AM Pajamas

AM Pajamas ချုပ်သားသေသပ်လှပပြီး Designဆန်းတဲ့ စပန့်ဝမ်းဆက်လေးတွေ ရှာနေပါသလား?

Shout out to my newest followers! Excited to have you onboard!M Tan Gum, Sweetie Kra, Lin Lin, Susu, Htet Htet Mon, ကျော...
13/08/2026

Shout out to my newest followers! Excited to have you onboard!

M Tan Gum, Sweetie Kra, Lin Lin, Susu, Htet Htet Mon, ကျော် မိုး, သိန်းဌေးအောင်, Ko Soe Lin, Khin Htay War, Htoo Mon Thet, Khin Soe Nwe, Isifou Wassa, Aye Aye Mon, ဖိုး ညို, Sein Thiha, Pa Dauk, U Tin Htay, Hero Hero, オ ビ ト, Chaw Yin Mon, Labang Kaw, Ak M, Daw Yin Yin Htwe, Ko Naing, Daw Htar Htar Nwe, စောသန်း ညွှန့်, Daw Thin Khaing, Mg Chikin, Hser Nay Taw, အိမ်ပြောင်းရွှေ့လုပ်ငန်း မိတ်ဆွေ, Aye Myo Htet, Daw Aye Aye Myint, မြတ်ကို ဦး, Ei Ei Zar Hlaing, Khaing Lay, Ma Seint, May Lay, Nightly Liliana, Daw Zin, Daw Khin Aye Mu, Aung Khant Min, ဂျူး ဂျူး, Ma Thin Thin Naing, Atar Lay

🍀Angel Numbers 🍀Calling တွေ လာနေတာလားတော့ မပြောတတ်ဘူးတခြားအရာတွေထပ် အလှူအတန်းတွေ စိတ်ရှိတိုင်းလုပ်နိုင်ချင်တယ် ။ သာသနာပြ...
11/08/2026

🍀Angel Numbers 🍀
Calling တွေ လာနေတာလားတော့ မပြောတတ်ဘူး
တခြားအရာတွေထပ် အလှူအတန်းတွေ စိတ်ရှိတိုင်းလုပ်နိုင်ချင်တယ် ။ သာသနာပြုနေသူများကို အထောက်အပံ့ကောင်းတွေ ပေးနိုင်ချင်ပါတယ် 🙏🏻🙏🏻🙏🏻
ပြီးတော့ ကိုယ့်စိတ်ထဲ ထပ်ပြီးသင်ယူချင်နေတဲ့ ပညာရပ်တခုကို ထပ်မံသင်ကြားခွင့် ရချင်ပါတယ်🙏🏻🙏🏻🙏🏻
(၇)ရက်သားသမီးတွေရဲ့ အသက်ကိုကော အပူမီးတွေကော ကူညီပေးနိုင်သူတစ်ယောက်ဖြစ်ခွင့်ရချင်ပါတယ် 🙏🏻🙏🏻🙏🏻

09/08/2026

နေ့စဉ်မပြတ် ပြုနေကြ ကုသိုလ်များ ဝတ်ရွတ်မပျက် ပြုလုပ်ဖြစ်ပါတယ် 🙏🏻
ကုသိုလ်ထပ်တူရရှိကြပါစေ🙏🏻🙏🏻🙏🏻

08/08/2026

#စပန့်အမြင့်လိုင်း #လက်လီ #မိတ္ထီလာ #ရန်ကုန်

"မမြဲခြင်း" ကို နားလည်သွားတဲ့နေ့မှာလူတစ်ယောက်ရဲ့ အမြင်ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားတတ် တယ်။ကလေးဘဝတုန်းက" အချိန်" ဆိုတာ အလ...
06/08/2026

"မမြဲခြင်း" ကို နားလည်သွားတဲ့နေ့မှာ

လူတစ်ယောက်ရဲ့ အမြင်ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားတတ် တယ်။

ကလေးဘဝတုန်းက

" အချိန်" ဆိုတာ အလွန်နှေးကွေးတယ်လို့ ထင်ခဲ့ ဖူးတယ်။

မနက်ကနေ ညရောက်ဖို့တောင် ကြာလွန်းနေ သလို...

တစ်နှစ်ကုန်ပို့တောင် မဖြစ်နိုင်သလို..

ဒါပေမယ့်

တဖြည်းဖြည်း ကြီးပြင်းလာတဲ့အခါ ငါတို့ သဘောပေါက်လာ တာတစ်ခုရှိတယ်။

မနေ့ကလိုပဲ ထင်နေတဲ့ အရာတွေဟာ အခုတော့ "အတိတ်" ဖြစ်နေပြီဆိုတာ... မိဘတွေရဲ့ ဆံပင်ဖြူလာတာ၊

မျက်နှာပေါ် အရေးအကြောင်းတွေ ပေါ်လာတာ၊ ငယ်ဘဝ သူငယ်ချင်းတွေ ယောက် ဝေးကွာသွားတာ၊ တစ်ယောက်ပြီး တစ်

ချစ်ခဲ့ဖူးသူတွေ အမှတ်တရအဖြစ်ပဲ ကျန်နေတော့ တာ...

အရာအားလုံးက တိတ်တိတ်လေး ပြောင်းလဲနေခဲ့တယ်။

ဗုဒ္ဓဘာသာမှာ ဒီအမှန်တရားကို " အနိစ္စ" လို့ ခေါ်တယ်။ အနိစ္စ ဆိုတာ

"မမြဲခြင်း"

"အမြဲမတည်ခြင်း" "ဖြစ်ပြီးရင် ပျက်ရမယ့် သဘော" ကို ဆိုလို

တာ ပဲ။

ဗုဒ္ဓမြတ်စွာဘုရားဟာ

လောကကြီးရဲ့ အမှန်တရားကို စကားလုံးအလှတွေမပါဘဲ

တိတိကျကျ ဟောပြခဲ့ တယ်။

"ဖြစ်ပေါ်လာသမျှ အရာတိုင်းဟာ ပျက်စီးရမည်" ဒီစကားဟာ

ကြောက်ဖို့အတွက် မဟုတ်ဘူး။ နိုးထဖို့အတွက် ဖြစ်တယ်။

ငါတို့ ခန္ဓာကိုယ်ဟာလည်း မမြဲဘူး။ ယနေ့ နုပျိုလှပနေတဲ့ မျက်နှာဟာ

တစ်နေ့မှာ အိုမင်းလာမယ်။ အားကောင်းနေတဲ့ ခန္ဓာဟာ

တစ်နေ့မှာ နာကျင်အားနည်းလာမယ်။ အခု ရှိနေတဲ့ အသက်ရှု သံတောင် နောက်တစ်ခါ ရှိမယ်လို့ အာမမခံနိုင်ဘူး။

ဒါပေမယ့်

လူအများစုက မမြဲခြင်းကို မေ့ထားပြီး

"အမြဲတမ်းပိုင်ဆိုင်ရမယ်" ဆိုတဲ့ စိတ်နဲ့ အသက် ရှင်နေကြ

တယ်။

ပိုက်ဆံ.. ဂုဏ်သိက္ခာ... အာဏာ... အချစ်...

လူတွေ...

ဘယ်အရာကိုမှ

ထာဝရ သိမ်းထားလို့ မရဘူး။

ချစ်ရတဲ့သူကိုလည်း ခွဲရမယ်။ မုန်းရတဲ့သူနဲ့လည်း တွေ့ရမယ်။

မလိုချင်တဲ့အရာတွေ ကြုံရမယ်။ လိုချင်တဲ့အရာတွေ မရနိုင် တာတွေလည်း ရှိမယ်။

ဒါဟာ လောကရဲ့သဘာဝပဲ။

ဗုဒ္ဓဘာသာက "မမြဲဘူး" လို့ ပြောပြီး စိတ်ပျက်အောင် မဟုတ်

ဘူး။ တကယ်တော့

"မမြဲတာကို သိတဲ့သူ" ကသာ

အသက်ရှင်မှုကို အမှန်တကယ် တန်ဖိုးထားတတ် လာတာ။

ဘာလို့လဲဆိုတော့ အချိန်က အကန့်အသတ်ရှိတယ်ဆိုတာ သိလာတဲ့ အခါ

မုန်းတီးဖို့ အချိန်မဖြုန်းတော့ဘူး။ အငြိုးတွေကို မဖက်တွယ် တော့ဘူး။ အတ္တကို လျှော့တတ်လာတယ်။

ဒီနေ့ တွေ့နေရတဲ့သူဟာ နောက်နှစ်မှာ ရှိချင်မှ ရှိမယ်။ ဒီနေ့ ကျန်းမာနေတဲ့ ကိုယ်ခန္ဓာဟာ မနက်ဖြန်မှာ ပြောင်းလဲသွားနိုင် တယ်။

ဒီနေ့ ပြုံးနေတဲ့မျက်နှာတောင် တစ်နေ့မှာ ဓာတ်ပုံထဲက အမှတ်တရ ဖြစ်သွားနိုင် တယ်။

အဲ့ဒါကြောင့်

ဗုဒ္ဓတရားက

" လောကကို စွန့်ပစ်" လို့ မဟုတ်ဘဲ "လောကကို အမှန် အတိုင်း မြင်" လို့ သင်ပေးတာ။

မမြဲခြင်းကို နားလည်လာတဲ့သူဟာ လောဘ လျော့လာတယ်။ ဒေါသ ပိုနည်းလာတယ်။

တစ်ယောက်ကို တစ်ယောက် ပိုနားလည်လာ တယ်။

ဘာကြောင့်လဲဆိုတော့ အားလုံးဟာ ခဏတာဧည့်သည်တွေဆို တာ သိလာ

လို့ပဲ။

ငါတို့ဘဝဟာ

လက်ထဲမှာ ခဏတာ တောက်ပနေတဲ့ ဖယောင်းမီး လိုပဲ။

လင်းနေတုန်းမှာ

နွေးထွေးမှု ပေးနိုင်ဖို့က အရေးကြီးတယ်။

အချိန်တန်ရင်

မီးဟာ ငြိမ်းသွားမယ်။ ဒါပေမယ့်

မငြိမ်းခင်အချိန်ထိ

ဘယ်လောက်အလင်းပေးခဲ့သလဲဆိုတာကပဲ တကယ် အရေးကြီးတာ။

တစ်နေ့မှာ ငါတို့နာမည်ကို လူတွေ မေ့သွားနိုင်တယ်။ မျက်နှာ ကိုလည်း မမှတ်မိတော့နိုင်ဘူး။

ဒါပေမယ့်

ငါတို့ပေးခဲ့တဲ့ မေတ္တာ၊ ကူညီခဲ့တဲ့ လက်တစ်ဖက်၊

နူးညံ့ခဲ့တဲ့ စကားတစ်ခွန်းကတော့ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ကျန်နေနိုင်

တယ်။

အဲ့ဒါကြောင့်.

မမြဲတဲ့ဘဝထဲမှာ

မေတ္တာကို မြဲအောင်ထားပါ။ ဒေါသထက် နားလည်မှုကို ရွေးပါ။ အတ္တထက် ကရုဏာကို ရွေးပါ။

ဘာလို့လဲဆိုတော့—

"ဘဝဆိုတာ ကိုယ်ထင်ထားတာထက်

ပိုတိုပါတယ်..။

ှင်ဣန္ဒမာလာ
#ဓမ္မဒါနအဖြစ်ပြန်လည်မျှဝေပါသည် 🙏🏻

အချိန်မတန်သေးလို့ပါ~~~~~~~~~~~~~~~~~ #ကိုယ်ကကောင်းတာတွေ လုပ်နေရဲ့သားနဲ့ အခြေအနေတွေက မကောင်းသေးဘူး၊ မပြောင်းသေးဘူး၊ အဆိုး...
05/08/2026

အချိန်မတန်သေးလို့ပါ
~~~~~~~~~~~~~~~~~
#ကိုယ်ကကောင်းတာတွေ လုပ်နေရဲ့သားနဲ့ အခြေအနေတွေက မကောင်းသေးဘူး၊ မပြောင်းသေးဘူး၊ အဆိုးတွေပဲ ဆက်ဖြစ်နေသေးတယ် ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ ဇွဲမလျော့ပါနဲ့၊ ကိုယ့်ကံကိုယ် မယုံမကြည် မဖြစ်ပါနဲ့။ ကောင်းတဲ့အလုပ်တွေကိုသာ ကြိုးစားပြီး ဆက်လုပ်နေလိုက်ပါ။

#မကောင်းတာလုပ်နေပေမယ့် အခြေအနေတွေကောင်းပြီး ဘဝမပြောင်း အလှတွေဆောင်းနေသေးတဲ့ သူတွေကို တွေ့ခဲ့ရင်းလည်း အားမကျမိပါစေနဲ့၊ စိတ်ခံစားမှု မဖြစ်မိပါစေနဲ့၊ ကံတရားက မျက်နှာလိုက်တယ်လို့ မတွေးမိပါစေနဲ့။ ကိုယ့်အလုပ်ကို ကောင်းအောင်ပဲ ဂရုစိုက်ပြီး ကြိုးစားနေလိုက်ပါ။

#ကောင်းမှု၊ မကောင်းမှုဆိုတာ အချိန်တန် အကျိုးပေးချိန်တန်မှ အကြောင်းကြောင့် အကျိုး ဖြစ်လာတဲ့သဘော ရှိတဲ့အတွက် ကံအကျိုးပေးချိန်တွေကို မမျှော်ဘဲ လက်ရှိအချိန်မှာ ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်ကြဖို့ပဲ အရေးကြီးပါတယ်။ ကံအကျိုးပေးဆိုတာ အချိန်တန်ရင် ကိုယ်ကမမျှော်လည်း သူ့အကျိုးသူပေးသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

“အကျိုးပေးရမှာက ကံရဲ့အလုပ်၊ စေတနာကောင်းနဲ့ အလုပ်ကောင်းအောင် ကြိုးစားရမှာက ကိုယ့်ရဲ့အလုပ်ပါ။”

ာပ_ဒါယီ_ကိုရီးယားဆရာတော်

Big shout out to my newest top fans! 💎Ma Nwe, Ma Aye Aung, Mon Mon ZawDrop a comment to welcome them to our community,
03/08/2026

Big shout out to my newest top fans! 💎

Ma Nwe, Ma Aye Aung, Mon Mon Zaw

Drop a comment to welcome them to our community,

📿အခုတလော စိတ်အေးချမ်းစေတာမျိုးတွေပဲ မြင်ချင် ၊ တွေးချင်၊ ရေးချင်တယ်။ 📿ဘုရား တရား လုပ်ရမယ့် အချိန်ရောက်ပြီဆို ကိုယ့်ရဲ့စိ...
30/07/2026

📿အခုတလော စိတ်အေးချမ်းစေတာမျိုးတွေပဲ မြင်ချင် ၊ တွေးချင်၊ ရေးချင်တယ်။
📿ဘုရား တရား လုပ်ရမယ့် အချိန်ရောက်ပြီဆို ကိုယ့်ရဲ့စိတ်ကနေကို သဒ္ဓါတရားတွေ မလုပ်ရမနေနိုင်တဲ့ စိတ်တွေပေါ်လာတယ်ဆိုတာ ယုံကြည်သွားပြီ
📿ကံကြွေး ၊ ဝဋ်ကြွေးတွေ ပါလာခဲ့ရင်လည်း ကျေအောင်ဆပ်ရတယ်မှန်း ပိုပြီးနားလည်လာပြီ
📿ပုထုဇဉ်မို့ ဒေါသ ၊ မောဟ မပယ်နိုင်သေးပေမယ့် တဖြည်းဖြည်းပယ်နိုင်ဖို့လည်း ကြိုးစားရအုန်းမယ်
📿ဖြစ်ချင်တိုင်းမဖြစ် ၊ မဖြစ်ချင်ပေမယ့် ဖြစ်လာကြုံလာတဲ့ အရာတွေကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့ တရားအသိတွေ ထပ်ဖြည့်ရအုန်းမယ်
📿ဝိပဿနာပွါးတဲ့အထိ မရောက်သေးပေမယ့် အချိန်တခုရောက်ရင် လုပ်ရမယ်ဆိုတာလည်း တွေးထားပါတယ်။
📿ဒီနေ့ မနက်ဖြန် မသေချာတဲ့ လောကကြီးမှာ ကိုယ့်နောက်ပါမယ့်အရာတွေ များများလုပ်ဖို့ ၊ လူတွေအပေါ် အကောင်းမြင်တတ်ဖို့ ၊ သတ္တဝါလေးတွေအပေါ် ကြင်နာတတ်ဖို့ ၊ ဘုရားတရား များများလုပ်ဖို့ ၊ စိတ်အေးချမ်းဖို့ပဲ အဓိကထား တွေးတော့တယ်။
📿မေတ္တာ ဘာဝနာ များများပွါးရင်း လူတိုင်းအပေါ် မေတ္တာ ထားနိုင်ကြပါစေ ။ အေးချမ်းကြပါစေ 🙏🏻🙏🏻🙏🏻

#လက်လီ #စပန့်အမြင့်လိုင်း
#မိတ္ထီလာ #ရန်ကုန်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when AM Pajamas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share