Winnie - Kid Cloths Online Shop

Winnie  - Kid Cloths Online Shop "We only sell Quality Products"

ယနေ့ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း Winnie Kid Cloths Onlin...
30/04/2026

ယနေ့ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့တွင်
မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာရွှင်လန်းကြပါစေကြောင်း Winnie Kid Cloths Online Shop မိသားစုမှ ဆုမွန်ကောင်းများပို့သအပ်ပါတယ်ရှင်...
🙏🙏🙏

မင်မင်တစ်ယောက် ပဲရစ်ရောက်😁
30/10/2025

မင်မင်တစ်ယောက် ပဲရစ်ရောက်😁

ခေတ်စားနေတဲ့ AI အလှပုံလေးတွေနဲ့ မင်မင်ပါရှင့်...
18/09/2025

ခေတ်စားနေတဲ့ AI အလှပုံလေးတွေနဲ့ မင်မင်ပါရှင့်...

18/09/2025

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

မေမေတွေပဲ သိတဲ့ ချစ်ဒုက္ခလေးတစ်ခု 😁
15/02/2025

မေမေတွေပဲ သိတဲ့ ချစ်ဒုက္ခလေးတစ်ခု 😁

လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါပါးရေတွေမတွန့်ခင် ဓါတ်ပုံတွေရိုက်ပါ။သွားတွေကောင်းတုန်း စားချင်တာစားပါ"နောင်တ''ဆိုတာ "...
15/02/2025

လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါ
ပါးရေတွေမတွန့်ခင် ဓါတ်ပုံတွေရိုက်ပါ။

သွားတွေကောင်းတုန်း စားချင်တာစားပါ
"နောင်တ''ဆိုတာ "နှောင်း"မှရတဲ့ အရာမို့ပါ......

ချစ်ခြင်းများစွာဖြင့်
15/10/2024

ချစ်ခြင်းများစွာဖြင့်

ခရီးသွားပါ။ သွားနိုင်သလောက် ဝေးဝေးသွားပါ။ ကြာနိုင်သလောက် ကြာအောင်နေပါ။ ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများက...
10/10/2024

ခရီးသွားပါ။
သွားနိုင်သလောက် ဝေးဝေးသွားပါ။
ကြာနိုင်သလောက် ကြာအောင်နေပါ။

ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများကြီး ရောက်ချင်လို့လား ခွဲခြားပါ။ ခရီးရဲ့ ရည်ရွယ်ချက်ကို စစဉ်းစားပါ။
အလုပ်ကိစ္စပါရင် အလုပ်ကို အရင်ဦးတည်ပြီးမှ အချိန်ပိုချိန် လည်ပတ်ပါ။

အနားယူမယ့် ခရီးဆိုရင် ကားလက်မှတ်ဖြတ်တာကအစ ဟိုတယ်အဆုံး ဖြစ်နိုင်ရင် ငွေနည်းနည်း ပိုသုံးပါ။ လည်ပါ၊ ရောက်တဲ့နေရာမှာ စိတ်ကြိုက် အချိန်ပေးနေပါ။ ဓါတ်ပုံရိုက်ပါ။ ထိုင်ငေးချင်ရင် ထိုင်ငေးနေပါ။ စားချင်ရင် ဝင်စားပါ။ နားချင်ရင် ဟိုတယ်ပြန်နားပါ။ ဟိုတယ်ထဲ အိပ်လိုက်စားလိုက် တစ်နေကုန် ဇိမ်ယူပြီး ညနေပိုင်းမှ Sunset လေး ထွက်ကြည့်တာမျိုးလေး လုပ်ကြည့်ပါ။

နေရာအသစ်တွေ များများရောက်ချင်တာ ဆိုရင်တော့ Runပါတော့။ မိုးမလင်းခင်က ထပြင်၊ တစ်နေရာပြီး တစ်နေရာဆက်သွား၊ ညကျမှ ခြေကုန်လက်ပန်းကျ အိပ်ရာထဲ ဇိမ်ယူချိန်မရဘဲ တန်းအိပ်ပျော်မယ့် ခရီးဆိုရင်တော့ ဟိုတယ်အတွက် ဘက်ဂျက်လေး လျှော့သုံးပါ။

ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားသွား ခရီးသွားတယ်ဆိုတာ စိတ်ကို အသစ်ဖြစ်စေဖို့လို့ နှလုံးသွင်းထားပါ။ ပျော်အောင် နေပါ။ ခရီးသွားနေတဲ့အချိန်မှာ အလုပ်တွေ ထားခဲ့ပါ။ အလုပ်ကိစ္စတွေ ခေါင်းထဲက ခဏထုတ်ထားပါ။

လူမှုကွန်ယက်ကို ခဏ မေ့ထားပါ။ ခရီးသွားရင်း ဖေ့စ်ဘုတ်ကြီး ပွတ်နေတာ ခရီးသွားခြင်းရဲ့ အရသာကို လျော့စေပါတယ်။ အိမ်မှာနေရင်းလည်း ဖေ့စ်ဘုတ်သုံးလို့ ရတဲ့ဟာ၊ ခရီးသွားနေချိန်မှာ ကားစီးရင်းတောင် ဖဘမသုံးဘဲ ဘေးဘီဝဲယာငေးရင်း တွေးချင်တာ တွေးပြီး ဒိုးရတာ ပိုမိုက်ပါတယ်။

နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ခြင်းတစ်ခုတည်းပဲ မလုပ်ပါနဲ့။ ကင်မရာကို ဖြတ်ပြီး မြင်ရတဲ့ ရှုခင်းတွေထက် ကိုယ့်မျက်လုံးချည်းနဲ့ သက်သက် မြင်ရတဲ့ မြင်ကွင်းတွေကို တစ်ဝကြီး ခံစားပါ။ ဒီရှုမျှော်ခင်းတွေကို သူများတွေကို ဓါတ်ပုံရိုက်ပြဖို့ ဒီလောက်အဝေးကြီး လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးက မြင်ပြီး ကိုယ့်နှလုံးသားက မမေ့တဲ့အထိ ခံစားပါ။

ခရီးသွားတယ်ဆိုတာ သွားနိုင်တဲ့ အခြေအနေပေးရပါမယ်။ သွားနိုင်တဲ့ ငွေကြေး ရှိရပါမယ်။ သွားနိုင်တဲ့ ကျန်းမာရေးအနေအထား ရှိရပါမယ်။ ဒါတွေအားလုံး ပြည့်စုံမှ ခရီးသွားလို့ ရတာပါ။ အဲ့တော့ သွားနိုင်မယ်ဆို သွားသာသွားပါ။

ဝေးဝေးသွားပါ၊ ကြာကြာသွားပါ။
တစ်နေ့မှာ ကိုယ်တို့ဟာ ကိုယ်တို့ပျင်းရိငြီးငွေ့ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးဆီကိုပဲ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေနဲ့ ပြန်လာရဦးမှာပဲ မဟုတ်လား။ ပုံမှန်ဘဝကြီးဆီကိုပဲ မက်မက်စက်စက် တိုးဝင်ကြရဦးမှာ မဟုတ်လား။

ခရီးသွားတယ်ဆိုတာ ဘဝကို Restart လုပ်တာပါ။ ကွန်ပျူတာ တစ်လုံးကို Restart လုပ်လိုက်သလိုပဲ ... ဖွင့်ထားတဲ့ Softwareတွေ၊ အလုပ်တွေအကုန်လုံး ပိတ်ချပစ်လိုက်ပြီး အစက ပြန်စတာပါ။ ဘဝဟာ ကွန်ပျူတာတစ်လုံးထက် ပိုဟန်းတတ်ပါတယ်။ မကြာခဏ Restart ချဖို့ လိုပါတယ်။

စိတ်ညစ်ရင် ခရီးထွက်ပါ။
ပျော်ရင်လည်း ခရီးထွက်ပါ။
ငြီးငွေ့နေရင် ခရီးထွက်ပါ။
ဘာမှ ခံစားမရတော့ရင်လည်း ခရီးထွက်ပါ။

ကြယ်ကြွေတာကို မမြင်ချင်လို့ ကောင်းကင်ကိုမကြည့်ပါဘူးဆိုမှကြည့်မိတဲ့မြေပြင်မှာလည်းဒဏ်ရာတွေချည်းပါပဲလား ..😔ဝိုင်းဝန်းကူညီကြ...
13/09/2024

ကြယ်ကြွေတာကို မမြင်ချင်လို့
ကောင်းကင်ကိုမကြည့်ပါဘူးဆိုမှ

ကြည့်မိတဲ့မြေပြင်မှာလည်း
ဒဏ်ရာတွေချည်းပါပဲလား ..😔

ဝိုင်းဝန်းကူညီကြအုံးပါစို့..

မြေတစ်ကွက်မှာဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲမဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစို...
08/08/2024

မြေတစ်ကွက်မှာ
ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။
ပဲစိုက်လို့လဲမဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။
နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင်
တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။
ပန်းပွင့်မှာတော့ သေချာတယ်။
မြေတစ်ကွက်အတွက် သင့်တော်တဲ့
ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။
နောက်ဆုံးမှာ
အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Winnie - Kid Cloths Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share