18/08/2026
illicit ရဲ့ 8th Anniversary အထိမ်းအမှတ်အနေနဲ့
အနုပညာ၊ ရသပိုင်းဆိုင်ရာတွေနဲ့ Exclusive Event အဖြစ် ပုံဖော်ခဲ့တဲ့ Chapter VIII ဟာ အခုဆို နောက်ဆုံးအပိုင်းနားကို
ရောက်ရှိလာပါပြီ ။
ဟိုးရှေးနှစ်တွေကတည်းက ပြောခဲ့ဖူးသလို
ကျနော်တို့ Brand ရဲ့ Marketing Budget ကို
Brand ရဲ့ identity ကို ကိုယ်စားမပြုနိုင်သော / တစ်နည်းအားဖြင့် Popularity တစ်ခုသာရှိသော Influencer တွေအတွက် အသုံးမပြုခဲ့ပါဘူး ။
အဲ့ဒီအစား
Quality Artwork တွေ ပိုမိုအားကောင်းလာဖို့၊
ခံစားသူတွေအတွက်လည်း တကယ်တန်ဖိုးရှိပြီး ထိုက်တန်တဲ့ Artwork တွေကို ဖန်တီးပေးနိုင်ဖို့
Art Creation တွေအတွက်ပဲ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
အဲ့ဒီအတွက် ရင်းရတာတွေရှိကောင်းရှိမယ် ပေါ့ဗျာ ။
ဒါပေမယ့် အခု 8th Anniversary မှာ ကျွန်တော်တို့အတွက် ပီတိဖြစ်ရတဲ့အရာက
ဒီ Event မှာ ပါဝင်ပေးခဲ့ကြတဲ့ ချစ်ရတဲ့ Artists တွေ အားလုံးဟာ အခကြေးငွေ တပြားတချပ်မှ မယူဘဲ
ကျေကျေနပ်နပ် ပါဝင်ပေးခဲ့ကြတာပါပဲ ။
illicit ရဲ့ ရပ်တည်ချက်ကို တန်ဖိုးထားလို့ ဝိုင်းဝန်းပေးကြတာ တကယ် အားရစရာပါပဲ ။ 🖤🍃
ကျေနပ်ပီတိဖြစ်ရသလို illicit လေးကို ဝန်းရံပေးကြတာ ကျေးဇူးလည်း တကယ်တင်ရပါတယ် ။ 🦋
ကျနော်တို့ကလည်း ဒီလူတွေအတွက်
တကယ် Compact ဖြစ်တဲ့ Society တစ်ခု ကို
တစိုက်မတ်မတ် တည်ဆောက်သွားမှာ ဖြစ်သလို
ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဒီ Quality Artists တွေကို ဝန်းရံပေးသွားမှာ ဖြစ်ပါတယ် ။
နောက်ထပ်လည်း အခြား Artists တွေနဲ့ပေါင်းပြီး Mental Healing နဲ့ပတ်သက်တာတွေ ၊ နောက် အခြား ဖန်တီးမှုနဲ့ဆိုင်တဲ့အတတ်ပညာတွေ
မျှဝေပေးမယ့် Workshop တွေ , Program တွေကို
Insiders တွေအတွက် ဆက်လက် စီစဉ်ပေးသွားပါဦးမယ် ။
ကြားထဲမှာ သဘာဝဘေး ဘာညာနဲ့က
မှိုင်းသွားပြန်သေးတယ် ။
ဒါပေမယ့်လည်း
လုပ်စရာရှိတာတွေ ဆက်လုပ်ရင်း၊
တတ်နိုင်တဲ့ဘက်က ဝန်းဝိုင်းရင်း၊
ကိုယ်ယုံကြည်တဲ့အရာတွေကို ဆက်ဖန်တီးရင်း
သွားတော့ သွားနေရမှာပဲ။
8 years down.
Still Naught But Authentic Self. 🦋🖤
🦋🖤