Certe God Bless You

05/13/2026

ဘုရား ဘုရား
အမေက ကိုယ့်ကလေး 2 ယောက်လုံး oven ထဲ ထည့်လိုက်တယ်

သူ့အဖေက အနံ့ထူးခြားလို့ သွားထုတ်လိုက်ပေမယ့် နောက်ကျသွားပြီး

ဘယ်လို လူတွေလဲ

တိတ်ဆိတ်ခြင်းကို ခြံစည်းရိုးခတ်နံရံအကပ်မှာ အပ်ကျသံမကြားစေနဲ့...။လေထဲလွင့်တဲ့ စကားတစ်ခွန်းဟာအုတ်တံတိုင်းမှာ နားရွက်ပေါက်လ...
05/06/2026

တိတ်ဆိတ်ခြင်းကို ခြံစည်းရိုးခတ်
နံရံအကပ်မှာ အပ်ကျသံမကြားစေနဲ့...။
လေထဲလွင့်တဲ့ စကားတစ်ခွန်းဟာ
အုတ်တံတိုင်းမှာ နားရွက်ပေါက်လို့
တစ်ဆင့်စကား၊ တစ်ခါနားနဲ့
မြို့အနှံ့ကို ခရီးနှင်တတ်တယ်...။
ဒါကြောင့်...
နှုတ်ခမ်းနှစ်လွှာကို လုံအောင်ပိတ်
အမှောင်ရိပ်မှာတောင် သတိထားလို့
စကားစစ်ကို ခိုင်ခိုင်စစ်ပါ။

👂ဘယ်လောက်ပဲ တိုးတိုးပြောပြော သတင်းဆိုတာ ပေါက်ကြားတတ်တဲ့ သဘောရှိတာကြောင့် စကားပြောတဲ့အခါ ပတ်ဝန်းကျင်ကို သတိထားဖို့နဲ့ လုံခြုံမှုဟာ ကိုယ့်ရဲ့ နှုတ်စောင့်စည်းမှုအပေါ်မှာပဲ မူတည်တယ်ဆိုတာကို သတိပေးထားတာ ဖြစ်ပါတယ်။

"ဘောင်ကျော်"ပြီး မသင်ပေးနဲ့အဓိက အော်တင်ဇင်ကလေးတွေ တစ်ခုခုသင်ပေးရာမှာ ဘောင်ကျော်ပြီး သင်ပေးလို့မရပါဘူး။ပုံမှန်ကလေးတွေနဲ့ ...
05/06/2026

"ဘောင်ကျော်"ပြီး မသင်ပေးနဲ့

အဓိက အော်တင်ဇင်ကလေးတွေ တစ်ခုခုသင်ပေးရာမှာ ဘောင်ကျော်ပြီး သင်ပေးလို့မရပါဘူး။

ပုံမှန်ကလေးတွေနဲ့ နှိုင်းယှဉ်ပြီး သင်ပေးလို့လည်း မရပါဘူး။

ပုံမှန်ကလေးတွေ လို သင်ပေးလို့လဲမရပါဘူး။

👼ဥပမာ။။။ နင် ဒီအသက်ရွယ်မှာ ဒါတတ်သင့်ပြီ
နင်အသက် ၈နှစ်ရှိပြီ မျက်နှာသစ်၊သွားတိုက် မိမိဘာသာ တတ်ကတတ်ရမယ် ဆိုပြီး ဖိအားပေးပြီး သင်ပေးလို့မရပါဘူး

🌈အော်တင်ဇင်ကလေးတွေဟာ သူတို့နာမည် ရေးဖို့တောင် အတော်လေး သင်ကြားပေးဖို့လိုတယ်

သူတို့နာမည် ခေါ်တာကို သူတို့ပြန်ထူးရမယ်ဆိုတာလည်း တော်တော် သင်ပေးရတယ်

အမှိုက်ပစ်တာ တတ်ဖို့တောင် သင်ပေးဖို့လိုတာ

သူတို့လိုချင်တာ ပြောပြဖို့တောင် ကျွန်မဆိုရင် ခုထိ နည်းလမ်းတွေရှာပြီး သင်ပေးနေတုန်း

🌈ဒါကြောင့် အော်တင်ဇင်ကလေးတွေ သင်ပေးတော့မယ်ဆိုရင် အရာတစ်ခုကို အချိန်ကြာကြီး ပေးပြီးသင်ပေးရပါမယ်

ဖိနပ်ဝတ်ဖို့ သင်ပေးရင် တခြားအရာနဲ့တွဲပြီးမသင်ပေးပါနဲ့

စိတ်ရှည်ရှည်ထားပေးပါ။

🧠 သိထားရမှာက သူတို့က သင်ပေးတာကို လိုက်မလုပ်ချင်တာမဟုတ်ဘူး
လိုက်မလုပ်တတ်တာ၊သင်ပေးတာကို မတာခံတာမဟုဘူး နာခံဖို့မတတ်တာပါ။

ဒါကြောင့် ဘောင်ကျော်ပြီး မသင်ပေးပါနဲ့

သူတို့ တတ်စေချင်တာကို သည်းခံပြီး သင်ပေးဖို့တော့ ဒို့တွေတာဝန်ပါ။

🌈အော်တင်ဇင် ရှိတဲ့ မေမေများဟာ သူတို့ကလေးလေး အသက်ဘယ်လောက်ဘဲကြီးပါစေ
ကလေး ၂နှစ်အောက်(under 2years) ကို ပြုစုနေတဲ့သူတွေလိုပါဘဲ

ဘာမှထွေထွေထူးထူး မလုပ်ရင်လည်း မောတယ်
အိပ်ရေးမဝတဲ့ချိန်များကြီး
သူတို့လေးတွေရှေ့ရေးတွက် စိတ်ပူတာတွေ
မသိစိတ်က မောတာတွေ များကြီးပါ


#အော်တင်ဇင်
#သားသမီးကိုစွန်သင်တတ်တဲ့မိဘဖြစ်ပါစေ

🐥🐥ငိုတိုင်းမချော့ပါနဲ့🐥🐥  🐥မေမေ အများစုက ကိုယ့်ကလေးငိုပြီဆိုရင် မနေတတ်ကြဘူး။ချော့ဖို့ဘဲ အရင်စဉ်းစားကြတယ်။🐥ကလေးတွေဟာ သူ့တ...
05/05/2026

🐥🐥ငိုတိုင်းမချော့ပါနဲ့🐥🐥

🐥မေမေ အများစုက ကိုယ့်ကလေးငိုပြီဆိုရင် မနေတတ်ကြဘူး။ချော့ဖို့ဘဲ အရင်စဉ်းစားကြတယ်။

🐥ကလေးတွေဟာ သူ့တို့ အသက်ရွယ်နဲ့အလျောက် စိတ်ဖိစီးမှုလေးတွေ၊အလိုမကျမှုလေးတွေရှိတယ်
သူတို့ ငိုလိုက်ရင် အဲဒီခံစားချက်လေးတွေ လျှော့ပေါ့သွားတယ်။

🐥အဲကြောင့် တခါတလေ အကြောင်းမဲ့စွာ ငိုလာရင် ဘေးနားလေးမှာ နားထောင်ပေးပါ
ပြီးမှ သူငိုတာရပ်ဖို့ ချော့မော့ပေးတာ၊စိတ်အပြောင်းလဲ လေးတွေလုပ်ပေးရင် သူတို့ နေထိုင်ရတာ ပိုပြီး ပေါ့ပါးလာပါတယ်။

🐥သူတို့ငိုတာနဲ့ မငိုဖို့ ဆူတာ၊အော်တာ၊ရိုက်တာတွေ မပြုလုပ်ဖို့ လိုပါတယ်။

#သားသမီးကိုစွန်သင်တတ်တဲ့မိဘဖြစ်ပါစေ
#သားသမီးကိုချစ်ပြီးသာယာသောမိသားစုဖြစကြပါစေ

ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူနိုင်တာကြောင့် ဒီကိန်းဂဏန်းတွေဟာ ပျမ်းမျှ (Average) သတ်မှတ်ချက်တွေသာ ဖြစ်...
05/03/2026

ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူနိုင်တာကြောင့် ဒီကိန်းဂဏန်းတွေဟာ ပျမ်းမျှ (Average) သတ်မှတ်ချက်တွေသာ ဖြစ်ပါတယ်။


🐣🐥ပုံသေမှတ်သားရန် မဟုတ်သော အချက်များ
• အပေါင်းအနှုတ် ရှိနိုင်ခြင်း: အပေါ်ကဇယားထက် ၂ ပေါင်ခန့် လျော့နေတာ ဒါမှမဟုတ် ပိုနေတာမျိုးဟာ ပုံမှန်လို့ သတ်မှတ်လို့ ရပါတယ်။ (ဥပမာ - မိန်းကလေး ၆ လ အရွယ်မှာ ၁၄ ပေါင် ကနေ ၁၈ ပေါင် အတွင်း ရှိနေရင် ပုံမှန်ပါပဲ)။
• 🐣🐥မွေးစ ကိုယ်အလေးချိန်: မွေးတုန်းက ပေါင်မပြည့်တဲ့ ကလေး ဒါမှမဟုတ် အရမ်းထွားတဲ့ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ကြီးထွားမှု မျဉ်းကွေး (Growth Curve) အတိုင်းပဲ တက်သွားတတ်ပါတယ်။
#ကလေး
#ဗဟုသုတ

04/29/2026

#အတော်လေးဒေါသထွက်မိတယ်
အဲဒါကြောင့် ကျောင်းဘဲဖြစ်ဖြစ်၊daycare ဘဲဖြစ်ဖြစ် ထားမယ်ဆိုရင် ကြိုတင်လေ့လာဖို့ လိုအပ်တာ

၃နှစ်ဘဲရှိသေးတဲ့ autism သားလေးကို အမေမအားတဲ့အချိန်မှာ daycare မှာ ထားတာ
သူ့အမေက သားလေးသွားကြိုတဲ့ချိန်မှာ

အဲမှာ အလြပ်လုပ်သူက သားလေးက နေ့လည်မှ ခုချိန်ထိ ဆောင်အောက်လေးမှာ အိပ်နေတာ
ဆိုပြီးပြောကြတာ

Emergency ရောက်ချိန်မှာ သားလေးက အေးခဲနေပါပြီ

တကယ် စိတ်ထိခိုက်ရပါတယ်

 # # **အဖေဖြစ်သူကို အလေးပြုချီးကျူးခဲ့သည့် သားငယ်အား ဖခင်ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်မှု**အသက် ၁၁ နှစ်အရွယ် သားဖြစ်သူနှင့် ...
04/27/2026

# # **အဖေဖြစ်သူကို အလေးပြုချီးကျူးခဲ့သည့် သားငယ်အား ဖခင်ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်မှု**
အသက် ၁၁ နှစ်အရွယ် သားဖြစ်သူနှင့် ဖခင်ဖြစ်သူတို့သည် ငှားရမ်းထားသော ကားပျက်သွားသည့်အတွက် အတူတကွ ခရီးဆက်နေခဲ့ကြသည်။
**၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်**နေ့တွင် ၎င်းတို့သည် နီဗားဒါးပြည်နယ်ရှိ **Elko Regional Airport** လေဆိပ်တွင် ခေတ္တရပ်နားခဲ့ကြသည်။ ထိုစဉ် အသက် ၃၇ နှစ်အရွယ်ရှိ **Giovanni Perez** သည် သားဖြစ်သူ **Callan** ကို လေဆိပ်အိမ်သာထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သူသည် သားဖြစ်သူကို သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်သတ်ခဲ့ပြီးနောက် လက်မှတ်အရောင်းကောင်တာအနီးတွင် မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့သည်။
ကွယ်လွန်သူ သားငယ် Callan West Perez သည် ပြီးခဲ့သည့် ဇွန်လက ကျောင်းတွင်ကျင်းပသော **"Father of the Year" (တစ်နှစ်တာအကောင်းဆုံးဖခင်)** စာစီစာကုံးပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သူဖြစ်သည်။ သူ၏စာစီစာကုံးထဲတွင် သူ၏ဖခင်က သူ့ဘဝကို မည်သို့ပုံဖော်ပေးခဲ့ကြောင်း ရေးသားခဲ့သည်။
Callan ၏ ဈာပနအတွက် GoFundMe မှတစ်ဆင့် ရန်ပုံငွေ ဒေါ်လာသောင်းချီ ရရှိထားပြီး ဖြစ်သည်။ မိသားစုဝင်များနှင့် သူငယ်ချင်းများက Callan ကို အသက်အရွယ်ထက် ပိုမိုရင့်ကျက် တည်ငြိမ်သူတစ်ဦးအဖြစ် ဖော်ပြခဲ့ကြသည်။
ဖခင်ဖြစ်သူ Perez သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး စိတ်ဒဏ်ရာရလွန်ဝေဒနာ (PTSD) ခံစားနေရကြောင်း ပြောဆိုလေ့ရှိကာ သားသမီးအုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်နေရသူလည်း ဖြစ်သည်။ ၎င်းတို့၏ကားထဲတွင် ဖောက်ခွဲရေးပစ္စည်းများ မတွေ့ရှိရသော်လည်း ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာစီစာကုံးထဲတွင် ဖခင်ကို ဂုဏ်ပြုခဲ့သည့် ကောင်လေးတစ်ယောက်၊ လအနည်းငယ်အကြာတွင်မူ ထိုဖခင်ကိုယ်တိုင်ကပင် လူစည်ကားရာ လေဆိပ်၌ သားဖြစ်သူ၏ အသက်ကို နုတ်ယူသွားခဲ့သည်။
** **

**လူမသိသူမသိ ပျောက်ကွယ်သွားရရှာသည့် ကောင်မလေး (သို့မဟုတ်) ဟာမိုနီ မောင်ဂိုမာရီ၏ ဝမ်းနည်းဖွယ်ဇာတ်လမ်း**ဘဝကို အစပြုကတည်းက ...
04/27/2026

**လူမသိသူမသိ ပျောက်ကွယ်သွားရရှာသည့် ကောင်မလေး (သို့မဟုတ်) ဟာမိုနီ မောင်ဂိုမာရီ၏ ဝမ်းနည်းဖွယ်ဇာတ်လမ်း**
ဘဝကို အစပြုကတည်းက အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည့် မိန်းကလေးငယ်တစ်ဦးရှိပါသည်။ "စနစ်" (System) က သူမအား ဖခင်ဖြစ်သူထံ ပြန်လည်အပ်နှံပေးခဲ့သော်လည်း ထိုအိမ်ထဲသို့ ရောက်သွားပြီးနောက်တွင် သူမကို မည်သူကမျှ အသက်ရှင်လျက် ထပ်မတွေ့ခဲ့ရတော့ပါ။
၂၀၁၉ ခုနှစ်တွင် အသက် ၅ နှစ်အရွယ် **ဟာမိုနီ မောင်ဂိုမာရီ**ကို မန်ချက်စတာမြို့ရှိ သူမ၏ဖခင် **အဒမ် မောင်ဂိုမာရီ (Adam Montgomery)** ထံ ပြန်လည်အပ်နှံခဲ့သည်။
တိုက်ခန်းအတွင်း၌ ဟာမိုနီသည် ဆိုးရွားလှသော နှိပ်စက်မှုများ၊ ရက်စက်သည့် ပြစ်ဒဏ်များနှင့် အော်ဟစ်သံများကို ကြုံတွေ့ခဲ့ရကြောင်း သက်သေများက နောက်ပိုင်းတွင် ထွက်ဆိုခဲ့ကြသည်။ သူမသည် နာရီပေါင်းများစွာ မတ်တပ်ရပ်နေရန် အမိန့်ပေးခံရခြင်း၊ အစာငတ်ခံထားရခြင်းနှင့် အသေးအမွှား ကိစ္စလေးများအတွက်ပင် ပြင်းထန်စွာ အရိုက်ခံခဲ့ရသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် အဒမ်သည် စိတ်မထိန်းနိုင်ဘဲ ထပ်မံရိုက်နှက်ခဲ့ရာမှ ဤအကြိမ်တွင်မူ ရိုက်နှက်မှုများ မရပ်တန့်တော့ဘဲ ဟာမိုနီ သေဆုံးသွားခဲ့ရသည်ဟု တရားလိုရှေ့နေများက ဆိုသည်။
သူမ သေဆုံးသွားချိန်တွင် လူနာတင်ကား ခေါ်ယူခြင်း မရှိခဲ့ဘဲ သူမ၏ ရုပ်အလောင်းကို အိမ်ထဲတွင်ပင် လပေါင်းများစွာ ဖုံးကွယ်ထားကာ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ တိုက်ခန်းအတွင်းရှိ နေထိုင်မှုများမှာလည်း ဘာမှမဖြစ်ခဲ့သလို ဆက်လက်ရှိနေခဲ့သည်။
ဟာမိုနီ ပျောက်ဆုံးနေကြောင်းကို ၂၀၂၁ ခုနှစ်နှောင်းပိုင်း (သေဆုံးပြီး ၂ နှစ်နီးပါးအကြာ) မှသာ သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရုပ်အလောင်းကို ယနေ့တိုင် ရှာမတွေ့သေးပေ။
၂၀၂၄ ခုနှစ်တွင် အဒမ် မောင်ဂိုမာရီကို **ဒုတိယအဆင့် လူသတ်မှု၊ အလောင်းအား ဖျက်ဆီးမှုနှင့် သက်သေများအား ခြိမ်းခြောက်မှု**တို့ဖြင့် ပြစ်ဒဏ်စီရင်ခဲ့ပြီး ထောင်ဒဏ် ၄၅ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခဲ့သည်။
သူ၏ဇနီးဖြစ်သူ **ကေလာ မောင်ဂိုမာရီ (Kayla Montgomery)** ကလည်း ဖြစ်ပျက်သမျှကို သိရှိထားပြီး ဖုံးကွယ်ရန် ကူညီခဲ့ကြောင်း ဝန်ခံခဲ့သည်။ သူမကို မမှန်သက်သေခံမှု၊ စုံစမ်းစစ်ဆေးရေးကို နှောင့်ယှက်မှုတို့ဖြင့် ပြစ်ဒဏ်အနည်းငယ်သာ ချမှတ်ခဲ့ပြီး လက်ရှိတွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
ကာကွယ်စောင့်ရှောက်ပေးလိမ့်မည်ဟု ယုံကြည်ရသော မိသားစုထံ ပြန်လည်အပ်နှံခံခဲ့ရသည့် ၅ နှစ်အရွယ် မိန်းကလေးငယ်လေးမှာ လူမသိသူမသိ ပျောက်ကွယ်သွားခဲ့ရပြီး သူမ၏ ရုပ်အလောင်းကိုပင် ပြန်လည်မတွေ့ရှိခဲ့ရတော့ပေ။
** #မှုခင်းဖြစ်ရပ်မှန် #တရားမျှတမှု #ကလေးသူငယ်နှိပ်စက်မှု**

"နားလည်ပေးသူ မေမေ့အတွက်"စကားလုံးတွေနဲ့ ... ဖွင့်မပြောတတ်ပေမဲ့မေမေ ဖတ်တတ်တဲ့ ... မျက်ဝန်းတွေ ရှိတယ်၊လောကကြီးက ... ထူးဆန်း...
04/25/2026

"နားလည်ပေးသူ မေမေ့အတွက်"
စကားလုံးတွေနဲ့ ... ဖွင့်မပြောတတ်ပေမဲ့
မေမေ ဖတ်တတ်တဲ့ ... မျက်ဝန်းတွေ ရှိတယ်၊
လောကကြီးက ... ထူးဆန်းတယ်လို့ မြင်ပေမဲ့
မေမေကတော့ ... သား/သမီးကို "ကမ္ဘာ" လို့ သိတယ်။
လူတကာနဲ့ ... မတူညီတဲ့ လမ်းလေးမို့
မေမေ လိုက်ပို့ရတာ ... ပင်ပန်းမှာ သိပါရဲ့၊
ဒါပေမဲ့ ...
မေမေ့လက်ကို ... မြဲမြဲဆုပ်ကိုင်ရင်း
သား/သမီးတို့ ... အတူတူ လျှောက်လှမ်းမယ်။
မေမေ့အပြုံးက ... သား/သမီးအတွက် ခွန်အား
မေမေ့ယုံကြည်မှုက ... သား/သမီးအတွက် အနာဂတ်၊
ဒီဘဝမှာ ... မေမေ့လိုလူမျိုးရှိနေတာ
သား/သမီးအတွက်တော့ ... အမြတ်ဆုံး လက်ဆောင်ပါပဲ။

𝓒𝓮𝓻 𝓽𝓮 ✨

"မေမေ နဲ့ သား/သမီး"စကားမပြောတတ်တဲ့ ... သား/သမီးရဲ့ကမ္ဘာမေမေတစ်ယောက်ပဲ ... အဖြေရှာနိုင်တယ်၊လူတွေက ... "ထူးခြားတယ်" လို့ ဆ...
04/25/2026

"မေမေ နဲ့ သား/သမီး"
စကားမပြောတတ်တဲ့ ... သား/သမီးရဲ့ကမ္ဘာ
မေမေတစ်ယောက်ပဲ ... အဖြေရှာနိုင်တယ်၊
လူတွေက ... "ထူးခြားတယ်" လို့ ဆိုကြပေမဲ့
မေမေကတော့ ... "တန်ဖိုးထား" လို့ ချစ်ပေးတယ်။
ပင်ပန်းရတဲ့ ... မေမေ့ရဲ့ နေ့ရက်တိုင်းအတွက်
သား/သမီးရဲ့ ... အပြုံးလေးနဲ့ ဆေးဖော်စပ်မယ်၊
တို့နှစ်ယောက်ရဲ့ ... ဒီခရီးလမ်းမှာ
မေမေသာ ... အဖော်မွန် အကောင်းဆုံးပါပဲ

𝓒𝓮𝓻 𝓽𝓮 ✨

Address

Fort Worth, TX

Website

Alerts

Be the first to know and let us send you an email when Certe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Certe:

Share