Beauty Bestie J'Waddy

Beauty Bestie J'Waddy Your daily skincare bestie 🎀
Reviews • Tips • Glow ✨
Let’s fix your skin together hands 🤝🏻

[Oxecure Sulfur Soap & Spray Reviews] ✨နှစ်ချီခံစားခဲ့ရတဲ့ Body Acne တွေကို mini soap & spray လေး 1set ထဲနဲ့ သိသိသာသာပျေ...
23/08/2026

[Oxecure Sulfur Soap & Spray Reviews] ✨

နှစ်ချီခံစားခဲ့ရတဲ့ Body Acne တွေကို mini soap & spray လေး 1set ထဲနဲ့ သိသိသာသာပျောက်တယ်ဆို?

Waddy Back Acne ဖြစ်တာ ၁နှစ်မကဖူး နှစ်ချီတာပါ
Back acne ဖြစ်စေနိုင်တဲ့ အရာတွေကိုဘယ်လိုပဲရှောင်ပါစေ လက်က အငြိမ်မနေတော့ ညှစ်လိုက် ဖဲ့လိုက်နဲ့ သံသရာတွေလည်ရင်း ကျောကစုတ်ပြတ်နေရော

Backless တွေဆို မဝတ်ရဲအောင်ရှက်တာပါ
ဝက်ခြံအမဲစက်တွေပျောက်အောင် scrub ပေါင်းစုံတိုက်လည်း ဘာမှမထူးပါဖူး။

Body Acne ပျောက်ပါတယ်ဆိုတဲ့ Body shower ပေါင်းသောင်းခြောက်ထောင် နဲ့ Body spray တွေကလည်းသုံးစားမရတော့ စိတ်တွေညစ် တစ်သက်လုံးမပျောက်တော့ဖူးထင်တဲ့အချိန်မှာ BKK က ပစ္စည်းမှာနေကျ အမက
Saleရှိလို့ရောင်းနေတာတွေ့တာနဲ့ ဒီအတွဲကိုမှာခဲ့တာ

ရောက်လာတော့ 30g ဆပ်ပြာနဲ့ 25ml spray ဗူးလေးကြည့်ပြီး ဝယ်မိတာ မှားပြီလားတောင်ထင်မိတာ

စသုံးပြီး 30gဆပ်ပြာလေးကုန်ခါနီးမှာ မြင်ရတဲ့အတိုင်း
ကျောက နီရဲ ဝက်ခြံ တွေ ၊ ဗြုတ်စိအဖုတွေနဲ့ ညှစ်မရတဲ့
ဝက်ခြံတွေကအစ အဖုစမ်းမရအောင်ပါးချသွားတာ

ဒါတောင် spray က ရေချိုးပြီး ညဘက်တစ်ခါပဲဖြန်းတာ
Waddy ထင်တာ အဓိကက ဆပ်ပြာကြောင့်ပေါ့နော်

ဝက်ခြံတွေမရှိတော့ scrub တိုက်တဲ့အခါ ထိရောက်လာတယ် ကျောက အရောင်ထွက်လာပြီး အမဲစက်တွေပါးလာတယ် ( scrub နောက်ကျ ပြောပြမယ် )

ဆပ်ပြာလည်းကုန်တော့ 100gအခဲကြီးထပ်ဝယ်လိုက်တယ် ဆိုင်တိုင်းမရောင်းတာတော့ အားနည်းချက်

Sulfur Soap မလို့ Sulfur နဲ့တည့်မှအဆင်ပြေပါမယ်
မျက်နှာတိုက်လို့ရတယ်ပြောပေမယ့် recommend မပေးပါရှင် Body အတွက်တော့ အရမ်းကောင်းပါ။

Spray ကတော့ အနံ့က ပြင်းတယ် ဖြန်းရတာ အားမရဖူး
ဗူးက မာနေတော့ သိပ်အဆင်မပြေ Salicylic Acid ပါတယ် ဒီကောင်တော့ ထပ်မဝယ်သေးဖူး အဓိကက ဆပ်ပြာကို ပိုကြိုက်တော့ ဆပ်ပြာပဲဆက်သုံးကြည့်မို့

Scrub နဲ့ Lotion Reviews နဲ့ပြန်လာခဲ့ပါမယ်ရှင်🫶🏻✨

✨ ဘယ်အရွယ်မှာဖြစ်စေ အလှအပဂရုစိုက်ပါ ✨ Self Care ထဲမှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ အပြင်ပန်းအသွင်ပြင်လေး လှအောင် ကိုယ်တိုင် ဂ...
28/07/2026

✨ ဘယ်အရွယ်မှာဖြစ်စေ အလှအပဂရုစိုက်ပါ ✨

Self Care ထဲမှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ အပြင်ပန်း
အသွင်ပြင်လေး လှအောင် ကိုယ်တိုင် ဂရုစိုက်နိုင်ဖို့က
အရမ်းအရေးကြီးပါတယ်။

ခေါင်းက ဆံပင်မွှေးက စလို့ ခြေထောက်က ခြေသည်းလေးတွေအထိ လှအောင် ကျန်းမာအောင်ထားနိုင်ဖို့က
ကိုယ်တိုင်မှ မလုပ်ရင် ဘယ်သူမှလာလုပ်မပေးပါဖူး။

ကိုယ်တိုင်လည်းအရင်က အပြင်ပန်းအသွင်ပြင်ကို
ဂရုမစိုက် နှုတ်ခမ်းနီလေး တစ်ချောင်းဝယ်တာတောင်
အပိုသုံးမိတာဆိုပြီး အတွေးဝင်ခဲ့မိတဲ့လူစားပါ။

လူတိုင်းမှာ သဘာဝအလှကိုယ်စီပါပါတယ် အဲ့ပါတာကို
ကိုယ်တိုင်က ပိုလှအောင် မပျက်စီးအောင် ထိန်းသိမ်းရမှာပါ ။

မိန်းကလေးတွေ skincare ပါ makeup ပါးပါးလေးတွေ
ဖြစ်ဖြစ်လိမ်းတက်အောင် လိမ်းပါ ။

ဆံပင်ကို ဂရုစိုက်ပါ လုံးဝမကျွတ်အောင်ထက် ဆံသားလေးမဖွာအောင် ၊ မခြောက်အောင် ၊ ဆံပင်ထူအောင်
ဂရုစိုက်ကြပါ။

ကိုယ့် skin type , hair type , body type , fashion, hair style ဘာနဲ့လိုက်မလဲ သူများလိုက်ကြည့်အားကျနေမယ့်အစား ကိုယ်တိုင်က ကိုယ့်အကြောင်းကိုယ်သိအောင်လေ့လာပြီး သူများအားကျအောင် နေပါ။

အဓိကထဲမှာတော့ self care လုပ်မယ့် ကိုယ့်စိတ်ကလေး
ကို ပျက်စီးစေမယ့် ရပ်ဝန်းတွေကနေ ရုန်းထွက်ပါ ။

ငါ့မျက်နှာကတော့ ဘာသုံးသုံးမပျောက်တော့ပါဖူး ၊
အသားရည်ကတော့ လှ မလာတော့ပါဖူး လုပ်လည်း
ငွေကုန်တာပဲ ရှိတယ်ဆိုတာမျိုး လုံးဝမတွေးပါနဲ့

အခုခေတ်မှာ clinic ကောင်းဆေးခန်းတွေရှိသလို
အသားရည်ထိန်းသိမ်းနည်းတွေအများကြီးပါ ကိုယ်တိုင်က လုပ်ချင်စိတ်ကလေးမွေးဖို့ပါ။

အိမ်ထောင်သည်ဖြစ်စေ ကလေးမိခင်ဖြစ်စေ ဘယ်အရွယ်မှာဆို လှအောင်နေရပါမယ် အိမ်ထောင်ကျပြီးမှ
မိန်းမကို အပျိုတုန်းကလို လှအောင်မထားနိုင် မဆင်နိုင်ရင် အဲ့ ယောင်္ကျား အသုံးမကျလို့ပါ ( sorry not sorry)

ပြောချင်တာဆက်ပြောရင် စာရှည်မှာစိုးလို့ ဒီနေ့တော့
ဒီလောက်ပါပဲ ဆိုတော့

" ဘယ်အရွယ်မှာ မဆို လှအောင် နေပါ "

- Beauty Bestie J'Waddy

Hey Girls~~ 💦💙[ Torriden Dive-in Soothing Cream ]Waddy လက်ရှိသုံးနေတဲ့ Moisturizer လေး✅ Alcohol Free✅ Fragrance & essent...
14/07/2026

Hey Girls~~ 💦💙

[ Torriden Dive-in Soothing Cream ]

Waddy လက်ရှိသုံးနေတဲ့ Moisturizer လေး

✅ Alcohol Free
✅ Fragrance & essential oil Free

Skin ကို Fresh & Moisturizing ဖြစ်စေတယ်
Hyaluronic acid ပါဝင်တာမို့ အသားရည်ကို ရေဓါတ်ဖြည့်ပေးတယ် ။

လိမ်းလိုက်ရင် စိမ့်ဝင်လွယ်ပြီး အသားရည်ကို
ရေဓါတ်ပြည့်သွားတဲ့ ခံစားချက်ကို Waddy က အဓိက သဘောကျတာပါ ။

Oily skin သမားတွေအတွက်လည်း လိမ်းပြီး
တဲ့အခါ အဆီပြောင်ပြောင်ကြီးဖြစ်မနေဖူး

Sensitive & Skin Dehydration ဖြစ်နေတဲ့
လူတွေအတွက်လည်း အဆင်ပြေတယ် ။

Soothing Cream ဆိုတဲ့အတိုင်းပဲသူ့ရဲ့
Texture က လုံးဝမပြစ်ဖူး ကျဲကျဲအေးအေးလေး

သူ့မှာပါတဲ့ အတံလေးကို အထဲမဆန့်လို့
အပြင်မှာ သက်သက်ကြီးထားရတဲ့တစ်ချက်ကိုတော့ သဘောမကျမိဖူး သုံးခါနီး အဲ့အချောင်းကို
သန့်ရှင်းရေးလုပ်ရတာ ပျင်းတာ 🥲

Natural Ceramides 20000 ppm နဲ့ ထုတ်ထားတာမို့ skin barrier ကိုလည်း ကောင်းကောင်း
Rebuild ပြန်လုပ်ပေးတယ်

ဒီရာသီဥတုနဲ့တော်တော်ကို လိုက်ဖက်မယ့်
အကောင်လို့ပြောလို့ရတယ် Combination skin သမားတွေလည်းသုံးလို့ရပြီး Dry skin သမားတွေအတွက်တော့ လုံလောက်ပါ့မလားမပြောတက်

ဗူးလေးလည်းချစ်စရာလေးသိလား 🫶🏻

#𝗧𝗼𝗿𝗿𝗶𝗱𝗲𝗻

Hey Girls ~~ ✨[ Judydoll Contour Palette 02 Reviews ]ဒီဟာကိုလိုချင်နေတာ ဝယ်ရင်ကောင်းမလား အသုံးဝင်ပါ့မလား ဆိုစဉ်းစားနေရင်...
23/06/2026

Hey Girls ~~ ✨

[ Judydoll Contour Palette 02 Reviews ]

ဒီဟာကိုလိုချင်နေတာ ဝယ်ရင်ကောင်းမလား
အသုံးဝင်ပါ့မလား ဆိုစဉ်းစားနေရင် ဝယ်လိုက်နော်

သူက Full Makeup look , Daily Makeup look တွေထိပါ သုံးလို့ကောင်းတယ် ဖွာတာမရှိဖူး။

အရောင်က Foundation လူးထားတဲ့အခါမှာပိုထင်းတယ်ပါတယ် Waddy ကတော့ foundation မလူးပဲ
အပြင်ထွက်တဲ့အခါမှာလည်းသုံးပါတယ် အဆင်ပြေပါတယ်ပေါ့နော် ။

ဝယ်ပြီးကတည်းက အပြင်သိပ်မသွားရပေမယ့်
သွားဖြစ်တဲ့အခါတိုင်း နှာတံဆွဲဖို့သုံးဖြစ်တယ်။

Full Makeup look ပြင်တဲ့အခါမှာလည်းသူ့ရဲ့
Highlights အရောင်က အရမ်းလှပါတယ်။

ကိုယ်ပြင်တက်ရင် ပြင်တက်သလောက် ကိုယ့်မျက်နှာက makeup lookကို ပိုကြွပြီး ကြည့်ရတာ
တစ်မျိုးပိုကောင်းတယ်ခံစားရတယ်ပေါ့နော်။

Waddy က cool tone ပေမယ့် viral ဖြစ်တဲ့
02 Warm tone ကိုရွေးခဲ့ပါတယ် ဘာလို့ဆို tutorial အများစုကဒီကောင်နဲ့ပဲပြင်ပြကြတော့လွယ်အောင်လို့

ပါတဲ့ 4ကွက်လုံးက အသုံးဝင်တာမို့ သုံးကြည့်ချင်တယ် makeup ကို without contour n highlight မပါပဲသုံးရတာရိုးနေပြီဆို စမ်းသုံးကြည့်ကြနော်🫶🏻✨

Hey Girls ~~~~ ✨[ Yoon care Tea tree & B3 Intensive spot patch ] Emergency Hero !! ဝတီကတော့ သူ့ကို အဲ့လိုခေါ်ချင်ပါတယ် ။...
25/05/2026

Hey Girls ~~~~ ✨

[ Yoon care Tea tree & B3 Intensive spot patch ]

Emergency Hero !! ဝတီကတော့ သူ့ကို အဲ့လိုခေါ်ချင်ပါတယ် ။

Pimple patch ထဲမှာ စျေးအသက်သာဆုံးနဲ့
ထိရောက်မှု အမြန်ဆုံးလို့တောင်ပြောလို့ရ ။

ဝက်ခြံ နီရဲနေတာတွေ ၊ ဖောက်လို့မရပဲ အဖုဖြစ်နေတာတွေ ၊ ပြည်တည်ဝက်ခြံတွေအတွက် ညအိပ်တဲ့အခါ ကပ်ရင် မနက်ကျ အရောင်ကျ အချပ်ပဲ၊

သူ့က မျက်နှာသစ်ပြီးပြီးချင်း before skincare step မှာကပ်ရတာ ဖြစ်ပါတယ်။

ယောင်ယမ်းဝက်ခြံတွေဆိုလည်း ဖှုန်မဝင် ပိုးမဝင်အောင် ကာကွယ်ပေးထားတယ် ။

သူ့မှာ Tea tree leaf oil , Centella Asiatica extract နဲ့ Niacinamide ပါပါလို့ ဝက်ခြံလည်းချပ် အမဲစက်လည်းမကျန်အောင် ကုစားပေးတယ် ။

ခရီးသွားရင်လည်း ဒါက အရေးပေါ်ဆောင််ကို
ဆောင်သင့်တယ် ဝတီ ချောင်းသာသွားတုန်းက
လမ်းခရီးဖုန်တွေ လေစိမ်းတွေကြောင့် ပြည်တည်ဝက်ခြံတွေ ထွက်လာတုန်းက ဒီကောင်လေးပါလို့
အဆင်ပြေသွားတာ ။

ပြီးရင် သူက Water proof ဖြစ်ပါတယ် ။

ဝက်ခြံထွက်လာရင် လက်နဲ့ညှစ်တာက ပိုဆိုးစေသလို သနပ်ခါးအုံတာကလည်း အမဲစက်ကျန်စေပါတယ် ။

47ခုကိုမှ ဆိုဒ်စုံအရွယ်စုံပါတာကို တစ်ထုပ်
18500 လောက်ပဲပေးရတာမို့ တော်တော်တန်တယ်

ဝတီကတော့အရမ်းကြိုက်လို့ သုံးကြည့်ဖို့
ပြောချင်ပါတယ်ရှင် 🫶🏻✨

REMINDER

“ Skincare is self care “

Hey Girls~~~ ✨🫶🏻ဒီနေ့ကတော့ skincare review မဟုတ်တဲ့ဖိနပ် review ပါရှင် ။Cinderella - Footwear ဆိုတဲ့ local brand လေး။ဝတီ...
19/05/2026

Hey Girls~~~ ✨🫶🏻

ဒီနေ့ကတော့ skincare review မဟုတ်တဲ့
ဖိနပ် review ပါရှင် ။

Cinderella - Footwear ဆိုတဲ့ local brand လေး။

ဝတီ ဝယ်စီးနေတာ ၂ရံရှိပြီပေါ့နော် ၂ရံလုံးအဆင်ပြေလို့ ကောင်မလေးတွေကိုမျှဝေပါ့ရစေ။

အဓိကကတော့ သူ့ကိုစီးတဲအခါ ခြေထောက်မနာတာပါ သုံးပေးထားတဲ့ ဖိနပ်အခံလေးတွေက ဖော့လေးတွေမလို့ ဖိနပ်က မာနေလို့ ခြေဖဝါးနာတာမဖြစ်ဖူးဆိုတာ သတိထားမိခဲ့တယ်ပေါ့နော်။

ဝတီက ရိုးရိုးရှင်းရှင်းနဲ့ outfit မရွေးစီးလို့ရတဲ့
Design လေးတွေပိုကြိုက်ပြီး စျေးလည်းသင့်လို့
ဒီကပဲ ဝယ်ဖြစ်တယ်။

အညိုလေးဆို ချောင်းသာသွားတုန်းက ဒီတစ်ရံထဲယူသွားစီး mangrove ထဲ လမ်းရှယ်လျှောက်ခဲ့တာတောင် ဖိနပ်တစ်ချက်မပေါက် ခြေထောက်မနာ

ဒေါက်ကလည်း အမြင့်ကြီးတွေမဟုတ်ပဲ Daily wear အဆင်ပြေတယ် စျေးကလည်း ၂သောင်းကျော်နဲ့ ၃သောင်းအတွင်းပဲရှိတယ်။

အရောင်တွေကလည်း ငြိမ်ငြိမ်စိုစိုလေးတွေ
ဝတီဝယ်ထားတဲ့ အညို လေးနဲ့ ကြက်သွေးရောင်ဆို သူတို့ဆီမှာ Best seller ပဲ။

ရိုးရိုးရှင်းရှင်း ဖိနပ်ဝယ်ဖို့ စဉ်းစားနေတဲ့လူရှိရင်
ဝင်ကြည့်ပြီး try ကြည့်ကြနော် 🫶🏻✨

REMINDER

“ Any Day is a perfect day for shoe shopping “

Hey Girls ~~~✨Hair Care လုပ်နေတဲ့ ကောင်မလေးတွေအတွက် မရှိမဖြစ်မဟုတ်ပေမယ့် ရှိထားရင်ပိုကောင်းတဲ့ အရာလေး 2 ခုအကြောင်းပြောပြ...
14/05/2026

Hey Girls ~~~✨

Hair Care လုပ်နေတဲ့ ကောင်မလေးတွေအတွက်
မရှိမဖြစ်မဟုတ်ပေမယ့် ရှိထားရင်ပိုကောင်းတဲ့ အရာလေး 2 ခုအကြောင်းပြောပြမယ် ။

2ခုလုံးက ဝတီ ရှမ်း‌မလေးဈေးခြင်းကနေ ဝယ်ခဲ့တာပေါ့နော် သစ်သားဘီးအရှည် နဲ့ အတိုလေး။

သစ်သားဘီး အကျဲလေးကျလေ မနက်နိုးလို့ ခေါင်းမဖြီးခင် အဲ့တာလေးနဲ့ ဦးရေပြားကို ရှင်းရတာ အရမ်းကောင်းတယ် ခေါင်းလျှော်ပြီးတဲ့အခါလည်း ဒါလေးနဲ့ ရှင်းရင်
ဆံပင်ကျွတ်တာ သက်သာတယ် ရေစိုနေတဲ့ ဆံပင်ကို
ဘီးကျဲ နဲ့ပဲ ရှင်းပါနော်။

သစ်သားဘီးအတိုလေးကကျ သူက ဘီးဆိုတာထက်
ခေါင်းကိုနှိပ်ပေးရတဲ့ ကြိယာလေးပေါ့ Hair tonic ဖြန်းပြီးတဲ့အခါ ဖြစ်ဖြစ် ခေါင်းလျှော်ခါနီး ဒီဟာလေးနဲ့
ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှု
‌အားကောင်းပြီး ဆံပင်အတွက် ဦးရေပြား အထောက်ကူဖြစ်စေပါတယ်။

ပြီးရင် ထက်အသုံးဝင်တာက ခေါင်းကိုက်ရင် ဒါလေးနဲ့
နှိပ်ပေးရင် နေလို့ကောင်းပြီးသက်သာတယ်။

ဝတီ့သူငယ်ချင်းတောင် အစက မယုံဖူးနောက် သူခေါင်းကိုက်တော့ ဒါလေးနဲ့ နှိပ်ခိုင်းတာ သူတောင်အံ့ဩနေတာ
နင့်ဟာက တကယ်သက်သာတယ်တော့ဆိုပြီး။

အဲ့တော့ မဖြစ်မနေ ရှိဖို့ လိုတာလေးမဟုတ်ပေမယ့်
ရှိထားရင် ပိုကောင်းတဲ့ အရာလေး နှစ်ခုပေါ့ရှင်🫶🏻

REMINDER

" It's ok to be a little obsessed with your hair "

မကြိုက်တော့တဲ့ reviews ပါရှင် ။ အရင်က ဒီ Nivea အပြာကိုအရမ်းကြိုက်တာ အခုလို လိုင်းပေါ်နာမည်မကြီးခင်ကတည်းကလိမ်းရတာ အေးလို့...
11/05/2026

မကြိုက်တော့တဲ့ reviews ပါရှင် ။

အရင်က ဒီ Nivea အပြာကိုအရမ်းကြိုက်တာ

အခုလို လိုင်းပေါ်နာမည်မကြီးခင်ကတည်းက
လိမ်းရတာ အေးလို့ကော moisturizing ဖြစ်တယ်ခံစားရလို့ကော ဒီကောင်ကိုကြိုက်တာ။

ကြားထဲ မသုံးဖြစ်တာ နှစ်ချီပြီး တလောကမှ
ပြန်ဝယ်သုံးတော့ လိမ်းရတဲ့ feeling ကမကြိုက်။

စိမ့်ဝင်လွယ်ပေမယ့် အသားခြောက်ပါတယ်
အရင်လို စိုစိုလေးမနေတော့ဖူး ။

ပြီးတော့ ဒီဟာလိမ်းပြီးမှ အင်ပြင်လို
အဖုအကွက်နီနီလေးတွေ ထွက်လာတာ ယားလည်းမယားဖူး ဒီတိုင်းကို ဖြစ်လာတာ ။

ဝတီပဲ အတုမိတာလားမသိပေမယ့် တလောကလည်း သူ့လိမ်းမှ အသားခြောက်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ဖူးပေါ့နော် :))

ဘာဖြစ်ဖြစ် သုံးရင်း မကြိုက်မိတဲ့အကြောင်း
လာပြောပြတာပါရှင် 🫶🏻

စျေးတက်သွားလည်း ဆက်ဝယ်ဆဲ list ထဲမှာ Some by Mi Hair Tonic လည်းပါတယ် 😭Reviews  လေးဖတ်ချင်ဒီမှာရှိ >>>>>https://www.facebo...
06/05/2026

စျေးတက်သွားလည်း ဆက်ဝယ်ဆဲ list ထဲမှာ
Some by Mi Hair Tonic လည်းပါတယ် 😭

Reviews လေးဖတ်ချင်ဒီမှာရှိ >>>>>

https://www.facebook.com/share/1E982aGoPA/?mibextid=wwXIfr

Hey Girlsss~~~~~ ✨[ beWiLD Crystal Blush ] Cool tone လား Warm tone လား Natural Toneလား အကုန်ရတဲ့ blush လေးပြောပြမယ်။ ဒါ ...
06/05/2026

Hey Girlsss~~~~~ ✨

[ beWiLD Crystal Blush ]

Cool tone လား Warm tone လား Natural Toneလား အကုန်ရတဲ့ blush လေးပြောပြမယ်။

ဒါ ဝတီသုံးတာ ၂ဗူးမြောက်ရှိပါပြီ ။

သူကကိုယ့်အသားရည် PH level ပေါ်လိုက်ပြီး
အရောင် အနုအရင့် ကွဲတဲ့ blushပေါ့နော်

သူ့ကိုကြိုက်တာကလေ Glow effect ပေးတာကို
ကြိုက်တာ ပါးပေါ်တင်ရင် ကြည်ကြည်ပြောင်ပြောင်လေး ဝတီက cool tone ဆိုတော့
ပါးပေါ်တင်လိုက်ရင် ပန်းရောင်ပြေပြေလေးဖြစ်သွားတာကိုကြိုက်တာ ။

လိမ်းရတာလည်းလွယ်တယ် ဖြန့်ရတာလည်းလွယ်တယ် cream blush type လေး။

Daily look အတွက် သုံးလိုအဆင်ပြေတာလေးမလို့
ဝတီ့ကောင်မလေးတွေအတွက်ရေးပေးလိုက်ပါတယ်ရှင် 🫶🏻

REMINDER

“ Be Yourself, Love Yourself “

Address

Gamma II Greater Nodia
Greater Noida
201310

Website

Alerts

Be the first to know and let us send you an email when Beauty Bestie J'Waddy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share