30/01/2026
ကိုယ်ဝန်ဆောင်မေမေများတွက် အကြံပြုချက်လေးများ...
1: ကိုယ်ဝန်ဆောင်ကာလ အစားအစာအကြံပြုချက်
🥗 အာဟာရပြည့်ဝတဲ့ အစားအစာတွေက မေမေကျန်းမာရေးနဲ့ ကလေးဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်
✔️ ဟင်းသီးဟင်းရွက်
✔️ အသီးအနှံ
✔️ ငါး၊ အသား
❌ အချိုများ၊ အဆီများတာတွေကို လျှော့စားပါ
2: ကိုယ်ဝန်ဆောင်မေမေ အိပ်ရေးကောင်းဖို့ Tips
😴 ကိုယ်ဝန်ဆောင်မေမေများအိပ်ရေးမဝတာ ပုံမှန်ပါဘဲ
* ဘေးဘက်အိပ်ပါ
* ခေါင်းအောက်၊ ဒူးကြားမှာ ခေါင်းအုံးထားပြီးအိပ်ပါ
* အိပ်ခါနီး ဖုန်းမကြည့်ပါ
3: ကိုယ်ဝန်ဆောင်စိတ်လှုပ်ရှားမှုကို ဘယ်လိုထိန်းမလဲ
🧠 စိတ်မတည်ငြိမ်တာ သဘာဝပါ
* အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
* စိတ်အေးအေး သီချင်းနားထောင်ပါ
*ဘုရား/တရား ပုံမှန်လုပ်ပါ
* မိသားစု/ မိတ်ဆွေများနဲ့ စကားပြောပါ
4: ကိုယ်ဝန်ဆောင်မေမေ လေ့ကျင့်ခန်း
🚶♀️ လမ်းလျှောက်ခြင်းက သွေးလည်ပတ်မှုကောင်းစေပါတယ်
* တစ်နေ့ ၁၅–၂၀ မိနစ်လောက် လုံလောက်ပါတယ်
* အရမ်းပင်ပန်းအောင် ဖိစီးပီလုပ်ရန်မလိုပါ။
5: ကိုယ်ဝန်ဆောင်ကာလ ရေသောက်မှု
💧 ရေများများသောက်ခြင်းက
* ပင်ပန်းနွမ်းနယ်မှုလျော့စေ
* ခေါင်းကိုက်ခြင်း လျော့စေ
* ရေမွှာကောင်းစေပါတယ်
* ကလေးအတွက်လည်း ကောင်းပါတယ်
6: မေမေရဲ့ အသံနဲ့ ကလေး
👶 မေမေရဲ့ အသံကို ကလေးနားထောင်နိုင်ပါတယ်
* စကားပြောပေးပါ
* သီချင်းဆိုပေးပါ
* စိတ်ချမ်းသာစေပါတယ် 💕
7: ကိုယ်ဝန်ဆောင်ကာလ ရှောင်သင့်တဲ့အရာများ
* ဆေးကို ဆရာဝန်မညွှန်ရင် မသောက်ပါနဲ့
* အလွန်ပင်ပန်းတဲ့အလုပ် မလုပ်ပါနဲ့
* စိတ်ဖိစီးမှုများအောင် မလုပ်ပါနဲ့
8: ကိုယ်ဝန်ဆောင်မေမေ Self-Care
* ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့
* နားယူဖို့ ခွင့်ပြုပါ
* မေမေကျန်းမာမှ ကလေးလည်း ကျန်းမာပါမယ်
9: ဆရာဝန်စစ်ဆေးမှု အရေးကြီးမှု
* ပုံမှန်စစ်ဆေးမှုလုပ်ခြင်းက
* ပြဿနာတွေကို အစောကြီး သိနိုင်စေပါတယ်
* မေမေနဲ့ ကလေးအတွက် လုံခြုံစေပါတယ်
10: မေမေ့အတွက် အားပေးစကား
💖 *မေမေက အကောင်းဆုံးလုပ်နေတာပါ
ကိုယ်ဝန်ဆောင်ကာလတိုင်းက ခက်ခဲပေမယ့် အခိုက်တန့်တိုင်းကတန်ဖိုးရှိပါတယ် မေမေတို့ရေ ဖိုက်တင်းပါနော်.... 🌈
__MoMosBabyTips