိမ်းစား မြန်မာစာပါမောက္ခ) ၏ အချုပ်တန်းဆရာဖေ၊ စာပေဗိမာန်ထုတ်၊ ၁၉၇၇-ခု၊ စာ-၉၃

14/10/2022
14/10/2022
14/10/2022

#စလွယ်

#ဂုဏ်ထူးဆောင်သောအထိမ်းအမှတ်ဖြင့် #လက်ဝဲပခုံးစွန်းမှလကျာ်နံပါးသို့သွယ်ချဆင်မြန်းရသောကြိုးကိုစလွယ်ဟုခေါ်သည်။

ယင်းကြိုးကို ချဥ်မျှင်ဖြင့်ဖြစ်စေ၊ ငွေဖြင့်ဖြစ်စေ ပြုလုပ်သည်။ မြန်မာမင်းတို့ လက်ထက်တွင် စလွယ်ကို ဗောင်း၊ နားတောင်း စသည်တို့ကဲ့သို့ မင်းညီမင်းသား၊ မှူးမတ်၊ ်ရာထူးဌာနန္တရအလိုက် ဝတ်စား ဆင်မြန်းကြသည်။ မြန်မာမင်းတို့ကား စလွယ်ကို လက်ဝဲပခုံးမှသာမက လကျာ်ပခုံး မှလည်း သွယ်ချ၍ ဆင်မြန်းကြသည်။

ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် စလွယ် ကို ရှာဖွေကြည့်ရှုပါ။
ပုဏ္ဏားတို့ အယူအားဖြင့် စလွယ်တင်ခြင်းသည် မြင့်မြတ် ခြင်း၊ စင်ကြယ်ခြင်း၊ ဘုရားတို့၏အကျင့်ကို ကျင့်ခြင်း၊အသက် ရှည်ခြင်း၊ ရန်သူတို့က မဖျက်ဆီးနိုင်ခြင်း၊ ပညာပွားခြင်း၊ တင့်တယ်ခြင်း၊ ခွန်အားကြီးခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းဟူသော ဂုဏ်တို့ကိုပြရာဖြစ်သည်ဟု သတ္တဋကျမ်းတွင် လာသည်။ ပဒုမုတ္တရဘုရားလက်ထက်၊ ဝက္ကလိမထေရ်အလောင်း လုလင် သည် စလွယ်တင်လျက် အလှူပေးကြောင်းကို အပဒါန်တွင် ဟောကြားတော်မူသည်။ မွန်စကားတွင် ယင်းသို့ လက်ဝဲပခုံး နှင့် လကျာ်နံပပါးတို့ကို ကျောရင်နှစ်ဖက်မှ ဆက်သွယ်မိအောင် ပြုလုပ်ဆင်မြန်းသော ကြိုးသွယ်ကို စနေဟု ခေါ်လေသည်။ ပြည်မြို့အနီး ပျူမြို့တော်ဟောင်း နေရာဖြစ်သော မှော်ဇာအရပ်မှ အလေးချိန် ၂၅ ကျပ်သားရှိ ရွှေစလွယ်ကို တူးဖော်ရရှိဘူးသည်။ အထက်ပါ အချက်တို့ကို ထောက်ထား၍ စလွယ်ဆင်သည့် အလေ့ကို မဇ္ဈိမဒေသမှ မြန်မာနိုင်ငံ မွန်၊ ပျူ၊ မြန်မာတို့ထံသို့ အဆင့်ဆင့်အားဖြင့် ရောက်ရှိလာသည်ဟု ယူရန်ရှိ၏။ သို့သော် မည်သည့် အချိန် ကာလက စတင်ရောက်ရှိ သုံးစွဲလာသည်ကိုမူ အတိအကျ မသိရချေ။ အင်းဝခေတ် ပျို့ကဗျာလင်္ကာများ ဖြစ်သော ကိုးခန်းပျို့တွင် 'ရွှေစည် တီးတီး၊ ရွှေထီးဆောင်းဆောင်း၊ ရွှေဖောင်းသွယ်သွယ်၊ ရွှေစလွယ်နှင့် လူဝယ်လူထွတ်၊ လူများ နတ်'ဟူ၍လည်းကောင်း၊ တံတားဦးတည် မင်္ဂလာစေတီမော်ကွန်းတွင် 'ပုဏ္ဏားယောင်ကား၊ ဟန်ဆောင်တင့်တယ်၊ ဘွဲ့စလွယ်နှင့်၊ စံပယ်ပစ်တင်၊ ဝတ်စားဆင်' ဟူ၍လည်းကောင်း၊ ရေမိဘုံခန်းတွင် 'လည်မှာဆန်းကြယ်၊ ဆဲ့ကိုးသွယ်သား၊ စလွယ်ရောင်ချက်၊ ပြွံအမျက်'ဟူ၍လည်းကောင်း အသီးသီး တွေ့ရသဖြင့် အင်းဝခေတ် သက္ကရာဇ် ၈၅ဝ ကျော်တွင် စလွယ်ကို ဆင်ယင် သုံးစွဲနေပြီ ဖြစ်ကြောင်းကိုမူ အတိအကျ သိရ၏။

စလွယ်ဆင်မြန်းရသော ပုဂ္ဂိုလ်၏ ဂုဏ်ကိုလိုက်၍ စလွယ် ၈ မျိုး ရှိသည်ဟု ဆိုရပေမည်။ ယင်းတို့မှာ ကြိုး ၂၄ သွယ်ရှိ သည့် မင်း၏စလွယ်၊ ကြိုး ၂၁ သွယ်ရှိသော ဥပရာဇာ၏ စလွယ်၊ ကြိုး ၁၈ သွယ်ရှိသော မင်းညီမင်းသားတို့၏ စလွယ်၊ ကြိုး ၁၅ သွယ်ရှိသော မဟာမျိုး မဟာနွယ်တို့၏စလွယ်၊ ကြိုး ၁၂ သွယ်ရှိသော အဂ္ဂမဟာသေနာပတိ၏ စလွယ်၊ ကြိုး ၉ သွယ် ရှိသော မှူးမတ်ကြီးတို့၏ စလွယ်၊ ကြိုး ၆ သွယ်ရှိ သော မှူးမတ်လတ်တို့၏ စလွယ်၊ ကြိုး ၃ သွယ်ရှိသော မှူးမတ်ငယ်တို့၏ စလွယ်များ ဖြစ်ကြသည်။ ပုဏ္ဏားမျိုးတို့တွင် မူ ဆင်မြန်းရသော စလွယ်ကြိုး အရေအတွက်ကို လိုက်၍ အမြတ်အလတ် အယုတ်အညံ့ဟု ခွဲခြား သိသာနိုင်ပေသည်။ ဗြာဟ္မဏပုဏ္ဏားမျိုးသည် ကြိုး ၉ သွယ်သော စလွယ်၊ ခေတြ ပုဏ္ဏားမျိုးသည် ကြိုး ၆ သွယ်သော စလွယ်၊ ဗိသျှပုဏ္ဏားမျိုး သည် ကြိုး ၃ သွယ်စွယ်တို့ကို အသီးအသီး ဆွဲရလျက် သုဒြ ပုဏ္ဏားမျိုးမှာ စလွယ်မဆွဲရချေဟု ရာဇမတ္တဏ်ကျမ်းတွင် ဆို လေသည်။

သက္ကဋကျမ်းများအလိုအရ စလွယ်ကို ဝတ်ဆင်ကြသည့် အသျှင်စိုးမင်းတို့မှစ၍ စလွယ်တင် မှူးမတ်ပုဏ္ဏားမျိုးတို့သည် ကျင့်ဝတ်ဆယ်ပါးကို လိုက်နာကြရသည်။

ထိုကျင့်ဝတ် ဆယ်ပါးမှာ-

#ကိုယ်နှုတ်ငြိမ်သက်ခြင်း၊
#ကိုယ်နှုတ်ဆုံးမခြင်း၊
#ကိလေသာကိုခေါင်းပါးအောင်ခြိုးခြံခြင်း၊
#စင်ကြယ်ခြင်း၊
#ရောင့်ရဲခြင်း၊
#သည်းခံခြင်း၊
#သဘောဖြောင့်မတ်ခြင်း၊
#ရတနာသုံးပါး၌ ဆည်းကပ်ခြင်း၊
#သူတပါးကို သနားလေ့ရှိခြင်း၊
#အမှန်အကန်ကို ပြောဆိုလေ့ရှိခြင်း ဖြစ်သည်။

စလွယ်ကို ဆင်ယင်ခြင်းနှင့် စပ်လျဉ်း၍ ဘိုးတော်ဘုရားလက်ထက် ၁၁၄၆ ခုနှစ် နယုန် လပြည့်ကျော် ၁ ရက်နေ့တွင် ပြန်ဆိုသော စလွယ်အကြောင်း အမိန့်တော်တွင် 'ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဆင်ဖြူသခင် အသျှင်ဘဝရှင်မင်းတရားကြီးဘုရား အမိန့်တော် ပါရှိသည်။ ငါအသျှင် ဧကရာဇ်မင်းမြတ်တို့ဝယ်၊ မင်းမြောက် တန်ဆာငါးပါးနှင့် စလွယ်အစရှိသော တန်ဆာရတနာမျိုးတို့ကို စုပုံခင်းကျင်း၍ ရှေးဘေးလောင်းတော် ဘိုးလောင်းတော်တို့ လက်ထက်ပုံစံနှင့် အဘိသိက်ခံတော်မူခြင်းသည် ပစ္စုပ္ပန် အစီးအပွား များစေခြင်းငှာသာ ခံတော်မူသည် မဟုတ်၊ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူဌေး၊ ဆင်းရဲသား စသော သတ္တဝါ အပေါင်းတို့ ချမ်းသာ၍ မဂ်ဖိုလ်နိဗ္ဗာန်ရောက်စေခြင်းငှာ မင်းကျင့်တရားကို ကျင့်ဆောင်တော်မူမည် အဘိသိက်ခံတော်မူ ခြင်း ဖြစ်သည်။ မောင်အိမ်ရှေ့မင်းမှစ၍ မင်းညီမင်းသား မှူးတော်မတ်တော်တို့ စလွယ် အသနားတော်ခံကြရသည့် လူတို့မှာလည်း လှပယဉ်ကျေး တင့်တယ်စေခြင်းမှာ သနား တော်မူသည့် တန်ဆာဖြစ်သည်ဟု ယူဆကြရမည်မဟုတ်၊ ပဉ္စ သီငါးပါးစသော မင်းညီမင်းသား မှူးမတ်တို့ စလွယ်တင် ကျင့်ဝတ် တရားနှင့်အညီ သတ္တဝါအပေါင်းတို့ကို ချမ်းသာ ငြိမ်ဝပ်အောင် ထိန်းသိမ်း၍ အုပ်ချုပ်စီရင်စိမ့်မည်၊ သနားတော် ခံစေခြင်း ဖြစ်သည်။ ခပ်သိမ်းသော ဆင်းရဲသား ကျွန်တော် အပေါင်းတို့ ချမ်းသာငြိမ်ဝပ်အောင် အဓိဋ္ဌာန်ပါရမီကို ဖြည့် ကျင့်ရမည့် စလွယ် သနားတော်မူခြင်း ဖြစ်ပေသည်။ အမြဲ နှလုံးသွင်း၍ မင်းညီမင်းသား မှူးမတ်တို့ စလွယ်တင် ကျင့် ဝတ်တရားကို မလစ်မဟင်း မယွင်းမယိုစေရကျင့်၊ သနား တော်မူသည့် စလွယ်ကိုလည်း မောင်အိမ်ရှေ့မင်းနှင့် တွင်းပြင် ချုပ်ကိုင်စီရင်သူ လူကြီးတို့မှာ နေ့တိုင်းအမြဲ ထွက်သက် ဝင်ထွက်သည့်ကာလ ဆောင်ရွက်ကြစေ။'ဟူ၍ တွေ့ရသည်။

ထိုထီးသုံးနန်းသုံး 'စလွယ်'ကို သာမန်ပုဂ္ဂိုလ်တို့၏ ရှင်ပြု ပွဲများတွင် ရှင်လောင်းများအား ဝတ်ဆင်စေခြင်း အလေ့ကို အင်းဝခေတ်က စတင်လာခဲ့သည်ဟု အင်ရုံစာတမ်း၌ တွေ့ရ၏။ အင်းဝခေတ် လောကသရဖူဘုရား ဒါယကာ၊ ဟံသာဝတီ ရောက် မင်းတရားလက်ထက်၌ ရှင်လောင်းများကို စလွယ် သင်းကျစ်ဆင်၍ သာကီဝင်မင်းမျိုးသို့ သွတ်သွင်းတော်မူခဲ့ ခြင်းက စတင်ခဲ့လေသည်။ ယင်းသို့ ရှင်လောင်းများအား သာကီဝင်မင်းမျိုးသို့ သွတ်သွင်းခဲ့သည့်အနေဖြင့် 'စလွယ်' ဝတ်ဆင်စေခြင်း အလေ့သည် ယနေ့တိုင် မြန်မာနိုင်ငံအဝှန်း၌ ကျင့်သုံးလျက် ရှိလေသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

14/10/2022
မင်္ဂလာပါ 🙏🏻Marketing Message ကို သတ်မှတ်ထားတဲ့ Promotional Product များကို အသုံးပြုခြင်းကြောင့် ကြော်ညာ အတွက်အခြား Media ...
01/08/2018

မင်္ဂလာပါ 🙏🏻
Marketing Message ကို သတ်မှတ်ထားတဲ့ Promotional Product များကို
အသုံးပြုခြင်းကြောင့် ကြော်ညာ အတွက်
အခြား Media တွေမှာ အသုံးပြုမယ့် ကုန်ကျစရိတ်ကို cover ဖြစ်စေမှာပဲဖြစ်ပါတယ်။ Company Logo,Company Name နဲ့ ကြောညာချင်တဲ့ ကုန်ပစ္စည်းအကြောင်းကို မိမိတို့ Targetထားတဲ့ သူတွေဆီ မှန်မှန်ကန်ကန်ရောက်ရှိအောင် ပို့ ဆောင်ပေးနိုင်တဲ့ ကြားခံတစ်ခုလဲဖြစ်ပါတယ် promotion
အတွက်သင့်တော်တဲ့ Itemများကိုတစ်နေ
ရာထဲတွင်ရရှိနိုင်ပီးအရည်သွေးနဲ့ဈေးနှုန်း
အပေါ်ယုံကြည်မှုရရှိစေရန်အတွက်
မှဝန်ဆောင်မှုပေးလျက်ရှိကြောင်းသတင်း
ကောင်းပြောကြားအပ်ပါသည်
ဝန်ဆောင်မှုများကို online မှသော်လည်း
ကောင်း offline မှသော်လည်းကောင်း
မိတ်ဆွေတို့၏လက်ထဲသို့အရောက်
ပို့ဆောင်ပေးလျက်ရှိပါသည်
HYZ Fashion & Advertising service
📞 09422299995
09422299996

Address

No. 1တပင်ရွှေထီးလမ်း
Yangon
11421

Telephone

+959422299995

Website

Alerts

Be the first to know and let us send you an email when HYZ Fashion & Advertising Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share