27/10/2023
အမြဲတမ်း ဝတ်လို့ရမယ့် မရှိမဖြစ် piece လေးတွေပေါ့ ဒ့လေးတွေရှိနေရင် outfit ပေါင်း မြောက်များစွာ ထွက်လာနိုင်ပါတယ် အဲ့လို timeless piece လေးတွေ ဝယ်ပြီဆိုရင်တော့ quality ကောင်းတာလေးတွေ အတွက် ပိုက်ဆံတော့ invest လုပ်သင့်ပါတယ်နော် ဈေးပေါတာတွေဝယ်ရင် ရိုးသွားတာရယ် လျှော်ရင် ရွဲ သွားတာနဲ့ အဲ့လို ကိုက်ကြည့်လိုက်ရင်ပိုက်ဆံ နဲနဲ ပိုပေးပြီး cost per wear အနေနဲ့တွက်ရင် အဲ့လို quality ကောင်းတဲ့ piece လေးတွေက ပိုတန်တာကတော့ အမှန်ပဲ ဥပမာ trend ဖြစ်နေတဲ့ y2k လေး Shein ကနေ ၁၀၀၀၀ လောက်ပေးပြီးဝယ်မယ်ဆိုပါဆို့ အများဆုံး ၁နှစ်ပေါ့ trend က မဟုတ်လဲ ၃-၄-၅ခါ လောက်လျှော် ရွဲသွားမယ်ဆိုရင် ၁၀၀၀၀ -၅ နဲ့ စား, တစ်ခါဝတ် ၂၀၀၀ကျပ်
ဒါမှမဟုတ် Zara/Next/Reiss/H&M က timeless piece ဖြစ်တဲ့ bodysuit လေး ၇၅၀၀၀ - ၁၅၀၀၀၀ နဲ့ဝယ်မယ်ဆိုပါဆို့ timeless piece လဲဖြစ်တယ် quality လဲ မဆိုးဘူးဆိုတော့ အနည်းဆုံးတော့ အခါ ၄၀-၅၀ အထက် ၀တ်လို့ရမှာ ဖြစ်တယ်ပေါ့နော် ၇၅၀၀၀ ကို ၄၀ နဲ့စား တစ်ခါဝတ် ၁၈၇၅ကျပ်
ဇွန်တော့ ခုနောက်ပိုင်း shopping ထွက်ရင် အဲ့လိုပဲ တွက်ဝယ်တော့တယ် ဝတ်လဲပျော်တယ် ဝတ်လို့လဲ ကောင်းတယ်
trend piece လေးတွေလဲ တစ်ခါတစ်လေ ပွဲတတ်ဘာတတ်ရှိရင်တော့ ဝယ်ပါတယ်