What do I wear?

What do I wear? This is not an online store. I am just sharing what I wear everyday.

In my Needles era 🦋 Needles ကို မျက်စိကျနေတာကြာပြီဖြစ်ပေမယ့် လက်တစ်လော ကမှ ကျွန်တော့် ပထမဆုံး Needles HD pants ကို ဝယ်ဖြ...
11/10/2025

In my Needles era 🦋

Needles ကို မျက်စိကျနေတာကြာပြီဖြစ်ပေမယ့် လက်တစ်လော ကမှ ကျွန်တော့် ပထမဆုံး
Needles HD pants ကို ဝယ်ဖြစ်ခဲ့ပါတယ်။

Needles မှာ ဘောင်းဘီ ၂ မျိုးရှိပါတယ်၊ ရိုးရိုး Slim နဲ့ HD၊ တော်တော် များများကတော့ အပွကို ကြိုက်တော့ HD ဝတ်ကြတယ်။

ဝယ်မယ်ဆိုရင်တော့ ဂျပန်မှာ လွယ်လွယ် ဝယ်လို့ရပြီး စျေးလည်းပိုသက်သာပါတယ်။

မဟုတ်ရင်တော့ HBX လို platform ကနေ (သို့) Studious Tokyo (https://studious.co.jp/staffblog/store/ssthongkong/ ) ကနေမှာလို့ရပါတယ်။ မြန်မာပို့မပို့တော့ မသိလို့ပါ…

ကျွန်တော့ အရပ် ၁၆၇ cm ဆိုရင်တော့ အသေးဆုံး small size ကို ဝတ်ရပြီး အရှည်ပြန် ညှပ်ရပါတယ် :3 မဟုတ်ရင် ရင်ဘက်ထိ တက်ဝတ်ရလို့ပါ 😂

Color တွေကတော့ season အလိုက်ထွက်တော့ ကိုယ်နဲ့ တူတဲ့ဘောင်းဘီ လိုက်ရှာဘို့ ခက်တော့ ဝတ်ရတာ unique ဖြစ်ပါတယ်

ဘယ်သွားသွား နေကာ မျက်မှန်တက်ပါ 🕶️
23/09/2025

ဘယ်သွားသွား နေကာ မျက်မှန်တက်ပါ 🕶️

လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ ဂျပန်က street wear (သို့) Human Made ကျွန်တော် ဒီ brand ကိုစသိတာ November, 2023 ဂျပန်ကို သွ...
08/09/2025

လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ ဂျပန်က street wear (သို့) Human Made

ကျွန်တော် ဒီ brand ကိုစသိတာ November, 2023 ဂျပန်ကို သွားလည်တုန်းကပေါ့… တိုကျိုမှာ လျောက်လည်ရင်း ကော်ဖီသောက်ချင်လို့ ဆိုင်တစ်ဆိုင်ဝင်ရင်း သူတို့ brand ကိုစသိတယ်ဆိုပါတော့။

သူတို့ရဲ့ outlet တွေမှာ new season release တွေပဲထားပြီး ဆိုင်အကျယ်ကြီးတွေ ဖွင့်ပြီးရွေး စရာသိပ်မရှိတော့ သူတို့ စီက ဝယ်ချင်ရင် online ကမှာကြတာများတယ် …

Human Made Tokyo, Seoul, Taipei, နဲ့ Hong Kong outlet တွေရောက်ဘူးပေမယ့် ကျွန်တော့် wardrobe ထဲမှာ တစ်ထည်မှ မရှိပါဘူး 😂 မရှိဆိုလို့ စျေးကြီးတာကို။ တစ်ထည်ကို မြန်မာငွေ ၁သိန်းအောက်ထစ်က စပါတယ်။

Human Made is more than a brand, it is a lifestyle.

Founder/ Creative Director NIGO က Human Made ကိုပိုင်ပြီးတော့ သူ့ရဲ့နောက်ကြောင်းကိုပြောရမယ်ဆ်ိုရင်တော့ 90s ဝန်းကျင် မှာ street fashion တွေကို လမ်းကြောင်းဖောက်ခဲ့သူလို့ ပါပြောလို့ရတဲ့ အထိနာမည်ကြီးပါတယ်။

Not a Hotel Tokyo

Tokyo မှာ Kaws နဲ့ တူတူ collab လုပ်ပြီးဖွင့်ထားတဲ့ The Nigo House ဆိုပြီးရှိပါတယ်: https://notahotel.com/en/properties/tokyo

နေချင်ရင်တော့ ၁ နှစ်ကြိုပြီး Booking တင်ရမှာဖြစ်ပြီး စျေးကိုတော့ Not a Hotel member တွေကိုပဲပြပေးထားပါတယ်…

Choose your monster.
02/08/2025

Choose your monster.

Gentle Monster ကတော့ သူတို့ရဲ့ 2025 ရဲ့ ပထမဆုံး collection ကို launch လုပ်ခဲ့ပါတယ်။ Theme ကိုတော့ Jewelry Collection ပုံ...
09/01/2025

Gentle Monster ကတော့ သူတို့ရဲ့ 2025 ရဲ့ ပထမဆုံး collection ကို launch လုပ်ခဲ့ပါတယ်။ Theme ကိုတော့ Jewelry Collection ပုံစံသွားထားပြီးတော့ Launching Date ကတော့ မနက်ဖြန်ပါ။

Seoul, Tokyo, Shanghai, Beijing, Shenzhen, New York နဲ့ Bangkok pop up store တွေမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Thug Club Korea မှာ Style 2 မျိုး ရှိတယ်။ Kdrama တွေထဲက Oppa တွေလို ဝတ်ရင်ဝတ် မဝတ်ရင် Street wear တွေ ဝတ်… Oppa တွေလိုဝတ...
22/12/2024

Thug Club

Korea မှာ Style 2 မျိုး ရှိတယ်။ Kdrama တွေထဲက Oppa တွေလို ဝတ်ရင်ဝတ် မဝတ်ရင် Street wear တွေ ဝတ်… Oppa တွေလိုဝတ်ချင်ရင် Korea မှာ ဝယ်စရာ local brand တွေ အများကြီးရှိပါတယ်။ ဒီနေ့ကျွန်တော်ပြောပြမယ့် Thug Club က တော့ Korea က Street wear ဖြစ်ပြီးတော့ အခုဆိုရင် အနောက်နိုင်ငံတွေမှာပါခေတ်စား နေတာဖြစ်ပါတယ်။

Seoul မှာ သူတို့ဆိုင် သွားကြည့်တုန်းက ဆိုရင် လာတဲ့ customer တွေ အကုန်က Japan တွေကြီးပဲ။ Japan က လူငယ်တွေ တော်တော် များများက ဒီ Brand ကို အရမ်းကြိုက်ပြီး ကိုရီးယားကို တကူးတက လာဝယ်ကြတာများတယ်။ သူတို့ရဲ့ Jacket အထူကြီးတွေက Japan က ရာသီဥတုနဲ့ ကိုက်တာလည်းပါတယ်။

Brand က Rebellious ဖြစ်တဲ့ Biker တွေနဲ့ Hip Hop Design တွေကို ပေါင်းထားတယ်လို ဆိုပေမယ့် ကျွန်တော့ အမြင်ကတော့ Futuristic ဖြစ်ပြီး Techno Vibe ကို ရပါတယ်။ စျေးကတော့ Diesel price range ဖြစ်ပြီး သူတို့ အကြောင်း အသေးစိတ်ဖတ်ချင်ရင် comment မှာ link ချပေးထားပါမယ် ✨🤗

Autumn ရောက်ပြီ ဆိုတော့ Korea, Japan, Hong Kong, Taiwan ရောက်နေတဲ့ သူတွေအတွက် အရမ်းမပူ အရမ်းမအေးတဲ့ ရာသီဥတု လေးမှာ Uniql...
15/11/2024

Autumn ရောက်ပြီ ဆိုတော့ Korea, Japan, Hong Kong, Taiwan ရောက်နေတဲ့ သူတွေအတွက် အရမ်းမပူ အရမ်းမအေးတဲ့ ရာသီဥတု လေးမှာ Uniqlo, Muji တို့လို အရောင် မှိုင်းမှိုင်းတွေ မဟုတ်ပဲ တခြားဘာ ootd တွေ ဝတ်လို့ရသေးလည်းဆိုတော့

👕အပေါ်ဝတ်အနေနဲ့ Streetwear တွေပဲ ပုံမှန် ထုတ်နေကြ Brand ဖြစ်တဲ့ Stüssy ကနေ ချည်ထိုး Pullover အပြာ ရယ်

👖အောက်ကတော့ အရောင်လိုက်အောင် 51Percent က Navy Blue Jeans ကို တွဲဝတ်ထားပါတယ်။

👓အပြာတွေပဲဆိုတော့ မျက်မှန်ကို အရောင် လိုက်သွားအောင် Gentle Monster ကို နေကာထဲကမဟုတ်ပဲ Optics ထဲက ရိုးရိုး အကြည်ကိုပဲရွေးလိုက်ပါတယ်။

ကျွန်တော် ဝတ်ထားတာတွေကို စိတ်ဝင်စားရင်

Pullover: https://www.stussy.com/collections/knits/products/117239-faded-cotton-knit-crew-blue

Jeans: https://51percent.co.kr/product/detail.html?product_no=183&cate_no=55&display_group=1

Glasses: https://www.gentlemonster.com/kr/shop/item/kro02/T4SMTT2LA1P6

Zay is (On)ကျွန်တော် ဒီ On Cloud X4 ဖိနပ် ကို ဝယ်တုန်းက Gym သွားရင် ဝတ်ဘို့ အဓိက ဆိုပြီး ဝယ်ပေမယ့် အရမ်းစီးလို့ကောင်းလို...
13/10/2024

Zay is (On)

ကျွန်တော် ဒီ On Cloud X4 ဖိနပ် ကို ဝယ်တုန်းက Gym သွားရင် ဝတ်ဘို့ အဓိက ဆိုပြီး ဝယ်ပေမယ့် အရမ်းစီးလို့ကောင်းလို့ Daily Wear အနေနဲ့ပါ စီးနေတာ နည်းနည်းတောင် ဟောင်းချင်သလိုဖြစ်နေပြီ 😹

On မှာ အဓိကကတော့ Training အတွက်ရယ် ပြေးတာ အတွက်ရယ် ဆိုပြီး ၂ မျိုးရှိပေမယ့် ကျွန်တော့်ရဲ့ Cloud X4 ကိုတော့ Multi-Purpose အနေနဲ့ ပြေးလည်းပြေး Gym မှာလည်း သုံးနေတာ အဆင်ပြေနေသေးတယ်။ 🏃🏻🏋🏻

အရင် Decathlon က ဝယ်ထားတဲ့ Running Shoe ဆိုရင် ပြေးပြီး ခြေဖဝါးတွေ အရမ်းနာပေမယ့် ဒီ ဖိနပ်ကတော့ ပြေးရတာကို တော်တော် ပေါ့ပါးနေတာပဲ။

ဒီ Switzerland 🇨🇭 ကလာတဲ့ ဖိနပ်က တစ်ကမ္ဘာလုံးမှာ Popular ဖြစ်နေပြီး အဓိက နာမည်ကြီးတဲ့ အချက်ကတော့ Detailed Engineered လုပ်ထားတဲ့ Sole ရယ် အရမ်း ပေါ့ပါးတာရယ် ကြောင့် လူတော်တော်များများ က ဝယ်လာကြပါတယ်။

Just sharing my cute fit today. ami x Murakami 😹🙈 စတာပါ။ အဲ့ Collaboration ကမရှိပါဘူး… ကျွန်တော့် ami shirt ကို Murakami...
11/10/2024

Just sharing my cute fit today. ami x Murakami 😹🙈 စတာပါ။ အဲ့ Collaboration ကမရှိပါဘူး…

ကျွန်တော့် ami shirt ကို Murakami Pin နဲ့ တွဲပြီး ဝတ်ထားလိုက်တာပါ။

UNIQLO မှာရတဲ့ Embroidery 🧵 Service ကျွန်တော် ဒီနေ့ Hong Kong 🇭🇰 uniqlo ကိုသွားကြည့်ရင်း ချည်ထိုးကြောင်ပုံလေးတွေ တွေ့တော...
16/08/2024

UNIQLO မှာရတဲ့ Embroidery 🧵 Service

ကျွန်တော် ဒီနေ့ Hong Kong 🇭🇰 uniqlo ကိုသွားကြည့်ရင်း ချည်ထိုးကြောင်ပုံလေးတွေ တွေ့တော့ မေးကြည့်ရင်း သူတို့ စီမှာ uniqlo က ကြိုက်တဲ့ Product ဝယ်ပြီး ချည်ထိုးလို့ရတယ် ဆိုတော့ AIRsm အမည်းတစ်ထည် ဝယ်ပြီး ကြောင်ပုံ၃ပုံထိုးလာခဲ့လိုက်တယ် 🪡 🙈🫶🏻

အိတ်ဝယ်ဝယ်၊ အင်္ကျီဝယ်ဝယ်၊ ဦးထုပ် ဝယ်ဝယ် သူတို့ Catalogue ထဲက ကြိုက်တဲ့ ပုံထိုးလို့ရပါတယ်တဲ့။ Uniqlo မဟုတ်တဲ့ Product တော့ ပေးမထိုးပါဘူး 🥲

သူတို့ ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့စီက ဝယ်ထားတဲ့ အဝတ်အစားတွေ ဟောင်းတာ ပြဲတာဆိုရင် ချည်ထိုးပြီး ပြန်သုံးလို့ရတဲ့ RE. Uniqlo ဆိုတဲ့ Recycle လုပ်ပေးတဲ့ Service ထဲက တစ်ခု အပါအဝင်ပါ။ ♻️

နိုင်ငံအနှံ့က uniqlo မှာရတယ် ဆိုပေမည့် ဆိုင်ခွဲအကုန်တော့ မရသေးတဲ့ အတွက် က်ိုယ်သွားမည့်ဆိုင်ကို ကြိုမေးဘို့လိုပါမယ်။

ချည်ထိုးလေးကတော့ တစ်ပုံကို 50 HKD ရှိပါတယ်။

Address

Hong Kong

Website

Alerts

Be the first to know and let us send you an email when What do I wear? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share