Hey Jude Online Shop

Hey Jude Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hey Jude Online Shop, Clothing (Brand), George Town.

လာမဲ့ နှစ်သစ်အတွက် ပထမဆုံးပြောချင်တာကို ပြောရမယ်ဆိုရင်တော့ ဒီနိုင်ငံကြီးရဲ့ငြိမ်းချမ်းဖို့အရေး ကိုယ့်လက်နဲ့ကိုယ့်ခြေ  ပါ...
31/12/2023

လာမဲ့ နှစ်သစ်အတွက်
ပထမဆုံးပြောချင်တာကို ပြောရမယ်ဆိုရင်တော့
ဒီနိုင်ငံကြီးရဲ့ငြိမ်းချမ်းဖို့အရေး
ကိုယ့်လက်နဲ့ကိုယ့်ခြေ ပါဝင်နိုင်ဖို့ကြိုးစားကြပါ ။
ကိုယ်တိုင်လဲ ပိုပြီးကြိုးစားပါမယ် ။

၂၀၂၃ ဟာ ဘဝမှာ ကိုယ့်အတွက်ကိုယ်
ရှိသမျှအားကုန်ကြိုးစားဖူးတဲ့နှစ်တစ်ခုလို့ပဲ သတ်မှတ်ရမယ် ။
ဒီနေရာမှာ ကိုယ့်အတွက်ကိုယ်ဆိုတာကို
အဓိပ္ပာယ်ဖွင့်ရရင်
ကိုယ်ရဲ့ အမြဲတမ်းဦးစားပေးမိသားစုက စလို့
တခြားသော ကိုယ်အလေးထားရသူတွေရဲ့အရေး အပါအဝင်ဖြစ်ပါတယ်။ ဆိုတော့ ဒါက ကျန်ခဲ့မဲ့နှစ်ဟောင်းတစ်ခုအတွက်
ခြုံငုံသုံးသပ်တဲ့ သဘောပါပဲ ။
ဖြတ်သန်းနေခဲ့စဉ် အချိန်တွေမှာတော့
စုတ်ပျက်သပ်ပြိုလဲမလိုဖြစ်သွားမဲ့
အကြောင်းကိုတော့
ဘယ်သူ့ကိုမှမပြောပြချင်သလို ၊ ကိုယ်တိုင်လဲ ပြန်မတွေးဖြစ်အောင်နေပါတယ် ။
ကိုယ်အဆင်ပြေသွားရင် ကျေနပ်ပြီဆိုတဲ့အတွေးနဲ့ ဘာမျှော်လင့်ချက်မှမပါပဲ ကိုယ့်အပေါ်ကူညီပေးခဲ့တဲ့သူတွေရှိတယ် ။ သူတို့ကိုလဲ ဦးချကန်တော့လိုက်ပါတယ် ။ နောင်တစ်ချိန် သူတို့လိုတဲ့အခါ ကိုယ့်ကိုသုံးနိုင်ဖို့ ကိုယ်တိုင်အသုံးကျသူတစ်ယောက်ဖြစ်အောင် ရပ်တည်နေနိုင်အောင်လုပ်ပါမယ် ။
နှစ်သစ်အတွက်တော့
ဘယ်ဘုရားကိုမှဆုမတောင်းသလို
ဘယ်ဘုရားပေးတဲ့ဆုကိုမှလဲ မမျှော်လင့်ပါဘူး ။ ကူညီခဲ့ဖူးသမျှ လူပုဂ္ဂိုလ်တွေကိုယ်တိုင်က
ဘုရားတစ်ပါးပါးက ကူညီလို့ပါဆိုပြီး အတိအကျပြောလာခဲ့ရင်တော့ ထိုထိုသောဘုရားကို
အားလုံးအတွက်ကျေးဇူးပါဟုသာ ပေါ့လေ ။
ရှေ့လျှောက် လုပ်သင့်တယ်ထင်တယ်လို့
ကိုယ့်ဦးနှောက်က ဆင်ခြင်မိသမျှ
လုပ်ဖြစ်အောင်လုပ်မယ် ၊
လုပ်နိုင်အောင်လုပ်မယ်လို့လဲ ကြုံးဝါးပါတယ်။
ကိုယ့်အသိမိတ်ဆွေတစ်ယောက်ဆီက ဖတ်ခဲ့ရတဲ့ နှစ်သစ်ဩဝါဒတစ်ခုကို သဘောကျမိပါတယ် ။ ဘယ်သူ့ကိုမှ မယုံဖို့တဲ့။
ကိုယ် ကိုယ်တိုင် စိတ် ၊အတွေးအကြံ ၊
ခံယူချက်ကအစ တူညီတယ်လို့ထင်ထားမိတဲ့ ငယ်ပေါင်းကြီးဖော်များအပြင် ၊
ရင့်ကျက်ခါနီး Uni ကြီးရောက်မှ ရခဲ့တဲ့ သူငယ်ချင်းများဟာလဲ ခွေးဇာတ်ခင်းပြီး ဠီးစိတ်ဓာတ်တွေပါပဲလို့ မြင်ခဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုကောင်မျိုးကိုမှ မယုံလိုက်ဖို့ နှစ်သစ်အတွက် ကြုံတုန်း သတိပေးလိုက်ပါရစေ ။ စာများများဖတ်ကြပါ ။ ကောင်းသောရုပ်ရှင်များကြည့်ကြပါ ။ နှလုံးသားကို ရောက်စေငေါ သီချင်းများကို နားထောင်ပါ ။ ဆင်ခြင်တုံတရားကို မြှင့်တင်ပါ ။ ကျန်တာတော့ သဘောပါပဲ ။

ဒီစာတွေ အကုန်လုံးကို ၂၀၂၃ ရဲ့ နောက်ဆုံး ညစာမစားခင်ရေးလိုက်ပါတယ် ။

ယူလိုက်တော့ ယူကိုယူရမှာနော် 😂
30/01/2022

ယူလိုက်တော့ ယူကိုယူရမှာနော် 😂

Address

George Town

Telephone

+959980272027

Website

Alerts

Be the first to know and let us send you an email when Hey Jude Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share