19/11/2025
“စော-က်သုံးမကျတဲ့ ပညာရေးစနစ်နဲ့ သုံးစားမရတဲ့ နိုင်ငံမှာ ကျင်လည်ရပြီး ဆင်းရဲခြင်းမှာ အသားကျသွားတော့ ငတ်တာကို ငတ်မှန်း မသိခဲ့ကြဘူး”
တိုင်းပြည်က အခြေခံလူတန်းစားတွေအတွက် မျိုးဆက် သုံးခုစာလောက် ငတ်နေခဲ့တာ ထမင်းစားရင် အသားဟင်းဆို တတုံးပဲ ပိုမရဘူး ထမင်းဝိုင်း လူမစုံရင်ရှေ့လူနောက်လူ ကြည့်စားရတယ်။
ထမင်းထပ်ယူရင် အနှစ်ပဲရမယ် ကြက်သားသီးသန့်က ဧည့်သည်လာမှ ၊ ပုံမှန်ဆို အာလူးနဲ့ရော မနက်စာ မုန့်ဟင်းခါးဆို ဟင်းရည်အပိုနဲ့ မုန့်ဖတ်ဝယ်ရင်ဝယ် မဝယ်ရင် ထမင်းနဲ့စားပဲ။
မိဘတွေက စားဝတ်နေရေးဆိုတာကို balance ညီအောင် လုပ် ရတော့ ပညာသင်မယ်ဆို အကြီးရဲ့ယူနီဖောင်းနဲ့အသုံးအဆောင်ပဲရမယ် ကံမကောင်းရင် ဖတ်စာအုပ်ပါအ ဟောင်းပဲ ကိုယ့်ရှေ့မှာစီနီယာရှိပြီဆို သူ့ကျောပိုးအိတ်ကို ကြည့်ထား အချိန်တန် ကိုယ်လွယ်ရမှာ အိမ်က ကျောင်းစထဲက မှာလိုက်ရတယ်။
“စာအုပ်ရိုရိုသေသေသုံးနော်” စည်းကမ်းရှိရတယ်ပေါ့။ အဲ့လိုဆင်းရဲတာကို စည်းကမ်းနဲ့ ထိန်းချုပ်ရတယ်။ အဲ့ဒါကလည်း မခက်ဘူး။
သူတို့ကိုယ်တိုင်တောင် ဒီ့ထက်ဆိုးတဲ့ ခေတ်မှာနေခဲ့ကြရတာ အိမ်ထောင်ဦးစီးက အဖေပဲ ဟင်းပိုရတယ်။ ပါဝါပိုကြီးတယ် အကြောက်တရားလေးပါရောပြီး အုပ်ချုပ်ရတယ်။
စော-က်သုံးမကျတဲ့ ပညာရေးစနစ်မှာသင် ၊ စောက်သုံးမကျတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းပြီး သုံးစားမရတဲ့ နိုင်ငံမှာ ထပ်ကျင် လည်ရတော့ ငတ်တာကို ငတ်နေခဲ့မှန်းမသိဘူး။
ကိုယ့်ကိုယ်ကိုယ် ဟင်းတဖက်နဲ့ထမင်းစားတတ်တာကို စည်းကမ်းရှိတယ် ထင်နေတာ ၊ တခါတလေကြားဖူးတယ် မနက်ဆို သရေစာ မစားတတ်တော့ဘူး။
အိမ်က ထမင်းကြော်နဲ့ငါးပိရည်ပဲ ကြိုက်တာတဲ့ ထမင်းကြော်ဆိုတဲ့အမျိုးက ညက ကျန်တဲ့ထမင်း မနက်ပြန် ကြော်စားရတာများတယ်။
အဆင်သင့်ဖောက်စားရုံ ငါးသေတ္တာကို ခရမ်းချဉ်သီးနဲ့အပူပေးလိုက်မှ ကျန်းမာရေးညီညွတ်တယ်လို့ အသက် ကြီးတဲ့အထိ အထင်မှားနေတုန်းပဲ။
ဆင်းရဲခြင်းမှာ အသားကျသွားတာ ငတ်တာကိုငတ်မှန်းမသိဘူး။ ချမ်းသာလာရင်တောင် ငမွဲအကျင့်တွေ အမြစ်တွယ် လှိုက်စားသွားတာ။
ဘယ်လောက်ရင်နာစရာကောင်းလဲ တခုထဲကို ရွေးပြောလို့တော့မရ circle လိုပဲ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးတွေက တခုနဲ့တခု ဆက်နေတော့ အရင်ဆုံး နင် တို့ စည်းကမ်းရှိတာ မဟုတ်ဘူး ငတ်နေခဲ့တာဆိုတဲ့ မက် ဆေ့လေးရရင် ရပါပြီ။
Credit