Penny's Diarium

Penny's Diarium A sister who you can talk about anything 🌸
(1)

06/08/2026

Partner in crime 🎀

ရန်ကုန်ပြန်ရောက်ပါပြီနော် 🫶🏽 အလုပ်အတွက်မေးထားတာလေးတွေ ပစ္စည်းပို့လို့ရပါပြီရှင့် 🫶🏽
06/08/2026

ရန်ကုန်ပြန်ရောက်ပါပြီနော် 🫶🏽 အလုပ်အတွက်မေးထားတာလေးတွေ ပစ္စည်းပို့လို့ရပါပြီရှင့် 🫶🏽

always find my aesthetics at song wat 🥭
03/08/2026

always find my aesthetics at song wat 🥭

Bye july
31/07/2026

Bye july

24/07/2026

ဒီနေ့ Junction City မှာလုပ်တဲ့ Junction Beauty Carnival မှာ တွေ့ခဲ့ကြလား 🤭🎀

မနက်ဖြန် ၁၂ ခွဲလောက် အားရင် Junction City ကို လာခဲ့ကြပါဦးနော်။ 🎀
23/07/2026

မနက်ဖြန် ၁၂ ခွဲလောက် အားရင် Junction City ကို လာခဲ့ကြပါဦးနော်။ 🎀

ပန်နီ ဝိတ်ကျအောင် ဘာလုပ်လိုက်တာလဲချည်း မေးနေကြလို့။ စာတစ်တန်ပေတစ်တန်နဲ့ ပြောပြပါမယ်။၂၀၂၅ နှစ်စပိုင်းမှာ ၂၀၈-၂၁၀ ပေါင်ထိ ...
22/07/2026

ပန်နီ ဝိတ်ကျအောင် ဘာလုပ်လိုက်တာလဲချည်း မေးနေကြလို့။ စာတစ်တန်ပေတစ်တန်နဲ့ ပြောပြပါမယ်။

၂၀၂၅ နှစ်စပိုင်းမှာ ၂၀၈-၂၁၀ ပေါင်ထိ ရှိခဲ့ပါတယ်။ အဲချိန်တုန်းက တင်ထားတဲ့ Try on video တွေမှာ မျက်နှာတွေ အစ်ထ၊ ဂုတ်ပိုးတွေ မို့ပြီး အတော်သိသာတယ်။

၂၀၂၅ May မှာစပြီး ဝိတ်ကျလာတယ်ပြောရမယ်။ အကြောင်းရင်းကတော့ သူငယ်ချင်းအဖွဲ့အသစ်နဲ့ ပေါင်းမိပြီးတော့ အကပိုးဝင်သွားလို့ပါ။ တစ်နေ့ တစ်နေ့ Routine က ဘယ်လိုဖြစ်နေလဲဆိုတော့ ညနေ ၄-၅ နာရီလောက်ဆို ဖုန်းဆပ်လှမ်းခေါ်ကြလို့ ဆိုင်ထိုင်ကြတယ်။ ပြီးတာနဲ့ Club သွားကတယ်။ မနက် ၆-၇-၈ နာရီလောက်မှ ပြန်ရောက်ပြီး အိပ်တယ်။ တစ်ခါတစ်လေ အလုပ်ရှိတဲ့နေ့ဆို မအိပ်ဘဲ အလုပ်လုပ်စရာတွေ တန်းရိုက်တယ်။ ပြီးတာနဲ့ ညနေပြန်ရောက်သွားပြီး တစ်ပတ်ပြန်လည်တယ်ပေါ့။ အဲလို ၃-၄ ရက်လောက်သွားပြီးရင် အနားယူတယ်ဆိုပြီး ၁ ရက်လောက် နာရီ ၂၀ လောက် အိပ်ပစ်တာ။

အရက်သောက်ရင် အစာမစားဘူး၊ စားထားရင် အန်လို့ဆိုပြီး။ ပြီးရင် ကိုယ်က တကီလာတစ်ခုပဲ သောက်တဲ့လူ။ မဟုတ်ရင် JD ပဲသောက်တာ။ ဒါမဲ့ အရက်သောက်ရတာ မကြိုက်လာတော့လို့ တကီလာ ၂-၃ ရှော့လောက်ရှော့ပြီး တစ်ညလုံး ကရင်က၊ မဟုတ်ရင် ရေဗူးတစ်ဗူးနဲ့ ကတာပဲ။

ဖြစ်ချင်တော့ အဲချိန် အိမ်ကလည်း ဘန်ကောက်အသွားပြန် တစေလုပ်နေကြတော့ တစ်ယောက်ထဲ ဟင်းမချက်တတ်တဲ့ ကိုယ်က အပျင်းတစ်ပြီး မစားဖြစ်တော့ဘူး။

အလုပ်ကပင်ပန်း၊ အစာမစားဖြစ်၊ အိပ်ကလည်း မအိပ်၊ အဲကြားထဲ ညတိုင်းလိုလို မရောက်ဖူးဆိုတောင် Attic လောက် နေ့တိုင်းသွားလှုပ်ရှားနေတော့ Unhealthy ဖြစ်ပြီး ပေါင် ၃၀ လောက် ထိုးကျတာပဲ။ အဲဒါကို ဘာလုပ်လိုက်တာလဲ လာမေးကြတဲ့လူတွေကို မဖြေတာက ဖြေမကောင်းနေလို့ပါ။ 😭

တကီလာရှော့၊ ရေနဲ့ အကပဲ။ ကျန်တာမပါဘူးနော်။ ဘာဘာညာညာ ထင်မှာဆိုးလို့။ 😭 မကောင်းပါဘူးနော်။ ဆူလည်း မဆူကြပါနဲ့နော် အရမ်းမေးနေကြပြီး မပြောလို့ စိတ်ဆိုးတဲ့သူတွေတောင် ရှိနေလို့ပါ။

အဲကနေမှ Dr. Glow Aesthetic Clinic မှာ Double Chin ပျောက်အောင် လုပ်ခဲ့တယ်ပေါ့နော်။ ၂၀၂၆ ဖေော်ဝါရီ-မတ်မှာ။ အတော်ကို မျက်နှာက သိသိသာသာကျသွားတယ်။ Double chin ပျောက်၊ ပေါင်ကလည်း အဲချိန်မှာ ၂၁၀ လောက်ကနေ ၁၈၅ လောက် ကျနေတော့ ပိန်တာ ပိုသိသာသွားတယ်ပေါ့နော်။

အဲဒါနဲ့ အခု ၁၈၃ ပေါင်အရောက်မှာ The Sparkle Medical Aesthetics မှာမွန်ဂျရို စ On ခဲ့တယ်။ ၁ လအကြာ လက်ရှိမှာတော့ ၁၇၃ ပေါင်ဖြစ်သွားပါပြီ။

၁ လထဲ The Sparkle ကြောင့် ၁၀ ပေါင်လောက် ကျသွားတာဆိုတော့ ဘောင်းဘီတွေကို ချောင်ကျသွားတာပဲ။ စပြီး On ကတည်းက ထမင်းမစားဘူး၊ Protein ရယ် အသီးအရွက်ရယ်ပဲ နေ့လည်တစ်ကြိမ်စားတယ်။ အရက်ဖြတ်ထားတယ်။ အပြင်စာလည်း တတ်နိုင်သလောက်ရှောင်တယ်။ တစ်နေ့ကို ရေ ၃-၄ လီတာ သောက်ပါတယ်။

ဒါပေမဲ့ ဝုန်းခနဲကျသွားတာမို့လို့ အသားကတော့ ပျော့တွဲလာလို့ ခရီးက ပြန်ရောက်တာနဲ့ Gym သွားဖို့တော့ စီစဉ်ထားတယ်။

ဘာလို့ ဝိတ်ချတာလဲဆိုရင် Penny ခု စက်တင်ဘာဆို ၃၀ ပြည့်မှာပါ။ ၃၀ ကေော်လာရင် အမျိုးသမီးတွေက ကျန်းမာရေးလိုက်စားသင့်ပြီ။ ဝိတ်ထိန်းရမယ်၊ ကိုလက်စရောနဲ့ အရိုး၊ ကော်လဂျင်ပေါ့။ မွေးကတည်းက ဝတာရယ်၊ ဆီးချိုးမျိုးရိုးကလည်းရှိတယ်၊ Organs တွေ အဆီဖုံးမှာလည်းကြောက်တဲ့အတွက် ကိုယ့်ကိုယ်ကို ၁ နှစ် Schedule ပေးထားပြီးတော့ BMI ထဲဝင်ပြီး ကျစ်ကျစ်လျစ်လျစ် သန်သန်မာမာနဲ့ ဖြစ်ဖို့ကို ကတိပေးထားတယ်။ လှလည်း လှချင်တာပေါ့။

ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်ကလေးနဲ့ Target ကိုရောက်အောင်သွားနေတယ်။ အခု ၁၇၃ ကနေ ဘယ်လိုတွေ ဖြစ်လာဦးမလဲတော့ မသိပါဘူး။

ဒါမဲ့ ဒီတစ်ခေါက်တော့ ၂၀၁၈-၁၉ တုန်းကလို ပြန်မဝဖို့ အစွမ်းကုန်ထိန်းထားမယ်။

ပုံကတော့ ဝိတ်စမကျခင်နဲ့ လက်ရှိပါ။ 😭🫶🏽

20/07/2026

Whole new person 🤭🎀

Address

No. 1 Kaba Aye Pagoda Road, Yankin Township, Yangon, Myanmar
Yangon
11081

Alerts

Be the first to know and let us send you an email when Penny's Diarium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Penny's Diarium:

Shortcuts

Share