09/02/2026
🌷 ကလေးတစ်ယောက်ကောင်းမွန်စွာ ကြီးပြင်းလာဖို့အတွက်ဘာတွေက အရေးကြီးဆုံးဖြစ်မလဲ? 🌷
မိမိကလေးကို လှပအောင် ဝတ်ဆင်ပေးတာ၊ အကောင်းစားအစားအစာတွေ ကျွေးပေးတာ၊ အရုပ်ကောင်းကောင်းတွေ ဝယ်ပေးတာတွေ၊ကျောင်းကောင်းကောင်းထားပေးတာတွေကအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့
အဲ့ဒီထက်ပိုအရေးကြီးတာတွေ ရှိပါသေးတယ်… 💗
🧠 “ကိုယ်တိုင်စဉ်းစားတတ်တဲ့ကလေး” ဖြစ်အောင် သင်ပေးပါ။
အရာရာကို မိဘက ဖြေရှင်းပေးတာထက် သူ့အသက်အရွယ်နဲ့ သင့်တော်သလောက် ကိုယ်တိုင်ရွေးချယ်ခွင့်ပေးပါ။
🗣️ “ကိုယ့်ခံစားချက်ကို ပြောပြတတ်တဲ့ကလေး” ဖြစ်အောင် သင်ပေးပါ။
ငိုရင် “မငိုနဲ့” လို့ပဲ တားမယ့်အစား
“ဘာဖြစ်လို့ဝမ်းနည်းတာလဲ” လို့ မေးပေးပါ။
ကလေးရဲ့ခံစားချက်ကို နားထောင်ပေးခြင်းက သူ့ကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ပေးပါတယ်။
💪🏻 “မအောင်မြင်ရင်လည်း ပြန်ကြိုးစားတတ်တဲ့ကလေး” ဖြစ်အောင် သင်ပေးပါ။
အမှားလုပ်မိတဲ့အခါ အပြစ်တင်တာထက်
“အဆင်ပြေတယ်… နောက်တစ်ခါ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ?” လို့ သင်ပေးပါ။
🤍 ကလေးကို ကိုယ့်တန်ဖိုးကို သိအောင် သင်ပေးပါ။
သူ့ရဲ့တန်ဖိုးဟာ ရုပ်ရည်လှတာ၊ လူတိုင်းသဘောကျတာနဲ့ မတိုင်းတာရဘူးဆိုတာ ငယ်ငယ်ကတည်းက သိထားစေပါ။
🌱 အရေးအကြီးဆုံးကတော့—
ကိုယ့်ကလေးကို အမြဲတမ်း ပြီးပြည့်စုံဖို့ မမျှော်လင့်ပါနဲ့။
လုံခြုံစွာ ကြီးပြင်းလာနိုင်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်တတ်ဖို့၊ သူတစ်ပါးကို စာနာတတ်ဖို့နဲ့ အခက်အခဲတွေကြားမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ သင်ပေးပါ။
တစ်နေ့မှာ ကလေးက အရွယ်ရောက်လာပြီး မိဘရဲ့လက်ကို မကိုင်တော့တဲ့အချိန် ရောက်လာပါလိမ့်မယ်…
အဲ့ဒီအချိန်မှာ
“ငါ့သားသမီးကို အားကိုးလို့ရတဲ့ လူတစ်
ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်”
လို့ မိဘတွေ ဂုဏ်ယူနိုင်ရင် အဲ့ဒါက အကောင်းဆုံးလက်ဆောင်ပါပဲ။ 🥹💕
#ကလေးပြုစုပျိုးထောင်ခြင်း #မိဘဗဟုသုတ
#