Shar Shar Fashion

Shar Shar Fashion Effort is the key to success.

အိမ်ထောင်တစ်ခုမှ ရှိရှိသမျှသော အိမ်အလုပ်အားလုံးဟာ အိမ်ကမိန်းမအလုပ် လို့ သက်မှတ်ထားတဲ့ ယောက်ျားများ ဖတ်ရန်။လူတွေက ဘယ်လိုသ...
15/03/2026

အိမ်ထောင်တစ်ခုမှ ရှိရှိသမျှသော
အိမ်အလုပ်အားလုံးဟာ အိမ်ကမိန်းမအလုပ် လို့
သက်မှတ်ထားတဲ့ ယောက်ျားများ ဖတ်ရန်။

လူတွေက ဘယ်လိုသတ်မှတ်ထားကြလဲ..... ?

ယောက်ျားတစ်ယောက် အိမ်အလုပ်လုပ်တယ် ဆိုတာနဲ့
မိန်းမကို ကူတယ်လို့ ယောက်ျားအတော်များများက
သတ်မှတ်ကြတာ.....။

ပြန်တွေးကြည့်.....
တစ်အိမ်လုံးအလုပ်တွေ သူတစ်ယောက်ထဲ
လုပ်ရမယ် ဆိုတာ မျှတပါ့မလာ..?

ကိုယ့်မိန်းမကို...
အိမ်အလုပ်ကူတာမဟုတ်ဘူး တကယ်တော့
ဒီအိမ်မှာကိုယ်လည်းနေလို့ ကိုယ်လည်း အိမ်ရှင်းဖြစ်သွားပြီး အိမ်ရှင်းသင့်လို့ရှင်းတာ

ကိုယ့်မိန်းမကို အိမ်အလုပ် လုပ်ကူတာမဟုတ်ပါဘူး
ကိုယ်ကလည်း အိမ်ရှင်းဖြစ်သလို့ ကိုယ့်မှာလဲ အိမ်အလုပ်တွေ လုပ်ရမယ့် တာဝန်းအပြည့်ရှိတယ်

ကိုယ့်မိန်းမ ကို ထမင်းဟင်း.... ချက်ကူတာမဟုတ်ဘူးကိုယ်လည်း စားချင်လို့ချက်တာ။

ကိုယ့်မိန်းမကို....
ပန်းကန်ဆေး ကူတာမဟုတ်ဘူး...
ကိုယ်လဲ ဒီပန်းကန်တွေ သုံးထားလို့ ဆေးတာ။

ကိုယ်မိန်းမကို.....
ကလေးထိန်း ကူတာမဟုတ်ဘူး...
ဒီကလေးတွေက ကိုယ့်ကလေးတွေမို့ ကိုယ်ထိန်းတာ
ကိုယ်က ကလေးတွေရဲ အဖေလေ။

ကိုယ့်မိန်းမကို.....
အဝက်လျှော်၊ မီးပူတိုက် ကူတာမဟုတ်ဘူး..
ဒီအဝက်တွေဟာ ကိုယ်နဲ့ ကိုယ့်ကလေးတွေရဲ့ အဝက်တွေ အများကြီးပါနေလို ကိုယ်လုပ်တာ။

ကိုယ့်မိန်းမကို အိမ်အလုပ်ကူနေတာမဟုတ်ဘူး။
ဒါက ကိုယ့်အိမ်၊ ကိုယ့်မိသားစုမို့ ကိုယ်လုပ်တာ ဆိုပြီး..

အဲလို တာဝန်ယူတဲ့ စိတ်ရှိတဲ့ ယောက်ျားနဲ့ ရထားတဲ့
မိန်းမမှန်သမျှ ဘယ်တော့မှ စိတ်မဆင်းရဲဘူး.....။

စာဖတ်သူအားလုံး လေးစားလျက် ပြန်လည်မျှဝေပါသည်....




လူတစ်ယောက်မှာ အမြဲဖြူ စင်တယ်ဆိုတာမရှိပါဘူး ဒါပေမယ့် ဖြူ စင်အောင်တော့အမြဲ ကြိုးစားပါ။လူတစ်ယောက်ဟာ ဘယ်လောက်တော်တော်အမြဲတန်...
13/03/2026

လူတစ်ယောက်မှာ အမြဲဖြူ စင်တယ်ဆိုတာ
မရှိပါဘူး ဒါပေမယ့် ဖြူ စင်အောင်တော့
အမြဲ ကြိုးစားပါ။

လူတစ်ယောက်ဟာ ဘယ်လောက်တော်တော်
အမြဲတန်းမှန်တယ် ဆိုတာ မရှိပါဘူး
ဒါပေမယ့် မှန်အောင်တော့ အမြဲကြိုးစားပါ။

လူတစ်ယောက်က အခြားသူအပေါ်
အမြဲ စိတ်ကောင်းထားနိူင်တယ် ဆိုတာမရှိပါဘူး
ဒါပေမယ့် ယုတ်မာတဲ့စိတ်မမွေးမိအောင် အမြဲ သတိထားပါ။

လူတစ်ယောက်က ကိုယ့်အပေါ်ကို
နိူင့်ထက်စီးနင်းဆက်ဆံသူကို အမြဲ သည်းခံဖို့ဆိုတာ မလွယ်ပါဘူး
ဒါပေမယ့် ကိုယ်ကစပြီး မတရားမလုပ်မိအောင်
အမြဲကြိုးစားပါ။

လူ့လောကမှာ မုသားကင်းတဲ့ လူဆိုတာ
မရှိသလောက် ရှားပါးတယ်
ဒါပေမယ့် အတတ်နိူင်ဆုံး အလိမ်အညာနည်းအောင်တော့
အမြဲ ကြိုးစားပါ။

လူ့လောကမှာ ဟန်မဆောင်တတ်သူဆိုတာ မရှိပါဘူး
ဒါပေမယ့် ကိုယ့်အတ္တကြောင့်မဟုတ်ဘဲ
အခြားသူ စိတ်ချမ်းသာအောင်တော့ အမြဲကြိုးစားပါ။




03/03/2026

အိမ်ထောင်ကျပြီးသား
အမျိုးသမီး နဲ့ အမျိုးသားက
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စောင့်ရှောက်ရင်း
တန်ဖိုးထားပြီး အချစ်ခံရဖို့ အကြင်နာခံရဖို့
ဖြစ်တယ်

ကိုယ်ကချစ်ပြီး အတူတူနေချင်လို့
အိမ်ထောင် ပြုကြတာဖြစ်လို့ အိမ်မူကိစ္စတွေ
နေ့စဉ်နဲ့အမျှ အမျိုးသမီးတစ်ဦးတည်းကိုသာ
လုပ်နေရမယ်ဆိုရင် အိမ်ဖော်လိုပုံစံ
ဖြစ်သွားမယ်

ယောင်္ကျားက ကိုယ့်ဇနီးကို ပန်းကန်ကူဆေး
ပေးတာ၊ အဝတ်လျှော်ပေးတာ၊ အိမ်သန့်ရှင်း
ရေးလုပ်ပေးတာ ကို ‌အမျိုးသား မလုပ်ရ
ဆိုတဲ့ စည်းကမ်းချက် သတ်မှတ်ထားသလား !
( ပြောကြည့်ပါ )

ဇနီးက ကိုယ့်ယောင်္ကျားအတွက်ဆိုရင်
နံနက်စောစောထပြီး လိုအပ်ချက်တွေ
အရာအားလုံး အဆင်သင့်ဖြစ်အောင် စီမံ
ပေးဖို့လိုတယ်

ပျင်းရိလွန်းတဲ့ ဇနီးကြောင့်
ကိုယ့်အမျိုးသားကို နေ့စဉ်နဲ့အမျှ ခိုင်းရင်
ယောင်္ကျားက နွားလို ပုံစံဖြစ်သွားမယ်

ချစ်သူရည်းစားဖြစ်နေတဲ့ အချိန်မှာ
အိမ်ထောင်ဖက် လိုချင်တာလား !
အိမ်ဖော်ပုံစံနဲ့ နွားလိုပုံစံ လိုချင်တာလား !
ဆိုတာ ကြိုတွေးထားပါ
( ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့လိုတယ် )

သူစိမ်းနှစ်ဦး အိမ်‌ထောင်ပြုတော့မယ် ဆိုရင်
ကိုယ့်ဘက်၊ သူ့ဘက် ဆိုတဲ့ လူ‌တွေ
တစ်တွဲကြီးလိုက် ပါလာတယ် ဆိုတာလည်း
သိထားဖို့လိုတယ်
လူသား နှစ်ယောက်တည်းနဲ့ လူ့လောကထဲ
ဖြတ်သန်းသွားမှာ မရနိူင်တဲ့အတွက်ကြောင့်
လေးလေးနက်နက် စဉ်းစာဖို့လိုတယ်

ဇနီးနဲ့ခင်ပွန်း ဆိုတဲ့ဂုဏ်ပုဒ် ဖြစ်လာပြီဆိုရင်
ကိုယ့်ဘက်၊ သူ့ဘက် ဆိုတဲ့ လူတွေ
စည်းဘောင် မကျော်ဖို့ နဲ့ ကြားမဝင်မိဖို့
နှစ်ဦးစလုံးက
ပညာသားပါပါနဲ့ တားဆီးတတ်ဖို့လိုတယ်

ဇနီးသည်က ကိုယ့်ကို ကူနေတဲ့ယောင်္ကျားကို
နှိမ့်ကျသွားစေတဲ့ အပြုအမူမျိုး၊ လုပ်ရပ်မျိုး၊
အပြောမျိုး၊ မလုပ်မိဖို့ မပြောမိဖို့
ဂရုစိုက်ဆင်ခြေရမယ်
တကယ်လို့ ဇနီးသည်က မဆင်ခြေပဲ
( နံမည်လိုချင်လို့
တွေ့လား ! ငါခိုင်းချင်သလို ခိုင်းလို့ရတယ်
နိူင်ချင်သလို နိူင်လို့ရတယ် ဆိုတဲ့ ပုံစံပြရင် )
ကိုယ့်ဘက်က လူအတွဲလိုက်ရဲ့ အထင်အမြင်
သေးတဲ့ ဒဏ်ကို ကိုယ့်ယောင်္ကျားက
ခံစားရမှာပဲ

ယောင်္ကျားကလည်း ဇနီးက ကိုယ့်အတွက်
နေ့စဉ်နဲ့အမျှ ဦးစားပေး လုပ်ပေးနေတဲ့အရာ အားလုံးကို အိမ်ဖော်လိုပုံစံ ခိုင်းသလိုမျိုး
မဆက်ဆံမိဖို့ အထူးဂရုစိုက်ရမယ်
( နံမည်လိုချင်လို့
တွေ့လား ! ငါ့မိန်းမကို ခိုင်းချင်တိုင်း
ခိုင်းလို့ရတယ် အဆင်သင့်ပဲ ဆိုတဲ ပုံစံပြရင် )
ကိုယ့်ဘက်က လူအတွဲလိုက်ရဲ့ ဖိနှိပ်မူဒဏ်ကို
ကိုယ့်မိန်းမက ခံစားရမှာပဲ

အိမ်ထောင်ပြုတယ်ဆိုတာ
တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က
ကူညီရင်း ဖြည့်ဆည်းပေးဖို့ပါ
နွေးထွေးယုယမူနဲ့ အချစ်ပါတဲ့ကြင်နာမူကို
လိုလားတပ်မက်လို့ပါ
အားနည်းချက်ကို ဖေးမပေးရင်း အားသာချက်
ကို အတူတူစံစားဖို့ပါ
မရှိအတူ၊ ရှိအတူ ဘဝမှာ ရင်ဆိုင်နိူင်ဖို့ပါ
ရန်ဖြစ်လိုက်၊ပြန်တည့်လိုက်၊ တစ်လှည့်စီ
အလျှော့ပေးရင်း သံယောဇဉ်ကြိုး ခိုင်မာဖို့ပါ

တန်ဖိုးရှိတဲ့ အပျို ၊ လူပျို ဘဝကို စွန့်လွတ်ပြီး
အိမ်ထောင်ပြုကြတာ ဖြစ်တဲ့အတွက်
တစ်‌ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားကြပါနော်





26/02/2026

#ကိုယ့်အတွက်ကိုယ်အချိန်ပေးပါ

အသံလေးတော့ သည်းခံပေးကြပါရှင့်....

25/02/2026

Reel တင်စရာ မရှိရင် ကိုယ်ရေးထားတာလေးကို
ဒီလိုလုပ်လိုက်တော့ အဆင်ပြေသွားတာပဲနော်




24/02/2026

#ကိုယ့်ကဗျာလေး

ကို သီချင်းလေး ပြောင်းပေးလိုက်တာ
အဆင်ပြေနေရောပဲ



ပြောင်းလဲပြီ ဆိုတာနဲ့ ပထမဆုံးစဥ်းစားထားရမှာက Loss ဆိုတဲ့ ဆုံးရှုံးမှုပါ။ပြောင်းလဲခြင်းအများစုဟာ အရှုံးနဲ့ ကြုံတတ်တယ်ဆိုတ...
23/02/2026

ပြောင်းလဲပြီ ဆိုတာနဲ့
ပထမဆုံးစဥ်းစားထားရမှာက
Loss ဆိုတဲ့ ဆုံးရှုံးမှုပါ။

ပြောင်းလဲခြင်းအများစုဟာ
အရှုံးနဲ့ ကြုံတတ်တယ်ဆိုတာ
သိထားဖို့လိုပါတယ်။

ဒါကြောင့် ပြောင်းလဲမှုကို
စီမံတော့မယ်ဆိုရင် အရှုံးကို
ဘယ်လိုစီမံမလဲဆိုတာစပြီး
စဥ်းစားထားဖို့လိုပါတယ်။

ဒုတိယ စဥ်းစားထားရမှာက
Resistance ဆိုတဲ့ ခုခံမှုပါ။



22/02/2026

ကျွန်မ ဘဝမှာ......
ဘယ်သူ့အပေါ်မှာမှ မယုတ်မာခဲ့တဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်...
ကျွန်မကို မပတ်သက်ချင်ဘူး ထင်ရင် ကျွန်မဘက်က မပတ်သက်မိအောင် ရှောင်တယ်။
ကျွန်မကိုပတ်သက်ချင်တဲ့သူတွေဆိုရင်လဲ သူတို့ကျွန်မအပေါ်ကောင်းတာထက် ဆယ်ဆမက ကျွန်မက ပြန်ကောင်းပေးတတ်တဲ့အကျင့်ရှိတယ်..

#ကျွန်မအတွက်



Facebook မှာ  1 year ago memories တွေ  တက်လာတာကို  ကြည့်ပြီးပြုံးမိတယ်။အရင်နှစ်က  ကိုယ့်ဘေးမှာရှိနေခဲ့တဲ့  ကိုယ့်ကိုချစ်...
21/02/2026

Facebook မှာ 1 year ago memories တွေ
တက်လာတာကို ကြည့်ပြီးပြုံးမိတယ်။

အရင်နှစ်က ကိုယ့်ဘေးမှာရှိနေခဲ့တဲ့
ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့
သူငယ်ချင်းတွေ အခုအနားမှာမရှိကြတော့ဘူး။
သူတို့လူနဲ့သူတို့ ဖြစ်သွားပြီ။

သိပ်ချစ်ရတဲ့ ချစ်သောသူဆိုတာလည်း
အရင်ကနဲ့မတူ ပုံစံတွေပြောင်းလာတယ်။

နှစ်တွေပြောင်းတာနဲ့အမျှ
အနားကလူတွေလည်း
ဖြေးဖြေးချင်းစီ ပြောင်းလဲသွားတယ်။
မထူးဆန်းပါဘူး ,
လူတွေဟာ သန္ဓေတည်လာကထဲကိုက
ပြောင်းလဲတတ်တဲ့ဗီဇ
ကြိုတင်ပါလာခဲ့ပီးသားပဲ‌လေ။

အခုချိန်အထိ
ကျွန်မကိုချစ်ပါသေးတယ်ဆိုတဲ့လူတွေလဲ
ကျွန်မစိတ်ရင်းအတိုင်းသာ
ခပ်ဆိုးဆိုးနေပြလိုက်ရင်
ထွက်ခွာသွားကြမဲ့လူတွေချည်း။

ဘယ်လောက်ထိလဲဆိုရင် ,
တခုခု ထစ်ကနဲဆိုတောင်
ဖြစ်လာတဲ့ဒေါသကို
စိတ်ရင်းအတိုင်းထွက်မပြရဲခဲ့တာ။

ကျွန်မ တချက်လေးဒေါသထွက်ပြလိုက်ရင်
ကျွန်မကို ဒီအတိုင်း ထားသွားလိုက်ကြမဲ့လူတွေချည်းလေ။

ပြန်တက်လာလို့

• လက်ခံနိုင်ဖို့ကလည်း အရေးကြီးတယ် •ဒီကမ္ဘာပေါ်မှာ အခက်ခဲဆုံးအရာတွေထဲကတစ်ခုက “လက်ခံခြင်း”ဆိုတာပါပဲ…။ ဆုံးရှုံးတာကို လက်ခံ...
17/02/2026

• လက်ခံနိုင်ဖို့ကလည်း အရေးကြီးတယ် •

ဒီကမ္ဘာပေါ်မှာ အခက်ခဲဆုံးအရာတွေထဲကတစ်ခုက “လက်ခံခြင်း”ဆိုတာပါပဲ…။

ဆုံးရှုံးတာကို လက်ခံနိုင်ဖို့၊
ငြင်းပယ်ခြင်းကို လက်ခံနိုင်ဖို့
သတ္တိ၊ အသိတရားနဲ့ လက်ခံနိုင်စွမ်းက တကယ်ကို အရေးကြီးတယ်…။

ကောင်းတာတွေကို လက်ခံနိုင်သလို၊ မကောင်းတဲ့အရာတွေကိုလည်း လက်ခံနိုင်ရမယ်။ ဖြစ်ပြီးတဲ့ကိစ္စက ဖြစ်ပြီးသွားပြီမလို့ နောက်ထပ်မမှားဖို့ သင်ခန်းစာယူတတ်ရမယ်…။

ဒီအချိန်မှာ လွှဲချော်သွားတာတွေ ရှိကောင်းရှိမယ်၊ အဆင်မပြေခဲ့တဲ့အရာတွေ ရှိကောင်းရှိမယ်…။ ဒါတွေကို ပြုပြင်ပြီး နောက်တခေါက် ထပ်ကြိုးစားကြည့်ကြည့်ပါနော်~

ကြိုးစားနိုင်ဖို့ကလည်း တကယ်ကိုလိုအပ်တဲ့အရာက လက်ခံနိုင်ဖို့ပဲ။ Move on နိုင်ဖို့လည်း အတူတူပါပဲ။ တကယ်ကို လက်ခံနိုင်ဖို့ လိုအပ်တယ်…။ လက်ခံနိုင်ပြီးသွားရင် life is getting better ပါ…။


#လက်ခံခြင်း


ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shar Shar Fashionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์