NextX Myanmar

NextX Myanmar NextX is an AI and automation service. We help businesses save time and scale by building smart workflows and AI solutions.

Google က Gmail Address တွေ ချိန်းလို့ရအောင် လုပ်ပေးလိုက်တာ သိပြီးကြပြီလား?​ငယ်ငယ်ကဖွင့်ခဲ့တဲ့ ​gmail ​လေး​တွေနဲ့ cv form...
20/06/2026

Google က Gmail Address တွေ ချိန်းလို့ရအောင် လုပ်ပေးလိုက်တာ သိပြီးကြပြီလား?

​ငယ်ငယ်ကဖွင့်ခဲ့တဲ့ ​gmail ​လေး​တွေနဲ့ cv form ​တွေ အလုပ်ကိစ္စ​တွေမှာသုံးရလို့ ရှက်စရာမလို​တော့ပါဘူး 😂

​အရင်ကဆိုရင် Gmail နာမည် (Email Address) ကို လုံးဝ ပြောင်းလဲလို့ မရခဲ့ပါဘူး။ နာမည်အသစ် လိုချင်ရင် Account အသစ်ကြီးတစ်ခုလုံး ပြန်ဖွင့်၊ Data တွေ အကုန်လုံး ပြန်ပြောင်းနဲ့ တကယ်ကို ခေါင်းခဲစရာပါ။
​ဒါပေမဲ့ အခုတော့ Google က Gmail Address ကို (Account အသစ် ဖွင့်စရာမလိုဘဲ) တိုက်ရိုက် Change လို့ရမယ့် Feature အသစ် ကို ချပြပေးလိုက်ပါပြီ။ 🎉

​🔥 ဒီ Feature က ဘာတွေ အဆင်ပြေသွားမလဲ?
​Data တွေ မပျောက်တော့ဘူး: အီးမေးလ်လိပ်စာ ပြောင်းလိုက်ပေမယ့် သင့်ရဲ့ Google Drive ထဲက ဖိုင်တွေ၊ Photos တွေနဲ့ အရင်ဝင်ထားတဲ့ Chat History တွေ အကုန်လုံး မပျောက်ပျက်ဘဲ အကောင်းတိုင်း ကျန်နေမှာပါ။
​အလုပ်အကိုင်အတွက် ပို Professional ဆန်သွားမယ်: ငယ်ငယ်က ပေါက်ကရပေးခဲ့တဲ့ နာမည်ဆန်းဆန်း အီးမေးလ်တွေနေရာမှာ ကိုယ့်ရဲ့ နာမည်ရင်းနဲ့ သပ်သပ်ရပ်ရပ် ပြောင်းလဲအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
​Subscribers & Accounts တွေ မပျက်ဘူး: ဒီ Gmail နဲ့ ချိတ်ပြီး ဖွင့်ထားတဲ့ တခြား App accounts တွေ၊ Website subscriptions တွေအတွက်ပါ စိတ်ပူစရာ မလိုတော့ပါဘူး။

​💡 ဘယ်လိုပြောင်းရမလဲ? (Quick Guide)
​မိမိရဲ့ Google Account Settings ထဲကို သွားပါ။
​Personal Info (ကိုယ်ရေးအချက်အလက်) ကို နှိပ်ပါ။
​Contact Info က Email နေရာမှာ မိမိဖြစ်ချင်တဲ့ နာမည်အသစ်ကို ပြောင်းလဲ သတ်မှတ်နိုင်ပါပြီ။

​(မှတ်ချက် - Feature အသစ်ဖြစ်တဲ့အတွက် လူတိုင်းဆီ အလှည့်ကျ Rollout ဖြစ်နေတာမို့ လောလောဆယ် ကိုယ့်အကောင့်မှာ မတွေ့သေးရင်လည်း ခဏတော့ စောင့်ပေးရနိုင်ပါတယ်ခင်ဗျာ။)


17/06/2026
17/06/2026

🎨 AI နဲ့ အမိုက်စားပုံတွေ Free ထုတ်ကြည့်ကြမယ် 🚀

​အင်တာနက်ပေါ်မှာ Trend ဖြစ်နေတဲ့ ပုံလှလှလေးတွေ မြင်တိုင်း သူများဆီမှာ "Prompt လေး ပေးပါဦး" လို့ လိုက်တောင်းနေရတုန်းပဲလား?

​အခုပြောပြမယ့် Website လေးတွေမှာ ကိုယ်ကြိုက်တဲ့ပုံကို ရွေး၊ အောက်က Prompt ကို Copy ယူပြီး Gemini မှာ သွားထည့်လိုက်ရုံနဲ့ အမိုက်စားပုံတွေကို ကိုယ်တိုင် Free ထုတ်လို့ရပါပြီ။

​📺 ဗီဒီယိုထဲက Search Bar မှာ Website နာမည်လေးတွေ ရှိတာမလို့တစ်ခါလောက်တော့ ဝင်စမ်းကြည့်သင့်ပါတယ်

​ပုံလေးတွေ ထုတ်ကြည့်ပြီး အဆင်ပြေရဲ့လားဆိုတာ Comment မှာ ပြန်ပြောခဲ့ကြဦး။


🤖 AI Agent တွေက သင့်လုပ်ငန်းကို ဘယ်လိုပြောင်းလဲပေးမလဲ? 🚀​နည်းပညာလောကရဲ့ နောက်ထပ် Next Big Thing က ဘာဖြစ်မလဲ? ChatGPT လို...
15/06/2026

🤖 AI Agent တွေက သင့်လုပ်ငန်းကို ဘယ်လိုပြောင်းလဲပေးမလဲ? 🚀

​နည်းပညာလောကရဲ့ နောက်ထပ် Next Big Thing က ဘာဖြစ်မလဲ? ChatGPT လိုမျိုး မေးတာဖြေတာတင် မဟုတ်တော့ဘဲ၊ ကိုယ့်ကိုယ်တိုင် တွေးခေါ်ပြီး အလုပ်တွေကို အဆုံးအထိ ပြီးမြောက်အောင် လုပ်ပေးနိုင်မယ့် AI Agents တွေ ဖြစ်လာပါပြီ။

AI Agent ဆိုတာ လူလိုပဲ စဉ်းစားတွေးခေါ်ပြီး ကိုယ့်အတွက် အလုပ်တွေကို auto လုပ်ပေးအရာပါ

​ဥပမာ - customer တွေရဲ့ email တွေကို ဖတ်ပြီး reply ပြန်တာ၊ invoice တွေ ထုတ်တာ၊ data တွေကို စုစည်းတာ စသဖြင့်ပေါ့။ တစ်နေ့ကို ၈ နာရီ အလုပ်လုပ်ရမယ့်အစား Agent က ၁၀ မိနစ်အတွင်း လုပ်နိုင်ပါတယ်

​ဒါကြောင့် ဘာလို့ အရေးကြီးတာလဲ?
​⏳ အချိန်ကုန်သက်သာ - ပြန်လုပ်နေရတဲ့အလုပ်တွေကို Agent ကို လွှဲပြီး အချိန်ပိုရလာပါတယ်
​💰 ကုန်ကျစရိတ်လျှော့ - ဝန်ထမ်းအင်အား နည်းနည်းနဲ့ အလုပ်များများလုပ်လုပ်နိုင်သွားပါတယ်
​🎯 တိကျမှန်ကန် - လူလုပ်ရင် အမှားပါနိုင်တဲ့အလုပ်တွေကို AI က 99% မှန်အောင်လုပ်​ပေးနိုင်ပါတယ်

​💡 မြင်သာအောင် ဥပမာပြရရင် -
မြန်မာနိုင်ငံက online shop ဆိုင်တစ်ဆိုင်က Agent ကို သုံးပြီး အော်ဒါတွေကို auto confirm လုပ်၊ ကုန်ပစ္စည်းစာရင်းကို update လုပ်၊ ဖောက်သည်တွေကို tracking info ပို့ပေးတယ်ဆိုပါစို့။ တစ်လကို အလုပ်ချိန် ၁၀၀ နာရီလောက် သက်သာသွားနိုင်တယ်။

​AI Agent ​ခေတ်ကို​ရောက်လာပြီဆို​တော့ ကိုယ့် Business ကိုသူများထက်​နောက်မကျ​အောင် AI Agent ​တွေအ​ကြောင်းကို​လေ့လာထားသင့်ပါတယ်

Trillionaire ဖြစ်သွားတဲ့ ကိုကြီး Elon 🤑🚀ကိုကြီး Elon တစ်ယောက် တကယ်ကို ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၁ ထရီလီယံ ($1 Trillion) ကျော်...
14/06/2026

Trillionaire ဖြစ်သွားတဲ့ ကိုကြီး Elon 🤑🚀

ကိုကြီး Elon တစ်ယောက် တကယ်ကို ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၁ ထရီလီယံ ($1 Trillion) ကျော် ပိုင်ဆိုင်တဲ့ “ထရီလီယံနာ” ကြီး ဖြစ်သွားပါပြီ! 🥳🎉

အခုဆို ကိုကြီး Elon ရဲ့ ပိုင်ဆိုင်မှုက ဒုတိယအချမ်းသာဆုံးလူထက် ၄ ဆလောက်တောင် ပိုများပြီး ပြိုင်ဘက်မရှိ အပြတ်အသတ်ကို သာသွားတာပါ။

၁ ထရီလီယံ ဆိုတာ ဘယ်လောက်တောင် များလဲ ဆိုရင်
တစ်ရက်ကို ဒေါ်လာ ၁ သန်း (သိန်း ၄ သောင်းခွဲ) စီ နေ့တိုင်းထိုင်သုံးရင်တောင် နှစ်ပေါင်း ၃,၀၀၀ နီးပါး သုံးမှ ကုန်မှာပါ။

Elon Musk ရဲ့ SpaceX ကို စတော့ဈေးကွက်မှာ အောင်အောင်မြင်မြင် စာရင်းသွင်း (IPO) နိုင်ခဲ့ပြီး SpaceX ရဲ့ တန်ဖိုး တက်သွားတာနဲ့အမျှ သူပိုင်တဲ့ ရှယ်ယာတန်ဖိုးတွေကလည်း လကမ္ဘာအထိ ထိုးတက်သွားတာပါ ဒါတင်မကသေးဘူး Tesla တို့၊ xAI တို့ကလည်းရှိ​ပါ​သေးတယ်

​လူတွေကတော့ ပိုက်ဆံတွေ အများကြီးနဲ့ ဘာလုပ်မလဲ မေးကြပေမဲ့ ကိုကြီး Elon ကတော့ ဒီပိုက်ဆံတွေနဲ့ လူသားတွေကို မာစ်ဂြိုဟ် (Mars) ပေါ် ခေါ်သွားဖို့ ပြင်နေတုန်းပါပဲ။

Address

Yangon
Ranchi

Telephone

+959756201840

Website

Alerts

Be the first to know and let us send you an email when NextX Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NextX Myanmar:

Shortcuts

Share