Innwa365 Myanmar Innwa365 ဘောလုံးနှင့်ဂိမ်း 2D,3D,4D ဆော့ဝဲတစ်ခုတည်းမှာကစားနိုင်ပါပြီ

 #လီဗာပူးပရိသတ်တွေအတွက် ပိုပြီးစိုးရိမ်နေစရာ သတင်းတစ်ခု ထွက်ပေါ်လာနေပါတယ်။ လီဗာပူးရဲ့စွယ်စုံရဖိုးသိန်းကစားသမားလေး ဒိုမီး...
21/04/2026

#လီဗာပူးပရိသတ်တွေအတွက် ပိုပြီးစိုးရိမ်နေစရာ သတင်းတစ်ခု ထွက်ပေါ်လာနေပါတယ်။ လီဗာပူးရဲ့စွယ်စုံရဖိုးသိန်းကစားသမားလေး ဒိုမီးနစ်ဆိုဘိုဆလိုင်းက သူ့ရဲ့အနာဂတ်ဟာ လီဗာပူးမှာ ရေရှည်ရှိနေဖို့မသေချာကြောင်း ပြောလာခဲ့ပါတယ်။

ဆိုဘိုဆလိုင်းဟာ သူ့ရဲ့နာမည်ကျော်ဖရီးကစ်ကန်ချက်တွေနဲ့ အသင်းကို အမှတ်တွေရယူပေးနေပါတယ်။ ဆိုဘိုဆလိုင်းဟာ ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံးကစားသမားအဖြစ် အသုံးတော်ခံပေးနေသလို အန်ဖီးအချစ်တော်ကစားသမားတစ်ယောက်လည်း ဖြစ်လာနေပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမား ဆိုဘိုဆလိုင်းရဲ့စာချုပ်ဟာ ၂၀၂၈ မှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းက နောက်ထပ် ၂ နှစ်ကျန်နေပါသေးတယ်။ ဒါပေမဲ့ စာချုပ်သစ်ကိစ္စကတော့ တိုးတက်ခြင်းမရှိဘဲ ဘာမှမပြောနိုင်သေးကြောင်း ဆိုဘိုဆလိုင်းက ဒီတစ်ပတ်ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဆိုဘိုဆလိုင်းက “ကျွန်တော်ကတော့ အသင်းမှာ ကာလရှည်နေချင်တာပေါ့။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော့်လက်ထဲမှာ ရှိမနေပါဘူး” လို့လည်း ပြောသွားသေးတာကြောင့် ပရိသတ်တွေက FSG ရဲ့စီမံခန့်ခွဲမှုတွေကို အပြစ်တင်နေကြပါတယ်။
#ဆိုဘိုဆလိုင်း #လီဗာပူး #အာနေးဆလော့

21/04/2026

မန်ယူနိုက်တက်ကို
ပြောင်းချင်နေတာလား အန်းဒရစ်

ဝံပုလွေတို့ကတော့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးတန်းဆင်းရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။ ဝုဗ်ဟာ ပရီးမီးယားလိဂ်ပြီးဆုံးဖို့ ၅ ပွဲအလို ...
21/04/2026

ဝံပုလွေတို့ကတော့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးတန်းဆင်းရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။ ဝုဗ်ဟာ ပရီးမီးယားလိဂ်ပြီးဆုံးဖို့ ၅ ပွဲအလို ပွဲစဉ် ၃၃ မှာတင် တန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။

ရော့ဘ်အက်ဒ်ဝပ်ရဲ့အသင်းဟာ အဖွင့် ၇ ပွဲဆက်တိုက်ရှုံးနိမ့်ပြီးကတည်းက ချန်ပီယံရှစ်ကိုပြောင်းရဖို့ လက်မှတ်ဖြတ်ထားပြီးသားဖြစ်ခဲ့ပါတယ်။ ၂၀၂၆ ကို ကူးပြောင်းပြီးတဲ့နောက်မှာ ဝုဗ်က ရမှတ် ၁၄ မှတ် စုဆောင်းနိုင်ခဲ့ပေမဲ့ စုစုပေါင်းမှ ၁၇ မှတ်တည်းရရှိခဲ့တာကြောင့် ဘယ်သူမှမကယ်တင်နိုင်တော့ဘဲ တန်းဆင်းသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ဝေးကွာသွားပြီမို့ ဘရာဇီးကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ယာအိုဂိုးမက်စ်နဲ့ အန်ဒရေတို့ကတော့ အသင်းကနေ သေချာပေါက်ထွက်ခွါကြတော့မှာပါ။

မာသီးယက်စ်မာနေးလိုမျိုး ရုတ်တရက်ထွန်းပေါက်လာတဲ့ကစားသမားမျိုးရဲ့အနာဂတ်ကလည်း မရေမရာဖြစ်နေပြီး လစာပြန်လည်ညှိဖို့အတွက် ကစားသမားအမြောက်အမြားကို ထုတ်ရောင်းရဖို့ရှိနေပါတယ်။

ဝုဗ်ဟာ ၂၀၁၈ မှာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီးတဲ့နောက် ၈ နှစ်အကြာမှာ တန်းပြန်ဆင်းခဲ့ရတာဖြစ်ပါတယ်။
#ဝုဗ် #ပရီးမီးယားလိဂ် #ချန်ပီယံရှစ်

20/04/2026

#ကမ္ဘာ့အဆင့်ဘရူနိုဆိုတာအိုဒီဂတ်နဲ့နှိုင်းစရာမဟုတ်

 #မိုဟာမက်ဆာလာဟာ အန်ဖီးက နောက်ဆုံးရာသီမှာ စံချိန်ကောင်းတွေကို ထပ်ပြီးချန်ရစ်ထားခဲ့ရင်း လွမ်းစရာတွေ ပေးနေခဲ့ပါတယ်။ ဒီတစ်ပ...
20/04/2026

#မိုဟာမက်ဆာလာဟာ အန်ဖီးက နောက်ဆုံးရာသီမှာ စံချိန်ကောင်းတွေကို ထပ်ပြီးချန်ရစ်ထားခဲ့ရင်း လွမ်းစရာတွေ ပေးနေခဲ့ပါတယ်။

ဒီတစ်ပတ်မှာ လီဗာပူးဟာ အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီ ယှဉ်ပြိုင်ကစားခဲ့ပြီး 1-2 နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မိုဆာလာနဲ့ ဗာဂျယ်ဗန်ဒိုက်တို့လို ဝါရင့်ကစားသမားကြီးတွေက အသင်းအတွက် လိုအပ်နေတဲ့သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။

ဆာလာဟာ ပွဲချိန် ၂၉ မိနစ်မှာ လီဗာပူးအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး သမိုင်းစံချိန်တစ်ခုကို ရေးထိုးလိုက်ပါတယ်။ အခုဆိုရင် ဆာလာက မာဆေးဆိုက်သွင်းဂိုး ၉ ဂိုးအထိ ရှိသွားပြီမို့ စတီဗင်ဂျရတ်ရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။ ဒီဂိုးဟာ အီဂျစ်ဘုရင်ကြီးအတွက် မာဆေးဆိုက်ဒါဘီ နောက်ဆုံးသွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

လီဗာပူးတို့ ပြိုင်ဘက်ကို ချေပဂိုးတော့ ပြန်ပေးလိုက်ရပေမဲ့ ဗန်ဒိုက်က နောက်ဆုံးမိနစ်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် 1-2 နဲ့အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုခိုင်မာလာခဲ့ပါတယ်။
#လီဗာပူး #မိုဆာလာ #အဲဗာတန်

 #လီယွန်နယ်မက်ဆီကတော့ သူဟာ အကောင်းတကာ့အကောင်းဆုံးကစားသမားဆိုတာ နောက်တစ်ကြိမ်ထပ်ပြီး သက်သေပြလိုက်ပြန်ပါတယ်။ မက်ဆီတို့အသင်...
20/04/2026

#လီယွန်နယ်မက်ဆီကတော့ သူဟာ အကောင်းတကာ့အကောင်းဆုံးကစားသမားဆိုတာ နောက်တစ်ကြိမ်ထပ်ပြီး သက်သေပြလိုက်ပြန်ပါတယ်။

မက်ဆီတို့အသင်းဟာ နည်းပြကြီး ဂျာဗီယာမက်စ်ချီရာနိုနှုတ်ထွက်သွားပြီးနောက်ပိုင်း ယာယီနည်းပြ ဂွီမာရိုဟိုယော့စ်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ကိုလိုရာဒိုရက်ပစ်အသင်းကို အဝေးကွင်းသွားရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ဒီပွဲမှာ မက်ဆီက ထူးရှယ်ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၂ ဂိုးသွင်းယူခဲ့တဲ့အပြင် ဂျာမန်ဘာတီရာမီရဲ့သွင်းဂိုးအတွက်ပါ ဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။

မက်ဆီတို့ဟာ အစောပိုင်းရရှိတဲ့ပင်နယ်တီနဲ့ ဘာတီရာမီရဲ့သွင်းဂိုးတွေကြောင့် ပထမပိုင်း 2-0 နဲ့အနိုင်ရရှိနေပေမဲ့ ဒုတိယပိုင်းမှာ ကိုလိုရာဒိုကို ချေပဂိုးတွေပေးလိုက်ရပါသေးတယ်။

ဒါပေမဲ့ မက်ဆီက ကိုလိုရာဒိုအသင်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့်မှာ အနိုင်ဂိုးသွင်းယူအသည်းခွဲပေးလိုက်ရင်း သူဟာဘာကြောင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေရသလဲဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
#မက်ဆီ #အင်တာမိုင်ယာမီ #မေဂျာလိဂ်

ဒီယေဂိုဆီမြွန်နီတော့ လက်ထဲကဖလားကြီးလွတ်ကျပြီး ဆိုစီဒတ်ကို ပေးလိုက်ရရှာပါတယ်။ ဆီမြွန်နီရဲ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘာစီလိ...
19/04/2026

ဒီယေဂိုဆီမြွန်နီတော့ လက်ထဲကဖလားကြီးလွတ်ကျပြီး ဆိုစီဒတ်ကို ပေးလိုက်ရရှာပါတယ်။

ဆီမြွန်နီရဲ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို ခက်ခက်ခဲခဲအနိုင်ယူပြီး ဖိုင်နယ်ကို တက်လာခဲ့တာပါ။ ဒီတော့ ဒီတစ်ခါကိုပါးဒယ်ရေးက ဆီမြွန်နီ့ဖလားလို့ ထင်နေခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဆီမြွန်နီတို့အသင်းက ဖလားပွဲကန်တဲ့အရံစာရင်းနဲ့ပဲထွက်လာပြီး အားနည်းချက်တွေရှိနေခဲ့ပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ်လည်း ကန်ထားရသေးတာကြောင့် အက်သလက်တီကိုက ပွဲလည်းပန်းနေပါသေးတယ်။

ပွဲစစချင်း ၁၅ စက္ကန့်မှာတင် ရီးရဲဆိုစီဒတ်က အဖွင့်ဂိုးရသွားတာကို အဒီမိုလာလွတ်ခ်မန်းက ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးကာနီးမှာ ပြိုင်ဘက်ကို ပင်နယ်တီပေးလိုက်ရတာကြောင့် ဒုတိယပိုင်းမှာလည်း မက်ဒရစ်သားတွေ နောက်ကလိုက်ကစားပြီး ခက်ခက်ခဲခဲချေပခဲ့ရပါတယ်။

ပင်နယ်တီမှာ အလက်ဇန်ဒါဆောလော့နဲ့ ဂျူလီယန်အဲဗရက်စ်တို့ လွဲချော်ခဲ့တဲ့အခါ အက်သလက်တီကိုလည်း ပြုတ်ကြီးဖြစ်ပြီး ဆိုစီဒတ်ကို ဖလားပေးလိုက်ရပါတယ်။
#အက်သလက်တီကိုမက်ဒရစ် #ရီးရဲဆိုစီဒတ် #ကိုပါးဒယ်ရေး

 #ချဲလ်ဆီးကတော့ မဟာဒုက္ခတွင်းဆုံးကျတဲ့အဖြစ်တွေနဲ့ ကြုံတွေ့နေရပါတယ်။ လီယမ်ရိုစင်ညာရဲ့ အတွေ့အကြုံနည်းပါးမှုတွေကြောင့် အရှု...
19/04/2026

#ချဲလ်ဆီးကတော့ မဟာဒုက္ခတွင်းဆုံးကျတဲ့အဖြစ်တွေနဲ့ ကြုံတွေ့နေရပါတယ်။

လီယမ်ရိုစင်ညာရဲ့ အတွေ့အကြုံနည်းပါးမှုတွေကြောင့် အရှုံးပေါ်အရှုံးဆင့်နေတဲ့ချဲလ်ဆီးဟာ ဒီတစ်ပတ်မှာလည်း မန်ချက်စတာယူနိုက်တက်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ 1-0 နဲ့ထပ်မံရှုံးနိမ့်သွားပြန်ပြီး စံချိန်ဆိုးတွေ တင်သွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ နောက်ဆုံးကစားထားတဲ့ဆယ်ပွဲမှာ ၃ ပွဲတည်းအနိုင်ရထားပြီး ဒါတွေက ရက်ဇမ်းနဲ့ ပေါ့တ်ဗေးလ်လို အောက်တန်းလိဂ်က အသင်းငယ်လေးတွေ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ မတ်လ ၅ ရက်နေ့တုန်းကကစားခဲ့တဲ့ အက်စတန်ဗီလာနဲ့ပွဲနောက်ပိုင်း နိုင်ပွဲမရှိတော့တဲ့ချဲလ်ဆီးဟာ လေးပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့အပြင် သွင်းဂိုးမရတော့တာကလည်း ၂၉၆ မိနစ် တောင်ဖြစ်နေပါတယ်။

ချဲလ်ဆီးဟာ အဆင့် ၆ နေရာမှာရပ်တည်နေတယ်ဆိုပေမဲ့ ဘရန့်ဖို့ဒ် ဘုန်းမောက်တို့နဲ့ အမှတ်တူနေသလို ဘရိုက်တန် အဲဗာတန်တို့နဲ့လည်း တစ်မှတ်တည်းကွာတဲ့အတွက် ထပ်ပြီးအမှားလုပ်မိရင် ချန်ပီယံလိဂ်မပြောနဲ့ ဥရောပဝင်ခွင့်တောင် မသေမချာဖြစ်သွားနိုင်ပါတယ်။
#ရိုစင်ညာ #ချဲလ်ဆီး #ပရီးမီးယားလိဂ်

 #တော့တမ်ဟမ်ရဲ့တန်းဆင်းဇုန်ရုန်းတဲ့အိပ်မက်လေးကတော့ ဘရိုက်တန်ရဲ့နောက်ဆုံးမိနစ်အသည်းခွဲဂိုးတွေအောက်မှာ ပျောက်ဆုံးခဲ့ရပါတယ်...
19/04/2026

#တော့တမ်ဟမ်ရဲ့တန်းဆင်းဇုန်ရုန်းတဲ့အိပ်မက်လေးကတော့ ဘရိုက်တန်ရဲ့နောက်ဆုံးမိနစ်အသည်းခွဲဂိုးတွေအောက်မှာ ပျောက်ဆုံးခဲ့ရပါတယ်။

တော့တမ်ဟမ်ဟာ နည်းပြသစ်ရော်ဘတ်တိုဒီဇာဘီကို လေးယောက်မြောက်နည်းပြအဖြစ် ပြောင်းလဲခန့်အပ်လိုက်ပေမဲ့ တန်းဆင်းဇုန်ထဲရောက်သွားတာပဲအဖတ်တင်ပြီး ရလဒ်ပိုင်းကတော့ တိုးတက်လာခြင်းမရှိပါဘူး။

ဒီတစ်ပတ်မှာ စပါးစ်ဟာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ရင်ဆိုင်ခဲ့ရပြီး နှစ်ကြိမ်တိတိဦးဆောင်နိုင်ခဲ့ပေမဲ့ နှစ်ကြိမ်လုံး နောက်ကျချေပဂိုးတွေ ခွင့်ပြုနေရပါတယ်။

ပွဲချိန်အစောပိုင်းမိနစ်တွေမှာတုန်းက ပွဲအေးနေခဲ့ပေမဲ့ ၃၉ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ပထမပိုင်းအချိန်ပိုမှာ ချေပဂိုးပေးလိုက်ရပြီး 1-1 ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စပါးစ်တို့ ၇၇ မိနစ်မှာ ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးနဲ့ ထပ်ပြီး ဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်လည်း ၉၅ မိနစ်မှာ နောက်ကျချေပဂိုးပေးလိုက်ရပြန်ပြီး 2-2 နဲ့သရေကျသွားတာကြောင့် တန်းဆင်းဇုန်ထဲကထွက်ခွါနိုင်မဲ့အခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။
#တော့တမ်ဟမ် #ဇာဗီဆိုင်မွန် #ပရီးမီးယားလိဂ်

18/04/2026

#မက်ဆီကြောင့်များ အသင်းကထွက်တာလား မက်စ်ချီရာနီု

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် သတင်းဆိုးတစ်ခုရှိပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ လန်ဒန်ကိုထွက်ခွါလာတဲ့အသင်းလူစာရင်းမှာ...
18/04/2026

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် သတင်းဆိုးတစ်ခုရှိပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ လန်ဒန်ကိုထွက်ခွါလာတဲ့အသင်းလူစာရင်းမှာ လန်နီယိုရိုတစ်ယောက် ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။

အသက် ၂၀ အရွယ်ကစားသမားလေးဟာ ဒဏ်ရာပြဿနာကြောင့် ကျန်ရစ်ခဲ့တာလို့ ကနဦးသတင်းထွက်ပေါ်လာနေပြီး ပရိသတ်တွေကတော့ ရာသီကုန်ပိုင်းတစ်ခုလုံး လွဲချော်ရမှာကို စိတ်ပူနေကြပါတယ်။

ယူနိုက်တက်အတွက် ယိုရိုပါဝင်နိုင်ခြင်းမရှိတာက ထိုးနှက်ချက်တစ်ခု ဖြစ်လာနေပါတယ်။ မန်ယူနိုက်တက်ဟာ သူတို့ရဲ့ စီနီယာဗဟိုခံစစ်မှူးတွေဖြစ်ကြတဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့နှစ်ယောက်လုံး အနီကတ်ထိပြီး ပွဲပယ်ခံထားရပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ လာမဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်အတွက် ဗဟိုခံစစ်မှာကစားနိုင်တာ အိုင်ဒန်ဟီဗန်တစ်ယောက်ပဲ ကျန်နေပါတော့တယ်။ မိုက်ကယ်ကားရစ်က သူ့ရဲ့လူစာရင်းကို ဘယ်လိုထုတ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။
#မိုက်ကယ်ကားရစ် #လန်နီယိုရိုာ #မန်ယူ

 #ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်စ်ချမ့်ပ်ဟာ လီဗာပူးကစားသမား ဟူဂိုအီကီတီကေးတစ်ယောက် လက်ရွေးစင်အသင်းကနေ နှုတ်ထွက်လိုက်ပြီထြစ...
17/04/2026

#ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်စ်ချမ့်ပ်ဟာ လီဗာပူးကစားသမား ဟူဂိုအီကီတီကေးတစ်ယောက် လက်ရွေးစင်အသင်းကနေ နှုတ်ထွက်လိုက်ပြီထြစ်ကြောင်း တရားဝင်အတည်ပြုလာခဲ့ပါတယ်။

“ဟူဂိုဟာ အင်္ဂါနေ့ကကစားခဲ့တဲ့ PSG နဲ့ပွဲမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဟူဂိုက ဒီဒဏ်ရာကြောင့် ကံမကောင်းစွာနဲ့ လီဗာပူးနဲ့ ရာသီသိမ်းပွဲစဉ်တွေလွဲချော်မဲ့အပြင် ကမ္ဘာ့ဖလားမှာလည်း ပါဝင်နိုင်မှာမဟုတ်တော့ပါဘူး။

ဟူဂိုဟာ ပြီးခဲ့တဲ့လတွေအတွင်း လက်ရွေးစင်အသင်းနဲ့ ပွဒဦးထွက်ခွင့်ရခဲ့တဲ့ လူငယ်ကစားသမားတစ်ဒါဇင်လောက်ထဲက တစ်ယောက်ပါ။ သူက ကွင်းတွင်းကွင်းပြင် အသင်းနဲ့ လိုက်လျောညီထွေရှိပါတယ်။ ဒီဒဏ်ရာက သူ့အတွက်ရော ပြင်သစ်အသင်းအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။

သူ့စိတ်ပျက်နေမှုက အတိုင်းအဆမဲ့ပါပဲ။ ဒါပေမဲ့ ဟူဂိုက ထိပ်တန်းပုံစံကိုပြန်လည်ရရှိမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်သူ့ကို အားပေးနေမှာပါ။ သူ့နောက်မှာ ပြင်သစ်တစ်သင်းလုံးရှိနေပါတယ်” လို့ ဒက်စ်ချမ့်ပ်က ပြောခဲ့ပါတယ်။

အီကီတီကေးဟာ အာခီးလိစ်အရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အနည်းဆုံး ၉ လလောက်အထိ အနားယူရနိုင်ပါတယ်။
#အီကီတီကေး #လီဗာပူး #ဒီဒီယာဒက်စ်ချမ့်ပ် #ပြင်သစ်

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Innwa365 Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์