Hay Thar

Hay Thar Keep it away from the disturbed people

19/07/2025

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။
အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။
အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။
အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။
စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။
မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။
ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...
ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...
နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...
နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။
စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။
လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို
ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....
ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။

မူးရင်းရေးစားသူအား လေးစားစွာဖြင့်

19/07/2025

အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး

================

အောင်မြင်မှုဆိုတာဟာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့် လမ်းကို မြင်နေပေမယ့်လည်း ပန်းတိုင်ကို ရှာဖွေနိုင်ဖို့တော့ ခက်နေပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ ဘ၀မှာ အောင်မြင်မှု ပန်းတိုင်ကို သေချာပေါက်ရောက်စေမယ့် စကားလုံး ၁၀ လုံး ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျော်ရွှင်မှု (Happiness)
ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ဘ၀ရဲ့ လမ်းစဉ်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်မှာ သင်မပျော်ပဲ အောင်မြင်မှုရဲ့အရသာ ကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်၀က်လောက်တော့ အနိုင်ရသွားစေပါတယ်။

၂။ ယုံကြည်မှု (Belief)
သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။

၃။ ရည်မှန်းချက် (Ambition)
ရည်မှန်းချက်မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။ သင့်ရဲ့ ဖြစ်ချင်နေတဲ့အနေအထားတွေကို ကြိုတင်ရည်မှန်းထားပါမှ သင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။

၄။ စိတ်အားထက်သန်ခြင်း ( Passion )
ဘာအလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။

၅။ လွှမ်းမိုးမှု ( Inspiration )
သင့်ကို လွှမ်းမိုးနိုင်မယ့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။ ထိုအရာက သင့်ကို လမ်းပြပေးနိုင်မှာပါ။

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ( Confidence )
သင်မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ကိုယ့်ကိုကို ယုံကြည်မှုသာလျှင် သင့်ကိုနေရာပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဟာ သင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။

၇။ လူ့ကျင့်၀တ် ( Ethics )
ကျင့်၀တ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်း ဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင့်ကို လူအားလုံးနဲ့မတူညီပဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ပဲဖြစ်ပါတယ်။

၈။ အမြင် ( Vision )
သင့်ဘ၀ ကို သင်ဘယ်လို ပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။ ထို အမြင်တွေကပဲ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မှာပါ။

၉။ လက်ခံတတ်ခြင်း ( Yes )
အရာရာကို လက်ခံတတ်ပါစေ။ အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။ သင်အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။

၁၀။ လူသားဆန်တတ်ခြင်း ( Humility )
လူသားဆန်ခြင်းဟာ အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။ ကျရှုံးပြီး ပြန်လည် ထ နိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှ က သင့်ကို ပြန်လည်အောင်မြင်လာစေမှာပါ။


#ဆရာဦးအောင်သင်း

19/07/2025

" အပြုံး "

ကိုယ့်အကြောင်း မကောင်းပြောနေတဲ့အခါ
လှပစွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ

ကိုယ့်အပေါ်ကို
ကဲ့ရဲ့ စောင်းမြောင်းနေတဲ့အခါမှာလဲ
တည်ငြိမ်စွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ

ကိုယ့်ကိုချည်းပဲ
ဆဲဆို ရိုင်းပြနေရင်လည်း
ရင့်ကျက်စွာ ပြုံးနေလိုက်ဖို့ ကြိုးစားပါ

"အပြုံး" ဆိုတာ
တစ်ဖက်လူကို အနိုင်ယူတဲ့
လက်နက်တစ်မျိုးပဲ မဟုတ်လား ?

ကိုယ့်ဘက်က တွေးတောပြီး
လိုက်ခံစားနေမယ် ဆိုရင်
ကိုယ့်ရှုံး သွားတာပါပဲ

ကြုံဘူးတာပေါ့ပတ်ဝန်းကျင်ကအထင်သေးတဲ့ အကြည့်တွေကိုကြုံဘူးတာပေါ့အမျိုးတွေရဲ့နှိမ့်ချ ဆက်ဆံမှုတွေကိုကြုံဘူးတာပေါ့စသလို နောက်...
19/07/2025

ကြုံဘူးတာပေါ့
ပတ်ဝန်းကျင်ကအထင်သေးတဲ့
အကြည့်တွေကို

ကြုံဘူးတာပေါ့
အမျိုးတွေရဲ့
နှိမ့်ချ ဆက်ဆံမှုတွေကို

ကြုံဘူးတာပေါ့
စသလို နောက်သလိုနဲ့ ကိုယ့်အားနည်းချက်တွေကို
ထိပါးပြောဆိုမှုတွေကို

ကြုံဘူးတာပေါ့
မလိုရင် တစ်မျိုး လိုရင် တစ်မျိုး
ပေါင်းသင်း ဆက်ဆံမှုတွေကို

ကြုံဘူးတာပေါ့
ကိုယ့်ရှေ့မှာ အရမ်းဖော်ရွေပြပြီး
နောက်ကွယ်မှာ လှောင်ပြောင်နေတာမျိုး
တွေကို

ကြုံဘူးတာပေါ့
အရမ်း
ချစ်ပါတယ်ဆိုပြီး
ဂရုမစိုက် ပစ်ထားတာတွေကို

ကြုံဘူးတာပေါ့
ကိုယ့်ဖာသာ နေလည်း
အကြောင်းမဲ့ လာစော်ကားတာတွေကို

ကြုံဘူးတာပေါ့
မိဘနဲ့
ကိုယ့်အကြား
သွေးခွဲတဲ့ အဖြစ်တွေကို

ကြုံဘူးတာပေါ့
ရွှေ ငွေ ရှိမှ လူရာသွင်း
အမျိုးတော်ကြတတ်သူတွေကို

ကြုံဘူးတာပေါ့
ပညာတတ်မှ
ခေါ်ပြောချင်ကြတာတွေကို

ကြုံဘူးတာပေါ့
ကိုယ့်အပြစ်ကို မမြင်ပဲ
သူများအပြစ်ကို အပုပ်ချတတ်သူတွေကို

ကြုံဘူးတာပေါ့
တွဲထူသလိုလိုနဲ့
တွန်းလှဲတတ်တဲ့သူတွေကို

ကြုံဘူးတာပေါ့
ချီးကျူးသလိုလိုနဲ့
သရော်တတ်တဲ့သူတွေကို

ဒီလို အဖြစ်တွေကြုံဘူးလို့
အခုဆို နေသားကျပြီး
ပတ်ဝန်းကျင်က လူတွေကို ..မဲ့ပြုံးနဲ့
ကြည့်နေတတ်ပါပြီ

Credit

မင်္ဂလာကျက်သရေအပေါင်းပြည့်ဝကြပါစေ
09/07/2025

မင်္ဂလာကျက်သရေအပေါင်းပြည့်ဝကြပါစေ

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နဲ့ ဆက်စပ်လျက် ထူးခြားဖြစ်စဥ်များစွာရှိသော ဝါဆိုလပြည့်နေ့ . . ."သန္ဓေ၊ တောထွက်၊ ဓမ္မစက်            ...
09/07/2025

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နဲ့ ဆက်စပ်လျက် ထူးခြားဖြစ်စဥ်များစွာရှိသော ဝါဆိုလပြည့်နေ့ . . .

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို" လို့ ဆိုစမှတ်ပြုကြတဲ့ ဝါဆိုလပြည့်နေ့ဟာ . . .

🙏 ဂေါတမမြတ်စွာဘုရားလောင်း သိဒ္ဓတ္တမင်းသား ပဋိသန္ဓေ တည်တော်မူသောနေ့

🙏 ဂေါတမမြတ်စွာဘုရားလောင်း တောထွက်တော်မူသောနေ့

🙏 ဂေါတမမြတ်စွာဘုရား ဓမ္မစင်္ကြာတရား စတင်ဟောကြားတော်မူသောနေ့

🙏 ရေ၊ မီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

🙏 ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

🙏 တရားရတနာ စတင်ပေါ် ပေါက်သောနေ့

🙏 သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့

🙏 ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့် ကြုံသောနေ့

🙏 "ဧဟိ ဘိက္ခု" ဟူသောစကားကို စတင်ကြားရသောနေ့

စသည့် ထူးခြားဖြစ်စဥ်များစွာကို ကြုံတွေ့ခဲ့ရသော နေ့တစ်ဖြစ်ပြီး ဗုဒ္ဓဘာသာအနွယ်ဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်တစ်နေ့လည်း ဖြစ်ပါတယ်။

ဒါကြောင့်. . .ထူးမြတ်လှတဲ့ ဝါဆိုလပြည့်နေ့လေးမှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကောင်းမှုကုသိုလ်ထူးများ ပြုလုပ်ပွားများနိုင်ကြပါစေကြောင်း lucky18 pearl and Jewellery မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

#ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာအခါတော်နေ့)
#

⚠️ ပန်ကာသုံးတာ ချက်ချင်းရပ်သင့်တဲ့ လက္ခဏာ ၅ ချက်..။၁။ 🔥 မီးလောင်နံ့ သို့မဟုတ် ပလတ်စတစ်လောင်နံ့ ရနေလျှင်   * ဝါယာကြိုး သိ...
06/07/2025

⚠️ ပန်ကာသုံးတာ ချက်ချင်းရပ်သင့်တဲ့ လက္ခဏာ ၅ ချက်..။

၁။ 🔥 မီးလောင်နံ့ သို့မဟုတ် ပလတ်စတစ်လောင်နံ့ ရနေလျှင်
* ဝါယာကြိုး သို့မဟုတ် မော်တာမှာ ပြဿနာရှိနိုင်ပါတယ်။

၂။ 🔌 ဝါယာကြိုး အလွန်ပူနေခြင်း သို့မဟုတ် ပလပ်တွင်
မီ;လောင်ထားသည့် အမှတ်အသားများ ရှိနေလျှင်.....
* လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း သို့မဟုတ် ဓာတ်လိုက်ခြင်းတို့
ဖြစ်နိုင်ချေရှိပါတယ်။

၃။ ⚡ ဖွင့်လိုက်တဲ့အခါ ပန်ကာက တုန်ခါနေခြင်း သို့မဟုတ်
ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားနေရလျှင်......
* ဥပမာ- ဆူညံသံများ၊ တဂျုံးဂျုံးမြည်သံများ သို့မဟုတ်
တရွတ်တိုက်ဆွဲသံမျိုးတွေ အချိန်တိုင်းကြားနေရခြင်း
ဖြစ်ပါတယ်။

၄။ 🌫️ အမြင့်ဆုံး အဆင့်နဲ့ ဖွင့်ထားသော်လည်း ပန်ကာက
ပုံမှန်မဟုတ်ဘဲ လည်တာနှေးကွေးနေလျှင်.......
* မော်တာမှာ ပြဿနာရှိနေခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်
အားမလုံလောက်ခြင်းကို ပြသနေခြင်း ဖြစ်နိုင်ပါတယ်။

၅။ 💨 ပန်ကာအတောင်ပံက မလည်လျှင် သို့မဟုတ်
တိုင်တာ လည်လိုက် ရပ်လိုက် ဖြစ်နေလျှင်......
* မော်တာ အရမ်းပူနေနိုင်ပြီး ပျက်စီးဖို့ နီးနေပါပြီ။

✅ အကြံပြုချက်
အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုကို တွေ့ရှိရပါက ဆက်ပြီး အသုံးမပြုပါနဲ့......!
* ချက်ချင်း ပလပ်ဖြုတ်ပြီး လျှပ်စစ်ပညာရှင်ကို စစ်ဆေး
ခိုင်းပါ သို့မဟုတ် ပန်ကာအသစ် ပြောင်းလဲပါ။

အသက်အန္တရာယ်နဲ့ ပစ္စည်းဥစ္စာဘေးကင်းရေးအတွက်ပါ။ 🙏🔥

MON SOUNG

ပြုံးနိုင်သမျှတော့ ပြုံးထားပါသေးတယ် ...ပျော်တယ်မပျော်ဘူးဆိုတာတွေကအရေးကြီးတော့မှ မဟုတ်တာ ...မပျော်ဘူးပြောပြီးငိုနေလို့လည်...
06/07/2025

ပြုံးနိုင်သမျှတော့ ပြုံးထားပါသေးတယ် ...

ပျော်တယ်မပျော်ဘူးဆိုတာတွေက
အရေးကြီးတော့မှ မဟုတ်တာ ...

မပျော်ဘူးပြောပြီး
ငိုနေလို့လည်း
ဘာမှ မထူးတော့တဲ့အခါ

ဒီလိုပါပဲဆိုတဲ့စကားကို သုံးပြီး
အတတ်နိုင်ဆုံး
ပြုံးပြုံးလေး ကျော်ဖြတ်တာပေါ့ ...

အဆင်ပြေသွားမှာပါဆိုပြီး
တစ်နေ့တစ်နေ့
ကိုယ့်ကိုယ်ကိုယ်ညာရင်း

အဆင်ပြေအောင် နေတတ်သွားရတာပါပဲ ...

ဘယ်သူမှ မလိုပါဘူးဆိုတဲ့ စကားကို
မသုံးချင်ပေမယ့်
ဘယ်သူမှ ရှိမနေတဲ့အခါ

တစ်ယောက်တည်းလည်း
နေတတ်ရတာပေါ့ ...

ကိုယ် အဆင်မပြေလည်း
အဆင်ပြေသွားမှာပါဆိုပြီး
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပေးတတ်ရတာပေါ့ ...

မပျော်လည်း
အတတ်နိုင်ဆုံး ပြုံးထားရုံပေါ့ ။

#ကျေးကို

Address

Yesagyo

Alerts

Be the first to know and let us send you an email when Hay Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category