11/05/2026
မြန်မာနိုင်ငံ ရာသီဥတုနဲ့ အဆင်ပြေမယ့်
Style Pants Design နဲ့fabric(အသား)ရွေးချယ်ရတာ ခက်ခဲ နေပြီလား
Comfort Loose Style Pants အကြောင်းလေး နည်းနည်းဖတ်ကြည့်သွား
90s ကာလတွေမှာ Comfort Loose Style Pants တွေခေတ်စားခဲ့တာဟာ
“လှုပ်ရှားရလွယ်ကူခြင်း” နဲ့ “ပေါ့ပါးတဲ့ style” ကြောင့်ပါ
Skinny fit တွေလို တင်းကျပ်မနေဘဲ
နေ့စဉ်ဝတ်ရတာ သက်သာပြီး
street fashion, casual fashion တွေမှာ အလွန်အသုံးများခဲ့ပါတယ်။
အခုခေတ်မှာလည်း Comfort Loose Style Pant ကို မရွေးချယ်နေတာတော့မဟုတ်ပါဘူး။
Trand ဖြစ်နေတဲ့ fashion တွေတက် ရိုးရိုးရှင်းရှင်း နဲ့ Smart ဖြစ်တာမျိုးပဲ သဘောကျသူအများစုကတော့ ရွေးချယ်နေကြဆဲပါပဲ
Comfort Lose Pant ဖြစ်တဲ့အတွက် ပုံမှန် Lose Pant တွေလို Over Cutting နဲ့ အရမ်းကြီးပွနေတာမျိုးလဲမဟုတ်
Fit လိုမျိုး ကြပ်နေတာမျိုးလဲ မဟုတ်ပဲ အသက်ရှူချောင် စေဖို့အတွက် ပုံမှန်ထက် အနည်းငယ် ပိုပွတဲ့ Designဖြစ်လို့ ခပ်ပွပွ ဖြစ်တဲ့အတွက် လှုပ်ရှားတဲ့အချိန် အထိုင်အထ အတက်အဆင်း ပြုလုပ်ချိန်တွေမှာ အလိုက်သင့်နဲ့ သက်သောင့်သက်သာဖြစ်စေပါတယ်။
Fabric အနေနဲ့
*Cotton Twill(Light /Mid Weight)
*Cotton Linen
အခြားသော ရွေးချယ်စရာ Fabric တွေထပ်ရှိသေးပေမယ့် ဒီနှစ်ခုက ေစျးတန်း အရကော Quality အရပါ အဆင်အပြေဆုံးလို့မြင်လို့ ဒီနှစ်ခုအကြောင်းပဲ လောလောဆယ်ပြောပြသွားပါမယ်
အထူးသဖြင့်
Cotton Twill Light/Middle Weight Fabric ကို ရွေးချယ်သင့်တဲ့ အကြောင်းအရင်းတွေက-
• လေဝင်လေထွက်ကောင်းတယ်
• အသားမကပ်ဘူး
• Shape ထိန်းထားနိုင်တယ်
• ပေါ့လွန်းမနေသလို လေးလံမနေဘူး
• နေ့စဉ်ဝတ်ဖို့ balance ကောင်းတယ်
Cotton Linen Fabric ကို ရွေးသင့်တဲ့ အကြောင်းအရင်း-
Cotton Linen fabric က မြန်မာနိုင်ငံလို ပူပြီး စိုထိုင်းဆမြင့်တဲ့ ရာသီဥတုအတွက် အရမ်းလိုက်ဖက်တဲ့ fabric type တစ်ခုပါ။
1. လေဝင်လေထွက်ကောင်းတယ်
ဝတ်ရတာ airy feel ရတယ်
2. Cotton ထက် Dry Feel ပိုရတယ်
skin မှာ heavy မဖြစ်ဘူး
3. Natural Texture ကြောင့် Premium Look ထွက်တယ်
Cotton Linen မှာ natural grain texture လေးရှိတယ်။
Simple outfit ဝတ်ထားလည်း expensive feel ပိုရတယ်
4. Softness နဲ့ Durability Balance ကောင်းတယ်
Pure linen က တချို့လူတွေအတွက် rough feel ဖြစ်နိုင်တယ်။
Cotton blend လုပ်လိုက်ရင်
touch feel ပိုနုတယ်
Cotton Linen ရဲ့ အားနည်းချက်များ
1. Wrinkle လွယ်တယ်
Linen ပါတဲ့ fabric တွေက crease ဖြစ်လွယ်တယ်။
wrinkle လေးတွေ ပေါ်လာနိုင်တယ်။
2. Structure ပျက်လွယ်တယ်
Heavy twill လို stiff shape မရှိဘူး။
Formal pant style ထက် relaxed casual style နဲ့ပိုလိုက်တယ်။
3. Cheap Linen Blend တွေ Quality မကောင်းနိုင်ဘူး
Market ထဲမှာ “linen feel” ဆိုပြီး polyester များတဲ့ fabric တွေလည်း ရှိတတ်တယ်။
texture fake feel ဖြစ်တယ်
airflow မကောင်းဘူး
ဒါကြောင့် composition ကို ကြည့်သင့်တယ်။
Recommended blend —
Cotton 70 / Linen 30
Cotton 55 / Linen 45
ဒီ range တွေက balance ကောင်းတယ်။
Color ရွေးချယ်တဲ့အခါမှာလည်း
• အသားဖြူတဲ့သူတွေ — Brown, Dark Grey, Olive
• အသားလတ်တဲ့သူတွေ — Khaki, Navy, Black
• အသားညိုတဲ့သူတွေ — Beige, Cream, Light Brown
ဒီအတိုင်းလေး Try ကြည့်သင့်တယ်
Simple ဖြစ်တဲ့ Color တွေက
shirt, tee, outer တွေနဲ့ တွဲဝတ်ရလည်း Matchဖြစ်ပါတယ်။
Comfort lose Style နဲ့ ဒီFabric တွေ တွဲစပ်လိုက်တဲ့အခါ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာနဲ့ ရိုးရှင်းပြီးSmart ကျ တဲ့ Style Pant တစ်ထည် ရရှိ လာမှာပါ
Trend တစ်ခုထက်
ကြာကြာဝတ်လို့ရတဲ့ comfort နဲ့ balance ကို ရွေးတဲ့သူတွေအနေနဲ့
Comfort Loose Style Pant ကို ရွေးချယ်သင့်တယ်လို့ အကြံပေးချင်ပါတယ်👌🏻