24/05/2026
ဒီနေ့ ဖူးခက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ခုနဲ့ ကြုံတွေ့ခဲ့ရလို့ မိတ်ဆွေတို့အတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
ဒါကတော့ 🇹🇭ထိုင်ထိုင်:နိုင်ငံတောင်ပိုင်းမှာ အလွန်ရေပန်စားနေတဲ့ ‘กกรงหัวจุก' (Red-whiskered Bulbul) ခေါ် ပန်းရောင်ပါးဖျား (သို့မဟုတ်) ထိပ်မောက်ငှက် အဆိုပြိုင်ပွဲပဲ ဖြစ်ပါတယ်။
ဒီငှက်မျိုးစိတ်ကို ထိုင်းနိုင်ငံမှာ အိမ်မွေးငှက်အဖြစ် အလွန်အမင်း တန်ဖိုးထားမွေးမြူကြပါတယ်။
သူတို့ရဲ့ 'အဆို' (သီချင်းသံ) ကို အခြေခံပြီး အမှတ်ပေးရတာဖြစ်လို့ ပွဲတော်ကာလအတွင်းမှာ ငှက်လှောင်အိမ်တွေကို အမြင့်မှာ စနစ်တကျချိတ်ဆွဲပြီး ပြိုင်ပွဲဝင်ကြပါတယ်။ အခုမြင်တွေ့ရတဲ့ပုံတွေကတော့
ပြိုင်ပွဲမြင်ကွင်းပဲ ဖြစ်ပါတယ်။ 🇹🇭🐦
Location: Thalang Lotus’s
#ဗဟုသုတ