TDL - Thandar

TDL - Thandar သူများကို ​သောက​တွေ ဒုက္ခ​တွေ ​ပေး​သောသူ မဖြစ်ချင်ပါ - အားလုံး​အေးချမ်းကြပါ​စေ

ရန်ကုန်မိုးကလည်း အိမ်​ခေါင်မိုး​ပေါ် ​ရေ​တွေ သွန်ချ​နေသလားမှတ်ရ တအုန်းအုန်းပဲမိုး​တွေရွာလို့ ရာသီဥတု​လေး ​အေး​နေ​ပေမဲ့အာ...
09/02/2026

ရန်ကုန်မိုးကလည်း
အိမ်​ခေါင်မိုး​ပေါ် ​ရေ​တွေ သွန်ချ​နေသလားမှတ်ရ တအုန်းအုန်းပဲ

မိုး​တွေရွာလို့ ရာသီဥတု​လေး ​အေး​နေ​ပေမဲ့
အားလုံးရင်ထဲက အပူ​တွေက​တော့
​အေးမသွားဘူးကွယ် 😔

က​လေး​တွေအတွက် ပညာ​ရေးပူရ လုံခြုံမှုကိုပူရ
မိသားစုအတွက် စားဝတ်​နေ​ရေးပူကြရနဲ့ အပူ​တွေများ​နေကြတာ 😌

​နေစဥ်အပြင်ထွက်လို့ ​လျှောက်မိသမျှ လမ်းတိုင်းမှာ
ဆိုင်ပိတ် ပစ္စည်း​တွေအကုန်​​လျော့​စျေးရောင်းရတာနဲ့ ပိတ်သွားတဲ့ဆိုင်​တွေအများကြီးမြင်​နေရ
အ​တွေ့ရဆုံးက အလှပြင်ဆိုင် နဲ့ အထည်ဆိုင်​တွေ
လမ်းစရိတ်​တွေ အခွန်ခ​တွေက တက်​တော့
ပစ္စည်း​စျေး​တွေကလိုက်တက်ရတယ်

တ​ဖြေး​ဖြေးမြင့်လာတဲ့ ​စျေးနှုန်း​နောက်ကို
လူ​တွေကမလိုက်နိုင်​တော့ဘူး
လူ​တွေက ပြုတ်ကျန်ခဲ့တယ်
ပစ္စည်း​တွေ အစားအ​သောက်ကုန်​တွေလည်း
Date ​အောက်ပြီး အရင်းပြုတ်ကုန်တယ်
လိုတဲ့ပစ္စည်းမရဘူး
ရတဲ့ပစ္စည်း​တွေက အရည်အ​သွေးမ​ကောင်းဘူး
ဒါ​ပေမဲ့လည်း....... 🙄

စိတ်​တွေ ဘယ်​လောက်ပဲ ​ပျော်​အောင်​နေ​နေ
ဘယ်​လောက်ပဲ အားတင်းထားပါ​စေ
စိတ်ဓါတ်​တွေက ကျလာပြီ 😔😔

အင်း.........
သက်ပြင်းရှည်​တွေ ချရင်း
ည​ပေါင်းများစွာ
​နောက်မိုးလင်းလာရင်
ဖြတ်သန်းရအုံးမည့် တ​နေ့တာအတွက်
စဥ်းစားရင်း ရင်​မောရင်း ......

မိုးနှင့်အတူ
မျက်ရည်​ပေါင်းစွာ ကျ​နေကြတယ်မလား 😔😔

#ရင်တွင်းတချို့အသံလေးတွေ​
#ကုန်စျေးနှုန်းနှင်လူနေမှု့ဘဝ


#အိမ်ရှင်မတွေခံစားချက်တချို့

09/02/2026

ငယ်ငယ်က​တော့ အ​ကြွေ​စေ့​လေး​တွေ
​အရွယ်တခု​ရောက်လာ​တော့ ကျပ်တန်​လေး​တွေ
အခုကျ​တော့ ဘာ​လေး​တွေဖြစ်သွားပြီလဲ
ပစ်ဘူးသူ​တွေ သိမယ်လို့ထင်

#ကံစပ်ရာအလှူ
#ဆု​တောင်း
#ဗိုလ်တ​ထောင်ဘုရား

ဒီလို သူငယ်ချင်း​လေး တစ်​ယောက်​လောက်​တော့လိုချင်ပါတယ် 🙄You တို့မှာ​ရောရှိလား 😁အဲ့လိုသူငယ်ချင်း​မျိုးလေးရှိတဲ့​မွေး​နေ့ရှ...
09/02/2026

ဒီလို သူငယ်ချင်း​လေး
တစ်​ယောက်​လောက်​တော့
လိုချင်ပါတယ် 🙄

You တို့မှာ​ရောရှိလား 😁
အဲ့လိုသူငယ်ချင်း​မျိုးလေးရှိတဲ့​မွေး​နေ့ရှင်​တွေ
memtion ​ခေါ်ထားကြ​တော့​နော် 🤭

#စိုးမြတ်သူဇာbirthday
#ထက်ထက်မိုးဦး


ဒီရက် social media  မှာ အများဆုံး​တွေ့မိတာက ​ဖောက်ပြန်ခြင်းကိစ္စ​တွေသမီးရည်းစား​အတွဲ​တွေဖောက်ပြန်တယ် ​စော​စောသိ​တော့ ကံ​...
09/01/2026

ဒီရက် social media မှာ အများဆုံး​တွေ့မိတာက
​ဖောက်ပြန်ခြင်းကိစ္စ​တွေ

သမီးရည်းစား​အတွဲ​တွေဖောက်ပြန်တယ်
​စော​စောသိ​တော့ ကံ​ကောင်းတယ်မှတ်လို့
​ဖြေသိမ့်လို့ရတယ်

က​လေးမရှိတဲ့အိမ်​ထောင်သည်​တွေ ​ဖောက်ပြန်တယ်
ဒါလည်း ဘာဖြစ်လည်း နာတက်ပြီး ကိုယ့်ကိုယ်တန်ဖိုးထားပြီး ဘဝအသစ်ပြန်စလို့ရတယ်

အဲ့မှာ ဘယ်လိုမှ အ​လျော့​ပေး ခွင့်လွှတ်မ​ပေးသင့်တဲ့
​ဖောက်ပြန်ခြင်းက
က​လေးအ​ဖေ​တွေ ​ဖောက်ပြန်တာပဲ
မိန်းမအ​ပေါ်သစ္စာမရှိဘူးလား ရတယ်
( ကိုယ့်အ​တွေး​နော် )
နင်တို့​ကြောင့် လူ့လောက​ရောက်လာတဲ့ က​လေး​တွေအ​ပေါ်မှာ​တော့ သစ္စာရှိသင့်တယ်
ဒီက​လေး​တွေက​တော့ နင့်တို့​သွေးသား​တွေနဲ့တည်​ဆောက်ထားတဲ့ နင်တို့က​လေး​တွေ
စိတ်ဒဏ်ရာမရှိပဲ ​ပျော်ရွှင်စွာကြီးပြင်းဖို့ အရမ်းကို အ​ရေးကြီးတယ် တခြားခံစားချက်​တွေက သားသမီး​လောက်ဘာမှ အ​ရေးမကြီးဘူးလို့ထင်တယ်

တ​စ်ယောက်ထဲနဲ့ အားမရတဲ့ ​ယောက်ျား​တွေက​တော့
မိန်းမ မယူသင့်ဘူး 😏
အဲ့လို​ယောက်ျားမျိုးနဲ့ ရတဲ့မိန်းမ​တွေဘဝက
အလကား​နေရင်း တခုလပ်​တွေဖြစ် တခုလပ်ကလေး​အ​မေတွေဖြစ်နဲ့ ရုန်းကန်သွားရတာ ဘဝမှာ မတန်ဆုံးအရာပဲ
က​လေး​တွေမှာလည်း အ​ဖေမရှိတဲ့ဘဝ​ရောက်
သူများမိသားစု​တွေ ​ပျော်ရွှင်ချိန်မှာ သူတို့​လေး​တွေမှာ​တော့ အဖမရှိပဲ ​လျှောက်လှမ်းကြရတယ်
အရမ်းသနားဖို့​ကောင်း 😔

***အဲ့​ယောက်ျား​တွေကို ဘာနဲ့နှိုင်းရမလဲ ...

ဒီစာ​​လေး ရေးမိတာက​တော့
ဒီရက်​တွေ့လိုက်မှဖြင့်
က​လေးက ၁ နှစ်ဝန်ကျင်ပဲရှိ​သေးတယ်
အ​ဖေက ​နောက်မိန်းမယူသွား

က​လေးကဗိုက်ထဲကထွက် ​ဆေးရုံက​နေအိမ်ပြန်မ​ရောက်​သေးဘူး
အ​ဖေက ​နောက်မိန်းမအိမ်​ရောက်​နေတာ
မြင်ရ​တွေ့ရတာ​တွေ စိတ်မ​ကောင်းစရာ

မ​နေ့ကလည်း စိန်ဆိုင် မယက မယင ပွဲ
မယက ကို လူမြင်ကွင်း အရမ်း​တွေ ro ပြ
အဲ့​နောက်မှာ​တော့ သရမ်း​နေတာ
က​လေး​​တောင်ထွက်​နေပြီ 🙄
မယက နဲ့ က​လေးနှစ်​ယောက်က
ချက်ချင်း အိမ်ကလင် အိမ်ကအ​ဖေဖြစ်​နေရာက​နေ
ဟက်ချ​လောင်းဆိုပြီး
သူများလင် သူများအ​ဖေအဖြစ်​ပြောင်းသွားတာ
သားသမီး​တွေအတွက်​တော့ စိတ်မ​ကောင်းစရာပဲ

က​လေးအ​ဖေ​တွေ ​ဖောက်ပြန်ရင်​တော့
အရမ်းကိုရွံတာပဲ
အဲ့လို​ယောက်ျား​​တွေဆို ထခ ပြစ်မှ
တန်တာ

အခု​ခေတ်မိန်းမ​တွေကလည်း မယင ဖြစ်ရရင်
အရမ်းဂုဏ်ယူတာ​နော်
နင်တို့မှ နင်တို့​ယောက်ျားမထိန်းနိုင်တာဆိုတဲ့
စကားနဲ့ စကာနိုင်ထိုးတာ
ငါ့လာမ​ပြောနဲ့ ကိုယ့်ယောက်ျားကိုယ်​ပြောဆိုပြီး
​ခေါင်း​မော့ ရင်​ကော့ပဲ
အဲ့လို​တွေ

အဲ့မှာမှ ပိုလို့ရွံစရာ​ကောင်းတာက
မယင ​တွေ​အောက်မှာ
အရမ်းအားကျ​နေပြီလို့
အရမ်း​တော်တာပဲလို့
ကံ​ကောင်းလိုက်တာလို့
လိုက်အား​ပေးတဲ့သူ​တွေကို​တော့
ဩချပြီးကို လက်​ရော ​ခြေ​ရော ​မြှောက်ပါတယ်

အမျိုးသမီးတိုင်း လူက​မွေး လူပီသတဲ့
အမျိုး​ကောင်းသား အိမ်​ထောင်ဖက်​ကောင်းပဲ
ရကြပါ​စေလို့ ဆု​တောင်း​ပေးပါတယ်

က​လေး​တွေတိုင်းလည်း
သစ္စာ ​မေတ္တာပြည့်တဲ့
​ရှေ့က​နေ အမြဲ​နေပြီးကာကွယ်​ပေးမဲ့
ဖခင်​ကောင်း​တွေနဲ့ပဲ
​တွေ့ပါ​စေလို့ ဆု​တောင်း​ပေးပါတယ် ❤️‍🩹❤️‍🩹❤️‍🩹

​ဖောက်ပြန်တဲ့လူ​တွေကိုပဲ​ပြောတာပါ ✌️
အ​မေ​တွေထက်​တောင် အရမ်း​ကောင်တဲ့ အ​ဖေ​တွေလည်းအများကြီးပါပဲ အဲ့လိုအ​ဖေ​တွေကို​တော့ အရမ်း​လေးစားပါတယ်


#အိမ်ထောင်ရေးဖောက်ပြန်ခြင်း

ဒီ​နေ့က မင်းသမီးပန်းဖြူ​မွေး​နေ့လား ??Social မှာ ပုံ​လေး​တွေ တက်လာ​တော့ကြိုက်ခဲ့ရသူ​တွေအတွက် ယူလာ​ပေးပါတယ်အနုပညာအလုပ်​တွ...
08/31/2026

ဒီ​နေ့က မင်းသမီးပန်းဖြူ​မွေး​နေ့လား ??

Social မှာ ပုံ​လေး​တွေ တက်လာ​တော့
ကြိုက်ခဲ့ရသူ​တွေအတွက် ယူလာ​ပေးပါတယ်

အနုပညာအလုပ်​တွေက​နေ မလုပ်ပဲ နားထားတဲ့မင်းသမီးကြီး ပန်းဖြူ အပြုံး​တွေက မ​ပြောင်းလဲဘူး​နော်
ကြိုက်ခဲ့ရတဲ့ မင်းသမီး​​တွေထဲပါပါတယ် ❤️




#သရုပ်ဆောင်မင်းသမီးကြီးပန်းဖြူ 🩷

 #သုတစုံလင်ဗုဒ္ဓဝင်မှာဆုရတဲ့ အစ်မထက် ညီမလုပ်သူရဲ့အမူအရာ​ အ​ပြောအဆိုလေး​ကြောင့် အများပြည်သူ ရီခဲ့ရသလို ငိုလည်းငိုခဲ့ကြရတယ...
08/30/2026

#သုတစုံလင်ဗုဒ္ဓဝင်မှာ
ဆုရတဲ့ အစ်မထက် ညီမလုပ်သူရဲ့
အမူအရာ​ အ​ပြောအဆိုလေး​ကြောင့်
အများပြည်သူ ရီခဲ့ရသလို ငိုလည်းငိုခဲ့ကြရတယ်
သူ့အ​ပြော​ကြောင့် အကိုလုပ်သူရဲ့ မိသားစုအ​ပေါ်
သိတက်မှုကိုလည်း သိလိုက်ကြရသလို
စိတ်ဝင်စားမှုလည်း အရမ်းခံခဲ့ရတဲ့
အကိုအကြီးဆုံးက အခု​​တော့ ညီမ​လေးနှစ်​ယောက်နဲ့အတူ
ခရီး​တွေထွက်ရင် ပြန်လည်စုံစည်း​ပျော်​နေကြရပါပြီဆိုတာ​လေး တင်ထားတာ ​မောင်နှမသုံး​ယောက်ချစ်စရာ​လေးမို့ ပုံ​လေး​တွေယူလာ​ပေးပါသည် 🧡
​မောင်နှသုံး​ယောက်လုံး ​အောင်မြင်ပါ​စေ
အမြဲချစ်ခင်စွာ ​နေသွားနိုင်ပါ​စေလို့ ဆု​တောင်း​ပေးပါတယ်ရှင့်

#အိမ့်ချစ်သူ_မောင်နှမ၃ယောက်
#သုတစုံလင်ဗုဒ္ဓဝင်ပထမဆုရှင်၂၀၂၆

08/30/2026

သူတို့​တွေ မသိကျတာခက်တယ် 🤭😁


#ဖြိုးဖြိုး

ဒီ​နေ့​တော့ Social Media  က​နေ ကွာရှင်း​ပေးဖို့ ​တောင်းဆိုလာတာ​တွေ့လိုက်တယ်သူလည်းစိတ်ပင်ပန်း​နေ​လောက်ပြီမို့ အမြန်ဆုံးဖြ...
08/29/2026

ဒီ​နေ့​တော့ Social Media က​နေ ကွာရှင်း​ပေးဖို့ ​တောင်းဆိုလာတာ​တွေ့လိုက်တယ်
သူလည်းစိတ်ပင်ပန်း​နေ​လောက်ပြီမို့ အမြန်ဆုံးဖြစ်ချင်တဲ့အတိုင်း​ဖြစ်​မြောက်အောင်မြင်ပါ​စေ
( အားလုံးခင်မို့မို့ဖြစ်​အောင်​တော့မလုပ်ပါနှင့် 😁 )
သူ​ဖြေသွားတဲ့အထဲက ​ကောင်မ​လေးတချို့ မှတ်သားသင့်တာက #ချစ်သူဘဝနဲ့အိမ်ထောင်သည်ဘဝကွာတယ်ဆိုတာလေးဖြေထားတာတွေ့တယ် ချစ်သူဘဝမှာ အရမ်း Ro ပြ​နေတိုင်း 100 % သွားမယုံကြနဲ့​နော်
အတွင်းစိတ်ကိုလည်း မြင်​အောင်ကြည့်ပါ အ​ပေါ်ယံ​တွေမှာ အရမ်းသာယာမ​နေပါနဲ့လို့ ထပ်ဖြည့်​ပြောပါရ​စေ ❤️‍🩹
#အမျိုးသမီးတိုင်းလူပီသသောအိမ်ထောင်ဘက်ခင်ပွန်းကောင်းများနဲ့သာကြုံတွေ့ပါစေလို့ဆုတောင်းပေးပါတယ်


 #တွေ့မိတဲ့သတင်း"" ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဝမ်း​ရောဂါ​တွေ အဖြစ်များလာလို့ လမ်း​ဘေးဆိုင်​တွေ တလပိတ်ရမယ်လို့ "" ​က...
08/28/2026

#တွေ့မိတဲ့သတင်း

"" ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဝမ်း​ရောဂါ​တွေ အဖြစ်များလာလို့ လမ်း​ဘေးဆိုင်​တွေ တလပိတ်ရမယ်လို့ "" ​ကြေငြာထားတယ်လို့ တင်ထားတာ​တွေ့တယ်

အခုချိန်မှာ အပြင်စာ​တွေ မစားတာအ​ကောင်းဆုံးပါပဲ
အိမ်မှာချက်စားရင်လည်း မကျက်တကျက်​တွေမစားနဲ့ ​သေချာကျက်​အောင်ချက်စားကြပါ
အရွက်ဆို ဆားနဲ့ ​ရေ​သေချာ​ဆေး
အစိမ်းတို့တာ​တွေမလုပ်ပဲ ​ရေ​နွေး​ဖျေားပြီးတို့တာ
​သေချာ​ကြော်တာ ပြုတ်တာမျိုးပဲလုပ်စားပါ

ဖြစ်သွားမှ ကုသရတာထက်
မဖြစ်ခင် သတိထား​တော့
ကိုယ်တိုင်​ဝေဒနာ မခံစားရ​တော့ဘူး​

#အားလုံးကျန်းမာလို့ကပ်ကြီးသုံးပါးဘေးမှကင်းဝေးကြပါစေ
#ဝမ်းရောဂါ
#ရန်ကုန်တိုင်း_လှိုင်မြို့နယ်

08/28/2026

မနက်ဖြန် ​29-8-2026 ( စ​နေ​နေ့ )
ကျောင်းပိတ်လား
မပိတ်ဘူးလား ​
မေးတာ​တွေ ​တွေ့​နေရလို့
သိတဲ့သူ​တွေ မျှ​ဝေ​ပေးလိုက်ကြပါအုန်း​နော် 🤍💚

#ကျွန်မသမီးလေးတို့_PrivateSchool_ကတော့ပိတ်ပါတယ်ရှင့်

#ဝါတွင်းကျောင်းပိတ်ရက်

Address

Toronto, ON

Opening Hours

Monday 10am - 7pm
Tuesday 10am - 7pm
Wednesday 10am - 7pm
Thursday 10am - 7pm
Friday 10am - 7pm
Saturday 10am - 7pm
Sunday 10am - 7pm

Website

Alerts

Be the first to know and let us send you an email when TDL - Thandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share