AL-Nisa Noor Hijab

AL-Nisa Noor Hijab Elegant hijabs for the modern Muslimah ✨
Grace, comfort & confidence in every wrap 🌙

🎀 Polka Dot Headband 🎀ချစ်စရာ Polka Dot Pattern လေးနဲ့ outfit တိုင်းမှာ လွယ်လွယ်ကူကူတွဲဆောင်းလို့ရမယ့် headband လေး 🤍အရေ...
06/09/2026

🎀 Polka Dot Headband 🎀

ချစ်စရာ Polka Dot Pattern လေးနဲ့ outfit တိုင်းမှာ လွယ်လွယ်ကူကူတွဲဆောင်းလို့ရမယ့် headband လေး 🤍

အရောင် ၆ ရောင် ရှိတာမို့ ကိုယ်ကြိုက်တဲ့ color လေးရွေးလို့ရပါတယ် 🥰

ရိုးရိုးလေးဆောင်းထားရုံနဲ့ look ကို ပိုပြီး cute ဖြစ်သွားစေမယ့် accessory လေးမို့
Headband ကြိုက်တဲ့သူလေးတွေ လက်မလွှတ်သင့်ဘူးနော် 🎀✨

06/09/2026

ဒီနေ့ ပုဝါတွေရှင်းရင်းနဲ့ တစ်ခုသတိထားမိတယ်…

ကိုယ့်ဆီမှာ chiffon hijab တွေ တော်တော်များနေတာပဲ 🥹

ပြန်စဉ်းစားကြည့်တော့လည်း အကြောင်းမဲ့တော့ မဟုတ်ဘူးထင်တယ်

ကိုယ်တိုင် hijab စဆောင်းဖြစ်ကတည်းက chiffon အသားကိုပဲ အများဆုံးဆောင်းဖြစ်ခဲ့တာ။ ပေါ့ပါးတယ်၊ ဆောင်းရတာအဆင်ပြေတယ်၊ အဝတ်အစားတွေနဲ့လည်း တွဲရလွယ်တော့ တဖြည်းဖြည်းနဲ့ chiffon ကိုပဲ ပိုကြိုက်လာခဲ့တယ်

နောက်ပိုင်း ကိုယ်တိုင် hijab တွေရောင်းဖြစ်တော့လည်း အဲ့ဒီအကျင့်က ဆက်ပါလာတာပဲ
ပုဝါတွေရွေးဝယ်တဲ့အခါ chiffon လေးတွေတွေ့ရင် အရောင်လေးတွေကြည့်၊ အသားလေးတွေကိုင်ကြည့်ပြီး ကိုယ်တိုင်ကြိုက်တဲ့အသားဆို “ဒါလေးလည်းယူထားမယ်” ဆိုပြီး ပိုရွေးဝယ်မိတယ် 😂

ဒီလိုနဲ့ ရိုးရိုး chiffon ကနေ Premium Chiffon၊ Diamond Chiffon အထိ တဖြည်းဖြည်းနဲ့ များလာခဲ့တာ

ဒီနေ့ အခန်းရှင်းရင်း ပုဝါတွေကို တစ်ထည်ချင်းစီပြန်စီကြည့်တော့မှ “ငါ့ဆီမှာ chiffon တွေ ဒီလောက်တောင်များနေပြီလား” ဆိုပြီး ကိုယ်တိုင်တောင် အံ့ဩမိတယ် 😂🤍

တကယ်တော့ ကိုယ်တိုင်ကြိုက်တဲ့အရာကို ရောင်းရတာက နည်းနည်းထူးခြားတယ်ထင်တယ်။ ကိုယ်တိုင်ဆောင်းဖူး၊ ကြိုက်ဖူးတဲ့အသားတွေဆိုတော့ customer တွေကိုလည်း ကိုယ်တိုင်ခံစားဖူးတဲ့အတွေ့အကြုံနဲ့ ပြောပြလို့ရတယ်

ဒီနေ့ အခန်းရှင်းရင်းနဲ့ ပုဝါတွေကိုပဲ ပြန်စီဖြစ်တာမဟုတ်ဘဲ…
ကိုယ် hijab စဆောင်းခဲ့တဲ့အချိန်ကနေ အခု ကိုယ်တိုင် hijab ရောင်းနေတဲ့အချိန်အထိ ပြန်စဉ်းစားမိသလိုလေးတောင် ဖြစ်သွားတယ်

အဲ့ဒီထဲမှာ chiffon ကတော့…
ကိုယ့်ရဲ့ hijab journey တစ်လျှောက်လုံး မပါမဖြစ်လေးပဲ 🥹🤍

05/09/2026

🎀 Polka Dot Headband 🎀

Hijab အပေါ်ကနေ ဒီလိုလေးဆောင်းလိုက်ရုံနဲ့ ရိုးရိုးရှင်းရှင်း look လေးကနေ cute & stylish look လေးအဖြစ် ပြောင်းလဲသွားစေမယ့် Polka Dot Headband လေး 🤍

🤎 Color — 6 Colors
✨ 1 ခု — 5,500 Ks
🎀 3 ခု — 15,000 Ks

ကိုယ်ကြိုက်တဲ့အရောင်လေးတွေရွေးပြီး အလွယ်တကူ style လုပ်လို့ရပါတယ်ရှင့် 💌

Alhamdulillah 🤍📦ဒီနေ့ပို့ဖြစ်တဲ့ order လေးတွေပါရှင့် 🥰ယုံယုံကြည်ကြည်နဲ့ အားပေးမှာယူပေးကြတဲ့ customer တစ်ယောက်ချင်းစီတိုင...
05/09/2026

Alhamdulillah 🤍📦
ဒီနေ့ပို့ဖြစ်တဲ့ order လေးတွေပါရှင့် 🥰

ယုံယုံကြည်ကြည်နဲ့ အားပေးမှာယူပေးကြတဲ့ customer တစ်ယောက်ချင်းစီတိုင်းကို အများကြီးကျေးဇူးတင်ပါတယ်ရှင့် 🤎
မှာယူထားတဲ့ ပစ္စည်းလေးတွေ အဆင်ပြေပြေနဲ့ လက်ထဲရောက်ပါစေရှင့် 🫶🏻✨

Al-Nisa Noor Hijab ကို အမြဲအားပေးပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် 🤍

Animal Print Collection 🐆🦌ဒီတစ်ခါ ရောက်ထားတဲ့ Print Design လေးတွေထဲမှာLeopard Print – 2 Colors 🐆Deer Print – 3 Colors 🦌 ...
05/09/2026

Animal Print Collection 🐆🦌

ဒီတစ်ခါ ရောက်ထားတဲ့ Print Design လေးတွေထဲမှာ
Leopard Print – 2 Colors 🐆
Deer Print – 3 Colors 🦌 ရှိပါတယ်။

Print လေးတွေက အရောင်တစ်ရောင်ချင်းစီမှာ mood မတူဘဲ ဆောင်းလိုက်ရင် outfit လေးကို ပိုပြီးထင်ရှားစေတဲ့ design မျိုးပါ 🤎
ရိုးရိုးလေးဆောင်းချင်တဲ့နေ့တွေမှာလည်း အဆင်ပြေပြီး၊ outfit လေးကို နည်းနည်းလေး standout ဖြစ်ချင်တဲ့နေ့တွေအတွက်လည်း ရွေးလို့ကောင်းပါတယ် ✨

ကြိုက်တဲ့ Print လေးရှိရင် Page Chat Box မှာ လာမေးလို့ရပါတယ်နော် 🫶🏻

05/09/2026

🦌🤎 A little deer, a little dreamy ✨

နူးညံ့တဲ့ print လေးနဲ့ မိန်းကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ Deer Print Hijab 🦌
ရိုးရိုးရှင်းရှင်းဝတ်ချင်တဲ့နေ့တွေအတွက်လည်း လိုက်ဖက်ပြီး outfit တိုင်းနဲ့ mix & match လုပ်ရလွယ်တဲ့ design လေးပါ 🤎

ကိုယ့်ရဲ့ everyday look ကို ချစ်စရာလေးဖြစ်စေချင်ရင် ဒီလေးကိုရွေးနော် 🫶🏻

05/09/2026

📦✨ New Arrivals are here! 🤍

ဒီနေ့ရောက်တဲ့ ပစ္စည်းအသစ်လေးတွေ အားလုံးတစ်ခါတည်း ပြပေးထားပါတယ်နော် 🫶🏻
အသစ်ရောက်တာတွေထဲမှာ ကိုယ်ကြိုက်တာလေးတွေ့ရင် မလွတ်ခင် မြန်မြန်လေးလာယူထားနော် 😘

📩 အသေးစိတ်နဲ့ ဈေးနှုန်းလေးတွေ Page Messenger မှာ မေးလို့ရပါတယ်ရှင့် 🤍

04/09/2026

ပုဝါဆောင်းရင် Inner ဝတ်ရတာနဲ့ ခေါင်းတင်းပြီး ခေါင်းကိုက်တတ်တဲ့သူလေးတွေရှိလား? 🥹🤍

ဒါဆို ဒီ Jersey Hoodie လေးကိုရွေးကြည့်နော် ✨
Inner သီးသန့်ထပ်ဝတ်စရာမလိုဘဲ ဆောင်းရလွယ်ပြီး သက်တောင့်သက်သာရှိတဲ့ Hoodie Design လေးပါ 🫶🏻

နေ့တိုင်းအပြင်သွားတဲ့အခါလည်း အဆင်ပြေ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ look ရချင်သူတွေအတွက် 🤎

📌 Jersey Hoodie
🎨 အရောင်စုံရ
💌 Order မှာယူချင်ရင် Page Messenger မှာ လာမေးလို့ရပါတယ်နော်

03/09/2026

📌 Content လေးနဲ့ပတ်သက်ပြီး 🥹🤍

Page မှာတင်ထားတဲ့ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေ၊ Video လေးတွေနဲ့ ကိုယ်တိုင် Edit ပြီး ဖန်တီးထားတဲ့ Content လေးတွေကို တခြား Page တွေမှာ ပြန်တွေ့နေရလို့ ဒီစာလေးတင်ထားတာပါရှင့် 🥹

တခြားနေရာက Video လေးတွေကို ယူသုံးထားတာမျိုးရှိရင်တောင် ကိုယ်တိုင်ပြန် Edit ထားတဲ့ Content လေးတွေမို့ ကိုယ့် Page ကနေ တိုက်ရိုက်ကူးပြီး ပြန်တင်တာလေးတွေတော့ မလုပ်ပေးကြပါနဲ့နော် 🫶🏻

ပစ္စည်းလေးတွေကို သဘောကျလို့ သုံးချင်တာမျိုးဆိုရင် မင်မင့်ဆီ အရင်လာပြောပေးရင် အဆင်ပြေပါတယ်ရှင့် 🤍

ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင် Edit ပြီး တင်ထားတဲ့ Content လေးတွေကိုလည်း နားလည်ပေးပြီး လေးစားပေးကြမယ်လို့ မျှော်လင့်ပါတယ်နော် 🥹🌷

Page Content လေးတွေကို ချစ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🤍

Customer Review လေးတစ်ခု 💌🤍Chiffon Hoodie လေးက အလှအပအတွက်တင်မဟုတ်ဘဲ တစ်နေ့တာအလုပ်လုပ်ရင်း Hijab ဆောင်းထားရတဲ့သူတွေအတွက်ပ...
03/09/2026

Customer Review လေးတစ်ခု 💌🤍

Chiffon Hoodie လေးက အလှအပအတွက်တင်မဟုတ်ဘဲ တစ်နေ့တာအလုပ်လုပ်ရင်း Hijab ဆောင်းထားရတဲ့သူတွေအတွက်ပါ တကယ်အဆင်ပြေတဲ့ Design လေးပါရှင့် 🥹✨

ဆိုင်မှာ အချိန်ကြာကြာထိုင်ရတဲ့သူတွေ၊ အလုပ်လုပ်ရင်း Hijab ကို ခဏခဏပြန်ပြင်နေရတာ မကြိုက်တဲ့သူတွေအတွက် အချိန်ကုန်သက်သာပြီး အလွယ်တကူဆောင်းလို့ရတာ Chiffon Hoodie ရဲ့ အားသာချက်လေးပါ 🤎

ဝတ်လိုက်တာနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်ပြီး အလုပ်လုပ်တဲ့အချိန်မှာလည်း သက်တောင့်သက်သာရှိစေမယ့် Hoodie လေး 🫶🏻

ဒီလို ကိုယ်တိုင်အသုံးပြုပြီး အဆင်ပြေကြောင်း Review ပြန်ပေးကြတဲ့ Customer လေးတွေရှိနေတာ မင်မင်တို့အတွက် အရမ်းဝမ်းသာရပါတယ်ရှင့် 🥹💗

Chiffon Hoodie — အလုပ်လုပ်ရင်း Hijab ဆောင်းထားရတဲ့သူတွေအတွက်ဆို ပိုပြီး Recommend ပါ 🤍

Address

Thaketa
Yangon

Website

Alerts

Be the first to know and let us send you an email when AL-Nisa Noor Hijab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share