Liberation Notes 33

Liberation Notes 33 Notes of liberation, collected through 33 years of journey.

အသက် ၃၀ကျော် ဆိုတာ ငယ်ရွယ်နုပျိုမှုနဲ့ ရင့်ကျက်မှုကြားက တံတားတစ်ခုလိုပါပဲ။   #လွတ်မြောက်ခြင်းမှတ်စုများ
23/01/2026

အသက် ၃၀ကျော် ဆိုတာ ငယ်ရွယ်နုပျိုမှုနဲ့ ရင့်ကျက်မှုကြားက တံတားတစ်ခုလိုပါပဲ။


#လွတ်မြောက်ခြင်းမှတ်စုများ

23/01/2026

ဘဝမှာ စိတ်ချမ်းချမ်းသာသာ ရှင်သန်နေထိုင်ဖို့နည်းလမ်း

#နေဗလ်

#လွတ်မြောက်ခြင်းမှတ်စုများ
#စိတ်ချမ်းချမ်းသာသာရှင်သန်နေထိုင်ဖို့နည်းလမ်း

နိုင်ငံခြားထွက်ဖို့အစီအစဉ်ရှိလားလို့မေးခံရတဲ့အခါကျွန်မမှာအဖြေမရှိဘူးဘာတွေလုပ်နေလဲလို့ ထပ်မေးပြန်တော့လဲကျွန်မမှာအဖြေမရှိပ...
21/01/2026

နိုင်ငံခြားထွက်ဖို့အစီအစဉ်ရှိလားလို့မေးခံရတဲ့အခါ
ကျွန်မမှာအဖြေမရှိဘူး
ဘာတွေလုပ်နေလဲလို့ ထပ်မေးပြန်တော့လဲ
ကျွန်မမှာအဖြေမရှိပြန်ဘူး
ကျွန်မက ဒီအတိုင်းရပ်နေတာလားဆိုတော့လဲ
မဟုတ်ပြန်ဘူး
အိပ််မက်အကြောင်းတွေပြောပြဖို့
အထင်သေးတဲ့လူတွေက ခပ်များများရယ်
ဒါကြောင့်
ဘယ်လိုထင်ထင် ဒီလူ့ဘက်ကတော့
တိတ်တဆိတ်ပါပဲ။

#ဖားစည်ရည်ကျော် (5.11.2025)

#လွတ်မြောက်ခြင်းမှတ်စုများ
#တိတ်တဆိတ်ပါပဲ

20/01/2026

နေတတ်သွားတဲ့အခါ ပြန်ခေါ်လို့မရတော့ဘူးဆိုတဲ့စကား
တစ်ကယ်ရှိတယ် ။

ဘဝမှာလေ အကောင်းဆုံးလူတွေကို
နှစ်ကြိမ်ပြန်မရနိုင်ဘူး ။

ရှိနေတုန်းလေး တန်ဖိုးထားတတ်ရတယ်
လူတစ်ယောက်ဖြစ်ဖြစ်
ပစ္စည်းတစ်ခုခုဖြစ်ဖြစ် ။

#ဖားစည်ရည်ကျော်
1.5.2025


#လွတ်မြောက်ခြင်းမှတ်စုများ
#နေတတ်သွားတဲ့အခါ

ရပါတယ် ၊ နင်အခု မိန်းမယူမယ် မဟုတ်လား။ ငါတို့ မိန်းမလျာဆိုတာ ဒီလိုအဖြစ်မျိုး ဘယ်နေ့များဖြစ်ပါ့မလဲဆိုတာကို တထိတ်ထိတ်နဲ့ စေ...
20/01/2026

ရပါတယ် ၊ နင်အခု မိန်းမယူမယ် မဟုတ်လား။ ငါတို့ မိန်းမလျာဆိုတာ ဒီလိုအဖြစ်မျိုး ဘယ်နေ့များဖြစ်ပါ့မလဲဆိုတာကို တထိတ်ထိတ်နဲ့ စောင့်နေရတဲ့ဘဝ။ တနေ့ကျ ရင်ဝကို စုံကန်သွားမယ်ဆိုတာ မျက်ဖြူဆိုက်ပြီး ကျန်ခဲ့ရမယ်ဆိုတာ သိပြီးသားပဲ။ ငါ့ကိုလည်း နင်အိုစော်နံပြီ ၊ မေတ္တာကုန်ပြီပဲ။
ကြွေသောရွက်ဝါ ပြန်မဆက် ၊ လှသောအိပ်မက် ပြန်မမက်တဲ့။ ငါနားလည်တယ် ။ နင့်ကို ငါကြိုးစားဖြတ်ရမှာပေါ့။ သံမဏိဆိုတာ မီးနဲ့တိုက်မှ အရည်ပျော်တာ။ စိန်ကို စိန်ချင်းဖြတ်မှ ၊ သံကိုသံချင်းဖြတ်မှ ၊ နှလုံးသားကို နှလုံးသားချင်းဖြတ်မှ ပြတ်တာ။ ငါဖြတ်ပါ့မယ်။ ငါ့နှလုံးသား အကြေမွခံပြီး ငါဖြတ်ပါ့မယ်။

#ဒေစီဂျိန်း
#နုနုရည်အင်းဝ
#ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ

#လွတ်မြောက်ခြင်းမှတ်စုများ

20/01/2026

ဖြစ်လာသမျှ အကောင်းပေါ့ ။

လောကကြီးမှာ
ငါတို့ မတတ်နိုင်တဲ့အရာတွေ အများကြီးရှိတယ် ။

နောက်ထပ်ပန်းတွေထပ်ပွင့်လာဦးမှာပါ
နွေဦးရဲ့နေရောင်ခြည်ခပ်နွေးနွေးလေးတွေလည်း
ငါတို့အပေါ် ရောက်ရှိလာအုံးမှာပါ ။

တစ်နှစ်ပတ်လုံးတော့ မိုးတွေမရွာနိုင်ပါဘူး ။

ကြိုးစားရင်း ၊ သည်းခံရင်း
အကောင်းဆုံးကို လက်ခံရရှိဖို့
ပြင်ဆင်ထားသင့်တာတွေ ဒီနေ့မှ စပြီး အချိန်မဆွဲဘဲ
ပြင်ဆင်ထားလိုက်ကြအောင် ။

#ဖားစည်ရည်ကျော်

#လွတ်မြောက်ခြင်းမှတ်စုများ

ပြန်မလာချင်လည်း နေ၊ နင့်ကို ငါမေတ္တာပို့ရုံပဲ။ ငါ မကျိန်ပါဘူး။ နတ်လည်း မမေးခိုင်းပါဘူး။ ကိုယ့်ကိုမှ မချစ်တော့တဲ့ တစ်နေ့သ...
20/01/2026

ပြန်မလာချင်လည်း နေ၊ နင့်ကို ငါမေတ္တာပို့ရုံပဲ။ ငါ မကျိန်ပါဘူး။ နတ်လည်း မမေးခိုင်းပါဘူး။ ကိုယ့်ကိုမှ မချစ်တော့တဲ့ တစ်နေ့သွားပေါ့ ငါဘာတတ်နိုင်မှာမှတ်လို့။

#ဒေစီဂျိန်း
#နုနုရည်အင်းဝ

#လွတ်မြောက်ခြင်းမှတ်စုများ

ပုံလေးတွေနဲ့ဆိုတော့ ကလေးရော လူကြီးရော မှတ်ရလွယ်တာပေါ့ မူရင်းပိုင်ရှင်အား လေးစားစွာဖြင့်
19/01/2026

ပုံလေးတွေနဲ့ဆိုတော့ ကလေးရော လူကြီးရော မှတ်ရလွယ်တာပေါ့
မူရင်းပိုင်ရှင်အား လေးစားစွာဖြင့်

ဘဝဟာနေတတ်ရင်ပျော်စရာကြီးပါဒီကမ္ဘာကြီးမှာပန်းကလေးတွေဖြစ်စေလူတစ်ဦးတစ်ယောက်ဖြစ်စေကျွန်မအတွက် အရာအားလုံး တန်ဖိုးရှိပါတယ်။ဒီ...
19/01/2026

ဘဝဟာနေတတ်ရင်ပျော်စရာကြီးပါ
ဒီကမ္ဘာကြီးမှာ
ပန်းကလေးတွေဖြစ်စေ
လူတစ်ဦးတစ်ယောက်ဖြစ်စေ
ကျွန်မအတွက် အရာအားလုံး
တန်ဖိုးရှိပါတယ်။

ဒီရပ်ဝန်းလေးမှာ
ကျွန်မဟာ
ပျော်ရွှင်မူနောက်ကို လိုက်ပါစီးမျောတဲ့
လူသားသေးသေးလေးတစ်ယောက်ပေါ့။

ဒီကမ္ဘာကြီးမှာ
ကျွန်မမရှိတော့ရင်တောင်မှ
အရာအားလုံးက အရင်အတိုင်းပါပဲ
ဒါကြောင့် ဘာကိုမှ ကျွန်မအစွဲအလမ်းမထားချင်တော့ဘူး။

ဘဝကို ကိုယ့်ကိုချစ်သောသူတွေနဲ့ပဲတည်တည်ငြိမ်ငြိမ်လေးဖြတ်သန်းချင်တော့တယ်။

#ဖားစည်ရည်ကျော်(၂၇.၁၂.၂၀၂၂)

#လွတ်မြောက်ခြင်းမှတ်စုများ

ကြွေသောရွက်ဝါ ပြန်မဆက်၊ လှသောအိပ်မက် ပြန်မမက်တဲ့။ ငါ နားလည်တယ်။ နင့်ကို ငါကြိုးစားဖြတ်ရမှာပေါ့။ သံမဏိဆိုတာ မီးနဲ့တိုက်မှ...
19/01/2026

ကြွေသောရွက်ဝါ ပြန်မဆက်၊ လှသောအိပ်မက် ပြန်မမက်တဲ့။ ငါ နားလည်တယ်။ နင့်ကို ငါကြိုးစားဖြတ်ရမှာပေါ့။ သံမဏိဆိုတာ မီးနဲ့တိုက်မှ အရည်ပျော်တာ။ စိန်ကို စိန်ချင်းဖြတ်မှ၊ သံကို သံချင်းဖြတ်မှ၊ နှလုံးသားကို နှလုံးသားချင်းဖြတ်မှ ပြတ်တာ။ ငါ ဖြတ်ပါ့မယ်။ ငါ့နှလုံးသား အကြေအမွခံပြီး ငါ ဖြတ်ပါ့မယ်။

ဒေစီဂျိမ်း

#နုနုရည်အင်းဝ
#စာအုပ်

#လွတ်မြောက်ခြင်းမှတ်စုများ

တစ်ချိန်ကတော့ လွတ်မြောက်ခြင်းဆိုတာ ဝေးလံတဲ့အရပ်ကို ထွက်ပြေးတာလို့ ထင်ခဲ့ဖူးတယ်။ အသက် ၃၃ နှစ်ထဲ ရောက်လာတဲ့အခါမှာတော့ လွတ်...
19/01/2026

တစ်ချိန်ကတော့ လွတ်မြောက်ခြင်းဆိုတာ ဝေးလံတဲ့အရပ်ကို ထွက်ပြေးတာလို့ ထင်ခဲ့ဖူးတယ်။ အသက် ၃၃ နှစ်ထဲ ရောက်လာတဲ့အခါမှာတော့ လွတ်မြောက်ခြင်းဆိုတာ တခြားအရပ်မှာ မဟုတ်ဘဲ ကိုယ့်ရဲ့ လက်ရှိအခိုက်အတန့်ကို လက်ခံနိုင်ခြင်းမှာပဲ ရှိတယ်ဆိုတာ နားလည်လာခဲ့တယ်။

အမှားတွေကို ခွင့်လွှတ်တယ်၊ အပူတွေကို လွှတ်ချတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်လာတယ်။ ဒါဟာ ကျွန်မရဲ့ ၃၃ နှစ်မြောက် လွတ်မြောက်ခြင်းမှတ်စုပဲ ...


#လွတ်မြောက်ခြင်းမှတ်စုများ

Address

YGN
Singapore

Website

Alerts

Be the first to know and let us send you an email when Liberation Notes 33 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share