Supranational Yangon

Supranational Yangon ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Supranational Yangon, เครื่องประดับ, Mae Sot.

20/01/2026
ကျေးဇူးတင်လွှာ 🌞Supranational Yangon အတွက် အလှမယ် ၄ ယောက်၊ အလှမောင် ၄ ယောက် မွေးထုတ်ဖို့ City ပွဲကနေ National ပွဲထိ အနား...
22/12/2025

ကျေးဇူးတင်လွှာ 🌞

Supranational Yangon အတွက် အလှမယ် ၄ ယောက်၊ အလှမောင် ၄ ယောက် မွေးထုတ်ဖို့ City ပွဲကနေ National ပွဲထိ အနားမှာ ရှိပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင် ဦးထိပ်ထားလျက်ရှိပါတယ်။

ကျွန်တော်က ငယ်ရွယ်မှုကြောင့် မရင့်ကျက်တဲ့ အပြုအမူ အပြောအဆိုလေးတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာတွေရှိရင်လည်း တောင်းပန်ပါတယ် ပြောပါရစေ။

ယခုဆိုရင် Supranational Myanmar ပွဲကြီးက ပြီးဆုံးခဲ့ပြီဖြစ်ပြီး

December 17 Miss Supranational Grand Final မှာ ကျွန်တော့်ရဲ့သမီးတော်တွေဖြစ်တဲ့

💠 Miss Supranational Yangon West က Top 10 & Photogenic Title ကိုလည်းကောင်း
💠 Miss Supranational Yangon South က Top 10 & Miss New Face Supranational Title

ရရှိခဲ့တဲ့အတွက် များစွာ ဂုဏ်ယူပါတယ်။

ဒါ့အပြင် ဒုတိယနေ့ 18 ရက်နေ့ Mister Final ပွဲမှာတော့ ကျွန်တော်ကိုယ်တိုင်လည်း

🏆 Best City Director of The Year ဆုကို ရရှိခဲ့သလို ကျွန်တော့်ရဲ့သားတွေကလည်း

💠 Mister Supranational Yangon South - Mister Global Winner
💠 Mister Supranational Yangon West Mister Supranational 1st Runner Up အထိ အမြင့်ဆုံးဆုတွေ ယူပေးခဲ့လို့ တကယ့်ကို ပီတိဖြစ်လို့ မဆုံးပါဘူး။

ဒီခရီးစဉ်တစ်လျှောက်လုံးမှာ

- ကျွန်တော့်နားမှာ ငွေအားရော လူအားပါ အမြဲရှိပေးခဲ့တဲ့ ပါပါး

- Yangon City Director အဖြစ် ယုံယုံကြည်ကြည် ပေးအပ်ခဲ့တဲ့မိဘ National Director Kaung Myat Thu

- 1st Runner Up ဆုအတွက် ရအောင် လုံးပန်းသလို ညီ၊ ညီမတွေအတွက် လုံးဝ မလျော့နေစေဖို့ အထည်တွေ ဖန်တီးပေးတဲ့ Designer Hein Khant

- မောင်လေးပွဲဆို ဘာဖြစ်ဖြစ် မငြိုမငြင် အကုန်ပြင်ပေးတဲ့ အမ Thi Ri Mon - (Makeup by Thiri)

- City ပွဲတစ်လျှောက် ဆံပင်တွေ ကို ထိမိနေအောင် ပြင်ဆင်ပေးတဲ့ ဆရာ Ko Pan

- နောက်ကွယ်ကနေ အကိုလိုရော Hairstylist အနေနဲ့ ရော စိတ်ရော ကိုယ်ပါ ကူညီပေးခဲ့တဲ့ Hair Stylist Hairstylish Azyne

- အလှမောင် အလှမယ်တွေကို သွားအလှပြုပြင်ပေးခဲ့တဲ့ My Dentist မှ Dr Gone Shane

- City ပွဲကနေ ခုချိန်ထိ တောက်လျှောက်ပံ့ပိုးပေးလာတဲ့ Shwe Min Nyi Naung - Diamond & Gold Jewellery Family တို့အပြင်

- တစ်တပ်တစ်အားပါဝင်ပေးကြတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ မိတ်ဆွေညီအကိုမောင်နှမတွေ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်ဗျ။ 🖤

ရှေ့ဆက်လျှောက်မယ့်လမ်းမှာလည်း ကျွန်တော့်ကို ကောင်းမွန်သော အကြံဥာဏ်တွေနဲ့ လက်တွဲခေါ်ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်။

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Supranational Yangonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์