S2N Fashion House

S2N Fashion House Fashion designer https://t.me/soesoenyan

05/08/2026

စိတ်ထဲပေါ်လာတာလေး
အမျိုးသမီးတွေ အားလုံးက လှချင်ကြတာအရမ်းပါ။ ငါမပါဘူးပြောရင် လိမ်တာပဲ အဲ့လိုငါမပါဘူးပြောတဲ့သူကို အမမျက်နှာလေး ဝင်းကြည်တင်းပြီးလှနေတာပဲပြောကြည့် သူကြိုက်တယ် ဟုတ်လားဆိုပြီးအနဲဆုံးတော့ ပြုံးတာပဲ။ အလှအပ ဟာ ငါတို့မိန်းမတွေအတွက် အရေးအကြီးဆုံးပဲ။ ရှင်တို့ဟာချမ်းသာည်ဖြစ်စေ ဆင်းရဲ ည်ဖြစ်စေ လှပသပ်ရပ်သန့်ရှင်းနေချင်တဲ့သူက ပြင်ပြင်ဆင်ဆင်လေးနဲ့ အနဲဆုံးတော့ သူကိုယ်တိုင်စိတ်ချမ်းသာတယ်သူ့ကိုယ်သူလှနေသေးတယ်ထင်နေသ၍ ပြင်ဆင်လှချင်နေသ၍ သူကစိတ်တဝက်ခြမ်းသာတယ်။ ငွေနဲ့မဆိုင်ဘူးလို့ထင်တယ်။
နဲနဲမှန်လား❓စိတ်အကြည်ဓတ်ကိုရအောင်ယူ မျက်နှာမှဋအကြည်ဓတ်လေးပေါ်တယ်။
မို့ရွာတော့မယ်တော့ တံခါးတွေပြေးပိတ်ရဦးမယ်။
တက္ကသိုလ်ရိပ်သာလမ်းသစ်ရောက်နေတယ် 💙

လွင့်ဂေါ်မိမိုက်ကျွတ်ကျဲစတိုင်တွေပဲချုပ်ချင်ခဲ့တာ။ ကိုယ်ကြိုက်တဲ့ ကိုယ်မြင်ချင်တဲ့ style တွေပဲချုပ်ချင်တာ။တကယ်ဆို ဝတ်စုံ...
23/07/2026

လွင့်ဂေါ်မိမိုက်ကျွတ်ကျဲစတိုင်တွေပဲချုပ်ချင်ခဲ့တာ။
ကိုယ်ကြိုက်တဲ့ ကိုယ်မြင်ချင်တဲ့ style တွေပဲချုပ်ချင်တာ။
တကယ်ဆို ဝတ်စုံအဝတ်အစားတွေချုပ်ရတာမခက်ပါဘူး။ ပုံကျချင်လဲရတယ်။ ပုံမကျပန်းမကျ နဲ့လှချင်လဲရတယ် ကြပ်ကြပ် ဝတ်ချင်လဲ ok ပွပွ လဲok.
အဓိကက
ကိုယ်တိုင်းမှန်ရမယ်
Body frame ကို သေခြာဆွဲနိုင်ရမယ်
Customer လိုချင်တာကိုသေခြာနားထောင်မှတ်ထားရမယ်
အမကြိုက်တဲ့ပုံချုပ်ပေးပါရတယ်လို့ပြောရင် နင်ok လုပ်လို့မရဘူး
မေးခွန်းတွေမေးရမယ် ကြိုက်တာတွေကဘာလဲ မကြိုက်တာတွေကဘာလဲ ချရေးထား အရေးကြီးတယ်
သူ့အထည်ကိုင်ပြီဆိုရင် သူမကြိုက်တာတွေရှောင်ပြီး သူကြိုက်တာလေးတွေဆွဲထုပ်ပြီးကိုယ့်ဟာကို ကွန့်ပြီးထုပ်ပေးလိုက် happy ending လေးပဲဖြစ်မယ်။ 💙
Designer Soe Soe Nyan
S2N Fashion House

လောင်းကြေး သိန်း၂၀ နိုင်ပါပြီ💰💰💰💰💰💰Thank u Spain. I totally trusted in you.
19/07/2026

လောင်းကြေး သိန်း၂၀ နိုင်ပါပြီ💰💰💰💰💰💰
Thank u Spain. I totally trusted in you.

19/07/2026

🇪🇸🇪🇸🇪🇸🇪🇸🇪🇸🇪🇸
Spain ပဲ ⚽️ နိုင်လိမ့်မယ်ဟေ့

၁။ T shirt အနီတထည်ကို ခါးတိုဖြ-တ် ချလိုက်ပါပြီးရင်အနားလုံးချင်ရင်ပြန်ချုပ်လုံးလိုက်ပါ ကျမကတော့ အစအနထွက်နေရင်ပိုကြိုက်လို...
18/07/2026

၁။ T shirt အနီတထည်ကို ခါးတိုဖြ-တ် ချလိုက်ပါပြီးရင်အနားလုံးချင်ရင်ပြန်ချုပ်လုံးလိုက်ပါ ကျမကတော့ အစအနထွက်နေရင်ပိုကြိုက်လို့ မလုံးတော့ဘူး။
၂။ ကြိုက်တဲ့စတစ်ကာဝယ်ပြီး မီးအပူချိန်ကိုချိန်ဆပြီး လိုချင်တဲ့နေရာ ကပ်လိုက်ပါ။
၃။ t shirt အရောင်နဲ့ လိုက်မဲ့ခြင်ထောင်ဇာတွန့်တွေတွန့်ထားပြီး လက် ၂ဘက်မှာလိုချင်သလောက် တင်ကပ်ချုပ်လိုက်ရုံပါပဲ။
Result ကတော့ အချိန်သိပ်မကြာပါဘူး
ပုံဆန်းလေးဝတ်ရတာပေါ့ ready made ဆို မှာရဦး ရှာရဦးမယ် ကြာဦးမယ် ခုတော့ စိတ်တိုင်းကျတယ် နေ့ချင်းပြီးတယ် နာရီပိုင်းပဲ ♥️♥️♥️♥️ ရှိတဲ့ t shirt ကိုပဲ upgrade လုပ်လိုက်ပါ။

အလှပြင်မယ်ခရီးတွေပဲထွက်နေမယ်
20/04/2026

အလှပြင်မယ်
ခရီးတွေပဲထွက်နေမယ်

Edit All Sold Out 🙏နေ့မကူးဘူးမနေ့ညက ရောင်းထွက်သွားပါပြီရှင်Live လွှင့်ရောင်းရတာပျင်းလို့ကိုက်ထိုးအုပ်လိုက်တွေ အပြင်မှာခု...
17/01/2026

Edit All Sold Out 🙏
နေ့မကူးဘူး
မနေ့ညက ရောင်းထွက်သွားပါပြီရှင်

Live လွှင့်ရောင်းရတာပျင်းလို့
ကိုက်ထိုးအုပ်လိုက်တွေ အပြင်မှာခုချိန်မရနိုင်တော့တဲ့အဆင်ဆန်းလေးတွေ ပိတ်စအသား​ကောင်းကောင်း လေးတွေအစုံကို အသက်သာဆုံး ရောင်းပေးနေတာမို့ တဆိုင်လုံး ပုတ်ပြတ်ဆို ရင်အကုန်အပ်ချုပ်စက် အပ်ချည်လုံးနဲ့ ဇစ်တွေတောင်လက်ဆောင်ပေးလိုက်ဦးမယ်
အပေးကြမ်းတဲ့စိတ်မရှည်သူကြီးမို့
လာကြည့်ချင်ရင်
Viber 095075274
ရန်ကင်း
ရန်ကုန်

10/12/2025

ကြောင်တွေလို နေထိုင်ပါ။
ကြောင်တွေဟာ သူနဲ့မဆိုင်တာကို စိတ်မဝင်စားဘူး။
တော်ရုံတန်ရုံနဲ့ သူများကိစ္စ ဝင်မပါဘူး။သူ့ဘာသာသူနေတယ်။
ဒီတော့ သူနဲ့ဆိုင်တဲ့ကိစ္စမှာ အာရုံစူးစိုက်မှုကောင်းတယ်။
သူလုပ်ရင် အောင်မြင်တယ်။ သူပြိုင်ရင် အနိုင်ရတယ်။

ကြောင်တွေလို စားသောက်ပါ။
ကြောင်တွေဟာ နည်းနည်းလေးပဲစားတယ်။
ဒီတော့ စားဖို့သောက်ဖို့ဟာ သူတို့အတွက် မခက်ခဲဘူး။
ဘယ်နေရာရောက်ရောက် အေးဆေးဘဲ။
စားဖို့သောက်ဖို့ကို ဘယ်တော့မှ တွေးမပူရဘူး။

ကြောင်တွေလို တုံ့ပြန်ပါ။
ကြောင်တွေဟာ သူတို့ ထိခိုက်မခံနိုင်တဲ့ ကိစ္စမျိုးမှာ
အပြင်းထန်ဆုံး တုံ့ပြန်တိုက်ခိုက်ကြတယ်။
သူတို့ကို ဒါမျိုးနောက်တစ်ခါ မလုပ်ရဲအောင် သတိပေးတဲ့သဘော။

ကြောင်တွေလို တွေးပါ။
ကြောင်တွေဟာ လူတွေကို ငပေါတွေပါလို့ သတ်မှတ်တယ်။
အပိုအလုပ်တွေ လုပ်နေကြတဲ့ သတ္တဝါလို့ မြင်တယ်။
အရေးမကြီးတာကို အရေးကြီးနေကြတဲ့ သတ္တဝါတွေလို့ တွေးတယ်။
ကြောင်တွေဟာ လူတွေကို အထင်မကြီးဘူး။

ကြောင်တွေလို ယုံကြည်မှုရှိပါ။
ကြောင်တွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်တယ်။
လူအပါအဝင် ဘယ်သတ္တဝါကိုမှ မယုံကြဘူး။
ဒါကြောင့် ကြောင်တွေဟာ သတိကြီးကြတယ်။
သတိမရှိတဲ့ ကြောင်ဆိုဟာ ရူးနေတဲ့ကြောင်ပဲဖြစ်တယ်။

ကြောင်တွေလို အစွဲအလမ်းကင်းပါ။
ကြောင်တွေဟာ သခင်အပေါ်တောင် အစွဲအလမ်းနည်းတယ်။
ဒါကြောင့် သူတို့ မနေချင်တော့ရင် ထွက်သွားမှာဘဲ။
အဲ့လို ထွက်သွားဖို့လဲ အမြဲအဆင်သင့်ပြင်ထားကြတယ်။
သူတို့နဲ့ အဆင်ပြေမယ့် နေရာသစ်ကို ရှာထားတာမျိုးပေါ့။

Credit to ဦးအဲရစ်ချမ်း

Address

69 Moe Kaung Street , Yankin Township , Yangon
Ranchi

Telephone

+9595176352

Website

Alerts

Be the first to know and let us send you an email when S2N Fashion House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share