Libra Book Store Hmawbi

Libra Book Store Hmawbi လိုတဲ့စာအုပ်လေးတွေအချိန်မရွေးမေးလို့ရပါတယ်
မြန်မာတနိုင်ငံလုံးRoyal Expressရတဲ့မြို့တိုင်းCODရပါတယ်
November Book Storeလက်ခွဲPageပါ
viber - 09 980 861 086

ဆရာသိုးဆောင်ူရဲ့အသစ်ထွက်တဲ့"အလင်းမြို့"စာအုပ်လေးလာမှာလို့ရပါပြီရှင်။မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်...
16/05/2026

ဆရာသိုးဆောင်ူရဲ့အသစ်ထွက်တဲ့"အလင်းမြို့"စာအုပ်လေးလာမှာလို့ရပါပြီရှင်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#သိုးဆောင်း #အလင်းမြို့ #ဝတ္ထု

ဆရာနန္ဒရဲ့အကောင်းတကာ့အကောင်းဆုံးစာအုပ်တွေထဲကတစ်အုပ်ဖြစ်တဲ့"ငါ့ဓားငါ့သွေးငါ့ဧရာဝတီ"မှာယူလိုပါကPage cb (or) viber 09980861...
16/05/2026

ဆရာနန္ဒရဲ့အကောင်းတကာ့အကောင်းဆုံးစာအုပ်တွေထဲကတစ်အုပ်ဖြစ်တဲ့"ငါ့ဓားငါ့သွေးငါ့ဧရာဝတီ"

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#နန္ဒ #ငါ့ဓားငါ့သွေးငါ့ဧရာဝတီ

လယ်ယာမြေအမြောက်အများပိုင်ဆိုင်ပြီး လူပေါင်းစုံဖြင့် မူးယစ်သောက်စားကာ နေတတ်သူ မောင်တိုင်းကျော်၊ လူမှုရေးရာပေါင်းသင်းဆက်ဆံ...
15/05/2026

လယ်ယာမြေအမြောက်အများပိုင်ဆိုင်ပြီး လူပေါင်းစုံဖြင့် မူးယစ်သောက်စားကာ နေတတ်သူ မောင်တိုင်းကျော်၊ လူမှုရေးရာပေါင်းသင်းဆက်ဆံမှုတွင် ကျွမ်းကျင်ပြီး အတွင်းကျိတ် ကြံစည်တတ်သော စစ်ကဲကြီးသား မောင်တင်မောင်၊ လှပကောင်းမွန်သည့် အဝတ်အစားများဖြင့် ဝတ်ဆင်ကာ နောက်ပါတပည့်များနှင့် ခမ်းခမ်းနားနား နေတတ်သူ မြို့ဝန်၏သား အရင်း မောင် ခင်မောင်ကွန့်၊ စိတ်သဘောထားနူးညံ့သိမ်မွွေ့ကာ မြို့ဝန်၏ မွေးစားသား မောင်ခင်မောင်ညွန့်၊ ရွှေမြို့၏ ထိပ်တန်းလူငယ် ၄ ယောက်က တစ်ပြိုင်တည်း မေတ္တာသက်ဝင်ခြင်းခံရသူ ဝန်ထောက်ကြီး သမီးမနှင်းမြိုင် စသည့် ဇာတ်ကောင်များဖြင့် ဇာတ်အိမ် တည်ဆောက်ကာ ဘကြီးတော်ဘုရားလက်ထက်မှ သာယာဝတီမင်းလက်ထက်ထိ နောက်ခံ ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ ၂၀ ရာစု အစပိုင်း ထုတ်ဝေသည့် မြန်မာ့ပထမ ဝတ္ထုများစာရင်းတွင် ပါဝင်သည့် ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ၁၉၁၆ ခုနှစ် တွင် ဖြန့်ချိခဲ့သည့် စာအုပ်လည်းဖြစ်သည်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#ရန်ကြီးအောင် #ရွှေဥဒေါင်း

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စွန့်ခွာရသည့်နွေညများစာအုပ်ပြန်မှာလို့ရပါပြီရှင်။မှာယူလိုပါကPage cb (or) viber 09980861086သို့ဆ...
15/05/2026

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စွန့်ခွာရသည့်နွေညများစာအုပ်ပြန်မှာလို့ရပါပြီရှင်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#ဝတ္ထု #စွန့်ခွာရသည့်နွေညများ #တက္ကသိုလ်ဘုန်းနိုင်

"အဲ့ဒီအချစ်ကြောင့်ဒဿဂီရိဆိုတဲ့အမည်ဟာကမ္ဘာလောကရဲ့ရာဇဝင်တစ်လျှောက်မှာရက်စက်မုရဲ့ပြယုဂ်အဖြစ်တည်ချင်တည်စေတော့..."မှာယူလိုပါက...
15/05/2026

"အဲ့ဒီအချစ်ကြောင့်ဒဿဂီရိဆိုတဲ့အမည်ဟာကမ္ဘာလောကရဲ့ရာဇဝင်တစ်လျှောက်မှာရက်စက်မုရဲ့ပြယုဂ်အဖြစ်တည်ချင်တည်စေတော့..."

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#ချစ်ဦးညို #လင်္ကာဒီပချစ်သူ #ဝတ္ထု

၁၉၇၁ ခုနှစ် အမျိုးသားစာပေဆုရ မြန်မာဝတ္ထုစစ်စစ်ကြီး 📚 ဒီဝတ္ထုဟာ တစ်ခါရေး မဟုတ်ဘူး ခင်ဗျ။ တချို့ အခန်းများဟာ ဆိုရင် မကြိုက...
15/05/2026

၁၉၇၁ ခုနှစ် အမျိုးသားစာပေဆုရ မြန်မာဝတ္ထုစစ်စစ်ကြီး 📚

ဒီဝတ္ထုဟာ တစ်ခါရေး မဟုတ်ဘူး ခင်ဗျ။ တချို့ အခန်းများဟာ ဆိုရင် မကြိုက်ရင်း ပြင်ရင်း၊ သဘာမကျရင်း ဖျက်ရင်းနှင့် သုံးလေးကြိမ် ပြင်ရေးရတယ်။ “ဓမ္မဝိလာသ”ဟာ ကျွန်တော့် စာရေးသက်မှာ အပင်ပန်းဆုံး၊ အကြိုးပမ်းရဆုံးနှင့် အားအထုတ်ရဆုံး ဝတ္ထုဖြစ်ပါတယ်။

အောင်မြင်တယ် မအောင်မြင်ဘူး၊ ဝတ္ထုအရာ မြောက်တယ် မမြောက်ဘူး ဆိုတာကတော့ စာပေပညာရှင်ကြီးများနှင့် စာဖတ်သူများရဲ့ အဆုံး အဖြတ်သာ ဖြစ်ပါတယ်။ ချီးကျူးတာတို့၊ ကဲ့ရဲ့တာတို့ဟာ ဝတ္ထုရေး သမားတစ်ယောက်က တုန်လှုပ်ရမယ့်အကြောင်း မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။
ကျွန်တော့် စေတနာကတော့ “ကျွန်တော်တို့ မြန်မာဝတ္ထု တွေထဲမှာ “ဓမ္မဝိလာသ”လို ဝတ္ထုမျိုးဟာ ရှိသင့်တယ်၊ ရှိထိုက်တယ်”လို့ အခိုင်အမာဆုံးဖြတ်ပြီးမှ အားထုတ်ကြိုးပမ်းခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ဝတ္ထုတွေမှာ တွေးခေါ်မြော်မြင်ပိုင်း ဆိုင်ရာအတွက် အားဖြည့်ပေးထိုက်တယ်လို့ပါပဲ။

တစ်ခုတော့ ကြိုပြောထားရပါမယ်။ ဒီဝတ္ထုဟာ ယုတ္တိဗေဒ ခိုင်လုံမှု၊ ကျိုးကြောင်းဆက်စပ်မှု၊ တွေးခေါ်မြော်မြင်မှုပေါ်မှာ အများဆုံး အားပြု ထားလေတော့ ဖတ်တဲ့အခါမှာ ကျော်လွှားမသွားဖို့ အထူးလိုပါလိမ့်မယ်။ တကယ်လို့ ကျော်လွှားသွားရင်တော့ ဇာတ်လမ်းရဲ့ ဦးတည်ချက်အပေါ်မှာ ဇဝေဇဝါ ဖြစ်သွားနိုင်ပါတယ်။ မပြေမလည်နှင့် ယုတ္တိမဲ့သလို ဖြစ်သွားနိုင် ပါတယ်။

ကဲ...ဒါပါပဲလေ။ တော်လောက်ပါပြီ။ မြန်မာဝတ္ထုရေးသမား တစ်ယောက်ရဲ့ မြန်မာဝတ္ထုစစ်စစ် တစ်ပုဒ်ကို ဖတ်ကြည့်ပါဗျား။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#လင်းယုန်သစ်လွင် #ဓမ္မဝိလာသ

အညာရွာလေးတစ်ရွာမှာ တာဝန်ကျတဲ့ ကျောင်းဆရာမလေးတစ်ယောက်ရဲ့ ဘဝအကြောင်း နဲ့ တွေ့ ကြုံ ဆုံရတဲ့ အဖြစ်အပျက်တွေကို ဖတ်ရမှာပါ။ ဆရာ...
14/05/2026

အညာရွာလေးတစ်ရွာမှာ တာဝန်ကျတဲ့ ကျောင်းဆရာမလေးတစ်ယောက်ရဲ့ ဘဝအကြောင်း နဲ့ တွေ့ ကြုံ ဆုံရတဲ့ အဖြစ်အပျက်တွေကို ဖတ်ရမှာပါ။ ဆရာမ ခင်ခင်ထူးရဲ့ လက်ရာအတိုင်း အညာဓလေ့ အညာဟန်တွေနဲ့ ပြည့်နှက်နေပြီး အညာသူ အညာသားတို့ရဲ့ အကျင့်စရိုက်လေးတွေ ရိုးရာဓလေ့တွေ၊ ဆရာမလေး မပုန်းရည်ရဲ့ ရွာအပေါ်ထားတဲ့ စေတနာ၊ မေတ္တာ နဲ့ အနစ်နာတွေနဲ့ ရွာသားတွေ ကျောင်းသားတွေကြားက သံယောဇဉ် ဆက်နွယ်မှုတွေကို ရင်နှင့်အမျှ ထပ်တူခံစားရမယ့် ဝတ္ထုစာအုပ်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင် #ခင်ခင်ထူး #ဝတ္ထု

ဆရာမင်းလူရဲ့ဝတ္ထုတွေထဲမှာရှားရှားပါးပါးနဲ့ ထူးထူးဆန်းဆန်းစာအုပ်လို့ဆိုလိုက်ရင်ဂန္ထဝင်အိပ်မက်ကိုပဲ မြင်မိကြမှာပါ။သိတဲ့အတိ...
13/05/2026

ဆရာမင်းလူရဲ့ဝတ္ထုတွေထဲမှာရှားရှားပါးပါးနဲ့ ထူးထူးဆန်းဆန်းစာအုပ်လို့ဆိုလိုက်ရင်ဂန္ထဝင်အိပ်မက်ကိုပဲ မြင်မိကြမှာပါ။သိတဲ့အတိုင်းပဲဆရာမင်းလူဟာပြည်တွင်းက သူချစ်ခင်တဲ့ အနုပညာရှင်တွေ စာရေးဆရာတွေကို ဇာတ်ကောင်လုပ်ပြီး ဝတ္ထုတွေ ဖန်တီးခဲ့တယ် မဟုတ်လား။ဂန္ထဝင်အိပ်မက်ကတော့ ပိုထူးတယ်။ထူးတာလည်း မပြောနဲ့လေ….တော်စတွိုင်း၊ ချက်ကော့ ၊ အေဂျေ ခရိုနင်တို့လို ကမ္ဘာကျော်စာရေးဆရာတွေအိုလီဗာစတုန်း၊ ရှယ်ရွန်စတုန်း၊ ကိတ်ဝင်းစလတ်၊လီယိုနာဒိုတို့လို့ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသားတွေဗင်ဂိုး၊ ဂေါ်ဂင် တို့လို့ ဒိတ်ဒိတ်ကျဲ ပန်းချီဆရာကြီးတွေကို ဇာတ်ကောင်လုပ်ပြီးမြန်မာပြည်နောက်ခံ ရေးသားထားတာပါ။ဆရာ့ထုံးစံအတိုင်း ထေ့လုံးလှောင်လုံးလေးတွေလည်းပါတာပေါ့။စေ့စေ့တွေးပြီး တစိမ့်စိမ့်ရယ်ရတဲ့ ဟာသလေးတွေလည်းပါတာပေါ့။ပိုထူးတာက အခုလုံးချင်းဝတ္ထုကိုကဗျာရှည်ကြီးအဖြစ်နဲ့ အရင်ရေးသားခဲ့တာဖြစ်ပြီး ကဗျာကနေ ဝတ္ထုအဖြစ်ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#မင်းလူ #ဂန္တာဝင်အိမ်မက် #ဝတ္ထု

အောင်ဘာလေ စာအုပ်တွင် မိခင်ဝမ်းထဲမှာကတည်းက ဗီဇပြလာပြီး ငယ်ဘဝ တစ်လျှောက်လုံးလည်း သူတစ်ပါးကို မကူညီရရင် မနေနိုင် မထိုင်နိုင...
13/05/2026

အောင်ဘာလေ စာအုပ်တွင် မိခင်ဝမ်းထဲမှာကတည်းက ဗီဇပြလာပြီး ငယ်ဘဝ တစ်လျှောက်လုံးလည်း သူတစ်ပါးကို မကူညီရရင် မနေနိုင် မထိုင်နိုင်ဖြစ်လောက်အောင် ကူညီရတာကို ဝါသနာကြီးလွန်းသူ အောင်ဘာလေ ကို စာဖတ်သူတို့ တွေ့မြင်ရမည်ဖြစ်ပါသည်။ ကူညီလွန်းတာကြောင့် တစ်ဖက်သားအတွက် အကျိုးရှိသွားတက်သလို တစ်ဖက်သားအတွက် ချောက်ကျသွားသည်တွေကလည်း အများကြီးရှိပါသည်။ အောင်ဘာလေ စာအုပ်တွင် ဆရာမင်းလူ၏ ထေ့လုံး ငေါ့လုံးများ၊ ရယ်ရပြုံးရသည့် ရသမြောက်ဟာသများကို ဖတ်ရှုရမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#အောင်ဘာလေ #မင်းလူ #ဝတ္ထု

ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝကို ချစ်ပါ အခိုက်အတန့်တိုင်းကို အကောင်းဆုံးအသုံးချပြီး အကောင်းတွေကို အမြဲရှာဖွေပါ။ ဘယ်အခြေအနေပဲဖြစ်...
13/05/2026

ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝကို ချစ်ပါ အခိုက်အတန့်တိုင်းကို အကောင်းဆုံးအသုံးချပြီး အကောင်းတွေကို အမြဲရှာဖွေပါ။ ဘယ်အခြေအနေပဲဖြစ်ဖြစ် ပျော်အောင်နေပါ နာကျင်စရာတွေ ဝမ်းနည်းစရာတွေကို မေ့နိုင်အောင်ကြိုးစားပြီး ပျော်အောင်နေပါ။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#ရွှေဥဒေါင်း #စိတ်ထားဝတိံ #ဝတ္ထု

ဒီစာအုပ်က ဖြူစင်တဲ့ ငယ်သူငယ်ချင်း လေးဦးရဲ့ သံယောဇဉ်နဲ့ နူးညံ့သိမ်မွေ့တဲ့ မေတ္တာသဘောတွေကို ရေးဖွဲ့ထားတယ်။ သူငယ်ချင်းလေးယေ...
12/05/2026

ဒီစာအုပ်က ဖြူစင်တဲ့ ငယ်သူငယ်ချင်း လေးဦးရဲ့ သံယောဇဉ်နဲ့ နူးညံ့သိမ်မွေ့တဲ့ မေတ္တာသဘောတွေကို ရေးဖွဲ့ထားတယ်။ သူငယ်ချင်းလေးယောက် လွမ်းမောမိတဲ့ သူတို့ရဲ့ ငယ်ဘဝအကြောင်းတွေကို ပြန်ဖော်ပြထားတယ်။ ငယ်ဘဝက သစ်ပင်တက်၊ စစ်တိုက်တိုင်းကစား၊ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ကလေးဘဝပျော်ရွှင်ခြင်းတွေက စာဖတ်ပရိသတ်ရဲ့ ရင်ကိုလွမ်းမောစေမှာပါ။ ပူလောင်မှန်းသိပေမယ့် စွတ်တိုးချင်နေတဲ့ 'ကိုလတ်' ရဲ့ 'နွေ' အပေါ်အချစ်၊ အသက်ကြီးလာပေမယ့် ငယ်ကျွမ်းဆွေ 'နွေ' ကိုပဲ သတိရနေတဲ့ 'ညီထွေး'။ သူတို့သုံးယောက်ကြားက 'မိုး ' တို့ရဲ့အကြောင်းကို ရေးဖွဲ့ထားတာ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဆရာမကိုယ်တိုင်တောင် ကြိုက်နှစ်သက်ရတဲ့စာအုပ်ဆိုတော့ အထူးညွှန်းဆိုမနေတော့ပါဘူး။ ဖတ်ကြည့်ကြည့်နော်။

မှာယူလိုပါကPage cb (or) viber 09980861086သို့ဆက်သွယ်မှာယူနိုင်ပါသည်။

မြန်မာတစ်နိုင်ငံလုံးRoyal expressရှိတဲ့မြို့တိုင်းအိမ်ရောက်ငွေချေရပါသည်။

#စိမ်းရွက်သစ်တဝေဝေ #မစန္ဒာ #ဝတ္ထု

Address

Hmawbi

Website

Alerts

Be the first to know and let us send you an email when Libra Book Store Hmawbi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share